News @ M-Media

တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

ဒီဇင်ဘာ ၃၁၊ ၂၀၁၃
M-Media
စုစည်းတင်ဆက်သူ- daythanix

ရုရှ အာကာသယာဉ်မှူးများအာကာသထဲကို ထွက်၍ ကင်မရာ တပ်ဆင်

နိုင်ငံတကာ အာကာသစခန်း (ISS) ရဲ့ ရုရှနိုင်ငံအပိုင်းမှာ ကနေဒါက UrtheCast (earth cast) ကုမ္ပဏီအတွက် ကင်မရာနှစ်လုံး တပ်ဆင်ဖို့ ရုရှ အာကာသယာဉ်မှူးOleg Kotov နဲ့ Sergey Ryazanskiy တို့ဟာ ဒီဇင်ဘာ ၂၇ရက်က ၇ နာရီအကြာ အာကာသထဲကို ထွက်ပြီး တပ်ဆင်ခဲ့ကြပါတယ်။ တစ်လုံးကအရည်အသွေးမြင့် 4K ဓါတ်ပုံများရိုက်နိုင်ပြီး နောက်တစ်လုံးက သာမန် ဓါတ်ပုံရိုက်ဖို့ပါ။ ISS ဟာ တစ်ရက်မှာ ကမ္ဘာကို ၁၆ကြိမ် ပါတ်ပါတယ်။ နောက်လအနီးငယ်အကြာမှာ UrtheCast ဝဘ်ဆိုက်ကနေ အာကာသကနေမြင်ရတဲ့ အရည်အသွေးမြင့် ဓါတ်ပုံတွေ၊ ကြည့်နိုင်တော့မှာဖြစ်ပါတယ်။ လစဉ်ကြေးပေးထားသူတွေအတွက့် ကိုယ်အိမ်ရှိရာကို ပြသတဲ့ 4K ဓါတ်ပုံများ ဘယ်အချိန် တွေ့ရနိုင်မလဲ အသိပေးတာမျိုး၊ အထူးကြေး ပေးဆောင်သူတွေအတွက် လိုအပ်တဲ့ နေရာကို ရိုက်ကူးပေးတာမျိုး လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ သာမန်အဆင့် ကင်မရာက ပုံတွေကိုတော့ အခမဲ့ ကြည့်နိုင်မှာ ဖြစ်ပါတယ်။

photo.php
____________________________
ရုရှနိုင်ငံ ဒုံးပျံ အသစ် လွှတ်တင်

ရုရှနိုင်ငံဟာ ဒီဇင်ဘာ ၂၈ရက်က ဆိုယုဇ် 2.1v ဒုံးပျံ အသစ်ကို လွှတ်တင်ခဲ့ပါတယ်။ ဒီဒုံးပျံဟာ ကမ္ဘာမြေစောင့်ကြည့်ရေး ဂြိုဟ်တုတစ်လုံးကို သယ်ဆောင်သွားပါတယ်။ အခု ဆိုယုဇ် 2.1v ဒုံးပျံ အသစ်ကို ပထမဆုံးအကြိမ် အဖြစ်လွှတ်တင်တာ ဖြစ်ပြီး အရင် ဆိုယုဇ် ဒုံးပျံ ကို အင်ဂျင်အသစ် ဒစ်ဂျစ်တယ် လမ်းညွှန်စံနစ်တို့ တပ်ဆင်ထားပါတယ်။

23Soyuz_2_metop
____________________________
Samsung ရဲ့ ၁၁၀ လက်မ ကမ္ဘာ့ အကြီးဆုံး ultra HD TV

Samsung ဟာ အခု နှစ်သစ်မှာ ၁၁၀ လက်မ ရှိတဲ့ ကမ္ဘာ့ အကြီးဆုံး ultra HD TV ကို ရောင်းချဖို့ ယခင် အပါတ်က ပြသခဲ့ပါတယ်။ဒီတီဗွီရဲ့ အမြင့်ကတော့ ၅.၉ ပေရှိပြီး အကျယ်ကတော့ ၈.၅ ပေရှိပါတယ်။ နောက်ထပ် ထူးခြားတဲ့ တီဗွီတစ်မျိုးကတော့ ၁၀၅ လက်မကြီးပြီး ကွေးညွတ်ထားတဲ့ မျက်နှာပြင် နဲ့ ဖြစ်ပါတယ်။ အာရှနဲ့ ဥရောပ နိုင်ငံတွေမှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

1
____________________________
အမေရိကန်ရဲ့ လေဆာလက်နက်

အမေရိကန် စစ်တပ်အတွက် Boeing ကုမ္ပဏီက မောင်းသူမဲ့ drones လေယာဉ်တွေကို ပစ်ခတ်ဖို့ လေဆာလက်နက်ကို သုတေသနပြု တည်ဆောက်နေပါတယ်။ အရင် အပါတ်က မော်တော်ယာဉ်ပေါ်မှာ တပ်ဆင်ထားတဲ့ လက်နက်ကို နယူးမက္ကဆီကိုပြည်နယ်ရှိ အခြေစိုက်စခန်းမှာ စမ်းသပ်ခဲ့ရာမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ လေဆာလက်နက်နဲ့ ပစ်ခတ်ရာမှာ ကုန်ကျစရိတ် အထူးသက်သာတဲ့အတွက် နောင်တစ်ချိန်မှာ တိုက်သင်္ဘောတွေမှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိစမ်းသပ်တဲ့ လေဆာ ပြင်းအားကတော့ ၁၀ကီလိုဝပ် ရှိပြီး ၁၀၀ ကီလိုဝပ်ကို ဆက်လက် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

1501868_10152107215313166_1347601956_n

Comments

Leave a Reply