News @ M-Media

Tag: Laliga 2015-2016

  • ဇီဒိန်းမှာ လာမည့်နှစ်တွင် ရီးယဲလ်၌ ဆက်ရှိနေရမည်ဟု အန်ဆယ်လော့တီပြော

    ဇီဒိန်းမှာ လာမည့်နှစ်တွင် ရီးယဲလ်၌ ဆက်ရှိနေရမည်ဟု အန်ဆယ်လော့တီပြော

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆
    M-Media

    zidane 3

    – ရီးယဲလ်မှာ ယခုနှစ်တွင် ဖလားတစ်လုံးမှ မဆွတ်ခူးနိုင်သည့်တိုင်အောင် နည်းပြ ဇီဒိန်းအား ဆက်ရှိနေစေရမည်ဟု နည်းပြဟောင်း အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    အန်ဆယ်လော့တီမှာ ရီးယဲလ်အား နည်းပြစဉ်က ချန်ပီယံလိဂ်ဖလားကို ၁၀ ကြိမ်မြောက် ကိုင်မြှောက်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ သမိုင်းဝင် အခြေအနေတစ်ခုကို ရရှိစေခဲ့သည်။ ဘင်နီတက်ဇ်အား အသင်းက ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ဖြစ်လာသည့် ဇီဒိန်းမှာ လက်ရှိအချိန်အထိ အသင်းအား ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပြီး ပရိတ်သတ်များကလည်း ၎င်းအပေါ် မျှော်လင့်ချက်များ ပုံအောထားကြသည်။

    “ရာသီကုန်မှာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်၊ ဇီဒိန်းဟာ နောက်နှစ်မှာ နည်းပြအဖြစ် ဆက်ရှိနေသင့်ပါတယ်။ ချန်ပီယံလိဂ်ဟာ မလွယ်ကူပါဘူး။ အားထုတ်မှုအများကြီး လိုအပ်ပြီး၊ တော်တော်လေး အာရုံစူးစိုက်မှု ရှိရပါတယ်။ အမှားအတွက် ဆင်ခြေမရှိပါဘူး။ ကံနည်းနည်းကောင်းဖို့လည်း လိုအပ်ပါတယ်” ဟု အန်ဆယ်လော့တီက Sina Sports သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ပရီးမီးယားလိဂ်မှာ ဘာစီလိုနာအတွက် အဓိကပြိုင်ဘက်ဖြစ်သည်ဟု ဘာတိုမြူပြော

    ပရီးမီးယားလိဂ်မှာ ဘာစီလိုနာအတွက် အဓိကပြိုင်ဘက်ဖြစ်သည်ဟု ဘာတိုမြူပြော

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
    M-Media

    bartomeu

    – အပြောင်းအရွှေ့ဈေးကွက်တွင် ဘာစီလိုနာ၏ အဓိက ပြိုင်ဘက်မှာ ရီးယဲလ်မက်ဒရစ်ထက် ပရီးမီးယားလိဂ်ဖြစ်သည်ဟု အသင်းဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူက ပြောကြားလိုက်သည်။

    Sky and BT Sport တို့နှင့် ရုပ်သံလွှင့်ခွင့် စာချုပ်များကြောင့် ပရီးမီးယားလိဂ်မှာ လာမည့်နှစ်မှစ၍ ရုပ်သံဝင်ငွေ ဒေါ်လာ ၅.၁၃ ဘီလီယံကို ရရှိမည်ဖြစ်ပြီး အသင်း ၂၀ မှာ ထိုဝင်ငွေကို ခွဲဝေယူရမည်ဖြစ်သည်။ ထို့ကြောင့် အပြောင်းအရွှေ့ဈေးကွက်တွင် ပရီးမီးယားလိဂ်အသင်းများက ပိုမို ဖိအားရှိလာမည်ကို ဘာတိုမြူက စိုးရိမ်နေသည်။

    “အခုအချိန်ကစပြီး ပရီးမီးယားလိဂ်အသင်းတွေဟာ ပြိုင်ဘက်ကင်းတဲ့ ဘဏ္ဍာရေးအခြေအနေကို ရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့လည်း စိုးရိမ်နေပါတယ်။ ဘာစီလိုနာအတွက် ပရီးမီးယားလိဂ်ဟာ အဓိကပြိုင်ဘက်၊ အဓိကရန်ဘက် ဖြစ်လာပါတယ်” ဟု ဘာတိုမြူက BBC Sport သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • နေးမာမှာ မက်ဆီ၏ အမွေစားအမွေခံဖြစ်မည်ဟု ဘရာဇီးလ်ဂန္တ၀င် ရော်နယ်ဒိုပြော

    နေးမာမှာ မက်ဆီ၏ အမွေစားအမွေခံဖြစ်မည်ဟု ဘရာဇီးလ်ဂန္တ၀င် ရော်နယ်ဒိုပြော

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    naymer 2

    – ဘာစီလိုနာတိုက်စစ်မှူး နေးမာမှာ မက်ဆီ၏ အမွေစားအမွေခံ ဖြစ်လိမ့်မည်ဟု ဘရာဇီး ဂန္တ၀င်ကစားသမား ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၂၄ နှစ်အရွယ် နေးမာမှာ ၂၀၁၃ ခုနှစ်က ဆန်းတို့စ်မှ ဘာစီလိုနာသို့ ရောက်ရှိခဲ့ပြီးနောက် ဥရောပတွင် အငြင်းပွားဖွယ်မရှိသော ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ၏ ဇကာတင်စာရင်းတွင် မက်ဆီ၊ ရော်နယ်ဒိုတို့နှင့်အတူ ပါဝင်နိုင်ခဲ့သည်။ တစ်နိုင်ငံတည်းသား ရော်နယ်ဒိုကမူ နေးမာအား ချီးကျူးခဲ့သည်။

    “ကျွန်တော် နေးမာကို တော်တော်လေးကြိုက်ပါတယ်။ ပထမပိုင်းမှာ ပတ်ဝန်းကျင်အသစ်နဲ့ အသားကျဖို့ သူ နည်းနည်းတော့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် သူ အောင်မြင်လာတော့မယ်ဆိုတာ ကျွန်တော်သိပါတယ်။ မက်ဆီရဲ့ အမွေအစားအမွေခံဖြစ်မလားဆိုရင်တော့ – ဟုတ်ပါတယ်။ သူဖြစ်လာမှာပါ။ မက်ဆီလို ပြောစရာမရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ဖို့ လိုအပ်တာအားလုံး သူ့မှာ ရှိနေပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ထို့ပြင် တစ်ချိန်က ရီးယဲလ်အသင်းဖော်ဖြစ်ခဲ့သည့် ဇီဒိန်းမှာ ရီးယဲလ်အား ချန်ပီယံလိဂ် အောင်ပွဲသို့ ခေါ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဂယ်ရီနဗီးလ် ပထမဆုံးနိုင်ပွဲရ၊ ဆွာရက်ဇ် ဟက်ထရစ်သွင်းပြီး၊ ရော်နယ်ဒိုဂိုးပေါက်ပြန်တွေ့တဲ့ လာလီဂါပွဲစဉ် ၂၄

    ဂယ်ရီနဗီးလ် ပထမဆုံးနိုင်ပွဲရ၊ ဆွာရက်ဇ် ဟက်ထရစ်သွင်းပြီး၊ ရော်နယ်ဒိုဂိုးပေါက်ပြန်တွေ့တဲ့ လာလီဂါပွဲစဉ် ၂၄

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    laliga 2

    – လာလီဂါပွဲစဉ် ၂၄ မှာတော့ ထိပ်သီး ၃ သင်းစလုံး အနိုင်ရခဲ့ပြီး ဗင်လင်စီယာကတော့ ဂယ်ရီနဗီးလ်လက်ထက် ပထမဆုံး လာလီဂါနိုင်ပွဲ ရရှိခဲ့ပါတယ်။

    ဘာစီလိုနာက ဆဲလ်တာဗီဂိုကို ပထမအကျော့ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးကြွေးကို ပြတ်ပြတ်သားသား ဆပ်နိုင်ခဲ့ပါတယ်။ နျူးကမ့်မှာ ကစားခဲ့ပြီး ၆ ဂိုး ၁ ဂိုး နဲ့နိုင်ခဲ့တဲ့ အဲဒီပွဲမှာ ဆွာရက်ဇ်က ဟက်ထရစ်၊ မက်ဆီ၊ ရာကီတစ်နဲ့ နေးမာတို့က ၁ ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    အက်သလက်တီကိုကလည်း ပွဲအစ ၂ မိနစ် ဖာနန်ဒိုတောရက်စ်ရဲ့သွင်းဂိုးနဲ့ ဂီတာဖေးကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာကို ဆက်လက်ဖိအားပေးထားနိုင်ပါတယ်။

    နည်းပြသစ်ဇီဒိန်းလက်အောက်မှာ ပုံစံကောင်းပြနေတဲ့ ရီးယဲလ် ဒီတစ်ပတ်မှာလည်း ဘီလ်ဘာအိုကို အကြိတ်အနယ် ကစားခဲ့ရပေမယ့် ဂိုးတော့ ပြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာ ဂိုးပေါက် ပျောက်နေတဲ့ ရော်နယ်ဒို ဒီပွဲမှာ တောင်ပံထွက်ကစားနဲ့အတူ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးတွေကြောင့် ဘီဘာအိုကို ၁၆ ဂိုးသွင်းယူနိုင်တဲ့စံချိန်သစ်ကို ရော်နယ်ဒိုက ရရှိခဲ့ပါတယ်။

    ရလဒ်ဆိုးရွားမှုကြောင့် ဝေဖန်မှုတွေခံနေရပြီး ပရိတ်သတ်တွေက ကွင်းအတွင်းကို မလာတဲ့အထိ သပိတ်မှောက်မှုကို ခံခဲ့ရတဲ့ နဗီးလ်ရဲ့ ဗလင်စီယာက အက်စပန်ညိုကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါတောင် ဧည့်သည့်အသင်းက ဦးဆောင်ဂိုးသွင်းခဲ့တာဖြစ်ပြီး ၇၁ မိနစ်နဲ့ ၇၆ မိနစ်မှာ နီဂရီဒိုနဲ့ ချယ်ရီရှက်ဗ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ မှတ်ရခဲ့တာဖြစ်ပါတယ်။

    တန်းဆင်းဇုန်က ၃ သင်းစလုံး ဒီတစ်ပတ်မှာ ရှုံးနိမ့်ခဲ့ပြီး ဘာစီလိုနာကတော့ တစ်ပွဲလျော့နဲ့ ဒုတိယနေရာက အက်သလက်တီကို ကို ၃ မှတ်ဖြတ်ပြီး ဇယားကို ဦးဆောင်နေပါတယ်။

    ဒီတစ်ပတ်လာလီဂါရဲ့ ရလဒ်များကတော့ အောlaliga 1က်ပါအတိုင်းဖြစ်ပါတယ်။

    စပို့တင်းဂီဂျွန် ၂-၂ ဗယ်လက်ကာနို
    ရီးယဲလ် ၄-၂ ဘီဘာအို
    ဗီလာရီးယဲလ် ၁-၀ မာလာဂါ
    ဗလင်စီယာ ၂-၁ အက်စပန်ညို
    ဒီပို့တီဗို ၂-၂ ရီးယဲလ်ဘက်တစ်
    ရီးယဲလ်ဆိုစီဒက် ၃-၀ ဂီတာဖေး
    ဆီးဗီးလား ၂-၀ လက်စ်ပါးလ်မက်စ်
    ဂီတာဖေး ၀-၁ အက်သလက်တီကို
    အိုက်ဘာ ၂-၀ လီဗန်တေး
    ဘာစီလိုနာ ၆-၁ ဆဲလ်တာဗီကို

  • ဘာကာသို့ရောက်စဉ်က စိုးရိမ်မှုရှိခဲ့ကြောင်း ဆွာရက်ဇ်ဝန်ခံ

    ဘာကာသို့ရောက်စဉ်က စိုးရိမ်မှုရှိခဲ့ကြောင်း ဆွာရက်ဇ်ဝန်ခံ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    sua

    – ဘာစီလိုနာသို့ ရောက်ရှိလာခဲ့စဉ်က မိမိ၏ကစားပုံမှာ မက်ဆီ၊ နေးမာတို့နှင့် မတူညီသောကြောင့် အံဝင်ခွင်ကျ ဖြစ်မည်လားဆိုသည့် ကြောက်ရွံ့မှုများ ရှိခဲ့ကြောင်း ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ၂၀၁၄ ခုနှစ်တွင် လီဗာပူးလ်မှ ပြောင်းရွှေ့လာခဲ့သည့် ဆွာရက်ဇ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲထွက်ခွင့်နောက်ကျခဲ့သည်။ သို့သော်လည်း ကစားခွင့်ရသည့်အချိန်တွင်မူ ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့ပြီး ဘာစီလိုနာ ဖလား ၅ လုံးရခဲ့သည့် ၂၀၁၅ ဘောလုံးရာသီက အသင်းအတွက် အရေးပါသည့် ကစားသမားတစ်ဦး ဖြစ်ခဲ့ကာ ယခုနှစ်တွင်လည်း ပြိုင်ပွဲအားလုံး ၃၄ ပွဲကစားထားပြီးနောက် ၃၆ ဂိုး သွင်းယူထားနိုင်သည်။

    ၎င်းကမူ အစောပိုင်းတွင် တိုက်စစ်မှူး ၃ ဦး အလုပ်တွဲလုပ်နိုင်စွမ်းနှင့်ပတ်သက်၍ စိုးရိမ်မိခဲ့ကြောင်း ၀န်ခံခဲ့သည်။

    “ပထမတော့ ဘာကာရဲ့ကစားပုံနဲ့ ကျွန်တော်ဟာ အံဝင်မှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ tiki-taka ပုံစံ ကစားတာများပြီး နေရာလွတ်သိပ်မရှိဘူး၊ ကျွန်တော့်အတွက် ခက်ခဲမယ်ပေါ့လေ။ သောကရောက်ခဲ့တာပေါ့။ ဒါပေမယ့် အသင်းဖော်တွေရဲ့ ကူညီမှုနဲ့ နည်းပြ လူးဝစ်အန်းရစ်က ကျွန်တော့ကို နံပါတ် ၉ နေရာမှာ ဆက်မသုံးမှုတွေကြောင့် ကျွန်တော် ပိုပြီး သက်သောင့်သက်သာ ဖြစ်ခဲ့ပါတယ်” ဟု အဆွာရက်ဇက်က Daily Mail သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီ၊ နေးမာတို့နှင့် အလွန်ကောင်းမွန်သည့် ဆက်ဆံရေးကို ရရှိခဲ့ကြောင်း၊ ကွင်းပြင်ပ ဆက်ဆံရေးကောင်းမှုက ကွင်းအတွင်း ဆက်ဆံရေးကို လမ်းဖွင့်ပေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal