News @ M-Media

Tag: malaysia

  • ဖမ်းဆီးခံ တရားမ၀င် ရွှေ့ပြောင်း မြန်မာနိုင်ငံသား တစ်ဦး ဆေးရုံမှ ထွက်ပြေးစဉ် ပြုတ်ကျသေဆုံး

    ဖမ်းဆီးခံ တရားမ၀င် ရွှေ့ပြောင်း မြန်မာနိုင်ငံသား တစ်ဦး ဆေးရုံမှ ထွက်ပြေးစဉ် ပြုတ်ကျသေဆုံး

    မေ ၂၇ ၊ ၂၀၁၄
    M-Media

    – တာဝန်ရှိသူများ၏လက်မှ လွတ်မြောက်ရန်အတွက် အိပ်ယာခင်းအား ကြိုးအဖြစ် အသုံးပြုကာ ဆေးရုံပြတင်းပေါက်မှ တွယ်ဆင်းခဲ့သည့် မြန်မာနိုင်ငံသား တစ်ဦးမှာ တတိယထပ်မှ ပြုတ်ကျ သေဆုံးခဲ့သည်ဟု သိရသည်။

    အသက် ၄၇ နှစ်အရွယ် မိုဟာမက်ဟာရှင်ဟု အမည်ရသည့် အဆိုပါ မြန်မာနိုင်ငံသားမှာ မလေးရှားသို့ တရားမ၀င် ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး Raja Perempuan Zainab II ဆေးရုံတွင် အဆုတ်ရောဂါကြောင့် ဆေးကုသမှု ခံနေရသူဖြစ်သည်။ ၎င်း၏အလောင်းအား နံနက် ၆ နာရီခွဲတွင် လုံခြုံရေး တစ်ဦးက တွေ့ရှိခဲ့ပြီး၊ ကြိုးအဖြစ် အသုံးပြုခဲ့သည်ဟု ယူဆရသည့် အိပ်ယာခင်းနှစ်ခုကိုလည်း ဆေးရုံ၏ နံရံတွင် တွေ့ရှိခဲ့ရသည်။

    လူဝင်မှုကြီးကြပ်ရေးဌာနမှ လက်ထောက် ဒါရိုက်တာ နူရ်ဒင် အီဗရာဟင်မ်က ဟာရှင်မှာ မေလ ၂၂ ရက်နေ့က ဆေးရုံတင်ခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ အခြေအနေမှာ ဆိုးရွားကြောင်း အတည်ပြုပြောဆိုခဲ့သည်။

    “သူကို့ တရားမ၀င် ၀င်လာသူတွေ ထိန်းသိမ်းတဲ့ စခန်းကို ပို့ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ပို့ဖို့ စီစဉ်ထားတာပါ” ဟု အီဗရာဟင်မ်က ဆိုသည်။

    ဟာရှင်၏ အလောင်းကို အဆိုပါဆေးရုံ၏ ရင်ခွဲရုံတွင် ထားရှိပြီး သေဆုံးရသည့် အကြောင်းအရင်းကို စစ်ဆေးသွားမည်ဟု သိရသည်။

    Ref: The Star

  • မလေးရှားတွင် ချောကလက် ၂ မျိုး၌ ဝက်၏ DNA တွေ့ ၊ ဟလာလ် ခွင့်ပြုမိန့်  ရုတ်သိမ်းပြီး ဈေးကွက်မှ ပြန်သိမ်းရန် အမိန့်ထုတ်

    မေ ၂၆ ၊ ၂၀၁၄
    M-Media
    image

    – Cadbury Confectionery Malaysia ကုမ္ပဏီက ထုတ်လုပ်သည့် ချောကလက် အမှတ်တံဆိပ် နှစ်ခုအား မလေးရှား ကျန်းမာရေးဝန်ကြီးဌာက စစ်ဆေးခဲ့ရာ ၀က်၏ DNA တွေ့ရှိခဲ့ ခြင်းကြောင့် ချောကလက် တံဆိပ်နှစ်ခုအား ပြန်လည်သိမ်းဆည်းရန်အတွက် ကုမ္ပဏီက စီစဉ်နေကြောင်းကို မလေးရှားနိုင်ငံ The Star သတင်းဌာနတွင် မေလ ၂၄ ရက်နေ့တွင် ဖော်ပြပါရှိသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီ၏ တရားဝင် Facebook စာမျက်နှာ၌ စနေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မလေးရှားအစိုးရက သတ်မှတ်ထားသည့် အရည်အသွေးစံနှုန်းနှင့် ကိုက်ညီစေရန်အတွက် ချောကလက် ထုတ်လုပ်သည့် ကုန်ကြမ်းများအား အသေအချာ စစ်ဆေးနေသည်ဟု ဖော်ပြထားသည်။

    Cadbury ကုမ္ပဏီမှ ချောကလက်များတွင် ၀က်၏ DNA ပါဝင်နေကြောင်း  မေလ ၂၃ ရက်နေ့က ဆိုရှယ်မီဒီယာများတွင် သတင်းများ ပြန့်နှံ့ခဲ့ပြီးနောက် မလေးရှား ကျန်းမာရေး ၀န်ကြီးဌာနက စစ်ဆေးခဲ့ခြင်းဖြစ်သည်။

    ချောကလက်တံဆိပ် ၂ မျိုးကို စစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် သက်တမ်းကုန်မည့် Cadbury Dairy Milk Hazelnut တံဆိပ် (ဘားကုတ်နံပါတ် 200813M01H I2) နှင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့တွင် သက်တမ်းကုန်မည့် Cadbury Dairy Milk Roast Almond တံဆိပ် (221013N01R I1) ဘားကုဒ်နံပါတ် ချောကလက်တို့တွင် ၀က်၏ DNA များ တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ကျန်းမာရေးဌာက စနေနေ့အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုချောကလက်ကို ထုတ်လုပ်သည့် Cadbury Confectionary Malaysia ကုမ္ပဏီအနေဖြင့် ထိုချောကလက်များအား ချက်ခြင်းပြန်လည် သိမ်းယူရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန အထွေထွေ ဒါရိုက်တာ ဒါတွတ် ဒေါက်တာ နူရ် ဟီရှမ် အဘ်ဒူလာက ပြောကြားခဲ့သည်။

    “စားသုံးသူတွေအနေနဲ့ ဒီချောကလက်တွေကို မ၀ယ်ခင်မှာ ဘားကုဒ် နံပါတ်တွေကို ဖတ်ကြည့်ဖို့ ကျန်းမာရေး ၀န်ကြီးဌာနက အကြံပြုထားပါတယ်” ဟု ၎င်းက ဆိုသည်။

    အဆိုပါ ချောကလက် နှစ်မျိုးကို  Malaysian Department of Islamic Development(Jakim) မှာ ဟလာလ် အမှတ်တံဆိပ် ခွင့်ပြုထားခြင်းကို ရုတ်သိမ်းပြီ ဖြစ်ကြောင်း မလေးရှားသတင်းဌာန တခုဖြစ်သည့် The Star သတင်းဌာနတွင် ဖော်ပြထားတာကိုတွေ့ရပါသည်။

    ထိုကိစ္စနှင့် ပတ်သက်၍ မလေးရှားအစ္စလာမ်ဖွံ့ဖြိုးရေးဌာနက (Jakim) က မကြာမီ ကြေညာချက်ထုတ်ပြန်ဖွယ်ရှိနေသည်။

  • မလေးရှား လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဂီယာပြဿနာကြောင့် လမ်းတစ်ဝက်မှ ပြန်လှည့်ခဲ့ရ

    ဧပြီ ၂၁၊ ၂၀၁၄
    M-Media

    Malaysia Airlines Unveils New Aircraft Livery

    – မြေပြင်သို့ ဆင်းသက်သည့် ဂီယာပြဿနာကြောင့် မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းမှာ လမ်းတစ်ဝက်မှ ပြန်လှည့်လာရကာ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အန္တရာယ်ကွင်းစွာ ဆင်းသက်နိုင်ခဲ့သည်ဟု သိရသည်။

    မလေးရှားလေကြောင်းလိုင်းမှ  လေယာဉ်အမှတ် MH192 ဘိုးအင်း ၇၃၇-၈၀၀ မှာ ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၆၆ ဦး တင်ဆောင်ကာ ကွာလာလမ်ပူမှ အိန္ဒိယနိုင်ငံ ဘန်ဂလောပြည်နယ်သို့ ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း လေယာဉ်၏ ယာဘက်ဘီးမှ မြေပြင်သို့ ဆင်းသက်သည့် ဂီယာပြဿနာကြောင့် ကွာလာလမ်ပူသို့ လမ်းတစ်ဝက်မှ ပြန်လှည့်လာခဲ့ရပြီး ယနေ့နံနက်ပိုင်းတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။ လေယာဉ်ဆင်းသက်စဉ် မီးသတ်ကားများ အဆင်သင့် စောင့်ဆိုင်းနေရကာ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း မလေးရှားလေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

    ပြီးခဲ့သည့်လ အစောပိုင်းက မလေးရှား လေကြောင်းလိုင်းမှ ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားသည့် လေယာဉ်အမှတ် MH- ၃၇၀ မှာ ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့ပြီး မလေးရှားအစိုးရက ထိုလေယာဉ်မှာ အိန္ဒိယ သမုဒ္ဒရာအတွင်း ပျက်ကျခဲ့သည်ဟု ပြောကြားထားသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်။

  • မလေးရှားသို့ အလည်လာမည့် အိုဘားမားအား ဆန့်ကျင်သည့် ဆန္ဒပြပွဲ တစ်ခု ကွာလာလမ်ပူတွင်ပြုလုပ်

    ဧပြီ ၁၉၊ ၂၀၁၄
    M-Media

    – မလေရှားသို့ မကြာခင် လာရောက် လည်ပတ်မည့် အမေရိကန်သမ္မတ အိုဘားမားအား ဆန့်ကျင့်သည့် ဆန္ဒပြပွဲ တစ်ခုကို မြို့တော် ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    359167_Malaysia-protesters

    Hizb ut-Tahrir အဖွဲ့မှ ယမန်နေ့က ကွာလာလမ်ပူရှိ မလေးရှားသံရုံးရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “အမေရိကန်သည် မိစ္ဆာဝင်ရိုးတန်းနိုင်ငံ” “ကမ္ဘာ့နံပါတ် ၁ အကြမ်းဖက်သမား အိုဘားမားအား ဆန့်ကျင်ကြ” စသည့် နဖူးစီးများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် အိုဘာမားအား ဆန့်ကျင်သည့် ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။

    အိုဘားမားမှာ ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စလင်များ၊ အထူးသဖြင့် အီရတ်နှင့် အာဖဂန်ရှိ မွတ်စလင်များကို သတ်ဖြတ်သည်ဟု တက်ကြွလှုပ်ရှားသူများက စွပ်စွဲခဲ့ကြသည်။ အိုဘာမားမှာ အရှေ့တောင်အာရှနိုင်ငံများသို့ ဧပြီလနှောင်းပိုင်းတွင် လာရောက်ရန် စီစဉ်ထားသည်။

    တစ်ပတ်တာ ကြာမြင့်မည့် အဆိုပါခရီးစဉ်မှာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေး၊ သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး အမေရိကန်၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ မလေးရှားနိုင်ငံသို့ ဧပြီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ လာရောက်မည်ဖြစ်ပြီး ရာစုနှစ်ဝက်အတွင်း မလေးရှားသို့ ပထမဆုံးလာရောက်သည့် အမေရိကန်သမ္မတလည်း ဖြစ်လာမည်ဖြစ်သည်။

    လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အမေရိကန်၏ ပေါ်လစီများနှင့်ပတ်သက်ပြီး မလေးရှားမှ ဝေဖန်မှုများရှိခဲ့ပြီး အထူးသဖြင့် ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်အာဏာရှိစဉ် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်းတွင် ဖြစ်သည်။

    MSM/MHB/MAM

  • ဟာလာလ် ကာကွယ်ဆေး ထုတ်လုပ်ရန် မလေးရှား ဆောင်ရွက်နေ၊ ၂၀၁၇ ခုနှစ်တွင် စတင် အသုံးပြုနိုင်မည်

    ဧပြီ ၁၃၊ ၂၀၁၄
    M-Media

    – ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော အစ္စလာမ်ဘာသာဝင်များ၏ ရှောင်ရှားရမည့် တာဝန်ကို ဖြည့်ဆည်းရန်အတွက် ဟလာလ် ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ရန် မလေးရှားရှိ ကော်ပိုရေးရှင်းတစ်ခုက ဆောင်ရွက်နေသည်ဟု သိရသည်။

    606x341_263414
    ဦးနှောက်အမှေးရောင်ရောဂါ၊ အသည်းရောင်ရောဂါနှင့် meningococcal ရောဂါတို့အတွက် ကာကွယ်ဆေးများဖြစ်ပြီး မလေးရှားအခြေစိုက် ဟာလာလ်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း HDC မှ ထုတ်လုပ်ရန် ဆောင်ရွက်နေခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ်တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားသည်။

    “ကာကွယ်ဆေးတွေကို ဟာလာလ်ဖြစ်အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။ မြန်နိုင်သလောက်မြန်မြန်ပြီးဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ အဲဒီ ကာကွယ်ဆေးတွေကို ဒေသတွင်းနဲ့ နိုင်ငံတကာက သိပ္ပံပညာရှင်တွေ၊ ရှရီအာကျွမ်းကျင်သူတွေနဲ့ အတူ အာရုံစိုက်လုပ်ဆောင်နေတာပါ” ဟု DHC မှ အမှုဆောင်အရာရှိချုပ် ဂျာမီလ်ဘိုင်ဒင်က ပြောကြားခဲ့သည်။

    ထိုရောဂါများအတွက် ဟာလာလ်ကာကွယ်ဆေးထုတ်ရန် ကန်ဒေါ်လာ သန်း ၁၀၀ နီးပါးကုန်ကျမည်ဖြစ်ပြီး HDC နှင့် ဆော်ဒီ ကုမ္ပဏီတစ်ခုတို့က ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ဖြစ်သည်။ ထိုကာကွယ်ဆေး အသစ်များကို အစ္စလာမ့်နည်းကျ လှီးဖြတ်ထားသော သားကောင်များမှ ရယူမည်ဖြစ်ပြီး၊ ၀က်မှထုတ်လုပ်ခြင်းပြုမည် မဟုတ်ပေ။

    လက်ရှိ ဦးနှောက်အမှေးရောင် ကာကွယ်ဆေးကို အနောက်နိုင်ငံများက ၀က်မှထုတ်လုပ်ခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များနှင့် သင့်တော်ခြင်းမရှိချေ။

    ဟဂ်ျဘုရားဖူးများအတွက် ၀န်ဆောင်မှု

    လက်ရှိ ဦးနှောက်အမှေးရောင် ကာကွယ်ဆေးကို အနောက်နိုင်ငံများက ၀က်မှထုတ်လုပ်ခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များနှင့် သင့်တော်ခြင်းမရှိချေ။ ကမ္ဘာ့ပထမဆုံး ဟလာလ် ဦးနှောက်အမှေးရောင် ကာကွယ်ဆေးကို မက္ကာဟ်မြို့သို့ ဟဂ်ျဘုရားဖူးလာရောက်ကြသူများအား ထိုးပေးသွားမည်ဟု ဆိုသည်။

    “ဟဂ်ျဘုရားဖူးလာရောက်ကြမယ့် ခရီးသည်တွေ အတွက် လိုအပ်တဲ့ ဦးနှောက်အမှေးရောင် ကာကွယ်ဆေး ထုတ်နိုင်အောင် ကျွန်တော်တို့ ပစ်မှတ်ထားလုပ်ဆောင်နေပါတယ်။ အခုသုံးနေတဲ့ဆေးတွေက ၀က်ကို အခြေခံပြီး ထုတ်ထားတာပါ” ဟု ဘိုင်ဒင်က ဆိုသည်။

    ထို့ပြင် ၀က်မဟုတ်ဘဲ အခြားသော သတ္တ၀ါများကို အခြေခံကာ ထုတ်လုပ်ထားသည့် အဆိုပါကာကွယ်ဆေးများမှာ မွတ်စလင်နှင့် မွတ်စလင် မဟုတ်သူများ အကြားတွင်ပါ ဈေးကွက်လိုအပ်ချက် မြင့်မားလာမည်ဖြစ်ကြောင်း၊ ယခုလုပ်ဆောင်နေသည့် ကာကွယ်ဆေးသုံးမျိုး ထုတ်လုပ်ပြီးပါက အခြားသော ကာကွယ်ဆေးများကိုလည်း ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဦးနှောက်အမှေးရောင်ရောဂါမှာ ဦးနှောက်နှင့် စပိုင်နယ်ကော့ဒ်ရှိ ပါးလွှာသော အမှေးပါးရောင်ရမ်းသည့် ရောဂါဖြစ်ပြီး၊ ဦးနှောက်ပျက်ဆီးခြင်း၊ နားထိုင်းခြင်းနှင့် ဥာဏ်မမှီခြင်း စသည့် အကျိုးဆက်များကိုဖြစ်ပေါ်စေနိုင်သည်။ ထိုရောဂါဖြစ်ပွားသည့် လူနာများ၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းမှာ သေဆုံးကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ စစ်တမ်းများအရ သိရသည်။

    OnIslam & Newspapers