News @ M-Media

ဒီမာရီယာ အသင်းပြောင်းရွှေ့တော့မည်ဟု အန်ဆယ်လော့တီ ၀န်ခံ

သြဂုတ် ၂၅ ၊ ၂၀၁၄
M-Media
446794_heroa
– အာဂျင်တိုင်းကွင်းလယ်လူ ဒီမာရီယာအား အသင်း၌ဆက်လက်ရှိနေစေရန် တတ်နိုင်သလောက် ဆောင်ရွက်ခဲ့သော်လည်း ၎င်း၏ စိတ်ကို ပြောင်းလဲ၍ မရခဲ့ဟု ရီးယဲလ် နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

အသင်းတွင် ပုံမှန်နေရာမရသည့်အတွက် ထွက်ခွာချင်သည်ဟု ဒီမာရီယာကိုယ်တိုင်က အန်ဆယ်လော့တီအား ပြောကြားထားပြီး၊ မန်ယူအသင်းသို့ ပြောင်းရွှေ့မည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေသည်။ အန်ဆယ်လော့တီကမူ ဒီမာရီယာ၏ အသင်းပြောင်းရွှေ့ချင်သည့်ဆန္ဒ ပြည့်မြောက်သွားပြီဟု ပြောကြားခဲ့သော်လည်း မည်သည့်အသင်းသို့ ပြောင်းရွှေ့မည်ဆိုသည်ကို မပြောခဲ့ပေ။

“ဒီမာရီယာဟာ ဒီကို လေ့ကျင့်ဖို့ လာတာမဟုတ်ပါဘူး။ နှုတ်ဆက်ဖို့ လာခဲ့တာပါ။ တရားဝင်မဟုတ်သေးပေမယ့် အားလုံးက ဆောင်ရွက်ပြီးသွားပါပြီ။ အသင်းအတွက် သူပေးဆပ်ခဲ့တာတွေကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ကံကောင်းပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်” ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။

ဒီမာရီယာအား မန်ယူအသင်းမှ ယူရို သန်း ၉၀ ၀န်းကျင်ဖြင့် ခေါ်ယူတော့မည်ဖြစ်ပြီး စုစုပေါင်း အပြောင်းအရွှေ့တန်ဖိုးမှာ ယူရို ၁၈၈ သန်းရှိလိမ့်မည်ဟု ဗြိတိန်မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြနေကြသည်။

ရီးယဲအသင်း၏ ဂျာမန်ကွင်းလယ်လူ ခီဒီရာကို အာဆင်နယ်အသင်းမှ ခေါ်ယူရန် ကြိုးစားမှုများ ပြုလုပ်နေသော်လည်း အန်ဆယ်လော့တီကမူ ခီဒီရာမှာ အသင်းတွင် ဆက်ရှိနေမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

Comments

Leave a Reply