News @ M-Media

Tag: Laliga 2015-2016

  • အန်ဆယ်လော့တီမှာ အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရီးယဲလ်ကွင်းလယ်လူပြော

    အန်ဆယ်လော့တီမှာ အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရီးယဲလ်ကွင်းလယ်လူပြော

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    modric

    – မိမိအလုပ်လုပ်ခဲ့ဖူးသည့် နည်းပြများတွင် ကားလို့စ် အန်ဆယ်လော့တီမှာ အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ လူကာမိုဒရစ်က ဖွင့်ဟပြောကြားလိုက်သည်။

    အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် မိုဒရစ်မှာ ၂၀၁၂ ခုနှစ်တွင် ဘာနေဗျူးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အန်ဆယ်လော့တီ၊ မော်ရင်ဟို၊ ဘင်နီတက်ဇ်နှင့် ဇီဒိန်းတို့၏ လက်အောက်တွင် ကစားခဲ့ဖူးသည်။ မည်သည့်နည်းပြက ၎င်းအပေါ် လွှမ်းမိုးမှုရှိသနည်းဟု မေးမြန်းရာတွင် မိုဒရစ်မှာ အန်ဆယ်လော့တီအား ချွင်းချက်မရှိ ထောက်ပြခဲ့သည်။

    “ရီးယဲလ်မှာ ကျွန်တော်ကစားခဲ့ရတဲ့ နည်းပြလေးယောက်စလုံးနဲ့ ကျွန်တော်ဟာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော်တိုးတက်ဖို့အတွက် သူတို့အားလုံးက ကူညီခဲ့ကြတယ်။ ဒါပေမယ့် အကောင်းဆုံးကို ရွေးရရင်တော့ အန်ဆယ်လော့တီကို ရွေးမှာပါ” ဟု မိုဒရစ်က ပြောကြားခဲ့သည်။

    ဇီဒိန်းလက်အောက်တွင် ရီးယဲလ်မှာ ပြန်လည်ဦးမော့လာသည်ဟု ပြောကြားမှုများ ရှိနေပြီး မိုဒရစ်ကလည်း ထိုပြောကြားမှုကို လက်ခံခဲ့သည်။

    “သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဆိုတာ လူတိုင်း သိကြပါတယ်။ သူ့ဆီက ကျွန်တော် အများကြီး သင်ယူနိုင်ခဲ့တယ။် အခုအချိန်အထိတော့ သူဟာ တော်တော်လေးကောင်းမွန်အောင် လုပ်နိုင်နေပါတယ်။ မန်နေဂျာတစ်ယောက်အဖြစ် အောင်မြင်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်”

    Ref: Goal

  • ပရိသတ်များက သပိတ်မှောက်သော်လည်း ဗလင်စီယာနည်းပြ အကောင်းမြင်

    ပရိသတ်များက သပိတ်မှောက်သော်လည်း ဗလင်စီယာနည်းပြ အကောင်းမြင်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
    M-Media

    Valencia

    – ယနေ့မနက်ပိုင်းက စပိန်ဘုရင့်ဖလား ဆီးမီးဖိုင်နယ် ဒုတိယအကျော့ကို ပရိတ်သတ်များက သပိတ်မှောက်ခဲ့ကြသော်လည်း လာမည့်တစ်ပတ်တွင် ၎င်းတို့မှာ ကွင်းထဲသို့ ပြန်လာမည်ဟု ယုံကြည်ကြောင်း ဗလင်စီယာနည်းပြ ဂယ်ရီနဗီးလ်က ပြောကြားလိုက်သည်။

    မန်ယူနောက်ခံလူဟောင်းနဗီးလ် ကိုယ်တွယ်ပြီးနောက်ပိုင်း ခြေစွမ်းကျဆင်းခဲ့သည့် ဗလင်စီယာမှာ ပထမအကျော့တွင် ဘာစီလိုနာအား ၇ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ထိုရှုံးနိမ့်မှုကို မကျေနပ်သောကြောင့် ပရိတ်သတ်များက ဒုတိယအကျော့တွင် လာရောက်အားပေးခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။

    ထိုပွဲတွင် အဓိက ကစားသမား အများအပြားကို အနားပေးထားသည့် ဘာစီလိုနာအသင်းအား ဗလင်စီယာက ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ပွဲပြီးကာနီးတွင် ဘာစီလိုနာက ချေပဂိုး သွင်းယူခဲ့သောကြာင့် ၁ ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။ ထို့ကြောင့် ၂ ပွဲပေါင်း ၈ ဂိုး ၁ ဂိုးဖြင့် ဘာစီလိုနာက နောက်တစ်ဆင့် တက်ရောက်သွားခဲ့သည်။

    “ကျွန်တော်တို့ကို အားပေးဖို့ ထွက်ပေါ်လာတဲ့ ပရိတ်သတ်တွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ မလာချင်တဲ့သူတွေကလည်း သူတို့ရဲ့အခွင့်အရေးပါပဲ။ စနေနေ့ ဒီမက်စ်တဲလားကွင်းမှာ လူပြည့်နေမှာဖြစ်ပြီး စိတ်လှုပ်ရှားစရာ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမှာပါ။ ပရိတ်သတ်တွေကို အားလုံးထက်ပိုပြီး လိုအပ်ပါတယ်” ဟု နဗီးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဇီဒိန်းလက်အောက်တွင် ရီးယဲလ်မှာ အိပ်မက်များ ပြန်မက်လာနိုင်ပြီဟု ရာအူးလ်ပြော

    ဇီဒိန်းလက်အောက်တွင် ရီးယဲလ်မှာ အိပ်မက်များ ပြန်မက်လာနိုင်ပြီဟု ရာအူးလ်ပြော

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Mdia

    raul

    – နည်းပြသစ် ဇီနဒင်း ဇီဒိန်း၏ လက်အောက်တွင် ရီးယဲလ်မက်ဒရစ်အသင်း၏ ရုန်းကန်နေရမှုများမှာ အဆုံးသတ်သွားလိမ့်မည်ဟု အသင်းဖော်ဟောင်း ရာအူးလ်က ပြောကြားခဲ့သည်။

    ဇီဒိန်းမှာ ရာဖေးလ် ဘင်နီတက်ဇ်၏နေရာတွင် ပြီးခဲ့သည့်ဇန်န၀ါရီလက အစားဝင်လာခဲ့ခြင်းဖြစ်ပြီး ၎င်းကိုင်တွယ်ခဲ့သည့် လာလီဂါ ၅ ပွဲတွင် ၁၃ မှတ်အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် တတိယနေရာမှ ရီးယဲလ်မက်ဒရစ်မှာ ဒုတိယနေရာမှ အက်သလက်တီကိုမက်ဒရစ်နှင့် ၁ မှတ်ကွာဟနေကာ ထိပ်ဆုံးမှ ဘာစီလိုနာနှင့် တစ်ပွဲပို ၄ မှတ် ကွာဟနေသည်။

    ရာအူးလ်ကမူ ရီးယဲလ်မှာ ဇီဒိန်း၏လက်အောက်တွင် အိပ်မက်များ ပြန်လည် မက်လာနိုင်ပြီဟု ဆိုသည်။

    “ဇီဒိန်းက ကမ္ဘာ့အဆင့် ကစားသမားဖြစ်တာကြောင့် သူ့ရဲ့ပြောစကားဟာ ကစားသမားတွေကြားထဲမှာ သက်ရောက်မှုရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဆွတ်ခူးခဲ့တာ၊ သူကစားတဲ့ပုံစံတွေကြောင့် သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးဆိုတဲ့အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ညွှန်ကြားမှုကို ကစားသမားတွေ နာယူနိုင်အောင်လည်း သူ လုပ်နိုင်မှာဖြစ်ပြီး အသင်းကလည်း အရည်အသွေးတွေ ပြည့်ဝလာမှာပါ။ လူတွေက တကယ်ဘာလိုချင်တယ်ဆိုတာကို သူက သိပါတယ်။ ရုန်းကန်နေရမှု အဆုံးသတ်ပြီလို့ ဘာ့ကြောင့် ကျွန်တော်တို့ မအော်နိုင်ရမှာလဲ” ဟု ရာအူးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ရော်နယ်ဒိုမှာ နောက်ထပ် ၃ နှစ် ထိပ်တန်းအဆင့်တွင် ရှိနေမည်ဟု ကာပယ်လိုပြော

    ရော်နယ်ဒိုမှာ နောက်ထပ် ၃ နှစ် ထိပ်တန်းအဆင့်တွင် ရှိနေမည်ဟု ကာပယ်လိုပြော

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    ronaldo

    – ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ထိပ်တန်းအဆင့်တွင် နောက်ထပ် ၃ နှစ် ဆက်ရှိနေမည်ဟု ရီးယဲလ်နည်းပြဟောင်း ဖေဘီယို ကာပယ်လိုက ပြောကြားလိုက်သည်။

    လာလီဂါပွဲစဉ် ၂၃ ပွဲကစားပြီးချိန်တွင် ရော်နယ်ဒိုမှာ ၁၉ ဂိုး သွင်းယူထားနိုင်ပြီး ထိုမှတ်တမ်းမှာ ၎င်း ရီးယဲလ်သို့ ရောက်ရှိပြီးနောက်ပိုင်းကတည်းက တင်ထားခဲ့သည့် ၁ ပွဲ ၁ ဂိုးနှုန်းအောက်ကို ရောက်ရှိသွားခြင်းဖြစ်သည်။ ယခုတစ်ပတ် ဂရာနာဒါအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် ရော်နယ်ဒိုမှာ ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုအချို့ကိုလည်း ခံခဲ့ရသည်။

    ကာပယ်လိုကမူ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည် ရော်နယ်ဒိုမှာ ခြေစွမ်းမကျဆင်းနိုင်သေးဟု မှတ်ချက်ပြုခဲ့သည်။

    “ရော်နယ်ဒိုဟာ ဘောလုံးလောကမှာ နောက်ထပ် ၃ နှစ်လောက် သာသာလေး ခြေစွမ်းပြနိုင်ပါတယ်။ အတွေ့အကြုံတွေလည်း ထပ်ရမှာပါ။ သူ့ကိုယ့်သူ တော်တော်လေးဂရုစိုက်ပြီး ၃၄ နှစ်လောက်အထိ ကောင်းကောင်း ကစားနိုင်ပါတယ်။ သူ့လို့ ဂိုးသွင်းစက်မျိုး ရှာဖို့ဆိုတာ မလွယ်ပါဘူး” ဟု ကာပယ်လိုက ပြောကြားခဲ့သည်။

    ထို့ပြင် လက်ရှိနည်းပြသစ် ဇီဒိန်းမှာ အောင်မြင်မှု ရရှိနိုင်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဗလင်စီယာကို စာနာမိသည်ဟု ဘာကာနည်းပြပြော

    ဗလင်စီယာကို စာနာမိသည်ဟု ဘာကာနည်းပြပြော

    ဖေဖော်ဝါရီ ၄၊ ၂၀၁၆
    M-Media

    valen

    – မိမိတို့နှင့် တွေ့ဆုံခဲ့သည့် ဗလင်စီယာအသင်း၏ ကံကြမ္မာအတွက် ၀မ်းနည်းမိပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရသော နည်းပြ ဂယ်ရီ နဗီးလ်ကိုလည်း စာနာမိသည်ဟု ဘာကာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ယမန်နေ့က ကစားခဲ့သည့် ဘာစီလိုနာနှင့် ဗလင်စီယာတို့ပွဲတွင် ဘာကာက ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဆွာရက်ဇ်က ၄ ဂိုးနှင့် မက်ဆီက ဟက်ထရစ် အသီးသီး သွင်းယူခဲ့ကြသည်။ ဗလင်စီယာအသင်းအား နည်းပြအဖြစ် တာဝန်ယူခဲ့သည့် မန်ယူကစားသမားဟောင်း ဂယ်ရီ နဗီးလ်မှာ ၁၄ ပွဲ ကိုင်တွယ်ပြီးချိန်တွင် ၄ ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်သည်။

    “ဗလင်စီယာဟာ တော်တော်လေးဆိုးရွားတဲ့ အခြေအနေကို ဖြတ်သန်းနေရပါတယ်။ ကျွန်တော်တို့လိုအသင်းမျိုးကို ယှဉ်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဗလင်စီယာရဲ့ အခြေအနေကလည်း ကျေနပ်လောက်စရာ မဟုတ်ပါဘူး။ ပြိုင်ဘက်တွေ ဒီလိုအခြေအနေမျိုး ဖြစ်နေတာကို ကျွန်တော် မကြည့်ချင်ပါဘူး။ ကျွန်တော်တို့ဟာ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာပါ” ဟု အန်းရစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဗလင်စီယာမှာ ထိုအခြေအနေမှ ရုန်းထွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အသင်း၏ ရလဒ်များ ဆိုးရွားနေသော်လည်း ဂယ်ရီ နဗီးလ်ကမူ မိမိမှာ အသင်းမှ နှုတ်ထွက်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Goal