News @ M-Media

Tag: Lebanon

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (စက်တင်ဘာ ၂၈)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (စက်တင်ဘာ ၂၈)

    M-Media

    (ဓာတ်ပုံ – ဘေရွတ် တိုက်ခိုက်ခံရမှု မြင်ကွင်း)

    အီရန်လေယာဥ်ကို လက်ဘနွန်က ပိတ်ပင်
    —————
    အစ္စရေးက ဗုံးကြဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်တာကြောင့် အီရန်ကုန်တင်လေယာဥ်တစ်စီးကို လက်ဘနွန်က ပြည်၀င်ခွင့် ပိတ်ခဲ့ပါတယ်။ အီရန်လေယာဥ်ကလည်း တီဟီရန်ကို ပြန်လှည့်သွားပါတယ်။ အစ္စရေးဟာ အီရန်ကို တိုက်ရိုက်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ခေါင်းဆောင်သေဆုံးပြီဟု ဟစ်ဇ်ဘိုလာ အတည်ပြု
    ———
    အသက် ၆၂ နှစ်အရွယ် ဟာဆန် နာဆရက်လာ သေဆုံးပြီလို့ ဟစ်ဇ်ဘိုလာအဖွဲ့က အတည်ပြု ထုတ်ပြန်ပါတယ်။ နာဆရက်လာဟာ ၁၉၉၂ ခုနှစ်ကတည်းက ဟစ်ဇ်ဘိုလာအဖွဲ့ကို ဦးဆောင်ခဲ့ပြီး လက်ဘနွန်တောင်ပိုင်းကို ၁၂ နှစ်ကြာ သိမ်းပိုက်ထားတဲ့ အစ္စရေးစစ်တပ်ကို ၂၀၀၀ ခုနှစ်မှာ မောင်းထုတ်နိုင်ခဲ့ သူ ဖြစ်ပါတယ်။

    လက်ဘနွန်က ထွက်ပြေးရသူ ၅ သောင်းကျော်လာ
    ———–
    အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လက်ဘနွန်ဖက်ကနေ ဆီးရီးယားကို အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ အရေအတွက်ဟာ ၅ သောင်းကျော် ရှိလာပြီလို့ ကုလက ထုတ်ပြန်ပါတယ်။ လက်ဘနွန်နိုင်ငံမှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ သိန်းကျော် ရှိလာပါပြီ။ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံထားရသူက လက်ဘနွန်မှာ ၇၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

    Ref: Aljazeera


  • ဟစ်ဇ်ဘိုလာခေါင်းဆောင် သေဆုံးပြီဟု အစ္စရေး ထုတ်ပြန်

    ဟစ်ဇ်ဘိုလာခေါင်းဆောင် သေဆုံးပြီဟု အစ္စရေး ထုတ်ပြန်

    စက်တင်ဘာ ၂၈၊ ၂၀၂၄
    M-Media

    -လက်ဘနွန်အခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ဟစ်ဇ်ဘိုလာရဲ့ ခေါင်းဆောင် ဟာဆန် နဆရက်လာ သေဆုံးပြီလို့ အစ္စရေးက ထုတ်ပြန်ပါတယ်။

    စက်တင်ဘာ ၂၇ ရက်နေ့ ဘေရွတ်မြို့က လူနေအထပ်မြင့်တိုက်တစ်ခုကို အစ္စရေးက လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်ဗုံးကြဲခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာခေါင်းဆောင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    ဟစ်ဇ်ဘိုလာဖက်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲ စတင်ကတည်းက ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ အစ္စရေးဟာ မြို့တော်ဘေရွတ်ကိုပါ ကျူးကျော်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

    လက်ဘနွန်က အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၇၀၀ ကျော် သေဆုံးထားပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • လက်ဘနွန်ကို အစ္စရေးကဗုံးကြဲမှု လူ ၅၀၀ နီးပါး သေဆုံး

    လက်ဘနွန်ကို အစ္စရေးကဗုံးကြဲမှု လူ ၅၀၀ နီးပါး သေဆုံး

    စက်တင်ဘာ ၂၄၊ ၂၀၂၄
    M-Media

    -အစ္စရေးဟာ တနင်္လာနေ့က လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၆၅၀ ကျော် ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၉၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

    ဒဏ်ရာရရှိသူ ၁၆၄၅ ဦးရှိပြီး အစ္စရေးရန်ကြောင့် လက်ဘနွန်တောင်ပိုင်းနဲ့ အရှေ့ပိုင်းက ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ အသတ်ခံရသူတွေထဲမှာ အနည်းဆုံး ကလေးငယ် ၂၄ ဦး ပါ၀င်ပါတယ်။

    အစ္စရေးက တိုက်ခိုက်မှုတွေဟာ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားတယ်လို့ ပြောကြားခဲ့ပြီး နောက်ထပ် စစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဟစ်ဇ်ဘိုလာဖက်ကလည်း အစ္စရေးကို ဒုံးကျည်တွေနဲ့ လက်တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အစ္စရေးရဲ့ အဓိကမဟာမိတ် အမေရိကန်က တင်းမာမှုတွေ လျှော့ချဖို့ တိုက်တွန်းခဲ့ပေမယ့် မဟာမိတ်ကို ကာကွယ်ဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

    အီဂျစ်နဲ့ တူရကီတို့က တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး အစ္စရေးဟာ အရှေ့အလယ်ပိုင်းတစ်ခုလုံးကို စစ်ပွဲထဲ ဆွဲခေါ်နေတယ်လို့ ၀ေဖန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဘေရွတ်တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက်

    ဘေရွတ်တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက်

    စက်တင်ဘာ ၂၀၊ ၂၀၂၄
    M-Media

    -လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအ၀င် လူ ၃ ဦးထက်မနည်း သေဆုံးတယ်လို့ သိရပါတယ်။

    အစ္စရေးကတော့ ဟစ်ဇ်ဘိုလာ ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်ကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်တဲ့နေရာဟာ လူနေအိမ်ယာတွေ ဖြစ်ပါတယ်။

    ဟစ်ဇ်ဘိုလာအဖွဲ့၀င်တွေရဲ့ pager နဲ့ စကားပြောစက်တွေကို အစ္စရေးက ပြီးခဲ့တဲ့နှစ်ရက်မှာ ဖောက်ခွဲခဲ့ပြီးနောက်ပိုင်း တင်းမာမှုတွေ မြင့်တက်လာတာပါ။ ဒီဖောက်ခွဲမှုမှာ အနည်းဆုံး လူ ၄၀ လောက် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

    ဟစ်ဇ်ဘိုလာက အစ္စရေးရဲ့ ဖောက်ခွဲမှုကို တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးမြောက်ပိုင်းကို စက်တင်ဘာ ၂၀ ရက်နေ့မှာ ဒုံးကျည် ၁၄၀ ကျော်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

    Ref: Aljazeera

  • မော်ရိုကိုနဲ့အတူ နာမည်ကြီးလာသည့် လက်ဘနွန်က ဗေဒင်ဆရာမ

    မော်ရိုကိုနဲ့အတူ နာမည်ကြီးလာသည့် လက်ဘနွန်က ဗေဒင်ဆရာမ

    ဒီဇင်ဘာ ၁၂၊ ၂၀၂၂

    M-Media 


    -စနေနေ့က မော်ရိုကိုအသင်း ပေါ်တူဂီကိုနိုင်ကာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားမှုနဲ့အတူ လက်ဘနွန်က လက္ခဏာဆရာမတစ်ယောက် နာမည်ကြီးလာပါတယ်။ 

    မော်ရိုကိုဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ပထမဆုံးရောက်ရှိခဲ့တဲ့ အာဖရိကအသင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    လက်ဘနွန် ဗေဒင်ဆရာမ လိုက်လာ အဘ်ဒူလတစ််ဖ်ဟာ ဗုဒ္ဓဟူးနေ့က သူ့ရဲ့ Instagram မှာ ကမ္ဘာ့ဖလား ခန့်မှန်းချက်ဗီဒီယိုကို လွှင့်တင်ခဲ့ပြီး အဲဒီအထဲမှာ အာရပ်အသင်းတစ်ခု ဆီမီးဖိုင်နယ်တက်မယ်လို့ တွက်ချက် ပြောကြားခဲ့ပါတယ်။ 

    ဒီဗီဒီယိုကို ဆိုရှယ်မီဒီယာသုံးစွဲသူတွေ အပြိုင်အဆိုင် မျှ၀ေခဲ့ကြပြီး စနေနေ့မှာတော့ ဒီခန့်မှန်းချက်ဟာ အမှန်တကယ် ဖြစ်လာပါတယ်။ 

    မော်ရိုကိုဟာ အာဖရိကတိုက်က အာရပ်နွယ်ဖွားတွေရဲ့နိုင်ငံ ဖြစ်ပါတယ်။ 

    ဆရာမလိုက်လာဟာ ကမ္ဘာ့ဖလား အုပ်စုပွဲစဥ် မစခင် ဆော်ဒီအာရေဗျက အာဂျင်တီးနားကို နိုင်လိမ့်မယ်လို့ တွက်ချက်ပြောကြားခဲ့ပါတယ်။

    လိုက်လာရဲ့ အထင်ရှားဆုံးတွက်ချက်မှုက လက်ဘနွန်၀န်ကြီးချုပ် ရာဖစ် ဟာရီရီ လုပ်ကြံသတ်ဖြတ်ခံရမယ်ဆိုတဲ့ ပြောကြားချက်ပါ။ ဟာရီရီဟာ ၂၀၀၅ ခုနှစ် ဖေဖော်ရီလမှာ တကယ်ပဲ ကားဗုံးခွဲ လုပ်ကြံခံခဲ့ရပါတယ်။ 

    ဆရာမလိုက်လာက သူမဟာ အနာဂတ်ကို ကြိုပြောတာမဟုတ်ဘဲ သူမတွက်ချက်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်ကိုသာ ပြောကြားတာလို့ ဆိုပါတယ်။ 

    မော်ရိုကိုအသင်းကမ္ဘာ့ဖလားရနိုင်မယ့် ဇာတာပါလားလို့ မေးမြန်းရာမှာတော့ ဖိုင်နယ်အတွက် သူမ တွက်ချက်မှာမဟုတ်ဘဲ မော်ရိုကိုအသင်း ဖလားရအောင် ဆန္ဒပြုတယ်လို့ ဖြေကြားခဲ့ပါတယ်။

    အစ္စလာမ်ဘာသာမှာ ဗေဒင်ယတြာ လက္ခဏာကိန်းခန်းတွေကို သမ္မာဒိဌိမကျတဲ့အရာတွေအဖြစ် သတ်မှတ်ထားပြီး လေ့လာလိုက်စားခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ 

    လက်ဘနွန်အပါအ၀င် အာရပ်ကမ္ဘာမှာ လူများစုက အစ္စလာမ်ဘာသာ၀င်ဖြစ်ပေမယ့် အခြားဘာသာ၀င်တွေလည်း အများအပြား ရှိနေတာဖြစ်ပါတယ်။ 

    Ref: Arab News