News @ M-Media

Tag: Laliga 2015-2016

  • ဘာကာတိုက်စစ်မှူးနေးမာ အပြောင်းအရွှေ့ကိစ္စအတွက် ဘရာဇီးလ်တွင် ထပ်မံတရားစွဲခံရ

    ဘာကာတိုက်စစ်မှူးနေးမာ အပြောင်းအရွှေ့ကိစ္စအတွက် ဘရာဇီးလ်တွင် ထပ်မံတရားစွဲခံရ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    neymar 1

    – ဘာစီလိုနာသို့ ပြောင်းရွှေ့မှုအတွင်း အခွန်ရှောင်မှုနှင့် စာရွက်စာတမ်းများ မမှန်မကန်လုပ်မှုတို့အတွက် နေးမာ၊ ၎င်း၏ဖခင်၊ ဘာစီလိုနာ ဥက္ကဌဟောင်း ဆန်ဒရို ရိုဆဲလ်နှင့် လက်ရှိ ဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူတို့အား ဘရာဇီးလ်အာဏာပိုင်များက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ၎င်းတို့ ၄ ဦးမှာ ထိုအမှုဖြင့်ပင် စပိန်တွင် တရားရင်ဆိုင်နေရသည်။ နေးမာ ယခင်ကစားခဲ့ရာ ဆန်းတို့စ်ကလပ်အသင်း အခြေစိုက်သည့် ဆန်းတို့စ်မြို့မှ တရားရုံးက အခွန်ရှောင်မှုနှင့် လိမ်လည်ဖော်ပြမှုစွဲချက် ၄ ခုအတွက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု နေးမာ၏ ဖခင်ဖြစ်သူ နေးမာ စီနီယာက ပြောကြားခဲ့သည်။

    ထိုစွဲချက်၏ အဓိကိစ္စမှာ နေးမာ၏ ပုံရိပ်သုံးပြုခွင့်ဖြစ်ပြီး ကစားသမားနှင့် ဖခင်ဖြစ်သူတို့မှာ Neymar Sport e Marketing ဟုအမည်ပေးထားသည့် ကြားခံကုမ္ပဏီဖြင့် ထိုရပိုင်ခွင့်ကို ဘာစီလိုနာနှင့် ဆန်းတို့စ် ၂ သင်းစလုံးထံမှ ရယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။

    စွဲချက်တွင် ဘရာဇီးလ်အစိုးရမှာ နေးမာထံမှ ရရှိမည့် အခွန်ငွေစုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းကို လိမ်လည်ခံခဲ့ရသည်ဟု ဖြော်ပထားသည်။ ဘာစီလိုနာအသင်း ဥက္ကဌဟောင်း ရိုဆဲလ်နှင့် လက်ရှိဥက္ကဌ ဘာတိုမြူတို့မှာ နေးမားနှင့် အသင်းတို့ကြား တရားဝင်သဘောတူညီချက် ရရှိမှုအတွက် အသုံးပြုသော စာရွက်စာတမ်းများတွင် လိမ်လည်မှုဖြင့် စွပ်စွဲခံထားရသည်။

    Ref : Goal

  • အပြောင်းအရွှေ့ပြဿနာက မိမိအား ထိခိုက်သည်ဟု နေးမာ ၀န်ခံ

    အပြောင်းအရွှေ့ပြဿနာက မိမိအား ထိခိုက်သည်ဟု နေးမာ ၀န်ခံ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၆
    M-Media

    naymar

    – ဘရာဇီးလ်ကလပ် ဆန်းတို့စ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့မှုနှင်ပတ်သက်၍ တရားရင်ဆိုင်နေရခြင်းက မိမိအပေါ် ထိခိုက်မှုရှိနေသည်ဟု ဘာစီလိုနာတိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သည့် ထိုအပြောင်းအရွှေ့တွင် ငွေကြေးပိုမိုရယူလိုမှုဖြင့် နေးမာအာ ပိုင်ဆိုင်ခဲ့သော ဘရာဇီးလ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ DIS က စပိန်တရားရုံးတွင် တရားစွဲဆိုမှု ပြုလုပ်ထားပြီး နေးမာ၏ အေးဂျင့်အဖြစ် ဆောင်ရွက်သော ဖခင်ဖြစ်သူလည်း ပါဝင်ပတ်သက်နေသည်။ မနက်ဖြန်တွင် နေးမာက ထိုအမှုအတွက် တရားရုံး၌ သွားရောက် ရင်ဆိုင်ရမည်ဖြစ်သည်။ နေမားကမူ ထိုပြဿနာက မိမိ၏ ဘောလုံးအပေါ် အာရုံစိုက်မှုကို ထိခိုက်စေသည်ဟု ဆိုသည်။

    “ကျွန်တော့်မိသားစုကို စပြီးထိခိုက်လာတော့ ကျွန်တော့်ကိုလည်း နည်းနည်း ရိုက်ခတ်မှုရှိခဲ့ပါတယ်။ ဘုရားကတော့ ဘောလုံကစားခြင်းဆိုတဲ့ ကျွန်တော်လုပ်ရမယ့်အလုပ်မှာ အာရုံစိုက်နိုင်ဖို့အတွက် ခွန်အားပေးခဲ့ပါတယ်။ ကျွန်တော်လုပ်စရာရှိတာကို အာရုံစိုက် လုပ်ဆောင်ရုံပါပဲ။ ကျွန်တော့်အဖေက ဘောလုံးမှာပဲ စိတ်မြှုပ်ထားဖို့၊ အာရုံစိုက်ထားဖို့ ပြောပါတယ်။ ကိုယ်ချစ်တဲ့သူတစ်ယောက် တိုက်ခိုက်ခံနေရတာကိုမြင်ရတာ စိတ်ထိခိုက်စရာပါပဲ။ အပြင်မှာပြောနေကြတာတွေဟာ မမှန်ကန်ပါဘူး” ဟု နေးမာက ယမန်နေ့တွင် Globo TV သို့ ပြောကြားခဲ့သည်။

    ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေသည့် နေးမာက ၎င်းမှာ ဆုံးဖြတ်ရန်ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ပြီးခဲ့သည့်တစ်ပတ်အတွင်းက ပြောကြားခဲ့သည်။

    Ref: Goal

  • ရော်နယ်ဒိုနှင့်မက်ဆီတို့ ၂ ဦးပေါင်း ဂိုး ၁၀၀၀ ပြည့်ပြီ

    ရော်နယ်ဒိုနှင့်မက်ဆီတို့ ၂ ဦးပေါင်း ဂိုး ၁၀၀၀ ပြည့်ပြီ

    ဇန်န၀ါရီ ၃၁၊ ၂၀၁၆
    M-Media

    rnd

    – ယမန်နေ့က အက်သလက်တီကိုနှင့် ကစားခဲ့သည့်ပွဲတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ၁ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၎င်းနှင့် ရော်နယ်ဒိုတို့ နှစ်ဦး၏ စုစုပေါင်း သွင်းဂိုးမှာ ၁၀၀၀ အထိ ရောက်ရှိခဲ့သည်ဟု သိရသည်။

    ထိုပွဲတွင် မက်ဆီမှာ အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ကာ ထိုဂိုးမှာ ဘာစီလိုနာအတွက် ၎င်း၏ ၄၃၃ ဂိုးမြောက်ဖြစ်ပြီး နိုင်ငံအသင်းအတွက် သွင်းယူခဲ့သည့်ဂိုးများကိုပါ ထည့်သွင်းတွက်ချက်ပါက ၄၈၂ ဂိုး ရှိခဲ့ပြီဖြစ်သည်။ ရော်နယ်ဒိုကမူ စပို့တင်းလစ္စဘွန်း၊ မန်ယူနှင့် ရီးယဲလ်တို့တွင် စုစုပေါင်း သွင်းယူခဲ့သည့် ဂိုးပေါင်း ၄၆၃ ဂိုးရှိပြီး နိုင်ငံအသင်းအတွက် ၅၅ ဂိုး သွင်းယူပေးထားသောကြောင့် စုစုပေါင်း ၅၁၈ ဂိုး ရှိသည်။

    ထို့ကြောင့် ၎င်းတို့နှစ်ဦးပေါင်းဂိုးများကို စုပေါင်းတွက်ချက်ပါက ဂိုးပေါင်း ၁၀၀၀ ပြည့်မြောက်သွားပြီဖြစ်သည်။ ကမ္ဘာ့ဘောလုံးလောကတွင် ပြိုင်ဘက်များဖြစ်သည့် ၎င်းတို့နှစ်ဦးကြားတွင် သွင်းဂိုးအရေအတွက်၌ ရော်နယ်ဒိုက သာလွန်သော်လည်း ကလပ်အသင်းနှင့် ဆုဖလားရရှိမှုတွင်မူ မက်ဆီက ပိုမိုသာလွန်နေသည်။

    မက်ဆီမှာ ယခုလအစောပိုင်းကလည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ၅ ကြိမ်မြောက် ရရှိခဲ့ပြီး ရော်နယ်ဒိုကမူ ၃ ကြိမ်သာ ရရှိထားသည်။

    Ref: ESPNfc

  • အနာဂတ်အတွက် ဆုံးဖြတ်ရန် ခက်နေသည်ဟု နေးမာဝန်ခံ

    အနာဂတ်အတွက် ဆုံးဖြတ်ရန် ခက်နေသည်ဟု နေးမာဝန်ခံ

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    ney mar

    – မိမိ၏အနာဂတ်နှင့်ပတ်သက်၍ ဘာစီလိုနာပရိတ်သတ်များ စိတ်အေးအေးထားကြရန် တိုက်စစ်မှူးနေးမာက ပြောကြားလိုက်ပြီး မိမိအနေဖြင့် ခက်ခဲသော ဆုံးဖြတ်ချက်ဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

    ဘာစီလိုနာတွင် နေးမာ၏ စာချုပ်မှာ ၂၀၁၈ ခုနှစ်မှ သက်တမ်းကုန်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဘာစီလိုနာက သက်တမ်းတိုးရန် ဆွေးနွေးနေသည်။ ရီးယဲလ်နှင့် မန်ယူတို့အပါအ၀င် ဥရောပအသင်းကြီးများကလည်း ၎င်းအား ပစ်မှတ်ထားနေကြပြီး နေးမာကိုယ်တိုင်က ၎င်းမှာ ပရီးမီးယားလိဂ်သို့ သွားရောက်မည်ဟု ဖွင့်ဟထားသည့် ဂွါဒီယိုလာ၏ လက်အောက်တွင် ကစားချင်သည်ဟု ဆိုသည်။

    သို့သော်လည်း လက်ရှိအချိန်တွင် မိမိမှာ ခက်ခဲသော ဆုံးဖြတ်ချက်နှင့် ရင်ဆိုင်နေရသည်ဟု နေးမာက ပြောကြားခဲ့သည်။

    “သက်တမ်းတိုးမယ့်ကိစ္စနဲ့ အရာရာတိုင်းအတွက် အားလုံးနဲ့ ဆွေးနွေးမှုတွေ လုပ်နေရပါတယ်။ ဘာစီလိုနာမှာ ကျွန်တော် တော်တော်လေးပျော်ရွှင်ပါတယ်။ ကျွန်တော်လိုချင်တာအားလုံးနီးပါးလည်း ရနေတယ်။ ကစားဖို့အတွက် ပျော်ရွှင်မှု၊ ကျန်းမာရေးနဲ့ အရာအားလုံး ကျွန်တော့်ဆီမှာ ရှိနေပါတယ်။ လှပတဲ့မြို့၊ ကြီးကျယ်တဲ့ကလပ်၊ ချစ်စရာကောင်းတဲ့ ပရိတ်သတ်နဲ့ တစ်ခြားကမ္ဘာကအလား ထင်မှတ်ရတဲ့ ကစားသမားတွေရှိနေတဲ့ ဒီကနေ ထွက်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကိစ္စတိုင်းကို ထည့်တွက်ရမှာပေါ့လေ။ ဆုံးဖြတ်ဖို့ခက်တဲ့ ကိစ္စတွေရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီမှာ ရှိနေဆဲဖြစ်တာကြောင့် စိတ်အေးအေးထားရမှာပါ” ဟု နေးမာက ပြောကြားခဲ့သည်။

    Ref : Goal

  • ဇီဒိန်း နိုင်ပွဲရပ်ပြီး ဇယားထိပ်အပြောင်းအလဲဖြစ်သွားတဲ့ လာလီဂါပွဲစဉ် ၂၁

    ဇီဒိန်း နိုင်ပွဲရပ်ပြီး ဇယားထိပ်အပြောင်းအလဲဖြစ်သွားတဲ့ လာလီဂါပွဲစဉ် ၂၁

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    laliga 1

    – ဒီတစ်ပတ်လာလီဂါမှာတော့ ဇီးဒိန်းလက်ထက်မှာ နိုင်ပွဲဆက်နေတဲ့ ရီးယဲလ် အဝေးကွင်းမှာ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။

    ပွဲအစ ၇ မိနစ်မှာတင် ဦးဆောင်ဂိုးပေးလိုက်ရတဲ့ ရီးယဲလ်တို့ နောက်ပိုင်းမှာ ဖိဖိစီးစီးကစားခဲ့ပေမယ့် အဓိကအဟန့် အတားကတော့ ဘက်တစ် ဂိုးသမား အဒ်နန်ဖြစ်ပြီး ရီးယဲလ်တိုက်စစ်မှူးတွေရဲ့ အပိုင်ကန်သွင်းခွင့်တွေကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ သရေတစ်မှတ်ရစေတဲ့ ရီးယဲလ်ရဲ့ ချေပဂိုးကို ၇၁ မိနစ်မှာ ရရှိခဲ့တာဖြစ်ပြီး ဘန်ဇီမာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

    ဘာစီလိုနာကတော့ အဝေးကွင်းမှာ မာလာဂါကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ နောက်ဆုံးမိနစ်တွေမှာ အိမ်ရှင်တို့ရဲ့ အပိုင်ဂိုးသွင်းခွင့် ၂ လုံးလောက် လွဲချော်ခဲ့တာကြောင့် ဘာကာတို့ သက်သာရာ ရခဲ့တာဖြစ်ပါတယ်။

    ထိပ်ဆုံးက အက်သလက်တီကိုက အိမ်ကွင်းမှာ ဆီးဗီးလားကို အနိုင်ရအောင် မကစားနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေနဲ့ ၁ မှတ်သာရရှိခဲ့ပြီး ထိပ်ဆုံးနေရာကို ဘာစီလိုနာကို ဖယ်ပေးလိုက်ရပါတယ်။ ဘာစီလိုနာက တစ်ပွဲလျော့ထားတာကြောင့် အဲဒီပွဲသာနိုင်ရင် အက်သလက်တီကိုအနေနဲ့ ၃ မှတ်ကွာသွားမှာဖြစ်ပါတယ်။

    ဇယားအောlaliga 2က်ဆုံးက ၃ သင်းမှာတော့ စပို့တင်းဂီဂျွန်က ဆိုစီဒက်ကို အံသြဖွယ် ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး၊ လီဗန်တေးကတော့ ဘ၀တူ လက်စ်ပါးလ်မက်စ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

    ဒီတစ်ပါတ် လာလီဂါပွဲစဉ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    စပို့တင်းဂီဂျွန် ၅-၁ ဆိုစီဒက်
    မာလာဂါ ၁-၂ ဘာစီလိုနာ
    အက်စပန်ညို ၂-၂ ဗီလာရီးယဲလ်
    ဂရန်နာဒါ ၃-၂ ဂီတာဖေး
    ဗယ်လက်ကာနို ၃-၀ ဆဲလ်တာဗီဂို
    ဘီဘာအို ၅-၂ အိုက်ဘာ
    အက်သလက်တီကို ၀-၀ ဆီးဗီးလား
    ဒီပို့တီဗို ၁-၁ ဗလင်စီယာ
    ဘက်တစ် ၁-၁ ဗလင်စီယာ
    လီဗန်တေး ၃-၂ လက်စ်ပါးလ်မက်စ်