News @ M-Media
Tag: malaysia
  • အောက်တိုဘာ ၂၅ ရက်တွင် မလေးရှားမြန်မာသံရုံး၌ ဆန္ဒပြရန်ရှိ
    အောက်တိုဘာ ၂၅ ရက်တွင် မလေးရှားမြန်မာသံရုံး၌ ဆန္ဒပြရန်ရှိ
    အောက်တိုဘာ ၂၅၊ ၂၀၁၂
    M-Media
    မောင်ပုည
    ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့  မြန်မာသံရုံးရှေ့ ၌ ရခိုင်အရေးကိစ္စ ဆန္ဒပြရန်ရှိကြောင်းသိရသည်။ လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့များတွင် ရခိုင်လူမျိုးများမှ ရခိုင်မွတ်စလင်မ်ရွာနှင့် ပလီများမီးရှို့ နေမှုကို ဆန့် ကျင်ဆန္ဒပြမည်ဖြစ်သည်။
    မြန်မာပြည်တွင် နှိပ်စက်ညင်းပမ်းခံနေရသော မွတ်စလင်မ်များ၏ ဂုဏ်သိက္ခာနှင့် လူမျိုး တုန်းသတ်ဖြတ်မှုများကို မီဒီယာနှင့် နိုင်ငံတာဝန်ရှိသူများ သိရှိစေရန်ရည်စူးပြီး ထိုဆန္ဒ ထုတ်ဖော်ပွဲကို မလေးရှား NGO များက အဓိကဦးဆောင်မည်ဖြစ်သည်။
    Tabung Haji ပလီ (Jalan Tun Razak, BMW Show Room ရှေ့) တွင် ဇဟိုရ်စုပေါင်း ၀တ်ပြုပြီး မြန်မာသံရုံးသို့ ချီတက်ကြမည်ဖြစ်ကြောင်းသိရသည်။
  • ရခိုင်များကိုပါ ကူညီရန် OIC အား မလေးရှား တောင်းဆို
    ရခိုင်များကိုပါ ကူညီရန် OIC အား မလေးရှား တောင်းဆို
    အောက်တိုဘာ၊ ၉ ရက်၊
    Source: မဇ္ဈိမ
    နယူးဒေလီ (မဇ္ဈိမ) ။       ။ ကမ္ဘာ့မူဆလင်အဖွဲ့ကြီး OIC မှ ကောက်ခံရရှိထားသော လှူဒါန်းမှုများကို ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများအတွက်သာမကဘဲ ရခိုင် တိုင်းရင်းသားများ အတွက်ပါ ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားရန် မလေးရှားနိုင်ငံက တောင်းဆိုလိုက်သည်။
    OIC အဖွဲ့ဝင် မူဆလင်နိုင်ငံ တနိုင်ငံဖြစ်သည့် မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖာ့ အမန်း Anifah Aman က အင်္ဂါနေ့ ပါလီမန်အတွင်း ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ကွာလာလန်ပူ အခြေစိုက် Bernama သတင်းတရပ်တွင်ဖော်ပြပါရှိသည်။
    မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖာ့ အမန်း
    သောကြာနေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော OIC အထူး အစည်းအဝေးကြီးအတွင်း ကောက်ခံ ရရှိခဲ့သော အမေရိကန်ဒေါ်လာ ၂၅ သန်းနှင့် နောက်ထပ် ထည့်ဝင်ရန်ရှိသော ဒေါ်လာ သန်း ၁ဝဝ ခန့်တို့ကို ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြု သွားမည်ဟု OIC က ရည်ရွယ်ထား၍ ယခုကဲ့သို့ မလေးရှားနိုင်ငံက သဘောထား ပေးလိုက်ခြင်း ဖြစ်သည်။
    စက်တင်ဘာလ ၁ ရက်နေ့ စာရင်းအရ မလေးရှားနိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၉၁,၁၉ဝ ယောက် ရှိနေပြီဖြစ်၍ နောက်ထပ် ထွက်ပြေးရောက်ရှိလာမှုမျိုးကိုလည်း ၎င်းတို့အစိုးရအနေနှင့် မလိုလားပေ။
    တနင်္လာနေ့ကလည်း မလေးရှား ဝန်ကြီးချုပ်၏ မိတ်ဖက် လူမှုအဖွဲ့တခုဖြစ်သည့် Kelab Putera 1 အဖွဲ့က ရခိုင်ပြည်နယ်ရှိ မူဆလင်နှင့် ရခိုင်ဒုက္ခသည်များအတွက် ဆန်အိတ်၊ သကြားအိတ်၊ အဝတ်အထည်ပုံးများ၊ ဆေးဝါးပုံး များနှင့် ရေသန့်ဗူးများ စစ်တွေမြို့သို့ လာရောက် လှူဒါန်းသွားခဲ့သေးသည်။
    မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ အဆိုပါ “အရှုပ်တော်ပုံကြီး” အား မျှတစွာနှင့် သမာသမတ်ကျစွာ ဖြေရှင်းမှုဖြစ်ရန် ကြိုးစားသွားမည်ဟု ပါလီမန်တွင်း မေးခွန်း တရပ်ကို ဖြေဆိုစဉ် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုသွားသည်။
    ရိုဟင်ဂျာအဖွဲ့တခုကမူ ယခုကဲ့သို့ ၎င်းတို့အပေါ် OIC ၏ ထောက်ပံ့မှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း စာတစောင် ရေးသားပေးပို့ခဲ့သည်။
    ရခိုင်ရိုဟင်ဂျာအဖွဲ့ ARU ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင် က OIC အတွင်းရေးမှူးချုပ်ထံ ရေးသားလိုက်သော စာတွင် ၂ဝ၁၁ ခုနှစ်၊ ဇွန်လက ကဇာ့ခ်စတန်နိုင်ငံတွင် ကျင်းပခဲ့သည့် OIC နိုင်ငံခြားရေး ဝန်ကြီးများ ကောင်စီ အစည်းအဝေးမှ စတင်ကာ မြန်မာပြည်အရေးနှင့် ပတ်သက်၍ OIC ၏ ဆောင်ရွက်မှု အဆင့်ဆင့်ကို ဖော်ထုတ် ချီးကျူးထားသည်။
    ယခုဆိုလျှင် OIC နှင့် မြန်မာအစိုးရတို့ ဆက်ဆံရေးများ ထူထောင်လာနိုင်ကာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နှစ်ကြိမ်စေလွှတ်နိုင်ခဲ့ပြီး လူသားချင်း စာနာမှုဆိုင်ရာ စောင့်ကြည့်ရေးရုံး နှစ်ရုံးကိုလည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ် သွားရန် အစိုးရနှင့် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်သည်။
    သို့သော် အဆိုပါ OIC ရုံးများ နိုင်ငံတွင်း လာရောက်ဖွင့်လှစ်ထားရှိခြင်းအား ဒေသခံ ရခိုင်လူမျိုးများက ကန့်ကွက် ဆန္ဒပြမှုများလည်း ဖြစ်ပေါ်နေသည်။
    ကမ္ဘာတဝှန်းရှိ ရိုဟင်ဂျာများအား စုစည်းရန်အတွက် ARU ကို OIC အဖွဲ့ကြီးမှ ၂ဝ၁၁ ခုနှစ်၊ မေလအတွင်းက ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။
  • မလေးရှားပြည်သူများမှ ရခိုင်ဒေသ ဒုက္ခသည်များအတွက် RM ၁၀ သန်းဖိုး ရိက္ခာသင်္ဘောပေးပို့
    မလေးရှားပြည်သူများမှ ရခိုင်ဒေသ ဒုက္ခသည်များအတွက် RM ၁၀ သန်းဖိုး ရိက္ခာသင်္ဘောပေးပို့
    စက်တင်ဘာ၊ ၂၆၊၂၀၁၂
    M-Media
    မလေးရှားနိုင်ငံ ဒုတိယ ဝန်ကြီးချူပ် Tan Sri Muhyiddin Yassin ဟာ တန်ချိန် (၅၀၀) ကျော် တင်ဆောင်ထားသော မလေးရှားရင်းဂစ် (၁၀)သန်းဖိုးပါဝင်သည့် Sinar Bima အမည်ရှိ ကုန်တင်သင်္ဘောကြီးအား မြန်မာနိုင်ငံသို့ ပို့ဆောင်စေလွှတ်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
    (Photo Mohammad Mustak Mohammad Arif)
    Putra 1 Malaysia club ၏ ဦးဆောင်စီစဉ်မှု့ဖြင့်  လူသားချင်းစာနာထောက်ထားမှု့ ဆိုင်ရာပံ့ပိုးကူညီမှု့များအတွက် တစ်လနီးပါး ပြင်ဆင်ဆောင်ရွက်ခဲ့တဲ့ ရိက္ခာ ထောက်ပံရေး သင်္ဘောကြီးသည် ပုတ်ကလန်းဆိပ်ကမ်း မြောက်ဘက် မှ မြန်မာနိုင်ငံသို့ မနေ့က ထွက်ခွာသွားနိုင်ခဲ့ပါတယ်။
    ကွန်တိန်နာ ၄၀ တင်ဆောင်ထားသော အဆိုပါသင်္ဘောသည် နောက် ငါးရက်အကြာတွင် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။
    “မလေးရှားတစ်နိုင်ငံလုံးရဲ့ဆန္ဒကတော့ ဘာသာတရားတွေ၊ လူမျိုးတွေမခွဲခြားဘဲ ပဋိပက္ခဖြစ်ပွားရာ နိုင်ငံတွေမှာ ဒုက္ခရောက်နေသာ ပြည်သူများကို ကူညီဖို့ပဲဖြစ်ပါတယ် “လို့ ဒုတိယ ဝန်ကြီးချူပ် က ဆိုပါတယ်။
    “ဒါဟာ ဒီအဖွဲ့ရဲ့ ပထမအကြိမ်မဟုတ်ပါဘူး။ အစိုးရအဖွဲ့အစည်းတွေရော အစိုးရမဟုတ်သော အဖွဲ့အစည်းများအပါအ၀င် သီးခြားအဖွဲ့အစည်းများက ရန်ပုံငွေတွေစုဆောင်းပြီး ဒီလိုမျိုး အကူအညီလိုအပ်တဲ့နေရာတွေကို အစားအသောက်အပြင် အခြား သော ပစ္စည်းတွေပို့စမြဲပါ ” ဟု ဒုတိယ ဝန်ကြီးချူပ် က ဆက်လက်ပြောကြားခဲ့ပါတယ်။
    “ရခိုင်ပြည်နယ်ရှိ ဒုက္ခရောက်နေသော ပြည်သူများ၏ ငတ်မွတ်မှု့ကို အထောက်အကူဖြစ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ဒုတိယဝန်ကြီးချူပ် က သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
    ” ဒုက္ခရောက်နေသော ပြည်သူများထံအမှန်တကယ်ရောက်ရှိဖို့ ကတိပေးတဲ့ မြန်မာအစိုးရအားလည်း ကျေးဇူးတင်ရှိပါတယ်” လို့ ဒုတိယဝန်ကြီးချူပ်က ဆိုခဲ့ပါတယ်။
    ဆက်လက်ပြီး ဒုတိယဝန်ကြီးချူပ်သည် လူသားချင်းကူညီထောက်ပံ့ရေးအဖွဲ့အစည်း Putra 1 Malaysia Club ၏ ဥက္ကဌဖြစ်သူ Datuk Abdul Azeez အား ပါဝင်လိုက်လံလုပ်အားပေးမည့် စေတနာဝန်ထမ်း များကိုလည်း တည်ငြိမ်မှု မရှိသေးသော ရခိုင်ဒေသအတွင်း မိမိတို့၏ လုံခြုံရေးကို ဂရုစိုက်ရန်လည်း အကြံပေးပြောကြားလိုက်ပါတယ်။
    “အမှန်တကယ်လိုအပ်တဲ့ပြည်သူတွေဆီ ပို့ဆောင်ဖို့ စေတနာ့ ၀န်ထမ်းတွေလည်း ပါသွားပါတယ်။ သူတို့ အဲဒီ့မှာ လုပ်အားပေးနေစဉ် ကာလအတွင်း အဖွဲ့တစ်ဖွဲ့လုံး လုံခြုံမှုရှိစေဖို့လည်း ကျွန်တော်တို့ ဆုတောင်းပေးရမယ်” ဟု ဒုတိယဝန်ကြီးချူပ်က ဆိုပါတယ်။
    (Photo Mohammad Mustak Mohammad Arif)
    “အမှန်တကယ်တော့ ကျွန်တော်တို့ စက်တင်ဘာလ (၁)ရက်နေ့မှာ  စထွက်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် စက်တင်ဘာ (၁၇) ရက်နေ့ မတိုင်ခင်အထိ မြန်မာအာဏာပိုင်များရဲ့ သဘောတူညီမှု့ ကို မရရှိခဲ့ပါဘူး။ ကျွန်တော်တို့က အဲ့ဒီ့ ဒေသမှာ ရှိတဲ့ပြည်သူတွေဆီကို အစားအသောက်ရယ်၊ အ၀တ်အစားရယ် ၊ ဆေးဝါးရယ် ပေးချင်တာပါ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေရယ် ကလေးတွေရယ်နဲ့ အမျိုးသမီးတွေကိုပါ။” လို့  Abdul Azeez က မြန်မာနိုင်ငံအစိုးရ သင်္ဘောဆိုက်ရောက်ခွင့် ပြုလိုက်သဖြင့် စိတ်သက်သာရာ ရသွားကြောင်း ပြောကြားခဲ့ပါတယ်။
    Putra 1 Malaysia Club မန်ဘာများ ၊ ဆရာဝန်များ၊ စေတနာဝန်ထမ်း လုပ်အားပေးများနှင့် သတင်းထောက်များ အပါအ၀င် စုစုပေါင်း အဖွဲ့ဝင် (၅၀) ပါဝင်သော အဖွဲ့သည် (၁၁)ရက်ကြာ လုပ်အားပေးခရီးစဉ်အတွက် အောက်တိုဘာလ (၁)ရက်နေ့တွင် ရန်ကုန်သို့ ထွက်ခွာမည်ဖြစ်သည်။         ။
    Source: http://www.nst.com.my
  • မြန်မာမွတ်စလင်အသင်း(မလေးရှား)၏ ရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
    သြဂုတ်၊ ၂၆ ၊ ၂၀၁၂
    ကွာလာလမ်ပူ၊မလေးရှား
    M-Media
    သြဂုတ်လ(၂၆)ရက် တနင်္ဂနွေနေ့ နေ့လည်၃နာရီ အချိန်တွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အစ္စလာမ်ဘာဝင်များ စုစည်းထားသော မြန်မာမွတ်စလင်အသင်း (မလေးရှား) ဖြစ်မြောက်ရေး ကော်မတီ၏ ရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနားကို Jalan Tun Tan Siew Sin ရှိ Bangunan Cahaya Suria (၈) လွှာတွင် ကျင်းပခဲ့ပါသည်။
    အခမ်းနားမှူးအဖြစ် ဦးသက်နိုင်ဝင်းကဆောင်ရွက်ပြီး သဘာပတိအဖြစ် အလ်ဟာဂ်ျ ဦးတင်မောင်ဆွေက အဖွင့်အမှာ စကားပြော ကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာမွတ်စလင်အသင်း(မလေးရှား) ဖြစ်မြောက်ရေး ကော်မတီ၏ ဗဟိုအလုပ်အမှူ့ဆောင် အဖွဲ့ဝင်များ ၊မလေးရှားနိုင်ငံရောက် မြန်မာမွတ်စလင် အသိုင်းအ၀ိုင်းမှ ဘာသာရေးဆိုင်ရာ ပညာရှင်များ၊ ဆရာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဥပဒေပညာရှင်များ၊ စသည်ဖြင့်လုပ်ငန်းနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ ကျောင်းသား/ကျောင်းသူများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
    သဘာပတိ အလ်ဟာဂ်ျ ဦးတင်မောင်ဆွေမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာမွတ်စလင် အသင်း(မလေးရှား) ဖြစ်မြောက်ရေးကော်မတီ၏ ရည်ရွယ်ချက်များဖြစ်သည့် မလေးရှားနိုင်ငံရောက် မြန်မာတို့၏ ကျန်မာရေးနှင့် ပညာရေး ကိစ္စရပ်များကိုဆောင်ရွက်ရန်၊ လူမျိုးဘာသာမခွဲခြားဘဲ မြန်မာနိုင်ငံသား များ ၏သာရေးနာရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရန်၊ မြန်မာမွတ်စလင်တို့၏ ဘာသာရေးဆိုင်ရာ သာရေးနာရေး နှင့်လူမှု့ရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရန်၊ ရည်ရွယ်ချက်တူ ပြည်တွင်းပြည်ပ အဖွဲ့စည်းများနှင့် ပူးပေါင်းဆောင် ရွက်သွားရန် ၊ အမိမြန်မာပြည်အတွက် အခါအားလျှော်စွာ ရင်ဆိုင်ကြုံ တွေ့ရတက်သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် လူမှု့ရေးကိစ္စ အရပ်ရပ်တို့အတွက်လည်း လူမျိုးဘာသာမခွဲ့ခြားဘဲ ထိုက်သင့်အားလျှော်စွာကူညီဆောင်ရွက်ပေးသွား ပါမည်ဟူ၍ စသည်ဖြင့် ထည့်သွင်းပြေားကြားသွားပါသည်။
    တက်ရောက်လာသူများမှလည်း မြန်မာမွတ်စလင်အသင်း(မလေးရှား)ဖြစ်မြောက်ရေးကော်မတီ၏ အနာဂါတ်လုပ် ငန်း စဉ် များအတွက် ၀ိုင်းဝန်း အကြံပြုတင်ပြဆွေးနွေးခဲ့ကြပါသည်။
    မြန်မာမွတ်စလင်အသင်း(မလေးရှား)ဖြစ်မြောက်ရေးကော်မတီအား ၂၀၀၉ခုနှစ်မှ စတင်၍ မလေးရှားနိုင်ငံရောက် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များဖြင့် စုစည်းထားပြီး လူမှု့ရေး လုပ်ငန်းများကို မြန်မာနိုင်ငံသားများ အားလုံးအတွက် တက်စွမ်းသလောက်ကူညီဆောင်ရွက်ပေးနေ သော အသင်းပင်ဖြစ်ပါသည်။
    မြန်မာမွတ်စလင်အသင်း(မလေးရှား) ဖြစ်မြောက်ရေးကော်မတီအား ဆက်သွယ်လိုပါလျှင်
    အသေးစိတ် မေးမြန်ဆက်သွယ် စုံစမ်းရန်။
    Phone/Fax    +6 0320722786 ၊ ပိတ်ရက်မရှိ ရုံးချိန် နံနက်(10:00)နာရီမှ ညနေ(6:00)နာရီ အတွင်း
    လိပ်စာ          8th Floor, Bangunan Cahaya Suria Building Jalan Tun Tan Siew Sin, 50050 Kuala Lumpur, Malaysia တွင်ဖွင့်လစ်ထားရှိပါကြောင်း သတင်းရရှိပါသည်။
    E-mail:         [email protected]
    WebSite-        http://www.mma-m.org
  • မလေးရှားတွင် ရခိုင်အမျိုးသားတစ်ဦး သေဆုံးခြင်းမှာ အသတ်ခံရ၍ မဟုတ်
    မလေးရှားတွင် ရခိုင်အမျိုးသားတစ်ဦး သေဆုံးခြင်းမှာ အသတ်ခံရ၍ မဟုတ်
    အိဖြူမွန်
    ရန်ကုန်၊ သြဂုတ်-၁၇- ၂၀၁၂
    7Days
    သြဂုတ်လ ၂၃ ရက်ထုတ်၊ 7Days ဂျာနယ် အတွဲ ၁၁ ၊ အမှတ် ၂၄
    မလေးရှားနိုင်ငံ စွန်ရိုင်းပတာနီမြို့တွင် ရခိုင်အမျိုးသားတစ်ဦး သေဆုံးခြင်းမှာ အသက်ခရ၍မဟုတ်ဘဲ ကားမှောက်ခြင်းကြောင့်ဖြစ်ကြောင်း ပီနန်-မလေးရှားနာရေးကူညီမှုအသင်းမှ တာဝန်ခံ ကိုဝင်းသန်းထွန်းကပြောသည်။
    “အသက်ခံရတာမဟုတ်ပါဘူး။ ဟိုက်ဝေးမှာ လော်လီမှောက်တာပါ။ ပီနန်မှာ ရခိုင်ကိစ္စ အရှုပ်အရှင်း မရှိပါဘူးခင်ဗျ”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
    လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင် မလေးရှားနိုင်ငံရှိ အလုပ်လုပ်ကိုင်နေသော ရခိုင်အမျိုးသားအသတ်ခံရသည်ဟူသော စာသားများနှင့် ဓါတ်ပုံများထွက်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ၎င်းကပြောကြားခြင်းဖြစ်သည်။
    ဇူလိုင်လ ၂၇-ရက်တွင် လော်လီကားမှောက်မှုကြောင့် မောင်တောမြို့နေ ရခိုင်အမျိုးသားကိုတင်လှိုင်နှင့် မလေးရှားနိုင်ငံသား တရုတ်လူမျိုးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ရင်း မတော်တဆဖြစ်ပွားခြင်းကြောင့် အလုပ်ရှင်မှ လျော်ကြေးကိစ္စများတာဝန်ယူပေးကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။
    “မဟုတ်မမှန် လူမျိုးရေး လှုံ့ဆော်တာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အသင်းကိုတော့ ဘယ်ကမှ ဆက်သွယ်မလာပါဘူး“ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
    ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပဋိပက္ခများနောက် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်သော ရခိုင်အမျိုးသားများ အသက်ခံရသည့်သတင်းများ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင် ထွက်ပေါ်ခဲ့သည်