News @ M-Media

Tag: Laliga 2016-2017

  • မက်ဆီမှာ ခေတ်သစ်မာရာဒိုနာဟု ဂျာမန်ဂန္တ၀င်ကစားသမားပြော

    မက်ဆီမှာ ခေတ်သစ်မာရာဒိုနာဟု ဂျာမန်ဂန္တ၀င်ကစားသမားပြော

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    messi

    – ဘာစီလိုနာတိုက်စစ်မှူး မက်ဆီးမှာ ခေတ်သစ် မာရာဒိုနာဖြစ်သည်ဟု ဂျာမနီဂန္တ၀င်ကစားသမား လိုသာမားသက်စ်က ပြာကြားလိုက်သည်။

    ဘာစီလိုနာ၊ အာဂျင်တီးနားလက်ရွေးစင်အသင်းတို့နှင့် ခြေစွမ်းပြနိုင်သည့် မက်ဆီမှာ တစ်ခေတ်တစ်ခါက နာမည်ကျော်ကစားသမားများဖြစ်သော မာရာဒိုနာ၊ ပီလီတို့နှင့် မကြာခဏ ခိုင်းနှိုင်းချီးကျူးခြင်းခံရသည်။

    မာရာဒိုနာဦးဆောင်သည့် အာဂျင်တီးနားအသင်းနှင့် ၁၉၈၆၊ ၁၉၉၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲများတွင် ရင်ဆိုင်ယှဉ်ပြိုင်ဖူးသည့် လိုသာမားသက်ဇ်ကမူ မက်ဆီအား ထိုကစားသမားများနှင့် နှိုင်းယှဉ်၍ မဖြစ်နိုင်သော်လည်း ၎င်း၏ အောင်မြင်မှုကို အသိအမှတ်ပြုရမည်ဟု ဆိုသည်။

    “လက်ရှိမက်ဆီဟာ လွန်ခဲ့တဲ့ နှစ် ၃၀ က မာရာဒိုနာလိုပါပဲ” ဟု မားသက်ဇ်က ပြောကြားခဲ့သည်။

    ထို့ပြင် ၁၉၈၆ ခုနှစ်တွင် အာဂျင်တီးနားနှင့်အတူ မာရာဒိုနာ၏ ခြေစွမ်းပြမှုကိုလည်း ၎င်းက ထည့်သွင်း ချီးကျူးခဲ့သည်။

    “၈၆ က အကြောင်းပြောရရင် ကျွန်တော်ဟာ သူတို့ရဲ့ စကားနည်းနည်း ပြောဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကမ္ဘာ့ဖလားမှာ သူလွှမ်းမိုးခဲ့သလိုမျိုး လွှမ်းမိုးနိုင်တဲ့ ကစားသမားမျိုး ကျွန်တော် မမြင်ဖူးပါဘူး”

    Ref: Goal

  • အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၏ စာချုပ်သက်တမ်းကို ၂ နှစ်လျှော့ချ

    အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၏ စာချုပ်သက်တမ်းကို ၂ နှစ်လျှော့ချ

    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    simo

    – လာလီဂါကလပ် အက်သလက်တီကိုအသင်း၏ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီမှာ အသင်းနှင့် စာချုပ်သက်တမ်းကို ၂ နှစ် လျှော့ချလိုက်သည်ဟု သိရသည်။

    ၂၀၁၃-၁၄ ခုနှစ်တွင် လာလီဂါတစ်ကြိမ် ရရှိကာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ၂ ကြိမ်တိုင်တိုင် ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဆီမြွန်နီကို ၂၀၁၅ ခုနှစ် မတ်လတွင် အသင်းက စာချုပ်သက်တမ်းတိုးခဲ့ပြီး ထိုစာချုပ်အရ ၂၀၂၀ ခုနှစ်အထိ သက်တမ်းရှိမည် ဖြစ်သည်။

    သို့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နှစ်ဖက်သဘောတူညီချက်ဖြင့် စာချုပ်သက်တမ်းမှ ၂ နှစ်လျှော့ချခဲ့ပြီး ဆီမြွန်နီကလည်း ဟုတ်မှန်ကြောင်း အတည်ပြုခဲ့သည်။

    “မှန်ပါတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် စကားပြောဆိုခဲ့ပြီး အသင်းနဲ့ ကလပ်အတွက် အကောင်းဆုံးကို ဆောင်ရွက်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်စလုံးက ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကလွဲလို့ ဘာမှ မပြောင်းလဲပါဘူး။ အခြေအနေက ပုံမှန်ပါပဲ။ ကျွန်တော်တို့အားလုံးလည်း အေးဆေးပါပဲ။ ကျွန်တော်လည်း ဒီမှာရှိနေရတာကို ပျော်ပါတယ်။ ၂၀၁၈ နောက်ပိုင်း သက်တမ်ထပ်တိုးနိုင်ခြေကိုလည်း ထိခိုက်ဖို့ မရှိပါဘူး” ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။

    ဆီမြွန်နီအား ခေါ်ယူရန်အတွက် ဥရောပထိပ်တန်းကလပ်များက စိတ်ဝင်စားနေပြီး ယခု စာချုပ်သက်တမ်း လျှော့လိုက်သည့် သတင်းကြောင့် အသင်းပြောင်းရွှေ့တော့မည်ဟူသည့်သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

    Ref: Goal

  • ဇာဗီအားဝေဖန်သည့် ရော်နယ်ဒိုကို အီတူး တုန့်ပြန်

    ဇာဗီအားဝေဖန်သည့် ရော်နယ်ဒိုကို အီတူး တုန့်ပြန်

    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    xavi

    – ဘာစီလိုနာကွင်းလယ်လူ ဇာဗီမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုနှင့် တစ်ကြိမ်မက တိုက်တန်သည်ဟု အသင်းဖော်ဟောင်း အီတူးက ပြောကြားကာ ရီးယဲတိုက်စစ်မှူး ရော်နယ်ဒိုက ဇာဗီအား ဝေဖန်မှုကို တုန့်ပြန်လိုက်သည်။

    လက်ရှိ ကာတာနိုင်ငံမှ ကလပ်တစ်ခုတွင် ကစားနေသည့် ဇာဗီက ရော်နယ်ဒိုမှာ တစ်မူထူးခြားသည့် ကစားသမားဖြစ်သော်လည်း မက်ဆီ၏အဆင့်သို့ မကပ်နိုင်ဟု ပြောကြားခဲ့ပြီးနောက် ဇာဗီနှင့် ရော်နယ်ဒိုတို့အကြား ပြီးခဲ့သည့် သီးတင်းပတ်များအတွင်း စကားလုံးတိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

    ရော်နယ်ဒိုကမူ ကမ္ဘာ့အကောင်းဆုံး ဘောသမားဆု တစ်ကြိမ်မှ မရခဲ့သည့် ဇာဗီမှာ  ၃ ကြိမ် ရရှိခဲ့သည့် မိမိကို ဝေဖန်ခြင်းဖြင့် နာမည်ကြီးအောင်  လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    အီတူးကမူ အသင်းဖော်ဟောင်း ဇာဗီဘက်မှ ကာကွယ်ပြောဆိုခဲ့သည်။

    “ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ကသာ မျှတတဲ့ဆုမျိုး ဖြစ်မယ်ဆိုရင် ဇာဗီက ၅ ကြိမ်၊ ၆ ကြိမ်လောက် ရမှာပါ။ ကမ္ဘာပေါ်က လေးစားမှုအားလုံးနဲ့ ဇာဗီက ထိုက်တန်သူပါပဲ” ဟု အီတူးက ပြောကြားခဲ့သည်။

    Ref: Goal

  • မက်ဒရစ်မြို့ခံနှစ်သင်း အပြောင်းအရွှေ့ ၂ နှစ် ပိတ်ပင်ခံရ

    မက်ဒရစ်မြို့ခံနှစ်သင်း အပြောင်းအရွှေ့ ၂ နှစ် ပိတ်ပင်ခံရ

    စက်တင်ဘာ ၉၊ ၂၀၁၆
    M-Media

    madrid

    – ဖီဖာ၏ ကစားသမားခေါ်ယူမှု စည်းကမ်းများကို ချိုးဖောက်သည်ဟု ဆုံးဖြတ်ချက်အတွက် ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့၏ အယူခံ ပယ်ချခံခဲ့ရသောကြောင့် ၎င်းတို့ နှစ်သင်းစလုံးမှာ နောက်ထပ် ဘောလုံးရာသီနှစ်ခုတွင် ကစားသမား အပြောင်းအရွှေ့ ဆောင်ရွက်နိုင်တော့မည်မဟုတ်ဟု သိရသည်။

    အသက် ၁၈ နှစ်အောက် လူငယ်ကစားသများကို တရားမ၀င် ခေါ်ယူသည်ဟူသော စွဲချက်ဖြင့် ၎င်းတို့နှစ်သင်းစလုံးမှာ တရားစွဲဆိုခံခဲ့ရကာ ပြီးခဲ့သည့် ဇန်န၀ါရီလက အပြောင်းရွှေ့ ၂ ရာသီ ပိတ်ပင်သည့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ဖီဖာအယူခံခုံရုံးသို့ အယူခံဝင်ချိန်တွင် ပြစ်ဒဏ် ဆိုင်းငံ့ထားသော်လည်း မအောင်မြင်သောကြောင့် ပြစ်ဒဏ် ကျခံရမည်ဖြစ်သည်။

    ထို့ပြင် ရီးယဲလ်မက်ဒရစ်မှာ ဒဏ်ငွေ ဆွစ်ဇ်ဖရန် ၉ သိန်း ပေးဆောင်ရမည်ဖြစ်ပြီး၊ အက်သလက်တီကို မက်ဒရစ်မှာမူ ဆွစ်ဇ်ဖရန့် ၃၆၀၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။ ဖီဖာမှာ ၎င်းတို့ ၂ သင်းစလုံးအား ပြင်းပြင်းထန်ထန် သတိပေးခဲ့ပြီး လူငယ်ကစားသမားများနှင့် သက်ဆိုင်သည့် ကိစ္စအားလုံးကို ရက်ပေါင်း ၉၀ အတွင်း စည်းကမ်းတကျ စီစဉ်ထားရန်လည်း တိုက်တွန်းခဲ့သည်။

    ရီးယဲလ်မက်ဒရစ်ကမူ ဖီဖာ၏ ထိုဆုံးဖြတ်ချက်မှာ လုံးဝ တရားမျှတမှုမရှိဘဲ အားကစားဆိုင်ရာ ခုံသမာဓိရုံးအထိတက်ကာ အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Goal

  • မိမိသားမှာ ဖခင်ခြေရာမနင်းဟု မက်ဆီပြော

    မိမိသားမှာ ဖခင်ခြေရာမနင်းဟု မက်ဆီပြော

    စက်တင်ဘာ ၅၊ ၂၀၁၆
    M-Media

    messi 2

    – မိမိမှာ ဘောလုံးကို အရူးအမူးနှစ်သက်သော်လည်း သားဖြစ်သူ သီယာဂိုက မိမိခြေရာမနင်းဟု ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။

    အာဂျင်တီးနား လက်ရွေးစင်ဖြစ်သူ မက်ဆီမှာ တစ်ဦးချင်းဆုတံဆိပ်ပေါင်းများစွာနှင့်အတူ၊ လာလီဂါဖလား ၈ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နှင့် အခြားဆုဖလားပေါင်း များစွာကိုလည်း ရရှိထားသူဖြစ်သည်။ မက်ဆီကမူ မိမိ၏သားမှာ ဘောလုံးကို စိတ်ဝင်စားမှုသိပ်မရှိဘဲ မိမိကလည်း တွန်းအားမပေးဟု ဆိုသည်။

    “သူ့ကို ကျွန်တော် ဘောလုံးတွေ များများစားစား မ၀ယ်ပေးသလို၊ ဘောလုံးကန်ဖို့လည်း ဖိအားမပေးပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူက ဘောလုံးကစားနည်းကို သိပ်မကြိုက်ဘူး” ဟု မက်ဆီက ပြောကြားခဲ့သည်။

    ဘာစီလိုနာကမူ ၎င်းတို့အသင်းရှိ ကစားသမားများ၏ ကလေးငယ်များ ဘောလုံးကစားနိုင်ရေးအတွက် စီမံကိန်းတစ်ခုကို ဆောင်ရွက်နေပြီး မက်ဆီကမူ စောင့်ကြည့်ရမည်ဟု ဆိုသည်။

    “ဒီနည်းနဲ့ သူ့ကို ဆွဲဆောင်နိုင်မလားဆိုတာကို ကြည့်ရမှာပေါ့ဗျာ။ ကောင်းမွန်တဲ့စတင်ခြင်း ဖြစ်မှာပါ”

    Ref: Goal