ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
M-Media
– အပြောင်းအရွှေ့ဈေးကွက်တွင် ဘာစီလိုနာ၏ အဓိက ပြိုင်ဘက်မှာ ရီးယဲလ်မက်ဒရစ်ထက် ပရီးမီးယားလိဂ်ဖြစ်သည်ဟု အသင်းဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူက ပြောကြားလိုက်သည်။
Sky and BT Sport တို့နှင့် ရုပ်သံလွှင့်ခွင့် စာချုပ်များကြောင့် ပရီးမီးယားလိဂ်မှာ လာမည့်နှစ်မှစ၍ ရုပ်သံဝင်ငွေ ဒေါ်လာ ၅.၁၃ ဘီလီယံကို ရရှိမည်ဖြစ်ပြီး အသင်း ၂၀ မှာ ထိုဝင်ငွေကို ခွဲဝေယူရမည်ဖြစ်သည်။ ထို့ကြောင့် အပြောင်းအရွှေ့ဈေးကွက်တွင် ပရီးမီးယားလိဂ်အသင်းများက ပိုမို ဖိအားရှိလာမည်ကို ဘာတိုမြူက စိုးရိမ်နေသည်။
“အခုအချိန်ကစပြီး ပရီးမီးယားလိဂ်အသင်းတွေဟာ ပြိုင်ဘက်ကင်းတဲ့ ဘဏ္ဍာရေးအခြေအနေကို ရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့လည်း စိုးရိမ်နေပါတယ်။ ဘာစီလိုနာအတွက် ပရီးမီးယားလိဂ်ဟာ အဓိကပြိုင်ဘက်၊ အဓိကရန်ဘက် ဖြစ်လာပါတယ်” ဟု ဘာတိုမြူက BBC Sport သို့ ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.