News @ M-Media

Tag: malaysia

  • ရိုဟင်ဂျာများကို ဖိနှိပ်ဆက်ဆံမှုအား မလေးနိုင်ငံသားများ မြန်မာသံရုံးရှေ့ ဆန့်ကျင် ဆန္ဒပြ (ဓါတ်ပုံသတင်း)

    ဖေဖော်ဝါရီလ ၁၄၊ ၂၀၁၄
    M-Media

    Malaysian Muslim activists display flags and banners during a peaceful protest
    မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်စလင်များအပေါ် ဖိနှိပ်ဆက်ဆံမှုများကို ဆန့်ကျင့်သည့် မလေးရှား နိုင်ငံသား တက်ကြွလှုပ်ရှားသူများသည် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နေ့တွင် ကွာလာလမ်ပူမြို့တော်ရှိ မြန်မာသံရုံးရှေ့တွင် ပိုစတာများ၊ အလံများကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါသည်။

    Photo-AFP

  • ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်တို့ လုပ်ကြံခံရသည့်သတင်း မလေးမီဒီယာများ မလေးရှား CID ၏အတည်ပြုချက် မရယူနိုင်သေး မီ လေးနာရီစော၍ မြန်မာ မီဒီယာများ သတင်းဖော်ပြခဲ့

    ဖေဖော်ဝါရီ ၇  ၂၀၁၄
    M-Media
    မိုးသောက်

    ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်တို့ လုပ်ကြံခံရသည့် သတင်း CID ၏အတည်ပြုချက် မရယူနိုင်သေးမီ လေးနာရီစော ဖော်ပြသည့် မလေးမီဒီယာများထက် အရင်  မြန်မာ မီဒီယာများသတင်းဖော်ပြခဲ့

    1606962_460015577432999_102835442_n

    ရခိုင်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ ကွာလာလန်ပူ၌ သေနတ်ဖြင့် ပစ်ခံခဲ့ရသည့် သတင်းကို မလေးရှားနိုင်ငံ၏ အစိုးရပိုင် မီဒီယာ တစ်ခုဖြစ်သော bernama က မလေးရှားနိုင်ငံ၊ Criminal Investigation Department (CID) ၏ အတည်ပြုချက် မရယူနိုင်သေးမီ လေးနာရီခန့်စော၍ သတင်းများ တင်ပြခဲ့ကြောင်း လေ့လာတွေ့ ရှိရပါသည်။

    ယခုတွင်မူ စင်ကာပူအခြေဆိုက် straits times သတင်းစာ သာမက အခြားသော နိုင်ငံတကာ ထင်ရှားသည့် သတင်းစာကြီးများက မလေး bernama ကို ကိုးကား၍ ၄င်းတို့နှစ်ဦး လုပ်ကြံခံခဲ့ရသည်ဟု သတင်းတင်ပြကြပြီဖြစ်ပါသည်။ နိုင်ငံတကာက bernama ကို ကိုးကား သတင်းတင်ပြချိန်မှာ မြန်မာ အခြေဆိုက် Eleven Media Group ၏ သတင်း တင်ပြချိန်ထက် များစွာ နောက်ကျနေကြောင်းလည်း တွေ့ရှိရပါသည်။ အလားတူ ဧရာဝတီသတင်းမှ ရခိုင်ဖေ့ဘွတ်ပေ့ခ်ျကို ကိုးကားပြီး ရခိုင်ခေါင်းဆောင်များ လုပ်ကြံခံရသည့် သတင်းကို အစောကြီး ဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။

    မလေးရှားနိုင်ငံ၊ Criminal Investigation Department (CID) ၏ အကြီးအကဲဖြစ်သူ ACP Khairi Ahrasa က ရခိုင်ခေါင်းဆောင်နှစ်ဦး လုပ်ကြံခံခဲ့ရသည် သတင်းကို အတည်ပြုပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများလည်း ချက်ချင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း bernama သို့ ပြောကြားခဲ့ပါသည်။

    နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည့် Time သတင်းကမူ မလေးရှားနိုင်ငံရောက် ရခိုင်ခေါင်းဆောင်နှစ်ဦးလုပ်ကြံခံရသည့် သတင်းကို ဖော်ပြထားရာ ၌ မြန်မာပြည်တွင်း ရိုဟင်ဂျာများအား ညှဉ်းပမ်းနှိပ်စက်မှုဂရက်များ အိမ်နီးချင်းနိုင်ငံများသို့ အကျိုးသက်ရောက်နေသည့် သဘောကိုဆောင်က သတင်း ရေးသားဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

    Time သတင်းက “မြန်မာပြည်မှ ပဋိပက္ခများသည် အရှေ့တောင်အာရှသို့ ပျံ့နှံ့နေကြောင်း၊ အင်ဒိုနီးရှား ဂျကာတာတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း၊ မလေးရှားတွင်လည်း လူမျိုးအဓိကရုဏ်းနှင့် သတ်ဖြတ်မှုများဖြစ်ပွားခဲ့၍ မြန်မာ အလုပ်သမားမြောက်မြားစွာ ပြည်တော်ပြန် ခဲ့ကြောင်း၊ ရခိုင် ဗုဒ္ဓဘာသာများနှင့် မြန်မာအစိုးရတို့က ရိုဟင်ဂျာများကို တွန်းထုတ်နေသဖြင့် မလေးတွင် ရိုဟင်ဂျာ များစွာ ရှိနေကြောင်း” ဖော်ပြထားပါသည်။

    ၁) http://world.time.com/2014/02/07/gunmen-target-burmese-mp-in-drive-by-shooting-in-malaysia/
    ၂) http://www.bernama.com/bernama/v7/newsindex.php?id=1012663
    ၃) http://www.straitstimes.com/breaking-news/se-asia/story/two-myanmar-political-party-leaders-escape-suspected-assassination-malay

    Photo Credit =>Arakan Community Malaysia
    ဓါတ်ပုံအညွှန်း- မလေးရှားရောက်ရခိုင်ခေါင်းဆောင်များ

  • ရခိုင်ခေါင်းဆောင်နှစ်ဦး၏ မလေးခရီးစဉ်ကို မလေးနိုင်ငံသားများ မသင်္ကာ၊ တရုတ် စီးပွားရေးသမားများ အထောက်အပံ့ ရှိနေကြောင်း အချက်အလက်အချို့ တွေ့ရှိရ

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
    M-Media
    မိုးသောက်

    Aye Maung

    ရခိုင် RNDP ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် ALD ပါတီခေါင်းဆောင် ဦးအေးသာအောင်တို့သည် မလေးရှားနိုင်ငံသို့ ဇန်န၀ါရီ ၃၀ ရက်နေ့ကစတင်ပြီး အလည် အပတ်ရောက်ရှိခဲ့ကြောင်း ရခိုင်အမျိုးသားသတင်းဌာနများက သတင်းဖော်ပြခဲ့ပါသည်။ ၄င်းတို့၏ ခရီးစဉ်ကို မလေးရှားရောက် ရခိုင်အမျိုးသားတို့၏ ဖိတ်ကြားချက်အရ အလည်အပတ်ရောက်ရှိခြင်းဖြစ်သည်ဟု ထိုသတင်းဌာနများက ဖော်ပြထားပါသည်။

    သို့သော် မလေးရှားသတင်းမီဒီယာများနှင့် လူ့အခွင့်ရေးလှုပ်ရှားသူအချို့ကမူ ရခိုင်ခေါင်းဆောင်နှစ်ဦး၏ မလေးခရီးစဉ်မှာ သံသယပွားဖွယ်ဖြစ်ကြောင်း၊ ၄င်းတို့၏ ခရီးစဉ်ကို ကွာလာလန်ပူရှိ တရုတ်စီးပွားရေးသမားတို့ ထောက်ပံ့ပေးကြောင်း သုံးသပ်ကြပါသည်။

    ရခိုင်ခေါင်းဆောင်များ၏ အငြင်းပွားဖွယ် နောက်ခံ အခြေအနေများကြောင့်လည်း မလေးရှားနိုင်ငံသားများက ၄င်းတို့နှစ်ဦး မလေးသို့ လာရောက်ခြင်းဖြင့် နိုင်ငံတွင်း ဆူပူမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်ပြီး မေးခွန်းထုတ် ဝေဖန်နေကြသည်ဟု မလေးအခြေဆိုက် agenda daily သတင်းအရ သိရှိရပါသည်။

    မလေးရှားသတင်း မီဒီယာများက  ဒေါက်တာအေးမောင် ၄င်းတို့နိုင်ငံသို့ လာရောက်ပြီး ကွာလာလန်ပူရှိ Chinese Assembly Hall တွင် ကျင်းပမည့် အထူးညီလာခံသို့ ဖေဖော်ဝါရီ (၄)ရက် တွင်တက်ရောက်မည့်အကြောင်း utusan.com.my ကသတင်းဖော်ပြသဖြင့် ဒေါက်တာအေးမောင်တို့၏ ခရီးစဉ်မှာ တရုတ် စီးပွားရေးသမားများ အထောက်အပံ့ ရှိနေကြောင်း ပို၍ သံသယ ပွားစရာ ဖြစ်သည်ဟု သုံးသပ်ကြပါသည်။

    မလေးနိုင်ငံသားများ၏ စိုးရိမ်မကင်းဖြစ်မှုများကြောင့် ရခိုင်ခေါင်းဆောင် နှစ်ဦးက ၄င်းတို့၏ခရီးစဉ် မင်္သကာဖွယ် တစုံတရာပြုလုပ်ခဲ့ပါက အရေးယူသွား မည်ဟု မလေးအစိုးရက ကတိက၀တ်ပြုပေးခဲ့ရကြောင်းကိုလည်း ကွာလာလန်ပူအခြေဆိုက် utusan.com.my က ဖေဖော်ဝါရီ (၅)ရက် တွင် သတင်းဖော်ပြခဲ့ပါသည်။

    ရခိုင်ခေါင်းဆောင်နှစ်ဦး ကွာလာလန်ပူတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟူသော သတင်းကို မလေးမီဒီယာများတွင် ဖော်ပြခြင်းမရှိသေးပါ။

    Photo Credit =>Arakan Community Malaysia

     

  • မလေးရှားတွင် ဖမ်းခံရသော တရားမဝင် မြန်မာ အလုပ်သမားများကို သံရုံးမှ အသိအမှတ်ပြုရန် ငြင်းဆန်၍ အခက်တွေ့နေကြ

    ဖေဖော်ဝါရီ ၅၊ ၂၀၁၄
    M-Media
    Ops 6P Bersepadu
    – မလေးရှားနိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် Ops 6P Bersepadu စီမံချက်အတွင်း ဖမ်းဆီးရမိသည့် တရားမ၀င် နေထိုင်သော မြန်မာနိုင်ငံသား များအား သက်ဆိုင်ရာနိုင်ငံ ပြန်ပို့ရန် မြန်မာသံရုံးမှ ငြင်းဆိုသောကြောင့် ၎င်းတို့အား ပြည်နှင်ဒဏ်ပေးရေးမှာ ခက်ခဲနေသည်ဟု သိရသည်။

    ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ထိုတရားမ၀င် ၀င်ရောက်နေထိုင်သော မြန်မာနိုင်ငံသားများ အတွက် ခရီးသွားလာခွင့် စာရွက်စာတမ်းများအား ထုတ်ပေးရန် ငြင်းဆန်ခဲ့သည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေး အထွေထွေ ဒါရိုက်တာ ဒါတွတ် အီလီယက်စ် အဟ်မဒ်က ပြောကြားခဲ့သည်။

    “သူတို့မှာ ခရီးသွားလာခွင့် စာရွက်စာတမ်း မရှိဘဲနဲ့ ကျွန်တော်တို့ သူတို့ကို ဘယ်လို ပြည်နှင်ဒဏ်ပေးရမှာလဲ။ သူတို့ရဲ့ နိုင်ငံကိုက သူတို့ကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆိုနေတယ်။ အဲဒီသူတွေဟာ မြန်မာစကားကိုပြောတယ်။ ဒါပေမယ့် အစိုးရက စာရွက်စာတမ်း ထုတ်ပေးဖို့ငြင်းဆိုတယ်။ အဲဒီစာရွက်တွေ မရှိဘဲနဲ့ ကျွန်တော်တို့ တိုင်းပြည်(မလေးရှား)ကနေ ပြန်ပို့လို့ မရပါဘူး” ဟု ၎င်း၏ တာဝန် အရပ်ရပ်ကို လက်ထောက် ဒါရိုက်တာ အဲလိုယာ မာမတ်အား လွှဲပြောင်းသည့် အခမ်းအနားတွင် အဟ်မဒ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    စီမံချက်အတွင်းဖမ်းမိခဲ့ပြီး ထိန်းသိမ်းရေး စင်တာတွင် ရှိနေသည့် တရားမ၀င်နေထိုင်သော မြန်မာနိုင်ငံသားအရေအတွက်မှာ ၅၀၀ ခန့်ရှိနေကြောင်း၊ ထိုပြဿနာအား ဖြေရှင်းရန် အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ဆွေးနွေးနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးရေမှာ ၅ သိန်းခန့်ရှိပြီး ထိုအထဲမှ ၁ သိန်းခန့်မှာ တရားမ၀င်နေထိုင်နေသူများဖြစ်သည်။ ထို့ပြင် နိုင်ငံရေး ခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရောက်ရှိလာသော မြန်မာနိုင်ငံသား များစွာလည်း ရှိနေသည်။

    Ref:The Star

    ဓါတ်ပုံအညွှန်း- ဇန်နဝါရီ ၃၀ ရက်နေ့ က စီမံချက်ဖြင့် တရားမဝင် အလုပ်သမားများ ဖမ်းဆီးနေစဉ် Photo-sinchew.com

  • မလေးရှား MAS နှင့် MAI လေကြောင်းလိုင်းတို့ အကျိုးတူ ပူးပေါင်းရေး စာချုပ်သစ် လက်မှတ်ရေးထိုး

    ဇန်နဝါရီ ၂၅၊ ၂၀၁၄
    M-Media
    mas-a380-1-web
    ကွာလာလမ်ပူ။    ။ မလေးရှားလေကြောင်း MAS – Malaysia Airlines နှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း ပို့ဆောင်ရေး (MAI) တို့သည် လက်ရှိ ရန်ကုန်ခရီးစဉ် ၁၄ ကြောင်းမှသည် ၁၉ ကြောင်းအထိ တိုးမြှင့်နိုင်ရန် အကျိုးတူပူးပေါင်းရေး စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုလိုက်သည်။ ၎င်းမှာ မြန်မာ့လေကြောင်းအတွက် MAS မှ သယ်ယူပေးမည့် ကွာလာလမ်ပူ-ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ယင်းသဘောတူအစီအစဉ် စတင်သက်ဝင်မည်ဖြစ်ပြီး ကြိုတင်လက်မှတ်များကို ဖေဖော်ဝါရီလ ၁၀ နေ့မှ စတင်မှာကြားနိုင်ကြောင်း သိရသည်။

    သဘောတူညီချက်များ၌ MAS မှ စင်္ကာပူ၊ လန်ကာဝီ၊ ဘန်ကောက် နှင့် ပီနန်ခရီးစဉ်များကိုလည်း မြန်မာ့လေကြောင်းအတွက် ခွင့်ပြုပေးမည်ဟုလည်း ပါဝင်သည်။

    “ ဒါဟာ ၂၀၁၄ မလေးရှားခရီးသွားနှစ်မှာ နိုင်ငံရပ်ခြားခရီးသည်များ တိုးပွားရရှိရေးဈေးကွက်ကို ဦးစားပေးတဲ့အနေနဲ့ လေကြောင်းခရီးစဉ်ဆိုင်ရာ စပျိုးခြေလှမ်းသစ်တွေထဲက တစ်ခုဖြစ်ပါတယ် ” ဟု MAS အမှုဆောင်အရာရှိချုပ် Ahmad Jauhari က ပြောကြားသည်။

    ဤအကျိုးတူပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်နိုင်ရန် ရန်ကုန်သို့ အသွားအပြန်ခရီးစဉ်ကို ချွေတာရေး ခရီးစဉ် အတွက် RM 464 နှင့် စီးပွားရေးခရီးစဉ်အတွက် RM1401 နှုန်းထားဖြင့် စတင်ဆောင်ရွက်ပေးတော့မည်ဖြစ်သည်။

    မလေးရှားလေကြောင်းလိုင်းတွင် လတ်တစ်လော၌ ကမ္ဘာတစ်ဝှမ်းတိုက်ရိုက်ပျံသန်းမှုခရီးစဉ် ၆၀ အထက်ရှိနေပြီး၊ မိမိ၏လုပ်ငန်းလက်တွဲဖော်များနှင့် နောက်ထပ်ခရီးစဉ် ၈၀၀ ကို နိုင်ငံပေါင်း ၁၅၀ ကျော်တွင် တိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိသည်။

    Ref: The Star