News @ M-Media

Tag: MMediaTech

  • စာခိုးချမှုကိုဖမ်းဖို့ တရုတ်တွင် ဒရုန်းလေယာဉ်ကို အသုံးပြု

    စာခိုးချမှုကိုဖမ်းဖို့ တရုတ်တွင် ဒရုန်းလေယာဉ်ကို အသုံးပြု

    ဇွန် ၈၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ စာခိုးချသူတွေ ဖမ်းဆီးဖော်ထုတ်ဖို့အတွက် ဒရုန်းလေယာဉ်ကိုအသုံးပြုပြီး ဆောင်ရွက်နေပါတယ်။

    နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် လူအိုယန်မြို့က စာစစ်ဌာန ၂ ခုမှာ ကျောင်းသားတွေ စာမေးပွဲဖြေနေတဲ့အချိန် ပန်ကာ ၆ ခုပါတဲ့ ဒရုန်းလေယာဉ်ဟာ အခန်းထဲမှာပျံဝဲပြီး မသမာတဲ့လက္ခဏာတွေကို စောင့်ကြည့်နေခဲ့တာပါ။

    ဒါပေမယ့် စာမေးပွဲရဲ့ ပထမနေ့ဖြစ်တဲ့ မနေ့ကတော့ ဒီလို မသမာတဲ့ အပြုအမူမျိုးတွေ မတွေ့ခဲ့ရဘူးလို့ ဟီနန်ပြည်နယ် သတင်းဝဘ်ဆိုက်က ဆိုပါတယ်။

    တရုတ်နိုင်ငံက အထက်တန်းပြီးဆုံးသွားတဲ့ ကျောင်းသားတိုင်းဟာ ဒီလို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ တက္ကသိုလ်ကို တက်နိုင်ဖို့အတွက် ဒီဝင်ခွင့်စာမေးပွဲ ရမှတ်က အတော်လေး အရေးပါမှာဖြစ်ပါတယ်။

    လူအိုယန်မြို့ရဲ့ ရေဒီယိုနည်းပညာစီမံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးဗျူရိုကတော့ ဒီတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ဒရုန်းလေယာဉ်ကို အသုံးပြုဖို့အတွက် ယွမ်ငွေ သိန်းနဲ့ချီ ကုန်ကျခဲ့တယ်လို့ ပြောခဲ့ပါတယ်။

    Ref: Aljazeera

  • လက်တွင် ဆေးမင်ကြောင်ရှိသူများ ဝတ်ဆင်ပါက Apple Watch အပြည့်အ၀ အလုပ်မလုပ်

    လက်တွင် ဆေးမင်ကြောင်ရှိသူများ ဝတ်ဆင်ပါက Apple Watch အပြည့်အ၀ အလုပ်မလုပ်

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    Apple CEO Tim Cook introduces the Apple Watch during an Apple event in San Francisco, California March 9, 2015.  REUTERS/Robert Galbraith (UNITED STATES  - Tags: SCIENCE TECHNOLOGY BUSINESS)   - RTR4SNIB

    – မကြာသေးမီက ထွက်ရှိခဲ့သည့် Apple Watch မှာ လက်ကောက်ဝတ်တွင် ဆေးမင်ကြောင်ထိုးထားသူများ ၀တ်ဆင်ပါက ပုံမှန်အတိုင်း အလုပ်မလုပ်သည့် ပြဿနာများ ရှိနေသည်ဟု သုံးစွဲသူများထံမှ သိရသည်။

    လက်ကောက်ဝတ်တွင် ဆေးမင်ကြောင်ထိုးထားသည့် သုံးစွဲသူတစ်ယောက်က ၎င်း၏ Apple Watch မှာ ကွန်နက်ရှင် ပျောက်ပျောက်သွားပြီး နှလုံးခုန်နှုန်းကိုလည်း အတိအကျ မဖတ်ပေးနိုင်ဟု သတင်းနှင့် ဆိုရှယ်ဆိုက်တစ်ခုဖြစ်သည့် Reddit တွင် ပထမဆုံး ရေးသားခဲ့သည်။

    ထို့နောက် လက်ကောက်ဝတ်တွင် ဆေးမင်ကြောင်ထိုးထားသည့် သုံးစွဲသူအများအပြားကလည်း ၎င်းတို့မှာ ထိုကဲ့သို့ ပြဿနာမျိုးကို ရင်ဆိုင်နေရသည်ဟု ပြောဆိုမှုများ ရှိလာခဲ့သည်။ ဆေးမင်ကြောင် ဆေးထူသူများသည့် ဆေးပါးသူများထက် ထိုပြဿနာကို ပို၍ခံစားရပြီး ဆေးမင်ကြောင်မရှိသည့်လက်တွင် ပတ်လိုက်ပါက Apple Watch မှာ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်သည်ကိုလည်း တွေ့ရှိရသည်။

    Apple Watch တွင် လက်ကောက်ဝတ်အား စကန်ဖတ်သည့် လုပ်ငန်းစဉ် ပါရှိပြီး ထိုလုပ်ငန်းမှာ ဆေးမင်ကြောင်ကြောင့် အလုပ်မလုပ်ဘဲ နာရီကို လက်မှ ချွတ်လိုက်သည်ဟုဆိုကာ Lock ကျသွားတတ်ပြီး လုံခြုံရေး PIN နံပါတ်များကို တောင်းသောကြောင့် အသုံးပြုသူများမှာ နာရီအား လက်တွင် ပတ်ထားသော်လည်း PIN နံပါတ်များကို မကြာခဏရိုက်ထည့်နေရသည်။

    Apple Watch မှ နှလုံးခုန်နှုန်းကို တိုင်းတာရာတွင် အရေပြားသို့ဖြတ်၍ အလင်းစုတ်ယူမှုဖြင့် တိုင်းတာခြင်းဖြစ်သည်ဟု Apple မှ စောစောပိုင်းတွင် ရှင်းပြထားသည်။

    အဆိုပါ နာရီ၏ လက်ကောက်ဝတ်စကန်ဖတ်သည့် စနစ်ကို ပိတ်ထား၍ ရနိုင်သော်လည်း ထိုသို့ပိတ်ထားပါက Apple Pay ကို အသုံးပြုနိုင်တော့မည်မဟုတ်ချေ။ Apple ကမူ အဆိုပါ ပြဿနာနှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးသေးပေ။

    Ref: news.sky

  • ကမ္ဘာ့ အသက်အငယ်ဆုံး ကွန်ပြူတာဆော့ဖ်ဝဲ ပရိုဂရမ်မာ ပါကစ္စတန်နိုင်ငံသား

    ကမ္ဘာ့ အသက်အငယ်ဆုံး ကွန်ပြူတာဆော့ဖ်ဝဲ ပရိုဂရမ်မာ ပါကစ္စတန်နိုင်ငံသား

    Suleman-Malik edit
    ဆူလေမန်မာလစ်ခ်ဟာ ကမ္ဘာ့အသက်အငယ်ဆုံးကွန်ပျူတာ ဆော့ဖ်ဝဲပရိုဂရမ်မာ တဦးပါ။ ကွန်ပျူတာတွေမှာ Hardware နဲ့ Software ဆိုပြီးရှိပါတယ်။ ဆော့ဖ်ဝဲ ဆိုတာက အစီအစဉ်တကျ သတ်မှတ်ထားတဲ့အတိုင်းကွန်ပျူတာ အလုပ်လုပ်ဖို့ ခိုင်းစေတာပါ။ အဲဒီလိုခိုင်းစေဖို့ ပရိုဂရမ်တွေချ အစီအစဉ်ချ ရေးသားတဲ့သူဟာ ပရိုဂရမ်မာပါ။ ဆူလေမန်မာလစ်ခ်က ပရိုဂရမ်ရေးသူပဲပေါ့။ ဧရာဝတီဘလော့ဂ်က သူ့အကြောင်း တင်ပြပေးလိုက်ပါတယ်။
    .
    ဆူလေမန်ကို ၁၉၉၄ ခုနှစ် မတ် ၁၉ ရက်နေ့မှာ ပါကစ္စတန်နိုင်ငံ ပက်ရှဝါမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ပါကစ္စတန်ရဲ့ အိုင်တီပါရမီရှင်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူဟာအသက် ၆ နှစ်အရွယ်ကတည်းက ကွန်ပျူတာပရိုဂရမ်မင်းတွေ ရေးသားနိုင်ခဲ့တာကြောင့်ပါ။
    .
    ဆူလေမန်ဟာအသက် ၁၂ အရွယ်မှာတော့ ကွန်ပျူတာ ဆော့ဖ်ဝဲရေးရာမှာ အရေးပါတဲ့ Microsoft Visual C++ ကို သုံးစွဲပြီး ဆော့ဖ်ဝဲတွေ ပရိုဂရမ်တွေရေးနေပါပြီ။ အင်တာနက် ၀က်ဘရောင့်ဆာကို သုံးပြီး ရေးသားရင်းနဲ့ ကမ္ဘာ့အသက် အငယ်ဆုံးပရိုဂရမ်မာဘွဲ့ရရှိသွားတာလို့ သိရပါတယ်။
    .
    ဆူလေမန်ဟာ အမေရိကန် အိုင်တီသိပ္ပံကျောင်းတွေက Software နဲ့ webmaster professional ဆိုင်ရာအသိအမှတ်ပြု လက်မှတ် ၁၇ ခု ရရှိခဲ့သူပါ။ အဲဒီနောက် သူဟာ ကွန်ပျူတာသိပ္ပံဘာသာရပ်နဲ့ အိုင်တီပညာရပ်ကို ဆက်လက် လေ့လာ သင်ယူခဲ့ပါတယ်။ ကမ္ဘာကျော် Microsoft ကလည်း ဆူလေမန်မာလစ်ခ်ကို ကမ္ဘာ့အသက်အငယ်ဆုံး ကွန်ပျူတာ ပရော် ဖက်ရှင်နယ် ပရိုဂရမ်မာလို့ အသိအမှတ်ပြုခဲ့ပါတယ်။
    .
    ပြီးတော့ နိုင်ငံတကာစီးပွားရေးလုပ်ငန်း ၂၀ ရဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲ အမှားအယွင်းတွေကို အသက် ၁၃ နှစ်အရွယ် ကတည်းက ထောက်ပြ ပြင်ဆင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဆူလေမန်မာလစ်ခ်ဟာ မကြာသေးခင်ကမှ ပက်ရှ်ဝါမှာ ရှိတဲ့ မွတ်စလင်ပညာရေးဆိုင်ရာ ကျောင်းက ပညာသင်ပြီးဆုံးခဲ့တာပါ။ သူက ၀က်ဘ်ဆိုက်ရေးသားခြင်းနဲ့ ဆော့ဖ်ဝဲ ရေးသားခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေတဲ့အပြင် ကွန်ပျူတာဆော့ဖ်ဝဲ ရေးသားတဲ့ ဘာသာစကား အများအပြား တတ်မြောက်ထားတယ်လို့ ဆိုပါတယ်။
    .
    သူဟာ ဆော့ဖ်ဝဲရေးသားတဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီးအမေရိကန် အမျိုးသား ကွန်ပျူတာသိပ္ပံအကယ်ဒမီကလည်း အသိအမှတ်ပြုလက်မှတ်တွေ ရရှိခဲ့ပါသေးတယ်။ အဲဒီထဲမှာ Webmasters Centre က ပေးအပ်တဲ့ Windows Series Experts, Microsoft က ပေးအပ်တဲ့ professional, mcts, mcsa, mcitp တွေလည်း ပါဝင်ပါသတဲ့။ ဆူလေမန် မာလစ်ခ်က သူဟာ အသက် ၇ နှစ်အရွယ်မှာပဲ ကွန်ပျူတာကို စွဲလမ်းခဲ့ပြီး၊ ကိုယ်ပိုင်ဆော့ဖ်ဝဲတွေ ရေးသားခဲ့ပါတယ်လို့ ဆိုပါတယ်။ အခုတော့ ကမ္ဘာကျော် BMW အတွက် ဆော့ဖ်ဝဲတွေ ရေးသားနေတယ်လို့ သိရပါတယ်။
    .
    ကွန်ပျူတာကိုကျွမ်းကျင်ပေမယ့် တခြားဆော့ဖ်ဝဲတွေ ၊ ၀က်ဘ်ဆိုက်တွေကို ၀င်ရောက်နှောင့်ယှက်တဲ့ Hacking အလုပ်ကိုမလုပ်ဘူးလို့ ဆိုပါတယ်။ ဆော့ဖ်ဝဲတွေကို ဘယ်လို ပိုကောင်းအောင်လုပ်မလဲလို့ပဲ တွေးတောနေတတ်ပါသတဲ့။
    .
    ဆူလေမန် မာလစ်ခ်ရဲ့ အစ်ကိုက လူငယ်တွေဟာ အိုင်တီနယ်ပယ်မှာ ထူးချွန်ထက်မြက်ပြီး ထင်ရှားလာပြီ ဖြစ်လို့ ဂုဏ်ယူတဲ့အကြောင်း ပြောမဆုံး ဖြစ်နေပါတော့တယ်။
    .
    သူ့အကြောင်းကို Facebook မှာလည်း ရှာဖွေကြည့်နိုင်သလို၊ သူ့ရဲ့ ၀က်ဘ်ဆိုက် မှာလည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
    .
    သူရရှိခဲ့တာတွေက
    .
    certified from google certification
    certified from googleadsene
    certified from googleadword
    certified from google analytic
    certified from microsoft
    certified from microsoft certified information technology specilist
    certified from microsoft network administrator
    certified from national computer science academy of USA
    certified from w3 online certified
    certified from logiczap html newyork
    certified from logiczapcssnewyork
    certified from logiczapphpnewyork
    certified from govt of USA certified
    Made a great world record…တွေ ဖြစ်ပါတယ်။
    .
    သူစိတ်ဝင်စားတာက Computer programming Software developing ဖြစ်တယ်လို့ သိရပါတယ်။
    .
    ဧရာဝတီ ဘလောဂ်မှ ကူးယူဖော်ပြသည်။
    http://blog.irrawaddy.org/2015/04/blog-post_86.html

  • ၂၀၅၀ အတွင်း ထွက်ပေါ်လာမည့် မိုဘိုင်းဆိုင် ရာ  အိမ်တွင်းသုံးဆန်းသစ် ကိရိယာများ

    ၂၀၅၀ အတွင်း ထွက်ပေါ်လာမည့် မိုဘိုင်းဆိုင် ရာ အိမ်တွင်းသုံးဆန်းသစ် ကိရိယာများ

    မတ်လ ၂၅ ၊ ၂၀၁၅
    M-Media
    လွန်ခဲ့သည့် နှစ် ဂျာမနီ အခြေစိုက် စက်မှုဆိုင်ရာ ဒီဇိုင်း ဌာန Gizmodo မှ လာမည့် ၂၀၅၀ အတွင်း ထွက်ပေါ်လာမည့် High Tech Smart Homes များကို Home of the Future ဟု ဆိုသည့် အစီအစဉ်အသစ်အနေဖြင့် လူအများ သိရန် Exhibition တခုတီထွင်တင်ပြခဲ့ပါတယ်။ ဤ သတင်းနှင့်ပတ်သက်ပြီး ဂျာမနီ အခြေစိုက် ဖြစ်တဲ့ Lamudi.com မြန်မာအတွင်း House.com.mm တီထွင် ဆန်းသစ် ကဏ္ဍ တစ်ခုအနေနှင့် တင်ပြလိုက်ပါတယ်။
    .1
    ဦးစွာ Gizmodo မှ Custom Built လို့ခေါ်တဲ့ မိမိကြိုက်နှစ်တဲ့ Design ပုံစံမျိုးနှင့် ဆောက်လုပ်နိုင်တဲ့ အိမ်များကို ပထမဦးဆုံးအနေဖြင့် All in One ဆိုတဲ့ တိုက်ခန်းတခုမှာ တီထွင်တင်ပြခဲ့ပါတယ်။ တိုက်ခန်းမှာ မိမိလိုအပ်တဲ့အရာအားလုံး၊ လုပ်ငန်းဆိုင်ရာ ကိစ္စများ၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာနည်းပညာများနှင့်ပြုလုပ်ထားတဲ့ smart technology များကို အိမ်တွင်းမှာ တပ်ဆင်ထား နိုင်ကြောင်းကို ပြသသွားပါတယ်။
    .
    ဥပမာအားဖြင့် မိမိအနေဖြင့် အလုပ်မသွား နိုင်သို့မဟုတ် အစည်းအဝေးကို ကိုယ်တိုင်မတက်ရောက်နိုင်ပါ က မိမိ်ရုံးအတွင်းရှိ Telepresence  Robot ဟုခေါ်သည့် Wifi Ipad စနစ်ဖြင့်  ထိန်းထားပြီး လှုပ်ရှားသွားလာနိုင်သည့် စက်ရုပ်ကို မိမိကိုယ်တိုင် လုပ်ဖော်ကိုင်ဖက်များနှင့် အတူ Interactive အပြန်အလှန်လွယ်ကူစွာ ဆက်သွယ်နိုင်ရန်ပြုလုပ်ထားပါတယ်။  စက်ရုပ်ပေါ်ခေါင်းအတွင်း မိမိ၏ ပုံကို လုပ်ဖော်ကိုင်ဖက်များအနေဖြင့် Video Camera မှ တဆင့်တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ အဝေးမှ ရုပ်မြင် Visual Movement ဖြင့် လှုပ်ရှားသွားလာပြီး မိမိ၏ လုပ်ဖော်ကိုင်ဖက်များနှင့် တိုက်ရိုက် လုပ်ကိုင်ပြောဆို နိုင်သည့်လုပ်ငန်းများလည်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။
    . 2
    အိမ်အတွင်း တပ်ဆင်ထားသည့် Device များမှာလည်း လုပ်ဆောင်မှုပိုမို ထက်မြတ်လာမှာဖြစ်ပြီး  ဥပမာအားဖြင့် ၀ိုင်ပုလင်းများကို လည်း Automatic System ဖြင့် အဖုံး ဖွင့်စရာ မလိုပဲ သောက်နိုင်မှာဖြစ်ပါတယ်။
    ပိုမိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့် သဘာဝကို အခြေခံပြီး Cellulose ဖြင့်ပြုလုပ်ထားတဲ့ အလိုအလျှောက် သန့်စဉ်ပေးတဲ့ အိုးခွက်ပန်းကန်များ ဖြစ်ပါတယ်။ ဒီတော့် အနာဂတ်မှာ ပန်းကန်ဆေးစက်ဆိုတာပျောက်ကွယ်သွားနိုင်မှာဖြစ်ပါတယ်။ ဒီထက်မက ဘီယာ ကို မိမိအိမ်တွင်း Home Made အနေဖြင့် ထုတ်လုပ်သောက်လိုပါကလည်း ဘီယာချက် နည်းကိရိယာပါ စက်များ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒီအရာတွေဟာ အခြေခံအနေဖြင့် လောလောဆယ် မှာ တီထွင်စ အခြေအနေမှာဖြစ်နေပါတယ်။ ၂၀၅၀ အတွင်းဆိုရင် တော့် ဈေးကွက်နှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပိုပြီး သုံးလာနိုင်မှာ ဖြစ်ပါတယ်။
    .3
    လောလောဆယ်မှာ တော့် အထူးဆန်း သစ် တီထွင်တဲ့သူများမှာကြိုးမဲ့စနစ်ဖြင့် ပိုပြီး သုံးစွဲနေတာကို တွေ့နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် Barcelona မှာ ကျင်းပတဲ့ Mobile World Congress မှာလည်း မိုဘိုင်းကို အခြေခံပြီး ထိန်းချုပ်သည့်အိမ်ကို တင်ပြသွားပါတယ်။
    .
    လာမယ့် အချိန်ကာလအတွင်း မှာလည်း  IT ကုမ္ပဏီကြီးများ မှ တီထွင်ဆန်းသစ်မှုများကို ပိုပြီး ရင်းနှီးမြုပ်နှံပြီး တီထွင်သွားမှာဖြစ်ပါတယ်။ လောလောဆယ် Tech ကုမ္ပဏီကြီးဖြစ်တဲ့ Google မှ Nest Labs ဟုခေါ်တဲ့ အိမ်တွင်းပိုင်းရှိ အပူချိန်ကို ထိန်းပေးတဲ့ Nest Smart Thermostat ကို ကန်ဒေါ်လာ ၃၂ သန်း နှင့် ၀ယ်ယူရင်းနှီးမြုပ်နှံထားပါတယ်။ တဆက်ထဲမှာပဲ Nest ရဲ့ CEO ကတော့် လာမယ့် နှစ်အနည်းငယ်အတွင်း မော်ဒန်အိမ်အားလုံးဟာ အင်တာနက် ဖြင့် ဆက်နွယ်ထားပြီး ထိန်းချုပ်ကိရိယာများမှာလည်းပိုမိုပြီး ဈေးသက်သာ အသုံးပြုလာမှာဖြစ်ပါတယ် လို့ပြောကြားသွားပါတယ်။

    House.com.mm  မှ M-Media သို့ ပေးပို့လာသော သတင်းဆောင်းပါးဖြစ်ပါသည်။

  • မျက်စိမမြင်သူများအတွက် လမ်းပြ၀တ်စုံ ဒီဇိုင်းကို ပါလက်စတိုင်း ကျောင်းသားများမှ ပုံစံထုတ်

    မျက်စိမမြင်သူများအတွက် လမ်းပြ၀တ်စုံ ဒီဇိုင်းကို ပါလက်စတိုင်း ကျောင်းသားများမှ ပုံစံထုတ်

    မတ် ၂၂ ၊ ၂၀၁၅
    M-Media
    palestinian_students_design_vest_to_help_the_blind_navigate_GOXV
    ဟီဘရွန်ရှိ နည်းပညာလေ့ကျင့်ရေး တက္ကသိုလ် Polytechnic University မှ ပါလက်စတိုင်းကျောင်းသားတို့သည် မျက်မမြင်လမ်းပြ ၀တ်စုံ တစ်မျိုးကို ပုံစံထုတ်ဖန်တီးလိုက်ပြီဖြစ်သည်။ ၎င်းသည် မျက်မမြင်များ၊ အကူအညီမပါဘဲ လမ်းလျှောက်ရန်မလွယ်သည့် ဆိုးဝါးစွာအမြင်အာရုံချို့တဲ့အားနည်းသူများအား တုန်ခါမှုနှင့် အသံကိုသုံး၍ လမ်းညွှန်ပေးနိုင်မည်ဖြစ်သည်။ သူတို့၏ (SASB) Smart Assist System for Blind People ကို  မျက်မမြင်များအသုံးပြုနေသော တုတ်ကောက်တောင်ဝှေးနေရာတွင် အစားထိုးအသုံးပြုရန် ပုံစံထုတ်ခြင်း ဖြစ်သည်။

    ထိုစနစ်မှာ ရိုးရှင်းပြီး အသုံးပြုရလွယ်ကူသည်ဟု SASB ဒီဇိုင်းထုတ်မှုတွင် ပါဝင်ခဲ့သော ဘွဲ့ကြိုတန်းအင်ဂျင်နီယာကျောင်းသား အဗ်ဒုလ်ရဟ်မာန်း အလ်ဗာရ်မီးလ်မှဆိုသည်။

    “ အရင်ပရောဂျက်များနဲ့မတူညီတဲ့ အဖြေများစွာကို ဒီပရောဂျက်က ထုတ်ပေးခဲ့ပါတယ်။ ဥပမာအားဖြင့် ဒီနယ်ပယ်မှာ ကြမ်းခင်းအာရုံခံ စနစ်က အလွန်ထိရောက်ပြီး ထူးခြားတာကို တွေ့ရတယ်။ အသံပြုခြင်း၊ တုန်ခါမှုပေးခြင်းနဲ့ လူတွေကို လမ်းညွှန်ပေးတဲ့ စနစ်ဖြစ်ပါတယ်”။

    ဘက်ထရီအားမကုန်မှီ စွမ်းအင်ချွေတာရေးခလုတ်ဖွင့်လိုက်ခြင်း၏အလျင် အင်အားကျန်ရှိမှုအခြေအနေကို သိနိုင်စေသည့် အသံအချက်ပြမှုလည်း ထည့်သွင်းထားသည်။

    ဤပရောဂျက်ကို အင်ဂျင်နီယာဌာနဦးစီးနှင့် ပရောဂျက်ကြီးကြပ်သူ ဒေါက်တာ ရမ်ဇီ အလ်က၀ါ့စ်မီ၏ ကြီးကြပ်မှုဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

    “စက္ခုအာရုံချို့တဲ့လွန်းတဲ့သူတွေဟာ ဒီဝတ်စုံကိုစွပ်ထားခြင်းဖြင့် အနှောင့်အယှက်အတားအဆီးကင်းစွာ လူမှုအသိုင်းအ၀ိုင်းထဲ သွားလာဝင်ဆန့်နိုင်စေဖို့၊ ညွှန်ကြားထိန်းကျောင်းပေးချက်တွေနဲ့ လူတွေကို ဆက်သွယ်သွားနိုင်ဖို့အတွက် ဒီပရောဂျက်ကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ သူတို့စွမ်းသမျှ ရသမျှအရင်းအမြစ်နဲ့သာ ဒီပရောဂျက်ကို ဒီဇိုင်းထုတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းကို ပြုလုပ်ခဲ့ကြတယ်။ ဒါကြောင့် ထပ်မံအဆင့်မြှင့်တင်နိုင်အောင် ငွေအင်အားအရ စိတ်အင်အားအရ ထောက်ကူပေးဖို့ ၊ ပညာရှင်ရပ်ဝန်းနဲ့ လူငယ်စပွန်ဆာတို့ရဲ့ ကြိုဆိုမှုလည်း လိုအပ်နေပါသေးတယ်” ဟု အလ်က၀ါ့စ်မီက စက္ခုအာရုံ ချို့တဲ့သူများ၏ဘ၀မြှင့်တင်ပေးနိုင်ရေး အရေးကြီးကြောင်း၊ နည်းပညာစနစ်ဖြင့် ဆက်သွယ်ထားသည့် နားကြပ်များမှတဆင့် အသံလမ်းညွှန်မှုအတိုင်း ၀တ်စုံဝတ်သူမှ လိုက်နာဆောင်ရွက်နိုင်ကြောင်း ရှင်းပြသည်။

    ၎င်းကို စမ်းသပ်ဝတ်ဆင်ကြည့်ပေးသူ မျက်မမြင် အိုင်ယုဗ် အလ်စာစူးက “တကယ့်ကို ထူးခြားကောင်းမွန်လှတယ်” ဟု ရိုက်တာသတင်းဌာနကင်မရာပေါ်မှ ပြောကြားသွားသည်။

    ထိုဂျက်ကက်အင်္ကျီဒီဇိုင်းထုတ်နိုင်ရေးအတွက် ကျောင်းသားများက  ကျွမ်းကျင်သူတို့ကို ငှားရမ်းနိုင်ရန် လခြမ်းနီအဖွဲ့နှင့်ပေါင်း၍ လုပ်ကိုင်ခဲ့ကြသည်။

    အဆိုပါဝတ်စုံသည် ပထမဆုံးဈေးကွက်ဝင်ပစ္စည်းတော့ မဟုတ်ပါ။ ယမန်နှစ်က Eyeronman အမည်ရှိ ကိရိယာကို ထုတ်နိုင်ခဲ့သည်။ ၎င်းသည် လက်ကိုင်လက်စွဲပြုရန်မလိုဘဲ အာရုံခံကိရိယာများ၊ အတားအဆီး အချက်ပေးကိရိယာများအသုံးပြု ပစ္စည်းတစ်မျိုးဖြစ်သည်။ ၎င်း၌ LiDar လေဆာရောင်ခြည်၊ Ultrasound နှင့် အလင်းပြန်နည်းပညာတို့ကို ထည့်သွင်းအသုံးပြုထားသည်။

    Ref : Reuters