စက်တင်ဘာ ၂၁၊ ၂၀၁၆
M-Media
– ဘာစီလိုနာတိုက်စစ်မှူး မက်ဆီးမှာ ခေတ်သစ် မာရာဒိုနာဖြစ်သည်ဟု ဂျာမနီဂန္တ၀င်ကစားသမား လိုသာမားသက်စ်က ပြာကြားလိုက်သည်။
ဘာစီလိုနာ၊ အာဂျင်တီးနားလက်ရွေးစင်အသင်းတို့နှင့် ခြေစွမ်းပြနိုင်သည့် မက်ဆီမှာ တစ်ခေတ်တစ်ခါက နာမည်ကျော်ကစားသမားများဖြစ်သော မာရာဒိုနာ၊ ပီလီတို့နှင့် မကြာခဏ ခိုင်းနှိုင်းချီးကျူးခြင်းခံရသည်။
မာရာဒိုနာဦးဆောင်သည့် အာဂျင်တီးနားအသင်းနှင့် ၁၉၈၆၊ ၁၉၉၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲများတွင် ရင်ဆိုင်ယှဉ်ပြိုင်ဖူးသည့် လိုသာမားသက်ဇ်ကမူ မက်ဆီအား ထိုကစားသမားများနှင့် နှိုင်းယှဉ်၍ မဖြစ်နိုင်သော်လည်း ၎င်း၏ အောင်မြင်မှုကို အသိအမှတ်ပြုရမည်ဟု ဆိုသည်။
“လက်ရှိမက်ဆီဟာ လွန်ခဲ့တဲ့ နှစ် ၃၀ က မာရာဒိုနာလိုပါပဲ” ဟု မားသက်ဇ်က ပြောကြားခဲ့သည်။
ထို့ပြင် ၁၉၈၆ ခုနှစ်တွင် အာဂျင်တီးနားနှင့်အတူ မာရာဒိုနာ၏ ခြေစွမ်းပြမှုကိုလည်း ၎င်းက ထည့်သွင်း ချီးကျူးခဲ့သည်။
“၈၆ က အကြောင်းပြောရရင် ကျွန်တော်ဟာ သူတို့ရဲ့ စကားနည်းနည်း ပြောဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကမ္ဘာ့ဖလားမှာ သူလွှမ်းမိုးခဲ့သလိုမျိုး လွှမ်းမိုးနိုင်တဲ့ ကစားသမားမျိုး ကျွန်တော် မမြင်ဖူးပါဘူး”
Ref: Goal


Leave a Reply
You must be logged in to post a comment.