News @ M-Media

Tag: LaLiga

  • ဘာကာအား အနိုင်ရခဲ့သည့်ပွဲတွင် ဘန်ဇီမာက အကောင်းဆုံးဟု အန်ဆယ်လော့တီဆို

    ဘာကာအား အနိုင်ရခဲ့သည့်ပွဲတွင် ဘန်ဇီမာက အကောင်းဆုံးဟု အန်ဆယ်လော့တီဆို

    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    510851_heroa
    – ယနေ့နံနက်က ကစားခဲ့သည့် ဘာစီလိုနာနှင့်ပွဲတွင် ဘန်ဇီမာမှာ အကောင်းဆုံး ဖြစ်ခဲ့သည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    အဆိုပါပွဲ၌ ပွဲအစ မိနစ်အနည်းငယ်မှာပင် နေးမာက ဘာကာအတွက် ဦးဆောင်ဂိုး သွင်းခဲ့သော်လည်း ရီးယဲလ်မှာ တည်တည်ငြိမ်ငြိမ်ဖြင့် ပွဲအား ထိန်းချုပ်နိုင်ခဲ့ကာ ရော်နယ်ဒို၊ ပီပီနှင့် ဘန်ဇီမာတို့၏ဂိုးဖြင့် အနိုင်ရခဲ့သည်။

    အန်ဆယ်လော့တီကမူ အသင်းသားအားလုံးကို ချီးကျူးခဲ့ပြီး ဘန်ဇီမှာ အကောင်းဆုံးဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “အသင်းရဲ့ အားထုတ်မှုကို ကျွန်တော်လေးစားပါတယ်။ နေးမာရဲ့ဂိုးပြီးတဲ့နောက်မှာ ကျွန်တော်တို့ ရည်ရွယ်ချက်မပျောက်ခဲ့ဘဲ အားလုံး ကောင်းကောင်းမွန်မွန်ဖြစ်ခဲ့ပါတယ်။ ဘန်ဇီမာ၊ အစ္စကို၊ ရော်နယ်ဒိုနဲ့ ရော်ဒရီဂတ်စ်တို့ကို ချီးကျူးရမှာဖြစ်ပြီး ဘန်ဇီမာကတော့ အကောင်းဆုံးပါပဲ” ဟု ပွဲအပြီးတွင် အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

    ရီးယဲလ်၏ထိုနိုင်ပွဲမှာ ဘာစီလိုနာ၏ ယခုနှစ်ရာသီ ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်နိုင်ခဲ့ခြင်းဖြစ်ပြီး၊  ထိပ်ဆုံးမှ ဘာစီလိုနာနှင့် အမှတ်ကွာဟမှုမှာလည်း တစ်မှတ်သာရှိတော့သည်။

    အန်ဆယ်လော့တီကမူ ယခုနိုင်ပွဲမှာ အရေးပါသောနိုင်ပွဲဖြစ်ပြီး အသင်းကောင်းတစ်သင်းအား အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • ချီလီနီအား ကိုက်ခဲ့ပြီးနောက် ကစားသမား ဘ၀ ပျက်သုဉ်း သွားပြီဟု ထင်ခဲ့မိကြောင်း ဆွာရက်ဇ်ဖွင့်ဟ

    ချီလီနီအား ကိုက်ခဲ့ပြီးနောက် ကစားသမား ဘ၀ ပျက်သုဉ်း သွားပြီဟု ထင်ခဲ့မိကြောင်း ဆွာရက်ဇ်ဖွင့်ဟ

    အောက်တိုဘာ ၂၁ ၊ ၂၀၁၄
    M-Media
    460877_heroa
    – ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီတလီနောက်ခံလူ ချီလီနီအား ကိုက်ခဲ့ပြီးနောက် မိမိ၏ ကစားသမားဘ၀ ပျက်ဆီးသွားသည်ဟု ထင်ခဲ့မိပြီး ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် သေချာခဲ့သော အချိန်တွင် စိတ်သက်သာရာရခဲ့ကာ မျက်ရည်များပင်ကြခဲ့သည်ဟု တိုက်စစ်မှူး ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ချီလီနီအား ကိုက်မှုကြောင့် ဆွာရက်ဇ်အား အစပိုင်းတွင် ပြင်းထန်သည့် ပြစ်ဒဏ်မျိုး ချမှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် အားကစားခုံရုံးက ဘောလုံးကစားခွင့် ပိတ်ပင်ခံရသည့် ၎င်း၏ ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခဲ့သည်။

    ဆွာရက်ဇ်ကမူ ထိုအချိန်မှာ မိမိအတွက် အမှောင်ထုဖုံးလွမ်းသော အချိန်များဖြစ်ခဲ့ပြီး နူးကမ့်သို့ ပြောင်းရွှေ့ခွင့်မရတော့မည်ကို စိုးရိမ်မိခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

    “ကျွန်တော်ရဲ့ ကစားသမားဘ၀ ပျက်ဆီးသွားပြီလို့ ခံစားခဲ့ရပတယ်။ ပထမပိုင်းမှာတော့ ဘယ်သူ့ကိုမှ ဘာမှ မသိစေချင်ပါဘူး။ မိသားစုနဲ့ဝေးရာမှာ သွားနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်လုပ်ခဲ့တာကို ပြန်လည်သုံးသပ်ခဲ့ပြီးတဲ့အချိန်မှာ ကျွန်တော်ဟာ တောင်းပန်ခဲ့ပြီး၊ လွတ်မြောက်မှုကိုလည်း ခံစားခဲ့ရပါတယ်” ဟု TV3 သို့ ဆွာရက်ဇ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဘာစီလိုနာနှင့် ဆေးနွေးမှုများပြုလုပ်ခဲ့ပြီး သဘောတူညီချက်ရခဲ့ပြီဟု အေးဂျင့်ဖြစ်သူက ဖုန်းဆက်အကြောင်းကြားခဲ့သည့်အချိန်တွင် မိမိမှာ မျက်ရည်များပင်ကျခဲ့ကြောင်း၊ ဘာစီလိုနာက မိမိအပေါ်ထားရှိသည့် ယုံကြည်မှုအတွက် ပျော်ရွှင်မိကြောင်း ဆွာရက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။

    ဆွာရက်ဇ်၏ ပွဲပယ်ပြစ်ဒဏ်မှာ အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြည့်မည်ဖြစ်ပြီး ၂၅ ရက်နေ့တွင် ဘာနေဗျူး၌ကစားမည့် ရီးယဲလ်နှင့်ပွဲတွင် ဘာစီလိုနာအသင်းအတွက် ပထမဆုံး ပွဲထွက်နိုင်မည်ဖြစ်သည်။

  • မက်ဆီနှင့် ရော်နယ်ဒို ဘယ်သူပိုကောင်းသလဲ ရွေးလို့ မရဟု ဖီဂို ပြော

    မက်ဆီနှင့် ရော်နယ်ဒို ဘယ်သူပိုကောင်းသလဲ ရွေးလို့ မရဟု ဖီဂို ပြော

    အောက်တိုဘာ ၁၃ ၊ ၂၀၁၄
    M-Media
    436868_heroa
    – ရီးယဲလ်မှ ရော်နယ်ဒိုနှင့် ဘာစီလိုနာမှ မက်ဆီတို့နှစ်ဦးတွင် အကောင်းဆုံး တစ်ဦးကို ရွေးချယ်၍ မရဘဲ ၂ ဦးစလုံး အကောင်းဆုံး ကစားသမားများ ဖြစ်ကြသည်ဟု ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်း လူးဝစ်ဖီဂိုက ပြောကြားလိုက်သည်။

    ရော်နယ်ဒိုမှာ ယခုရာသီတွင် ၁၁ ပွဲကစား ၁၉ ဂိုးအထိ သွင်းယူပေးထားပြီး၊ မက်ဆီမှာလည်း ဘာစီလိုနာအတွက် ၇ ဂိုး သွင်းပေးထားကာ ၇ ဂိုး ဖန်တီပေးထားသည်။ ထိုကြောင့် ၎င်းတို့နှစ်ဦးတွင် မည်သူက အကောင်းဆုံးဆိုသည်ကို ဖီဂိုအား A Bola အားကစား ဂျာနယ်က မေးမြန်းရာ

    “ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားနှစ်ယောက်ကြားထဲမှာ ဒါကို ရွေးချယ်လို့ မရပါဘူး။ ဒါဟာ သိပ်ခက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တစ်ယောက်ကိုရွေးလိုက်တယ်ဆိုရင် နောက်တစ်ယောက်က မကောင်းဘူး ဖြစ်သွားမှာပါ။ ဒါဟာ အမှန်တရားမဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော့်ရွေးဖို့ကို မနှစ်သက်တာပါ။ သူတို့နှစ်ယောက်လုံး ကောင်းကြပါတယ်” ဟု ဖီဂိုက ပြန်လည်ဖြေကြားခဲ့သည်။

    အစပထမတွင် ဖီဂိုမှာ ၎င်းတို့နှစ်ဦးထက် မိမိသာလျှင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်သည်ဟု အရွှန်းဖောက် ပြောကြားခဲ့သေးသည်။ ဖီဂိုမှာ ဘာစီလိုနာနှင့် ရီးယဲလ် နှစ်သင်းစလုံးတွင် ကစားခဲ့ဖူးသူလည်း ဖြစ်သည်။

    ၂၀၁၄ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ဆု စကာတင် ကစားသမားများကို ယခုလ ၂၈ ရက်နေ့တွင်ကြေညာမည်ဖြစ်သည်။

  • ကစားသမားသက်တမ်း တစ်လျှောက် ၂၂ ကြိမ်မြောက် ဟက်ထရစ်ဂိုး ရော်နယ်ဒို သွင်းယူ

    ကစားသမားသက်တမ်း တစ်လျှောက် ၂၂ ကြိမ်မြောက် ဟက်ထရစ်ဂိုး ရော်နယ်ဒို သွင်းယူ

    အောက်တိုဘာ ၆ ၊ ၂၀၁၄
    M-Media
    1412543330299_Image_galleryImage_MADRID_SPAIN_OCTOBER_05_C
    – ယမန်နေ့က ကစားခဲ့သည့် ဘီဘာအိုနှင့်ပွဲတွင် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ၎င်း၏ ကစားသမား သက်တမ်းတစ်လျှောက် ၂၂ ကြိမ်မြောက် ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့သည်ဟု သိရသည်။

    ၅ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒို၏ ဟက်ထရစ်နှင့်အတူ ဘန်ဇီမာက ၂ ဂိုး သွင်းယူပေးခဲ့သည်။ ထိုပွဲ ဟက်ထရစ်ကြောင့် လာလီဂါ ၄ ပွဲ ကစားပြီးချိန်တွင် ရော်နယ်ဒို သွင်းယူထားသည့် ဂိုးအရေအတွက်မှာ ၁၃ ဂိုးအထိ ရှိပြီဖြစ်သည်။ ထို့ပြင် အိမ်ကွင်းတွင် ၁၄ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခြင်းလည်း ဖြစ်သည်။

    ဘီဘာအိုနှင့်ပွဲတွင် ရီးယဲလ်၏ BBC (ဘေးလ်၊ ဘန်ဇီမာ၊ ရော်နယ်ဒို) အတွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီ့း ဂိုးများမှာ ၎င်းတို့ ၃ ဦး၏ ပူးပေါင်း ဖန်တီးမှုများမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။

    ရော်နယ်ဒိုမှာ ၂၀၀၉ ခုနှစ် မန်ယူမှ ပြောင်းရွှေ့ခဲ့ပြီးနောက် ရီးယဲလ်အတွက် ၂၅၇ ပွဲ ကစားပေးထားပြီး ၂၆၉ ဂိုး သွင်းယူပေးထားနိုင်သည်။ လာမည့်သီတင်းပတ်တွင် ရီးယဲလ်မှာ ပြိုင်ဘက် ဘာစီလိုနာအား အိမ်ကွင်းတွင် ဧည့်ခံကစားရမည်ဖြစ်ပြီး ထိုပွဲတွင် ရော်နယ်ဒို ဂိုးသွင်းနိုင်ပါက အိမ်ကွင်း ၁၅ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့်စံချိန်ကို ရရှိမည်ဖြစ်သည်။

    ref_ Daily Mail

  • ဝေဖန်မှုများကို ၂ ပွဲ ၁၃ ဂိုးသွင်းပြီး ရီးယဲယ်က တုံ့ပြန်လိုက်ကြောင်း  နည်းပြ အန်ဆယ်လော့တီပြော

    ဝေဖန်မှုများကို ၂ ပွဲ ၁၃ ဂိုးသွင်းပြီး ရီးယဲယ်က တုံ့ပြန်လိုက်ကြောင်း နည်းပြ အန်ဆယ်လော့တီပြော

    စက်တင်ဘာ ၂၂၊ ၂၀၁၄
    M-Media
    458517_heroa
    – ပြီးခဲ့သည့် ၂ ပွဲတွင် စုစုပါင်း ၁၃ ဂိုးသွင်းယူနိုင်ခဲ့ခြင်းက မိမိတို့အား ဝေဖန်နေမှုများကို တုံ့ပြန်လိုက်ခြင်းဖြစ်သည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြား လိုက်သည်။

    နွေရာသီတွင် ထိပ်တန်းကစားသမား အများအပြားကို ခေါ်ယူထားသည့် ရီးယဲလ်မှာ လာလီဂါတွင် ခြေစွမ်းမပြနိုင်ဘဲ ၂ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး နည်းပြ အန်ဆယ်လော့တီမှာလည်း ဝေဖန်မှုများကို ခံခဲ့ရသည်။ သို့သော်လည်း ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ဘေဆယ်နှင့် ချန်ပီယံလိဂ်ပွဲတွင် ရီးယဲလ်မှာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ယမန်နေ့က ကစားခဲ့သည့် ဒီပို့တီဗိုနှင့် လာလီဂါပွဲတွင် တိုက်စစ် အစွမ်းပြကာ ၈ ဂိုး သွင်းယူနိုင်ခဲ့သည်။

    “ကျွန်တော်တို့ဆီမှာ ထူးခြားပြောင်မြောက်တဲ့ ကစားသမားတွေရှိပြီး ဒီနေ့ ကောင်းမွန်စွာ ပေါင်းစပ် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပြီလို့ ထင်ပါတယ်။ ရာသီကရှည်ပြီး နှစ်ပွဲပေါင်း ၁၃ ဂိုးသွင်းနိုင်ခဲ့တာက ကျွန်တော်တို့ ကောင်းကောင်း တုံ့ပြန်နိုင်တယ်ဆိုတာ ပြသခဲ့တာပါပဲ။ ဒါပေမယ့် ဆက်လက်တိုးတက်အောင် လုပ်ရပါမယ်” ဟု အန်ဆယ်လော့တီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဒီပို့တီဗိုအား ၈ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ရော်နယ်ဒိုက ဟက်ထရက်သွင်းယူနိုင်ခဲ့ပြီး ဂါရက်ဘေးလ်၊ ဟာနန်ဒက်ဇ်တို့က ၂ ဂိုးစီနှင့် ဂျိမ်းစ်ရော်ဒရီဂက်ဇ်က တစ်ဂိုး သွင်းယူနိုင်ခဲ့သည်။