စက်တင်ဘာ ၁၆၊ ၂၀၁၆
M-Media
– ဘာစီလိုနာကွင်းလယ်လူ ဇာဗီမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုနှင့် တစ်ကြိမ်မက တိုက်တန်သည်ဟု အသင်းဖော်ဟောင်း အီတူးက ပြောကြားကာ ရီးယဲတိုက်စစ်မှူး ရော်နယ်ဒိုက ဇာဗီအား ဝေဖန်မှုကို တုန့်ပြန်လိုက်သည်။
လက်ရှိ ကာတာနိုင်ငံမှ ကလပ်တစ်ခုတွင် ကစားနေသည့် ဇာဗီက ရော်နယ်ဒိုမှာ တစ်မူထူးခြားသည့် ကစားသမားဖြစ်သော်လည်း မက်ဆီ၏အဆင့်သို့ မကပ်နိုင်ဟု ပြောကြားခဲ့ပြီးနောက် ဇာဗီနှင့် ရော်နယ်ဒိုတို့အကြား ပြီးခဲ့သည့် သီးတင်းပတ်များအတွင်း စကားလုံးတိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။
ရော်နယ်ဒိုကမူ ကမ္ဘာ့အကောင်းဆုံး ဘောသမားဆု တစ်ကြိမ်မှ မရခဲ့သည့် ဇာဗီမှာ ၃ ကြိမ် ရရှိခဲ့သည့် မိမိကို ဝေဖန်ခြင်းဖြင့် နာမည်ကြီးအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။
အီတူးကမူ အသင်းဖော်ဟောင်း ဇာဗီဘက်မှ ကာကွယ်ပြောဆိုခဲ့သည်။
“ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ကသာ မျှတတဲ့ဆုမျိုး ဖြစ်မယ်ဆိုရင် ဇာဗီက ၅ ကြိမ်၊ ၆ ကြိမ်လောက် ရမှာပါ။ ကမ္ဘာပေါ်က လေးစားမှုအားလုံးနဲ့ ဇာဗီက ထိုက်တန်သူပါပဲ” ဟု အီတူးက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.