News @ M-Media

Tag: LaLiga

  • ဆွာရက်ဇ်အား ကူညီရန် မိမိမှာ သင့်တော်သူမဟုတ်ဟု နေးမာပြောကြား

    ဆွာရက်ဇ်အား ကူညီရန် မိမိမှာ သင့်တော်သူမဟုတ်ဟု နေးမာပြောကြား

    ဇန်န၀ါရီ ၂၇၊ ၂၀၁၅
    M-Media

    na

    – အသင်းတွင် ရုန်းကန်နေရသည့် တိုက်စစ်မှူးဆွာရက်ဇ်အား ကူညီရန် မိမိမှာ သင့်တော်သူမဟုတ်ဟု ဘာစီလိုနာအသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။

    ဆွာရက်ဇ်မှာ လီးဗာပူးလ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ပြီးကတည်းက အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခြင်း မရှိသေးဘဲ ပွဲထွက်ကစားသမားအဖြစ်လည်း ပုံမှန်ရွေးချယ်ခြင်း မခံရပေ။

    ၂၀၁၃-၁၄ ဘောလုံးရာသီ ဘာစီလိုနာသို့ စရောက်စဉ်က ထိုကဲ့သို့ပင် ရုန်းကန်ခဲ့ရသည့် နေးမာကမူ ဆွာရက်ဇ်၏ လက်ရှိအခြေအနေအား မည်ကဲ့သို့ ကျော်ဖြတ်ရမည်ကို ပြောပြရန် မိမိမှာ သင့်တော်သူမဟုတ်ဟု ဆိုသည်။

    `ကျွန်တော်က ဆွာရက်ဇ်ကို အကြံပေးရမှာလား။ သူက ကျွန်တော့်ထက်အသက်ကြီးပြီး ကျွန်တော့်ထက်လည်း အတွေ့အကြုံပိုများသူပါ။ ဆွာရက်ဇ်ကသာ ကျွန်တော့်ကို အကြံပေးရမှာပါ။ ဘာပဲဖြစ်ဖြစ် ဆွာရက်ဇ်က သွင်းဂိုးတွေ၊ ပေးပို့မှုတွေအားလုံးနဲ့ အသင်းကို ကူညီပါတယ်။ သူ့လိုလူမျိုးနဲ့ တစ်သင်းထဲမှာကစားရတာ ဂုဏ်ယူစရာပါပဲ´ ဟု နေးမာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဘာစီလိုနာအသင်းမှာ ကမ္ဘာပေါ်တွင် တိုက်စစ်အားအသန်ဆုံး အသင်းဖြစ်သည်ဟု ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူ၏ ပြောကြားမှုနှင့် ပတ်သက်၍ နေးမာက မိမိအနေနှင့် မပြောတတ်ကြောင်း သို့သော်လည်း မိမိတို့မှာ ပြိုင်ဘက်နောက်တန်းအများအပေါ် ဒုက္ခပေးနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    နေးမာမှာ ယခုနှစ်အတွင်း ဘာကာအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၂၄ ပွဲကစားထားပြီး ၁၉ ဂိုး သွင်းယူပေးထားနိုင်သည်။

    Ref: goal.com

  • မိမိနှင့် မက်ဆီတို့ ပြိုင်ဆိုင်မှုက ဘောလုံးစွမ်းရည်တိုးတက်ရေး လှုံ့ဆော်မှု ဖြစ်သည်ဟု ရော်နယ်ဒိုပြော

    မိမိနှင့် မက်ဆီတို့ ပြိုင်ဆိုင်မှုက ဘောလုံးစွမ်းရည်တိုးတက်ရေး လှုံ့ဆော်မှု ဖြစ်သည်ဟု ရော်နယ်ဒိုပြော

    ဇန်န၀ါရီ ၂၁၊ ၂၀၁၅
    M-Media

    mes

    – ကမ္ဘာပေါ်ရှိ ဘောလုံးသမားတိုင်းက လေးစားအားကျသည့် မိမိနှင့် မက်ဆီတို့၏ ပြိုင်ဆိုင်မှုမှာ မိမိတို့အရည်အချင်း တိုးတက်ရေးအတွက် လှုံ့ဆော်မှုပင်ဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၂၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့မှာ ၂၀၀၈ ခုနှစ်မှစတင်ကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုကို ၎င်းတို့ နှစ်ဦးကသာ သိမ်းပိုက်ထားကြသည်။

    ရော်နယ်ဒိုကမူ မိမိတို့နှစ်ဦး ထိုသို့ကြီးစိုးထားခြင်းက ကောင်းမွန်ပြီး မိမိတို့ စွမ်းရည်များကို အခြားသောကစားသမားများ လေးစားအားကျသည်မှာလည်း ၎င်းတို့ ဘောလုံးစွမ်းရည် တိုးတက်လာရန်အတွက် ကောင်းမွန်မှုတစ်ခုဖြစ်သည်ဟု ဆိုသည်။

    `ကျွန်တော်တို့ နှစ်ဦးကြားက ပြိုင်ဆိုင်မှုဟာ သူ့အတွက်လည်း လှုံ့ဆော်မှုဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်သေချာသိပါတယ်။ ကျွန်တော့်အတွက်ရော၊ သူ့အတွက်ရော ပြီးတော့ ဘောလုံးစွမ်းရည်တိုးတက်ဖို့အတွက် စိတ်အားထက်သန်ကြတဲ့ အခြားသော
    ကစားသမားတွေအတွက် ကောင်းတဲ့အရာပါပဲ။ မက်ဆီက Ballon d’Or ဆု လေးကြိမ်ရထားတယ်။ ကျွန်တော်က သုံးကြိမ်ရတယ်။ ဒါဟာ ကမ္ဘာ့ဘောလုံးလောကအတွက် ကောင်းပါတယ်´ ဟု ရော်နယ်ဒိုက AS သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ရော်နယ်ဒိုက လက်ရှိအချိန်တွင် မိမိ၏ တစ်ဦးချင်းစွမ်းဆောင်ရည်ကို တိုးတက်အောင် ကြိုးစားနေကြာင်း ထပ်လောင်းပြောကြား ခဲ့သည်။

    `ကျွန်တော့်ရဲ့ ဘယ်ခြေ၊ ပြေးအားနဲ့ ဖရီးကစ်ကန်သွင်းမှုတွေကို တိုးတက်အောင် လောလောဆယ် ကျွန်တော်ကြိုးစားနေပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အခုတလော ကျွန်တော် ကောင်းကောင်းမလုပ်နိုင်ပါဘူး´

    ရော်နယ်ဒိုမှာ ဇန်န၀ါရီ ၁၂ ရက်နေ့ကပင် ၎င်း၏ တတိယအကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ပူပူနွေးနွေး ရရှိထားသူဖြစ်သည်။

    Ref: goal.com

  • တောရက်စ်မှာ အက်သလက်တီကိုနှင့် အံဝင်ခွင်ကျဖြစ်သည်ဟု ဘိုင်ယန်နည်းပြဆို

    တောရက်စ်မှာ အက်သလက်တီကိုနှင့် အံဝင်ခွင်ကျဖြစ်သည်ဟု ဘိုင်ယန်နည်းပြဆို

    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media

    trs

    – တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်အား ပြန်လည်ခေါ်ယူခဲ့သည့် နည်းပြ ဆီမြွန်နီ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ပြီး တောရက်စ်မှာလည်း အက်သလက်တီကို အသင်းဖြင့်သာ အံဝင်ခွင်ကျဖြစ်သည်ဟု ဘိုင်ယန်နည်းပြ ဂွာဒီယိုလာက ပြောကြားလိုက်သည်။

    အက်သလက်တီကိုအသင်းနှင့် အောင်မြင်ခဲ့သည့် တောရက်စ်မှာ ၂၀၀၇ ခုနှစ်က လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းတွင် ချယ်ဆီး၊ အေစီမီလန်အသင်းတို့၌ ကျင်လည်ခဲ့သော်လည်း ခြေစွမ်းကောင်းများ ပြသနိုင်ခြင်း မရှိခဲ့ပေ။

    သို့သော်လည်း အသင်းဟောင်းအက်သလက်တီကိုက ယခုနှစ်ဆောင်းရာသီတွင် ၎င်းအားအေစီမီလန်အသင်းမှ အငှားဖြင့် ပြန်လည်ခေါ်ယူခဲ့သည်။ ပုံမှန်ခြေစွမ်း မပြနိုင်ဘဲ ဂိုးပေါက်ပျောက်နေသည့် တောရက်စ်အတွက် ဝေဖန်မှုများ ရှိခဲ့သော်လည်း တောရက်စ်မှာ ကြာသာပတေးနေ့က ကစားခဲ့သည့် စပိန်ရှုံးထွက်ဖလားပွဲ ဒုတိယအကျော့ ရီးယဲလ်နှင့် ၂ ဂိုးစီ သရေကျသည့်ပွဲစဉ်တွင် အသင်းအတွက် ၂ ဂိုးစလုံး သွင်းယူပေးခဲ့သည်။

    ပထမအကျော့တွင် အနိုင်ရရှိထားသည့် အက်သလက်တီကိုမှာ ထိုပွဲသရေကြောင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

    ဘာစီလိုနာအသင်း၏ နည်းပြဟောင်းဖြစ်ပြီး လက်ရှိတွင် ဘိုင်ယန်မြူးနစ် နည်းပြဖြစ်နေသည့် ဂွာဒီယိုလာကမူ တောရက်စ်မှာ အက်သလက်တီကို အသင်းနှင့်သာ လိုက်ဖက်သည်ဟု ပြောကြားခဲ့သည်။

    `တောရက်စ်က ကစားသမားကောင်းတစ်ယောက်ပါ။ အက်သလက်တီကိုဟာ သူ့ရဲ့နှလုံးသားထဲက အသင်းဆိုတာ သူ သိပါတယ်။ သူဟာ အဲဒီအသင်းနဲ့ အလိုက်ဖက်ဆုံးသူပါ။ ဆီမြွန်နီဟာ တန်ပြန်တိုက်စစ်ကစားရတာကို ကြိုက်ပြီး တောရက်စ်ကလည်း အဲဒီစနစ်နဲ့ အံ့ဝင်ခွင်ကျဖြစ်ပါတယ်´ ဟု ဂွါဒီယိုလာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ချန်ပီယံလိဂ်တွင် ဘိုင်ယန်၏ အကြီးမားဆုံး ပြိုင်ဘက် ၅ သင်းမှ တစ်သင်းလည်း ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal.com

  • မက်ဆီမှာ အနားယူသည်အထိ ဘာကာတွင်သာ ရှိနေမည်ဟု ဥက္ကဌ ဘာတိုမြူ  ပြော

    မက်ဆီမှာ အနားယူသည်အထိ ဘာကာတွင်သာ ရှိနေမည်ဟု ဥက္ကဌ ဘာတိုမြူ ပြော

    ဇန်န၀ါရီ ၁၆၊ ၂၀၁၅
    M-Media

    mes

    – တိုက်စစ်မှူး မက်ဆီ အသင်းမှထွက်ခွာမည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိဘဲ အသင်းတွင်သာ ကစားသမားဘ၀ကို ကုန်ဆုံးသွားမည်ဟု ဘာစီလိုနာဥက္ကဌ ဘာတိုမြူက ပြောကြားလိုက်သည်။

    အသက် ၂၇ နှစ်အရွယ်ရှိ မက်ဆီမှာ အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်နေပြီး ချယ်ဆီး၊ မန်စီးတီနှင့် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်။

    သို့သော်လည်း ဘာတိုမြူကမူ မက်ဆီမှာ ဘာစီလိုနာတွင် ပျော်ရွှင်နေပြီး အသင်းမှထွက်ခွာခြင်းမှာ ၎င်း၏ ရွေးချယ်မှုမဟုတ်ကြောင်း ပြောကြားခဲ့သည်။

    `ကျွန်တော် မက်ဆီနဲ့ အဆက်အသွယ်ရှိပါတယ်။ သူ ဒီမှာ ပျော်ရွှင်နေပြီး အောင်ပွဲတွေရဖို့ ကြီးမားတဲ့ ရည်မှန်းချက်၊ ဆန္ဒတွေလည်း ရှိနေပါတယ်။ သူက သူရဲ့ကစားသမားသက်တမ်းကို ဘာကာမှာပဲ ကုန်ဆုံးချင်တယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ ပြီးတော့ သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ အာရုံစူးစိုက်မှုက အမြင့်ဆုံးမှာ ရှိနေပါတယ်´ ဟု ဘာတိုမြူက Catalunya Radio သို့ ပြောကြားခဲ့သည်။

    ကောလဟာလများနှင့် ပတ်သက်၍လည်း ဘာတိုမြူက မက်ဆီ၏ အနာဂတ်အတွက် ငြင်းခုံဆွေးနွေးမှုများ မရှိကြောင်း၊ မက်ဆီအနေဖြင့် လက်ရှိတွင် အသင်းနှင့် စာချုပ်ရှိနေပြီး ၎င်းကိုယ်တိုင်ကလည်း အသင်းတွင် ဆက်လက်၍ နေချင်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ယခုနှစ်အတွင်း ပြိုင်ပွဲပေါင်းစုံတွင် အသင်းအတွက် ၂၅ ဂိုး သွင်းယူပေးထားသည့် မက်ဆီမှာ ဘာစီလိုနာအသင်းနှင့် ၂၀၁၈ ခုနှစ်အကုန်အထိ စာချုပ်သက်တမ်း ရှိနေသည်။

    Ref: Goal.com

  • အက်သလက်တီကိုနှင့် ပထမဆုံးနေ့မှာ အောင်ပွဲရသည့်နေ့ဟု တောရက်စ်ပြော

    အက်သလက်တီကိုနှင့် ပထမဆုံးနေ့မှာ အောင်ပွဲရသည့်နေ့ဟု တောရက်စ်ပြော

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    tr1

    – အက်သလက်တီကိုမက်ဒရစ်အသင်းသို့ ပြန်ရောက်ပြီးနောက် ပထမဆုံး စတင်ကစားခဲ့ရသည့်ပွဲမှာ အောင်ပွဲရခဲ့သည့်နေ့ပင် ဖြစ်သည်ဟု တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြားခဲ့သည်။

    အသက် ၁၇ နှစ်အရွယ်တွင် အက်သလက်တီကိုအသင်းနှင့် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကို စတင်ခဲ့သည့် တောရက်စ်မှာ အင်္ဂလန်နှင့် အီတလီတို့တွင် ၇ နှစ်တာ ကျင်လည်ခဲ့ပြီးနောက် အက်သလက်တီကိုသို့ ပြီးခဲ့သည့် သီတင်းပတ်က ပြန်လည် ရောက်ရှိလာခဲ့သည်။

    ထို့ပြင် ယမန်နေ့က အိမ်ကွင်း၌ ကစားခဲ့သည့် ရီးယဲလ်နှင့် စပိန်ရှုံးထွက်ဖလား ပထမအကျော့ပွဲစဉ်တွင် လူစားဝင်ကစားခွင့်ရခဲ့ပြီး အနိုင်နှင့် အဆုံးသတ်နိုင်ခဲ့သည်။

    `အကြောင်းအရာ တော်တော်များများအတွက် ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်။ စွမ်းဆောင်ရည်၊ ရလဒ်နဲ့ ပရိသတ်… ဒါတွေ အားလုံးအတွက်ပါ။ ဒီနေ့ဟာ အောင်ပွဲရခဲ့တဲ့ နေ့ပါပဲ။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းကို အနိုင်ရတဲ့အခါ (ဒီအောင်ပွဲဟာ) အမြဲတမ်း ချိုမြိန်ပါတယ်´ ဟု ပွဲအပြီးတွင် တောရက်စ်က ပြောကြားခဲ့သည်။

    ရီးယဲလ်နှင့် အက်သလက်တီကိုတို့၏ ဒုတိယအကျော့ကို ဇန်န၀ါရီ ၁၅ ရက်နေ့တွင် ကစားမည်ဖြစ်ပြီး တောရက်စ်ကမူ မိမိတို့အနေဖြင့် လုပ်ဆောင်ရမည့်အရာ အများကြီးရှိသေးကြောင်း၊ ဘာနေဗျူးတွင် ကစားရမည့် အဆိုပါ မိနစ် ၉၀ မှာ ခက်ခဲလိ့မ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref : goal.com