News @ M-Media
Tag: LaLiga
  • မိမိမှာ အလန်ရှီးယားနှင့် တူလာကြောင်း ရီးတိုက်စစ်မှူး ဘေးလ် ဖွင့်ဟ
    မိမိမှာ အလန်ရှီးယားနှင့် တူလာကြောင်း ရီးတိုက်စစ်မှူး ဘေးလ် ဖွင့်ဟ
    ဒီဇင်ဘာ ၁၈၊ ၂၀၁၄
    M-Media
    feel like Alan Shearer
    – ခေါင်းတိုက်ဂိုးများ များလာသည့် မိမိမှာ နယူးကာဆယ်အသင်း၏ ဂန္တ၀င်တိုက်စစ်မှူး အလန်ရှီးယားနှင့် တူလာပြီဟု ရီးယဲလ်အသင်း၏ ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။
    ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေား ယူရို သန်း ၁၀၀ ဖြင့် စပါးမှ ပြောင်းရွှေ့လာခဲ့သည့် ဂါရက်ဘေးလ်မှာ ယမန်နေ့က ကစားခဲ့သည့် ကမ္ဘာ့ကလပ်များဖလား ဆီးမီးဖိုင်နယ် Cruz Azul အား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ခေါင်းတိုက်ကာ တစ်ဂိုး သွင်းပေးခဲ့ပြီး ထိုဂိုးမှာ မကြာသေးမီက ကစားခဲ့သောပွဲများတွင် ခေါင်းတိုက်၍ သွင်းယူခဲ့သော ၎င်း၏ သုံးဂိုးမြောက်ဂိုးလည်း ဖြစ်သည်။
    `ဒီခေါင်းတိုက်ဂိုးတွေကြောင့် အလန်ရှီးယာနဲ့ နည်းနည်းတူလာတယ်လို့ ခံစားရလာပါတယ်´ ဟု ထိုပွဲအပြီးတွင် ဘေးလ်က ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် ထိုပွဲတွင် အားပေးခဲ့ကြသည့် ပရိတ်သတ်ထောင်ပေါင်းများစွာကိုလည်း ကျေးဇူးတင်ကြောင်း ဘေးလ်က ပြောကြားခဲ့သည်။
    ထိုပွဲအနိုင်မှာ ရီးယဲလ်၏ ၂၁ ပွဲဆက်တိုက် စံချိန်တင်အနိုင်လည်းဖြစ်သည်။ Cruz Azul အသင်းနည်းပြ လူးဝစ် ဖာနန်ဒိုကမူ မိမိတို့အသင်းမှာ ရီးယဲလ်အား မယှဉ်နိုင်ခဲ့ကြောင်း တတိယနေရာအတွက်ပင် ကြိုးစားရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
  • ရီးယဲလ်အသင်းသား တစ်ဦးချင်းစီအား ပေါင် ၆၅၀၀ တန် နာရီတစ်လုံးစီ ရော်နယ်ဒို လက်ဆောင်ပေး
    ရီးယဲလ်အသင်းသား တစ်ဦးချင်းစီအား ပေါင် ၆၅၀၀ တန် နာရီတစ်လုံးစီ ရော်နယ်ဒို လက်ဆောင်ပေး
    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    Cristiano_Ronaldo_thanks_Real_Madrid_team
    – ထင်ရှားတောက်ပသော ကစားသမားတစ်ဦးဖြစ်လာရန် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီခဲ့ကြသော အသင်းဖော်များအား ကျေးဇူးတင်သည့်အနေဖြင့် ပေါင် ၆၅၀၀ တန် နာရီတစ်လုံးစီကို ရီးယဲလ်တိုက်စစ်မှူးရော်နယ်ဒိုက လက်ဆောင် ပေးအပ်ခဲ့သည်ဟု သိရသည်။
    ရီးယဲလ်တွင်ရှိနေသည့် ၅ နှစ်တာကာလအတွင်း ရော်နယ်ဒိုမှာ အောင်မြင်သရဖူဆောင်းနိုင်ခဲ့ပြီး တစ်ဦးချင်းဆုများနှင့်အတူ ဆုဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့သည်။
    ထိုကဲ့သို့ ဆွတ်ခူးနိုင်ရန်အတွက် အသင်းဖော်များ၏ ကူညီပံ့ပိုးပေးမှုက အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သောကြောင့် ရော်နယ်ဒိုက ယခုကဲ့သို့ အသိတ်အမှတ်ပြု လက်ဆောင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
    အဆိုပါနာရီမှာ နာမည်ကျော် Bulgari အမျိုးအစား နာရီဖြစ်ပြီး နာရီ၏ နောက်ဘက်အဖုံးတွင် ရီးယဲလ်မက်ဒရစ် ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရရှိသည့် အထိမ်းအမှတ်အဖြစ် La Decima ဟူသော စာသားကိုလည်းကောင်း ရော်နယ်ဒို၏ ကိုယ်ပိုင်အမှတ်အသားဖြစ်သည့် CR7 ကိုလည်းကောင်း လက်ဆောင်ရရှိမည့် အသင်းသား၏ အမည်နာမကိုလည်းကောင်း ထည့်သွင်း ရေးသားထားသည်။
    အဆိုပါနာရီကို ရရှိပြီးနောက် အသင်း၏နောက်ခံလူ အာဘီလိုအာက ဆိုရှယ်မီဒီယာတွင် ပထမဆုံး ထုတ်ကြွားခဲ့သည်။
  • တိုက်စစ်မှူး မက်ဆီ ဘာစီလိုနာ သမိုင်းတွင် ဂိုးအများဆုံးသွင်းသူ ဖြစ်လာ
    တိုက်စစ်မှူး မက်ဆီ ဘာစီလိုနာ သမိုင်းတွင် ဂိုးအများဆုံးသွင်းသူ ဖြစ်လာ
    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    694732_heroa
    – ဘာစီလိုနာအသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး မက်ဆီမှာ အသင်းအတွက် သွင်းပေးသော ဂိုး အရေအတွက် ၄၀၀ ပြည့်ခဲ့ပြီး အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသည့် ကစားသမား ဖြစ်လာခဲ့သည်ဟု သိသည်။
    တနင်္ဂနွေနေ့က ကတ်တလန် ပြိုင်ဘက် အက်စပန်ညိုအသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် မက်ဆီမှာ ဟက်ထရစ်သွင်းယူပေးခဲ့ပြီး ထိုဂိုးများက ဘာစီလိုနာအသင်းအတွက် တရားဝင်ပြိုင်ပွဲများနှင့် ချစ်ကြည်ရေးပွဲ စုစုပေါင်း ၄၈၆ ပွဲတွင် သွင်းယူခဲ့သော ၄၀၀၊ ၄၀၁ နှင့် ၄၀၂ ဂိုးမြောက်ဂိုးများ ဖြစ်ခဲ့သည်။
    ထို့ပြင် ထိုဂိုးများကြောင့် ဒါဘီပြိုင်ပွဲ ၁၁ ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူပေးထားသည့် ဆီဇာ ရော်ဒရီဂက်ဇ်၏ စံချိန်နှင့်လည်း တူညီသွားပြီဖြစ်သည်။
    အက်စပန်ညိုနှင့် အဆိုပါပွဲတွင် ဘာစီလိုနာမှာ ဦးဆောင်ဂိုး ၁ ဂိုး ပေးလိုက်ရသော်လည်း မက်ဆီ၏ ဟက်ထရစ်၊ ပီကေးနှင့် ပက်ဒရိုတို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
  • ရီးယဲလ် တိုက်စစ်မှူး ရော်နယ်ဒို ၂၃ ကြိမ်မြောက် ဟက်ထစ်ဂိုး သွင်းယူ
    ရီးယဲလ် တိုက်စစ်မှူး ရော်နယ်ဒို ၂၃ ကြိမ်မြောက် ဟက်ထစ်ဂိုး သွင်းယူ
    ဒီဇင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    23D118EA00000578-2863684-image-m-42_1417898233632
    – ယမန်နေ့က ကစားခဲ့သည့် ဆဲလ်တာဗီဂိုနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် ရော်နယ်ဒိုမှာ လာလီဂါတွင် ဟက်ထရစ်အများဆုံးသွင်းယူသူအဖြစ် စံချိန်တင်နိုင်ခဲ့သည်ဟု သိရသည်။
    ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အဆိုပါပွဲတွင် အနိုင်ဂိုးအားလုံးကို သွင်းယူပေးခဲ့သည့် ရော်နယ်ဒိုမှာ လာလီဂါ ၁၇၈ ပွဲကစားပြီး ဂိုးပေါင်း ၂၀၀ သွင်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုဟက်ထရစ်မှာ ၎င်း၏ ၂၃ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး လာလီဂါသမိုင်းတစ်လျှောက် ဟက်ထရစ်အများဆုံး သွင်းယူနိုင်သည့် ကစားသမား ဖြစ်လာခဲ့သည်။
    ရော်နယ်ဒိုမှာ ယခုနှစ်ရာသီ လာလီဂါတွင် ၁၃ ပွဲကစားပြီး ၂၃ ဂိုးသွင်းယူပေးထားနိုင်ကာ တစ်ပွဲပျမ်းမျှ ၂ ဂိုးနီးပါး သွင်းယူပေးထားသည်။
    ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကမူ ရော်နယ်ဒိုအား ချီးကျူးခဲ့ပြီး ၎င်း၏ အကောင်းဆုံးအချိန်ကို ရောက်ရှိနေကြောင်း ၎င်းအား ပိုင်ဆိုင်ခွင့်ရခြင်းမှာ အသင်းအတွက် အားသာချက်ကြီး တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
  • ရီးယဲလ်မင်းသား ရော်နယ်ဒို ဆုတစ်ခု ထပ်ရပြန်
    ရီးယဲလ်မင်းသား ရော်နယ်ဒို ဆုတစ်ခု ထပ်ရပြန်
    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    23BF884F00000578-0-image-a-8_1417724376958
    – နိုင်ငံတကာဘောလုံး သမိုင်းနှင့် ကိန်းကဏန်း အချက်အလက် အဖွဲ့မှ ပေးအပ်ချီးမြှင့်သော ၂၀၁၃ ခုနှစ် ဂိုးအများဆုံးသွင်းသော ဘောလုံးသမားဆုကို ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ရရှိခဲ့သည်ဟု သိရသည်။
    ရော်နယ်ဒိုမှာ ပေါ်တူဂီအသင်းအတွက် ၁၀ ဂိုးအပါအ၀င် ၂၀၁၃ ခုနှစ်အတွင်း ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် ပြိုင်ပွဲအားလုံးတွင် စုစုပေါင်း ၆၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး တစ်နှစ်တာအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမား ဖြစ်ခဲ့ခြင်း ဖြစ်သည်။
    အဆိုပါဆို ဒီဇင်ဘာ ၄ ရက်နေ့က လက်ခံရယူခဲ့ခြင်းဖြစ်ပြီး ဆုရရှိခဲ့သည့်ပုံကို ရော်နယ်ဒိုက ၎င်း၏ Instagram စာမျက်နှာပေါ်တွင် လွှင့်တင်ခဲ့သည်။
    `နိုင်ငံတကာ ဘောလုံးသမိုင်းနဲ့ ကိန်းဂဏန်းအချက်အလက်အဖွဲ့က ပေးအပ်တဲ့ ၂၀၁၃ ဂိုးအများဆုံးသွင်းသူဆုကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်´ ဟု ရော်နယ်ဒိုက ရေးသားခဲ့သည်။
    ရော်နယ်ဒိုမှာ ဖီဖာမှ ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ချီးမြှင့်မည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကိုလည်း ရရှိရန် ရေပန်းစားနေသည်။
    Daily Mail