News @ M-Media

Tag: LaLiga

  • ဒိုင်များအား အလွန်အကျွံ စောဒကတက်ခဲ့သည့် အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ၈ ပွဲပယ်ခံရ

    ဒိုင်များအား အလွန်အကျွံ စောဒကတက်ခဲ့သည့် အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ၈ ပွဲပယ်ခံရ

    သြဂုတ် ၂၇ ၊ ၂၀၁၄
    M-Media
    447700_heroa
    – ရီးယဲလ်မက်ဒရစ်နှင့်တွေ့ဆုံခဲ့သည့် Supercopa de Espana ဒုတိယအကျော့ ပွဲစဉ်တွင် ဒိုင်လူကြီးများအား အလွန်အကျွံစောဒကတက်ခဲ့သည့်အတွက်ကြောင့် အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီအား စပိန်ဘောလုံးအဖွဲ့ချုပ်မှ ၈ ပွဲပယ်ပြစ်ဒစ် ချမှတ်ခဲ့သည်ဟု သိရသည်။

ုသောကြာနေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ဆီမြွန်နီမှာ ဒိုင်လူကြီးများနှင့် ပြဿနာ တက်ခဲ့သောကြောင့် ပထမပိုင်းမှာပင် ပွဲကြည့်စဉ်သို့ သွားရောက်ရန် ညွှန်ကြားခြင်းခံခဲ့ရပြီး ပွဲကြည့်စဉ်သို့ မသွားရောက်မီ ၎င်းမှာ စတုတ္ထဒိုင်လူကြီး၏ ခေါင်းကို ပုတ်ခဲ့သည်။

    ထိုနောက် စပိန်ဘောလုံးအဖွဲ့ချုပ် RFEF က ဆီမြွန်နီအား စွဲချက်လေးခုတင်ခဲ့ပြီး အလွန်အကျွံစောဒက တက်သည့်အတွက် ၂ ပွဲပယ်ပြစ်ဒဏ်၊ စတုတ္ထဒိုင်လူကြီးအား ရိုက်ပုတ်ခဲ့သည့် အတွက် ၄ ပွဲပယ်ပြစ်ဒဏ်နှင့် ဒိုင်လူကြီးအား လက်ခုပ်တီးကာ လှောင်ပြောင်ခဲ့ခြင်းနှင့် ပွဲကြည့်စဉ်မှနေ၍ ကန့်ကွက်ခဲ့ခြင်းတို့ အတွက် ၁ ပွဲစီ ပွဲပယ်ပြစ်ဒဏ် စုစုပေါင်း ၈ ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခဲ့သည်။

    ထို့ပြင် ဒဏ်ငွေ ယူရို ၄၈၀၅ ကျပ်ပေးဆောင်ရန်နှင့် အက်သလက်တီကိုအသင်းအား ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုကိုလည်း ပြုလုပ်ခဲ့သည်။ အယူခံဝင်ရန်အတွက် RFEF က ၁၀ ရက်အချိန်ပေးထားပြီး အက်သလက်တီကိုအသင်းကလည်း မိမိတို့အနေဖြင့် ဆီမြွန်နီအတွက် အယူခံဝင် သွားမည်ဟု ပြောကြားခဲ့သည်။

  • ဒီမာရီယာ အသင်းပြောင်းရွှေ့တော့မည်ဟု အန်ဆယ်လော့တီ ၀န်ခံ

    ဒီမာရီယာ အသင်းပြောင်းရွှေ့တော့မည်ဟု အန်ဆယ်လော့တီ ၀န်ခံ

    သြဂုတ် ၂၅ ၊ ၂၀၁၄
    M-Media
    446794_heroa
    – အာဂျင်တိုင်းကွင်းလယ်လူ ဒီမာရီယာအား အသင်း၌ဆက်လက်ရှိနေစေရန် တတ်နိုင်သလောက် ဆောင်ရွက်ခဲ့သော်လည်း ၎င်း၏ စိတ်ကို ပြောင်းလဲ၍ မရခဲ့ဟု ရီးယဲလ် နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    အသင်းတွင် ပုံမှန်နေရာမရသည့်အတွက် ထွက်ခွာချင်သည်ဟု ဒီမာရီယာကိုယ်တိုင်က အန်ဆယ်လော့တီအား ပြောကြားထားပြီး၊ မန်ယူအသင်းသို့ ပြောင်းရွှေ့မည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေသည်။ အန်ဆယ်လော့တီကမူ ဒီမာရီယာ၏ အသင်းပြောင်းရွှေ့ချင်သည့်ဆန္ဒ ပြည့်မြောက်သွားပြီဟု ပြောကြားခဲ့သော်လည်း မည်သည့်အသင်းသို့ ပြောင်းရွှေ့မည်ဆိုသည်ကို မပြောခဲ့ပေ။

    “ဒီမာရီယာဟာ ဒီကို လေ့ကျင့်ဖို့ လာတာမဟုတ်ပါဘူး။ နှုတ်ဆက်ဖို့ လာခဲ့တာပါ။ တရားဝင်မဟုတ်သေးပေမယ့် အားလုံးက ဆောင်ရွက်ပြီးသွားပါပြီ။ အသင်းအတွက် သူပေးဆပ်ခဲ့တာတွေကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ကံကောင်းပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်” ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဒီမာရီယာအား မန်ယူအသင်းမှ ယူရို သန်း ၉၀ ၀န်းကျင်ဖြင့် ခေါ်ယူတော့မည်ဖြစ်ပြီး စုစုပေါင်း အပြောင်းအရွှေ့တန်ဖိုးမှာ ယူရို ၁၈၈ သန်းရှိလိမ့်မည်ဟု ဗြိတိန်မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြနေကြသည်။

    ရီးယဲအသင်း၏ ဂျာမန်ကွင်းလယ်လူ ခီဒီရာကို အာဆင်နယ်အသင်းမှ ခေါ်ယူရန် ကြိုးစားမှုများ ပြုလုပ်နေသော်လည်း အန်ဆယ်လော့တီကမူ ခီဒီရာမှာ အသင်းတွင် ဆက်ရှိနေမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

  • အသင်းပြောင်းရွှေ့ရန် ဒီမာရီယာ ကိုယ်တိုင်က တောင်းဆိုခဲ့သည်ဟု အန်ဆယ်လော့တီ ဖွင့်ဟ

    အသင်းပြောင်းရွှေ့ရန် ဒီမာရီယာ ကိုယ်တိုင်က တောင်းဆိုခဲ့သည်ဟု အန်ဆယ်လော့တီ ဖွင့်ဟ

    သြဂုတ် ၂၂ ၊ ၂၀၁၄
    M-Media
    446124_heroa
    – ကွင်းလယ်လူ ဒီမာရီယာမှာ အသင်းမှ ထွက်ခွာချင်သည်ဟု မိမိအား ပြောကြားထားပြီး အပြောင်းအရွှေ့ရာသီ မပြီးခင် အဖြေတစ်ခု ရှာဖွေသွားမည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    ရီးယဲလ်မက်ဒရစ်အသင်းတွင် ပုံမှန်နေရာပျောက်ဆုံးနေသည့် ဒီမာရီယာအား ကလပ်အသင်းအများအပြားက ခေါ်ယူရန် စိတ်ဝင်စားနေပြီး၊ နည်းပြသစ် ဗန်ဂါးလ်၏ မန်ယူအသင်းသို့ ရောက်ရှိတော့မည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

    “ဒီနွေရာသီမှာ ပြောင်းရွှေ့ဖို့ သူက တောင်းဆိုထားပါတယ်။ အသင်းမှာဆက်နေဖို့ ကမ်းလှမ်းမှုကို သူ ငြင်းပယ်ခဲ့တာကြောင့် သူအတွက် အပြောင်းအရွှေ့မပိတ်ခင် အဖြေတစ်ခု ရှာရပါတော့မယ်။ ဒါပေမယ့် အခုလက်ရှိမှာတော့ ရီးယဲလ်ကစားသမားအဖြစ် ဆက်ရှိနေမှာပါ” ဟု အန်ဆယ်လော့တီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒီမာရီယာမှာ ၂၀၁၀ ခုနှစ်က ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း ယူရို သန်း ၆၀ ၀န်းကျင်ဖြင့် ပြောင်းရွှေ့နိုင်ဖွယ်ရှိနေသည်။

    အာဆင်နယ်၊ ချယ်ဆီးနှင့် ဘိုင်ယန်မြူးနစ်တို့မှ စိတ်ဝင်စားနေသည့် အခြားကွင်လယ်လူ ခီဒီရာ၏ အခြေအနေမှာ ဒီမာရီယာနှင့် ခြားနားကြောင်း ၎င်းအတွက် ကမ်းလှမ်းမှုများ မရှိသေးသော်လည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း အန်ဆယ်လော့တီက ထပ်လောင်း ပြောကြားခဲ့သည်။

  • ဘာစီလိုနာ အတွက် ကစားရခြင်းမှာ အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဟု ဆွာရက်ဇ်ဆို

    ဘာစီလိုနာ အတွက် ကစားရခြင်းမှာ အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဟု ဆွာရက်ဇ်ဆို

    သြဂုတ် ၂၁၊ ၂၀၁၄
    M-Media

    446474_heroa

    – မိမိအနေဖြင့် ဘာစီလိုနာအသင်းတွင် ကစားရန်အတွက် အမြဲတမ်း အိပ်မက်မက်ခဲ့ပြီး အသင်းတွင် သမိုင်းသစ်ရေးထိုးနိုင်ရေး စိတ်လှုပ်ရှားနေသည်ဟု ဥရုဂွေးတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ဆွာရက်ဇ်မှာ နွေရာသီအပြောင်းအရွှေ့တွင် လီဗာပူးလ်အသင်းမှ ယူရို ၈၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး၊ ဘတစ်လျှောက်လုံး မက်ခဲ့သည့် အိပ်မက်ကို ဖြည့်ဆည်းနိုင်ခဲ့ခြင်း အတွက် ပျော်ရွှင်မိသည်ဟု ၎င်းက ဆိုသည်။

    “ကျွန်တော့်အပေါ် ယုံကြည်မှုရှိတဲ့ ကလပ်အသင်း၊ ဒါရိုက်တာတွေ၊ နည်းပြနဲ့ ကျွန်တော့်ကိုအားပေးထောက်ခံသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ နှစ်ပေါင်း များစွာကတည်းက ကျွန်တော်ဟာ ဘာစီလိုနာမှာ ကစားချင်ခဲ့တာပါ။ ဒီကိုရောက်လာတာ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါပဲ” ဟု ပွဲပယ်ပြစ်ဒဏ်လျှော့ချ ခံရပြီးနောက် ပထမဆုံး ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆွာရက်ဇ်က ပြောကြားခဲ့သည်။

    ဆွာရက်မှာ လီယွန်အသင်းအား ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော တနင်္လာနေ့ပွဲစဉ်တွင် အသင်းအတွက် ပထမဆုံး ၀င်ရောက် ကစားပေးခဲ့သည်။ ပထမဆုံး အသင်းတွင် ပါဝင်ခွင့်ရသည့်အတွက် စိတ်လှုပ်ရှားမိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

  • ဘာစီလိုနာ မအောင်မြင်ခဲ့ခြင်းမှာ မိမိကြောင့်ဟု မာတီနိုဝန်ခံ

    ဘာစီလိုနာ မအောင်မြင်ခဲ့ခြင်းမှာ မိမိကြောင့်ဟု မာတီနိုဝန်ခံ

    သြဂုတ် ၁၆၊ ၂၀၁၄
    M-Media
    445040_heroa
    – ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီလိုနာအသင်း အောင်မြင်မှုမရရှိခဲ့ခြင်းအတွက်မိမိတွင် တာဝန်ရှိသည်ဟု နည်းပြဟောင်း မာတီနိုက ၀န်ခံပြောကြားခဲ့သည်။

    မာတီနိုကိုင်တွယ်ခဲ့သည့် ဘာစီလိုနာအသင်းမှာ ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ် အဆင့်မှ ထွက်ခဲ့ရပြီး လာလီဂါနှင့် ဘုရင့်ဖလားတို့တွင် ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရကာ ဖလားလက်မဲ့ရာသီကို ကြုံတွေ့ခဲ့ရသည်။

    “ပြီးခဲ့တဲ့ဘောလုံးရာသီအတွက် ကျွန်တော် လုံးဝ မကျေနပ်ပါဘူး။ ဒီအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်လို့လည်း ကျွန်တော် အမြဲတမ်း တွေးနေပါတယ်။ တရားမျှတမှု၊ မမျှတမှုတွေ ရှိခဲ့တာသေချာပေမယ့် ဘာတွေ ဘာတွေလည်းဆိုတာကိုတော့ ပြောဖို့ခက်ပါတယ်။ ကျွန်တော်ပြောနိုင်တာက ဘာစီလိုနာအတွက် တကယ့်ကို ဆိုးရွားတဲ့ ဘောလုံးရာသီအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ခံစားနေရတာပါပဲ” ဟု မာတီနိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ဘောလုံးရာသီပြီးဆုံးပြီးနောက် မာတီနိုအား ဘာစီလိုနာက ထုတ်ပယ်ခဲ့သည်။ ယခုအခါ မာတီနိုမှာ ကမ္ဘာ့ဖလား ဒုတိယရရှိခဲ့သည့် အာဂျင်တီးနားအသင်း၏ နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

    မာတီနိုကမူ ထိုကဲ့သို့ ခန့်အပ်ခံခဲ့ရခြင်းအတွင် ဂုဏ်ယူမိပြီး အာဂျင်တီးနား ဘောလုံးအသင်းကိုလည်း ကျေးဇူးတင်မိကြောင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစာသမားများအား အခြေပြုကာ အသင်းကို တည်ဆောက်သွားမည်ဖြစ်သော်လည်း အာဂျင်တီးနားကစားသမားအားလုံးအတွက် တံခါးဖွင့်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။