အောက်တိုဘာ ၃၊ ၂၀၁၅
M-Media
– အသင်း၏ ကျဆင်းမှုများကြောင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံရမည်ကို မိမိအနေဖြင့် စိုးရိမ်ခြင်းမရှိဘဲ၊ မိမိ၏ အလုပ်မှာ မည်သည့်အန္တရာယ်မှ မရှိဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
ပြီးခဲ့သည့်ရာသီက အဆင့် ၆ ဖြင့် ရာသီသိမ်းခဲ့သည့် လီဗာပူးလ်မှာ ယခုနှစ်တွင် စွမ်းဆောင်ရည် ကောင်းမွန်လာခြင်းမရှိဘဲ ရှုံးပွဲများနှင့်အတူ အဆင့် ၉ နေရာတွင် ရှိနေကာ ရော်ဂျာ၏ အနာဂတ်မှာလည်း မရေရာတော့ဟု သတင်းများ ထွက်ပေါ်နေသည်။
“ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော်လုပ်နေတာနဲ့ ပတ်သက်ပြီး အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ တနင်္ဂနွေနေ့ပွဲမှာ အဲဗာတန်ကို နိုင်ဖို့ပါပဲ။ ဘုတ်အဖွဲ့က ကျွန်တော့်နေရာအတွက် အာမခံချက်မရှိတော့ဘူးလို့ ဖော်ပြတာမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ဟာ မက်ဆေ့ခ်ျတွေနဲ့ အပြန်အလှန် ဆက်သွယ်ခဲ့ပြီး အမှုဆောင်အကြီးအကဲ အီယန် အိုရီနဲ့လည်း စကားပြောခဲ့ပြီးပါပြီ။ အပြောင်းအလဲ ဒါမှမဟုတ် ဘာထူးခြားမှုမှ ရှိမှာမဟုတ်ပါဘူး” ဟု ရော်ဂျာက ပြောကြားခဲ့သည်။
Ref: Goals


Leave a Reply
You must be logged in to post a comment.