News @ M-Media

Tag: Leicester

  • ပယ်နယ်တီမ၀င်သည့် တိုက်စစ်မှူးနှင့် လက်စတာနည်းပြ ဆွေးနွေးမည်

    ပယ်နယ်တီမ၀င်သည့် တိုက်စစ်မှူးနှင့် လက်စတာနည်းပြ ဆွေးနွေးမည်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media

    lea

    – အသင်း၏ လာမည့်ပွဲများတွင် ပင်နယ်တီ မည်သူကန်ရမည်ဆိုသည်နှင့် ပတ်သက်၍ မဆုံးဖြတ်ခင် နောက်ဆုံး ပယ်နယ်တီ ၂ လုံးဆက်တိုက် ၀င်အောင်မသွင်းနိုင်သည့် တိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်နှင့် ဆွေးနွေးသွားမည်ဟု လက်စတာ နည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    စွမ်းဆောင်ရည်ကောင်းများ ပြသနေသည့် လက်စတာအသင်းတွင် ခြေစွမ်းပြနေသော မဟ်ရက်ဇ်မှာ ယခုလအစောပိုင်း ဘုန်းမောက်နှင့် ဂိုးမရှိသရေပွဲတွင် ပင်နယ်တီလွဲချော်ခဲ့ပြီး ယမန်နေ့က ကစားခဲ့သည့် အက်စတွန်ဗီလာအား ၁ ဂိုးစီသရေကျသည့်ပွဲတွင် ပထမပိုင်းရရှိသည့် ပင်နယ်တီကို ၎င်းကန်သွင်းရာမှာလည်း ဂိုးသမားက ဖမ်းမိခဲ့သည်။ နည်းပြ ရာနီယေးရီကမူ ၎င်းမှာ ထိုကိစ္စအတွက် မဲဟ်ရက်ဇ်နှင့် ဆွေးနွေးသွားမည်ဟု ဆိုသည်။

    “ကျွန်တော် မမှားဘူးဆိုရင် ဒါဟာ ရီယာ့ဒ်ရဲ့ ဒုတိယ ဒါမှမဟုတ် တတိယမြောက် အမှားပါပဲ။ သူနဲ့ ကျွန်တော် စကားပြောချင်ပါတယ်။ တစ်ကယ်လို့သူက တည်ငြိမ်နေမယ်၊ ပင်နယ်တီဆက်ကန်ဖို့ ဆန္ဒရှိမယ်ဆိုရင် သူ ဆက်ကန်နိုင်မှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ နောက်တစ်ပွဲအတွက် စဉ်းစားဖို့ အရေးကြီးပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    ထို့ပြင် မဟ်ရက်ဇ်၏ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပြီး ၎င်း၏ တိုက်စစ်မှူးမှာ ဒိုင်လူကြီးများထံမှ အကာအကွယ်ပေးမှုကို မရရှိဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Goal

  • တည်တည်ငြိမ်ငြိမ်ရှိရန် လက်စတာနည်းပြက အသင်းအား သတိပေး

    တည်တည်ငြိမ်ငြိမ်ရှိရန် လက်စတာနည်းပြက အသင်းအား သတိပေး

    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media

    les

    – စပါးအသင်းအား ခက်ခက်ခဲခဲအနိုင်ရပြီး ဦးဆောင်သူ အာဆင်နယ်နှင့် အမှတ်တူလာခဲ့ပြီးနောက် တည်တည်ငြိမ်ငြိမ်ရှိရန် လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက အသင်းကို သတိပေးပြောကြားလိုက်သည်။

    ယခုရာသီတွင် အံ့သြဖွယ်ရာ ခြေစွမ်းများကို ပြသနိုင်ခဲ့သည့် လက်စတာမှာ ယနေ့မနက်က ၀ှိုက်ဟတ်လိန်းတွင် ကစားခဲ့သည့် ထိုပွဲတွင် အိမ်ရှင်အသင်း၏ ဖိအားပေးခြင်းကို အလွန်အမင်းခံခဲ့ရပြီး ဂိုးပေးရလုနီးပါး အခြေအနေကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း စပါးအသင်းမှာ ဂိုးမရခဲ့ဘဲ ၈၃ မိနစ်တွင် ရောဘတ်ဟုသ်၏ ခေါင်းတိုက်ဂိုးဖြင့် လက်စတာက အနိုင်ရခဲ့သည်။

    “ကျွန်တော်တို့ နိုင်ချင်ခဲ့ပေမယ့် ခက်ခဲတဲ့ပွဲတစ်ပွဲဆိုတာကိုလည်း ကျွန်တော်တို့ သိခဲ့ပါတယ်။ စပါးဟာ တော်တော် ကောင်းမွန်စွာနဲ့ စတင်ခဲ့ပြီး ကျွန်တော်တို့ကို ဖိအားပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ယုံကြည်ချက်နဲ့ အနေအထားကိုတော့ အဆုံးအရှုံးမခံခဲ့ပါဘူး။ ဒါကပဲ သူတို့ကို ခက်ခဲစေခဲ့တာပါ” ဟု ပွဲအခြေအနေနှင့်ပတ်သက်၍ ရာနီယေးရီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ တည်ငြိမ်ရမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ၃ ပွဲဆက်တိုက် ဂိုးမပေးရတဲ့မှတ်တမ်းရခဲ့တယ်။ ကံမကောင်းစွာပဲ ဒါက ဇန်န၀ါရီမှာဖြစ်နေတယ်။ မေလမှာမဟုတ်ဘူး။ လုပ်စရာတွေအများကြီး ရှိပါတယ်။ ကျွန်တော်တို့ဟာ တည်တည်ငြိမ်ငြိမ်ရှိရမှာဖြစ်ပြီး ကျွန်တော်တို့ လုပ်နေတာတွေအပေါ်မှာ ယုံကြည်နေရပါမယ်”

    Ref: Goal

  • လက်စတာနည်းပြ အသင်းအတွက် ပစ်မှတ်တစ်ခု ထပ်မံသတ်မှတ်

    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media

    leis

    – ရာသီမစခင်က သတ်မှတ်ထားသည့် အမှတ်အရေအတွက်ကို ရရှိခဲ့သည့် မိမိတို့ အသင်း၏ နောက်ထပ် ပစ်မှတ်ခုမှာ ရာသီကုန်လျှင် ၇၉ မှတ် ရရှိရန်ဖြစ်သည်ဟု လက်စတာစီးတီးနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    အားထားရသည့် တိုက်စစ်မှူး ရီယဒ် မဟ်ရက်ဇ်၏ ပင်နယ်တီလွဲချော်မှုနှင့်အတူ လက်စတာမှာ ယမန်နေ့က ဘုန်းမောက်နှင့် ဂိုးမရှိသရေကျခဲ့ပြီး ပရီးမီးယားလိဂ်တွင် စုစုပေါင်း ရမှတ် ၄၀ ရရှိထားသည်။ ထိုရမှတ်မှာ လက်စတာသို့ ရာနီယေးရီ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ရရှိအောင်ယူမည်ဟု လူသိရှင်ကြား သတ်မှတ်ထားသည့် အမှတ်လည်း ဖြစ်သည်။ လက်စတာအား ပရီးမီးယားလိဂ် ထိပ်ဆုံးအထိရောက်ရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သည့် ရာနီယေးရီမှာ နောက်ထပ် ပစ်မှတ်တစ်ခုကိုလည်း သတ်မှတ်ခဲ့သည်။

    “အခုတော့ ကျွန်တော်တို့ဟာ နောက်ထပ် ရည်ရွယ်ချက်တစ်ခုကို အောင်မြင်ဖို့ လိုနေပြီး၊ တည်တည်ငြိမ်ငြိမ် ရှိဖို့ လိုပါတယ်။ ပထမရာသီဝက်မှာ ကျွန်တော်တို့ ၃၉ မှတ် ရရှိခဲ့တယ်။ ဒါ့ကြောင့် ဒုတိယ ရာသီဝက်မှာတော့ ရမှတ် ၄၀ ရရှိအောင် ကျွန်တော်တို့ လုပ်ရပါမယ်။ ဒါဟာ ခက်ခဲတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီအမှတ်ပေးပွဲဟာ ရူးသွပ်စရာကြီးပါ။ ကျွန်တော်တို့က အန္တရာယ်ကင်းနေတာကြောင့် ကြိုးစားရပါမယ်” ဟု ရာနီယေးရီက ဘုန်းမောက်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • အသင်းမှတိုက်စစ်မှူးများ ဆက်ရှိနေမည်ဟု လက်စတာနည်းပြ မျှော်လင့်နေ

    အသင်းမှတိုက်စစ်မှူးများ ဆက်ရှိနေမည်ဟု လက်စတာနည်းပြ မျှော်လင့်နေ

    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media

    leis

    – အသင်းရှိခြေစွမ်းပြနေသော တိုက်စစ်မှူးများဖြစ်သည့် ဂျာမီ ဗာဒီနှင့် ရီယဒ် မဟ်ရက်ဇ်တို့အား အသင်းတွင် ဆက်လက်ထိန်းသိမ်းထားရန် မျှော်လင့်နေသည်ဟု လက်စတာစီးတီးအသင်းနည်းပြ ကလော်ဒီယို ရာနီရေးရီက ပြောကြားလိုက်သည်။

    ယခုနှစ်ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးအထိရောက်ရှိအောင် ခြေစွမ်းကောင်းများ ပြသခဲ့သည့် လက်စတာစီးတီးအသင်းတွင် ဗာဒီနှင့် မဟ်ရက်ဇ်တို့မှာ အဓိကကျသည့် တိုက်စစ်မှူးများ ဖြစ်ခဲ့ပြီး ၎င်းတို့နှစ်ဦးပေါင်း ၂၈ ဂိုးအထိ သွင်းယူပေးထားသည်။ ၎င်းတို့၏ စွမ်းဆောင်ရည်ကြောင့် အသင်းကြီးများကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။

    ”ကျွန်တော့်ရဲ့အာရုံစိုက်မှုက (စနေနေ့) ဘုန်းမောက်နဲ့ပွဲပါ။ ဒါပေမယ့် (ဇန်န၀ါရီအပြောင်းအရွှေ့မှာ) ဘယ်သူမှ အသင်းကနေ မထွက်ခွာဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကောလဟာလတွေကတော့ တော်တော်များပါတယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်ချင်ပါတယ်။ “ဆုဖလားရဖို့ စတင်နေတယ်” လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အလုပ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အလုပ်က နောက်ပွဲကို နိုင်ဖို့ပါ။ ရာသီဝက်ကို လက်ဖျားခါ လောက်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ မယုံကြည်နိုင်လောက်စရာပါပဲ။ ထိပ်ဆုံးမှာ ရှိဖို့ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်ရမှာပါ” ဟု ရာနီရေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • မဟ်ရက်ဇ်မှာ လက်စတာ၏ ဘုရင်တစ်ဆူဟု နည်းပြပြော

    မဟ်ရက်ဇ်မှာ လက်စတာ၏ ဘုရင်တစ်ဆူဟု နည်းပြပြော

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    epl 2

    – မိမိတို့ တိုက်စစ်မှူးဖြစ်သူ ရီယဒ် မဟ်ရက်ဇ်မှာ အသင်း၏ ဘုရင်ဖြစ်သည်ဟု လက်စတာစီးတီးအသင်းနည်းပြ ကလော်ဒီယို ရာနီရေးရီက ပြောကြားလိုက်သည်။

    ယခုနှစ်တွင် ခြေစွမ်းပြကာ ပရီးမီးယားလိဂ်ဇယားအား ဦးဆောင်ထားနိုင်သည့် လက်စတာအတွက် မဟ်ရက်ဇ်မှာ အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပြီး စုစုပေါင်း ၁၃ ဂိုး သွင်းယူပေးထားနိုင်သည်။ ၎င်း၏ ခြေစွမ်းကြောင့် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း အေးဂျင့်ဖြစ်သူက မဟ်ရက်ဇ်မှာ လက်စတာတွင်သာ ဆက်လက်ရှိနေမည်ဟု အတည်ပြု ပြောကြားခဲ့သည်။

    “သူကလည်း ကျွန်တော်တို့နဲ့နေချင်တယ်။ ကျွန်တော်တို့ကလည်း သူ့ကို ထိန်းထားချင်တယ်။ ဒါပါပဲ။ သူက တိုးတက်ဖို့လိုတယ်။ သူတိုးတက်တဲ့အခါမှာ အသင်းလည်း တိုးတက်လာပါတယ်။ ဒီလိုဖြစ်လာတဲ့အချိန်မှာ ဘာ့ကြောင့် သူက ထွက်သွားချင်မှာလဲ။ သူက ဒီမှာ ဘုရင်တစ်ဆူပါပဲ။ သူဟာ အသင်းနဲ့အတူ နာမည်ကြီးလာနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဇယားအောက်ရောက်နေတဲ့ အချိန်တုန်းက သူ့ကို ဘယ်သူမှမသိဘူး။ အခုတော့ လူတိုင်းက သူ့အကြောင်းပြောနေကြပြီ။ နည်းနည်တော့ ဖိအားရှိနိုင်မှာပေါ့လေ” ဟု ရာနီရေးရီက ပြောကြားခဲ့သည်။

    Ref: Goal