News @ M-Media

Tag: malaysia

  • ပြည်တွင်းမှ အကြမ်းဖက်မှုများကို မလေးရှား၊ ပီနန်မြို့တွင် မြန်မာမွတ်စလင်များ ရှုံ့ချဆန္ဒပြ

    ဧပြီလ ၁၂ ၊ ၂၀၁၃
    M-Media
    သတင်း-ကျော်ကျော်

    p7

    ပီနန်။            ။ မလေးရှားနိုင်ငံ ပီနန်မြို့မှာ အခြေချ နေထိုင်ကြတဲ့ မြန်မာမွတ်စလင်တွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အစ္စလာမ် ဘာသာဝင်များအပေါ် အကြမ်းဖက်မှု သတ်ဖြတ် တိုက်ခိုက်မှုများကို ရှုံ့ချတဲ့အနေနဲ့ ဧပြီလ (၁၂) ရက်နေ့မှာ Kapital Keling Mosque ရှေ့တွင် စုဝေးကာ ဆန္ဒပြခဲ့ကြပါတယ်။

    ဆန္ဒပြသူတွေဟာ အကြမ်းဖက်မှုများအား ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူရေး၊ အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေသူများအား အကူညီပေးနေသူများကို ကန့်သတ်ချက်များ ပယ်ဖျက်ရေး၊ အကြမ်းဖက်မှုကြောင့် ပျက်ဆီးသွားသော နေအိမ်များ၊ သာသနိက အဆောက်အုံများ မူလအတိုင်း ပြန်လည် ပြုပြင်ပေးရေးနှင့် အနာဂါတ်မှာ ထပ်မံ မဖြစ်ပွားစေရန် ဥပဒေကြောင်းအရ အာမခံချက်များပေးရေးတို့ကို အဓိကထား တောင်းဆိုကြတာဖြစ်ပါတယ်။

    ၂၀၁၃ခုနှစ် မတ်လမှာ မိတ္ထီလာတွင် စတင်ဖြစ်ပွားခဲ့တဲ့ သာမာန်အရောင်းအဝယ် ပြဿနာတခုကို အစပြု သွေးထိုးလှုံ့ဆော်ခဲ့ပြီး အစ္စလာမ် ဘာသာဝင်များ အပေါ် တစ်ဖက်သတ် အကြမ်းဖက်မှုတွေ အဖြစ် မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ဘက် အခြမ်းမြို့နယ်များကို ပြန့်နှံခဲ့ပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းရာမှာ နှောင့်နှေးခဲ့သည့်အပြင် ထိရောက်စွာ တားမြစ်မှု့များ မပြုခဲ့တဲ့အတွက် အခြေအနေတွေ ပိုမို ဆိုးရွာလာခဲ့တာဖြစ်တယ်။

    ဆန္ဒပြသည့် အဖွဲ့ခေါင်းဆောင် ဟာဂျီအေးနိုင်မှ ယခုလိုမြန်မာပြည်တွင်ဖြစ်ပွားနေသည့် မွတ်စလင်(မ်)များ အကြမ်းဖက် သတ်ဖြတ်နေမှုများကို ရပ်တန့်ရန် ဖိအားပေး တောင်းဆိုမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ယနေ့ ဆန္ဒပြပွဲတွင် မလေးရှားနိုင်ငံ ပီနန်မြို့ရှိ မြန်မာမွတ်စလင် အားလုံးပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

    P4

    P8

    p5

     

  • ရခိုင်မှ ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၁၂၆ ဦး မလေးရှားရေတပ် ကယ်ဆယ်

    ရခိုင်မှ ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၁၂၆ ဦး မလေးရှားရေတပ် ကယ်ဆယ်

    မတ်လ၊ ၁၀ ၊ ၂၀၁၃
    M-Media

    Teluk Bahang ရှိ ရေလုပ်သားများ၏ သတင်းပေးပို့မှုကြောင်း မလေးရှားနိုင်ငံသို့ လှေဖြင့် ၀င်ရောက်လာသော အစာရေစာ ပြတ်လတ်နေသည့် ရိုဟင်ဂျာဒုက္ခသည် ၁၂၆ ဦးကို မလေးရှားရေကြောင်းသွားလာမှု ထိန်းသိမ်းရေး အေဂျင်စီ(MMEA)မှ မတ်လ ၉ ရက် စနေနေ့တွင် ကယ်ဆယ်လိုက်သည်။

    နေ့လည့် ၂ နာရီခန့်တွင် MMEA မှ အရာရှိများက ထိုလှေငယ်ကို တွေ့ရှိခဲ့ပြီး ရေများ စိမ့်ဝင်နေသည်ဟု သိရသည်။

    အဆိုပါ လှေငယ်တွင် အသက် ၂၀ မှ ၅၀ အတွင်းရှိ အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၃၅ဦး၊ အသက် ၂လမှ ၁၂ နှစ် အရွယ်ရှိ ကလေး ၄၀ ဦးတို့ပါဝင်ပြီး ထိုသူများအားလုံးမှာ လွန်ခဲ့သည့် ၃ ရက် ကတည်းက အစာရေစာ ပြတ်လတ်နေခဲ့သည်ဟု ဆိုသည်။

    မလေးရှားရေကြောင်း သွားလာမှု ထိန်းသိမ်းရေး အေဂျင်စီ(မြောက်ပိုင်း)၏ ရေတပ်ဗိုလ်ချုပ် တန် ကော့ ကွီး(Tan Kok Kwee)က အဆိုပါ ဒုက္ခသည်များမှာ အသက် ၂ လ မှ ၅၀ နှစ် အတွင်းရှိကြပြီး လှေထဲတွင် ပြွတ်သိပ်စွာ တွေ့ရသည်ဟုဆိုသည်။

    ဒုက္ခသည်များမှာ မြန်မာနိုင်ငံသားများဖြစ်သည်ဟု ယုံကြည်ရပြီး မလေးရှားနိုင်ငံသို့ ရောက်ရှိရန် လွန်ခဲ့သည့် ၂၅ ရက်ခန့်ကတည်းက ပင်လယ်ပြင်ကို ကျော်ဖြတ်ခုတ်မောင်း လာခဲ့ကြသည်ဟု ဆိုသည်။

    “လှေထဲကို ရေတွေစိမ့်ဝင်နေပါတယ်။ ရေလုပ်သားတွေဆီကနေ သတင်းပေးပို့ချက်ရတဲ့အခါ ကျနော်တို့ KM Nyireh သင်္ဘောကို စေလွှတ်လိုက်ပါတယ်။ ကျနော့်လူတွေက လှေက အပေါက်ကို ဖာလိုက်ပြီး လှေထဲက ရေတွေကိုလည်း ပန့်တွေနဲ့ စုပ်ထုတ်လိုက်ပါတယ်။့  သူတို့ရဲ့ သင်္ဘောကိုလည်း (ဆွဲသင်္ဘောနဲ့) ဆွဲယူခဲ့ပါတယ်။ သူတို့တွေကို ဘယ်သူက ခေါ်လာသလဲဆိုတာကို စုံးစမ်း စစ်ဆေးနေပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကတည်းက အစားအစာ ပြတ်လတ်သွားတာကြောင့် ရိုဟင်ဂျာလူမျိုးတွေဟာ ဆာလောင် မွတ်သိပ်နေပြီး၊ မောပန်းနေပုံရပါတယ်။ အဲဒီရက်တွေမှာ သူတို့ဟာ ပင်လယ်ရေကိုပဲ သောက်ခဲ့ရပါတယ်။” ဟု သူက ဆိုသည်။ ” ဟု MMEA ရုံးခန်းတွင် မနေ့ကပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အဆိုပါလှေကို ယမန်နေ့နံနက်က Batu Uban  ရှိ ဒေသ ၂ ရေကြောင်းရုံးချုပ်သို့ ဆွဲယူသွားခဲ့ပြီး ဒုက္ခသည်များကိုမူ အစားအသောက်များနှင့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကာ MMEA မှ စစ်ဆေးမေးမြန်မှုများ ပြုလုပ်ပြီးလျှင် လူဝင်မှုကြီးကြပ်ရေး ဌာနသို့ လွှဲပြောင်းပေးသွားမည်ဟု သူက ဆိုသည်။

    BERNAMA

  • ဆဌမအကြိမ်မြောက် စာပေဟောပြောပွဲ မလေးရှားတွင် ကျင်းပမည်။

    ဆဌမအကြိမ်မြောက် စာပေဟောပြောပွဲ မလေးရှားတွင် ကျင်းပမည်။

    ဒီဇင်ဘာ ၂၅၊ ၂၀၁၂

    M-Media
    ၂၀၀၇ ခုနှစ်မှ စတင်ကျင်းပလာသော စာပေဟောပြောပွဲကို ယခုနှစ် ဆဌမအကြိမ်မြောက်အဖြစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့် ဂျိုဟိုးမြို့များတွင် ကျင်းမည်ဖြစ်ကြောင်းသိရပါတယ်။
    ယခုနှစ် ဟောပြောမည့် စာရေးဆရာများမှာ

    • ဆရာခင်မောင်ညို (ဘောဂဗေဒ)  ။ “အပြောင်းအလဲ အားရှာကြည့်ခြင်းနှင့် ဘေးမှ ရပ်ကြည့်သူ၏ အမြင်”
    • ဆရာကျော်ရင်မြင့်                      ” ဘဝ ဇာတ်ခုံပေါ်က ခေတ်သစ်ပုံပြင်”
    • ဆရာမ မစန္ဒာ                           ” မိမိကိုယ်ကို တည်ဆောက်ခြင်း”

    ဖြစ်ကြပြီး ဂျိုဟိုးမြို့တွင် (၃၀၊၁၂၊၂၀၁၂ တနင်္ဂနွေ) နှင့် ကွာလာလမ်ပူမြို့တွင် (၁၊၁၊၂၀၁၃) ခုနှစ်တွင် ကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

    မလေးရှားတွင် စာပေဟောပြောပွဲများနှစ်စဉ်ဖြစ်မြောက်ရေးအတွက် မလေးရှားရောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သော စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီမှ စီစဉ်ရွက်တာဖြစ်ကြောင်းသိရှိရပါသည်။

    6th sarpay haw pyaw pwal

  • မလေးရှား : နိုင်ငံခြားသား မူးယစ်မှောင်ခိုမှုတွင် မြန်မာနိုင်ငံသားများ ဦးဆောင်

    မလေးရှား : နိုင်ငံခြားသား မူးယစ်မှောင်ခိုမှုတွင် မြန်မာနိုင်ငံသားများ ဦးဆောင်

    M-Media

    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၂

    The Star

    ကွာလာလန်ပူ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအတွက် ယခုနှစ်တွင် အဖမ်းအဆီးခံရသည့် နိုင်ငံခြားသားများထဲမှ အများစု မှာ မြန်မာနိုင်ငံ သား များဖြစ်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလန်လန်ပူအခြေစိုက်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု ဌာန၏ အကြီးအကဲဖြစ်သူ ဆပ်အဓ္နန် အဇီဇန်က သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း မလေးနိုင်ငံ၊ ဘနားမားသတင်းက ဖော်ပြသည်။

    ဇန်န၀ါရီမှ အောက်တိုဘာအတွင်း မူးယစ်ဆေးဝါးအမှုကျူးလွန်ခဲ့ကြောင်း သံသယရှိသူများကို ဖမ်းဆီးထားရာ နိုင်ငံခြားသားစုစုပေါင်း ၃၉၃ ဦးပါ ၀င်ကြောင်း ၄င်းက ဆိုသည်။ “ဒီထဲကမှ ၁၇၉ ဦးကတော့ မြန်မာတွေပါပဲ၊ ပြီးရင် အင်ဒိုက ၅၁ ဦးနဲ့ ဒုတိယအများဆုံး၊ အီရန်က ၃၅ ဦး၊ အဲဒီနောက် ကတော့ နိုင်ဂျီးရီးယားနဲ့ ပါကစ္စတန်တွေပါပဲ” ဟု သောကြာနေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အဓ္နန်က ပြောကြားခဲ့သည်။

    ထို့ပြင် အဓ္နန်က မြန်မာနိုင်ငံသားများသည် ဟီရိုအင်းခေါ်ဘိန်းဖြူမှောင်ခိုရောင်းချသည့် အဓိကတရားခံများဖြစ်ကြောင်း၊ ၄င်းတို့သည် ထိုသို့ရောင်းချမှု ကို ကုန်စည်ဒိုင် လက္ကားဈေးများတွင် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

     

  • ဒယ်အိုးဆရာတော် တရားပွဲများ မလေးရှား မြို့ကြီးများမှာ စည်းကားစွာကျင်းပ

    ဒယ်အိုးဆရာတော် တရားပွဲများ မလေးရှား မြို့ကြီးများမှာ စည်းကားစွာကျင်းပ

    နိုဝင်ဘာ ၂၂၊ ၂၀၁၂

    M-Media

    မလေးရှားနိုင်ငံ (ကွမ်တန်းမြို့) မှ ဒယ်အိုးဆရာတော်ရဲ့ တရားပွဲ ဓါတ်ပုံ Online Radio Media (Malaysia News)

    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့တွင် ဆရာတော် ဦးသုမင်္ဂလ ၏ ဓမ္မဒါနတရားပွဲ အစီအစဉ့်  ၂၀.၁၁.၁၂ အင်္ဂါနေ့တွင် မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့ Dewan Taman Sri Tebru Hall ခန်းမလည်းကောင်း၊ ၂၁.၁၁.၁၂ ဗုဒ္ဓဟူးနေ့တွင် မလေးရှားနိုင်ငံ (ကွမ်တန်းမြို့) Per Satuan Eng Choon Kuantar No.1/68. Jalan Bukit Ubi/25200 Kuantar ခန်းမတွင်လည်းကောင်း ဓမ္မဒါန တရားပွဲကို ပြုလုပ်ခဲ့ပါသည်။
    ဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ အီပို့ ၊ ပီနန် ၊ ကွာလာလမ်ပူမြို့ ၊ မလကာ မြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။

    OIC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံသား အများစုမှာ အစ္စလာမ်သာသာကိုးကွယ်သူများဖြစ်ပြီး အခြားသော တရုတ်လူမျိုးများနှင့် အိန္ဒိယနွယ်ဖွားများရဲ့ ကိုးကွယ်ရာ ဗုဒ်ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယျာန်နှင့် နတ်ကိုးကွယ်မှုများကိုလဲ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသောနိုင်ငံဖြစ်သည်။ မလေးရှားတွင် မြန်မာနိုင်ငံသား သိန်းနှင့်ချီပြီးအလုပ်လုပ်ကိုင်လျက်ရှိကြပြီး မြန်မာ ဗုဒ်ဓဘာသာဝင်များရဲ့ ဘုန်းတော်ကြီးကျောင်းများမှာ ကေအလ်မြို့တခုထဲမှာတင် (၅၀) ကျော်ရှိနေပြီဖြစ်သည်။

     

    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ
    မလေးရှားနိုင်ငံ ကွမ်တန်းမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ

     

    မလေးရှားနိုင်ငံ ကွမ်တန်းမြို့မှ ဒယ်အိုးဆရာတော် တရားပွဲ

    ဓါတ်ပုံ Online Radio Media (Malaysia News)