News @ M-Media
Tag: muslim women
  • ဗြိတိန် ဘုရင်မကြီး၏ MBE ဂုဏ်ပြု စာရင်းတွင် ပထမဆုံး မွတ်စလင် အမျိုးသမီး ရဲမေ အဖြစ်အရွေးခံရသူ
    ဇန်နဝါရီ ၇ ၊ ၂၀၁၄
    M-Media
    UKs-First-Muslim-Policewoman-Honored
    ဘုရင်မ၏ နှစ်သစ် အထိမ်းအမှတ် ဂုဏ်ပြုစာရင်း၌ ပထမဆုံး ဗြိတန်မွတ်စလင် အမျိုးသမီးရဲအရာရှိ၏ အမည် ပါဝင်လာခဲ့သည်။
    “ ကျွန်မဆောင်ရွက်နေတဲ့ အလုပ်အတွက် ဒီဆုလက်ခံရရှိတာကို ဂုဏ်ယူမိပါတယ်။ ရဲ ၀န်ထမ်းဘ၀ကို နှစ်သက်သလို ထူးခြားမှုလည်း ရှိပါတယ် ” ဟု ၀က်စ်မင်စ်တာရဲတပ်ဖွဲ့မှ ဒုတိယတန်းရဲစုံထောက်ဖြစ်သူ Nikki Hubbard မှပြောကြားသည်။ စေတနာ့ဒါနလုပ်ငန်းအတွင်း သူမ၏စွမ်းဆောင်ချက်များ အတွက် နှစ်သစ်ဂုဏ်ပြုခံရသူများစာရင်းတွင် ပါဝင်ခဲ့သည်။
    ဘုရင်မကြီး၏မြှောက်စားမှုဖြင့် Member of the Most Excellent Order of the British Empire – MBE ၏ခန့်အပ်မှုအရ Hubbard သည် ပထမဆုံးသော မွတ်စ်လင်မ်ရဲမေ တစ်ဦး ဖြစ်လာသည်။
    “ မွတ်စ်လင်မ်အမျိုးသမီး ပထမမျိုးဆက်ဖြစ်တဲ့အနေနဲ့ လူ့အဖွဲ့အစည်းဝင်အားလုံးကို ကိုယ်စားပြုရတာ ဘယ်လောက်အရေးကြီးကြောင်း ကျွန်မ နားလည်နိုင်ပါတယ်။ အကြမ်းဖက်ခံများအတွက် ပြန်လည်ကယ်ဆယ်ထူထောင်ရေးလုပ်ငန်းထဲ ရဲတပ်ဖွဲ့ဝင်များနဲ့အတူ လုပ်ဆောင်ခဲ့ခြင်းကနေ  ဒီလိုဖြစ်လာတာပါ ” ဟူ၍ သူမက ဆိုသည်။
    ကိုယ်ပိုင်လုပ်ငန်းငယ်တစ်ခုအား ဦးစီးလုပ်ဆောင်နေရာမှ ၂၀၀၆ ခုနှစ်တွင် Hubbard သည် ရဲဝန်ထမ်းအလုပ်ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။
    သင်တန်းဆင်းသောအခါ အကြမ်းဖက်ခံနှင့်အဓမ္မထိမ်းမြားခံရသူများအရေး honor based violence and forced marriages (HBV)ကို ဆောင်ရွက်နေသည့် ACPO – Association of Chief Police Officers တွင် တာဝန်ထမ်းဆောင်သည်။ HBV နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ အမည်ကောင်းရအောင် ဆောင်ရွက်ပေးနိုင်ခဲ့၏။
    ၂၀၀၆ ခုနှစ် လန်ဒန်တောင်ပိုင်း Banaz Mahmod အသတ်ခံရပြီးနောက်ပိုင်း Hubbard သည် Her Choice အမည်ရှိ လေ့ကျင့်ရေး DVD ကို ထုတ်ဝေသည်။ ၄င်းကို ACPO မှ အသိအမှတ်ပြုခဲ့ပြီး အမျိုးသားရဲတပ်ဖွဲ့သင်တန်းသင်ရိုးတစ်ခုအနေဖြင့် အသုံးချခဲ့သည်။
    ရဲလုပ်ငန်း၏ပြင်ပတွင် Hubbard သည် ဗြိတိန်နှင့်ပါကစ္စတန်မှ ချို့တဲ့ကျောင်းများကို ထောက်ပံ့လှူဒါန်းနေသည့်
    “ လုပ်ငန်းခွင်ပြင်ပမှာ အာရှနွယ်အမျိုးသမီးတွေအကြား ရင်သားကင်ဆာအကြောင်း နှိုးဆော်အသိပေးမှုအတွက် ကျွန်မကတော့ ချန်ပီယံပါပဲ။ ဒီလုပ်ငန်းထဲ နစ်မြှုပ်ပါဝင်ရတဲ့အကြောင်းရင်းက ကျွန်မမိသားစုထဲ ဒီရောဂါဒဏ် ခံစားခဲ့ဖူးတာကြောင့် ဖြစ်ပါတယ် ” ဟု သူမက ပြောပြသည်။
    ထိုအသင်းအဖွဲ့သည် အမျိုးသမီးငယ်များ၏ပညာရေးအား အဓိကအာရုံထားသလို၊ ပညာမသင်ကြားနိုင်သော ကလေးငယ်များ၏ မိခင်တို့ကို ထောက်ပံ့အားပေးခြင်း၊ နာတာရှည်ရောဂါသည်ကလေးများအတွက် ငွေကြေးထောက်ပံ့ခြင်း စီမံချက်များကိုလည်း ပြုလုပ်လျက်ရှိသည်။ သို့သာမက သူမသည် Development In Literacy Trust UK အသင်း၏ ဦးဆောင်အဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်နေ၏။
    ဗြိတိန်၌ မွတ်စ်လင်မ်ပေါင်း ၂.၇ သန်းနီးပါး နေထိုင်ကြပြီး လူနည်းစုဝင်ဖြစ်သည်။
    ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် University of Essex မှပြုလုပ်သော Institute for Social and Economic Research ၏ အစီရင်ခံစာအရ မွတ်စ်လင်မ်တို့သည် ဗြိတိန်အမျိုးသားရေးခံယူချက်၌ အခြားအုပ်စုများနှင့် ထပ်တူထပ်မျှပင်ဖြစ်သည်ဟု ဆိုထားသည်။
    ၂၀၁၁ ခုနှစ်ကလည်း ဗြိတိန်ရှိမွတ်စ်လင်မ်တို့သည် အခြားသူများထက် မျိုးချစ်စိတ်ပြင်းထန်ကြောင်း think tank Demo မှ ဖော်ပြခဲ့သည်။
    “ ကျွန်ုပ်သည် ဗြိတိန်နိုင်ငံသားဖြစ်ခြင်းကို ဂုဏ်ယူသည် ” ဟူသောဆောင်ပုဒ်အပေါ် ၈၃ ရာခိုင်နှုန်းသော မွတ်စ်လင်မ်တို့က မိမိတို့မှာ ဗြိတိန်နိုင်ငံသားဖြစ်ခြင်းအပေါ်ဂုဏ်ယူပါသည်ဟု တုန့်ပြန်ခဲ့ကြပါသည်။ ၄င်းမှာ တစ်နိုင်ငံလုံးလူဦးရေပမာဏ၏ ပျမ်းမျှတုန့်ပြန်နှုန်း ၇၉ ရာခိုင်နှုန်းထက် မြင့်မားနေပါသည်။
    Ref:OnIslam & Newspapers
  • ဒေါ်လာ ၁ သန်း ချီးမြှင့်သည့် လူသားအကျိုးပြု Opus Prize (2013) ဆု အာဖဂန် အမျိုးသမီးရရှိ
    နိုဝင်ဘာ- ၂၁ ၂၀၁၃
    M-Media
    o-SAKENA-facebook_0
    ၂၀၁၃ ခုနှစ်အတွက် ချီးမြှင့်သော Opus Prize ဆုကို အာဖဂန်နိုင်ငံ၌ ပညာရေးဆိုင်ရာလှုပ်ရှားမှုများကို ဆောက်ရွက်လုပ်ကိုင်နေသည့် စကီနာ ယာကူဘီက ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။
    ယာကူဘီမှာ ၁၉၉၅ ခုနှစ်က Afghan Institute of Learning အဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး ယခုအအချိန်အထိ ထိုအဖွဲ့၏ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူဖြစ်သည်။ Afghan Institute of Learning အဖွဲ့မှာ အာဖဂန် အမျိုးသမီးများ ဦးဆောင်သည့် NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျောင်းဆရာများအား လေ့ကျင့်သင်ကြားပေးခြင်း၊ အာဖဂန် ကလေးငယ်များ၏ ပညာရေးအားထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို လိုက်လံကူညီပေးခြင်းနှင့် အမျိုးသမီးများနှင့် ကလေးငယ်များအား ပညာသင်ကြားပေးခြင်း စသည့် ကိစ္စရပ်များကို အခမဲ့ ဆောင်ရွက်ပေးနေသော အဖွဲ့လည်းဖြစ်သည်။
    ယာကူဘီက ၎င်းအနေဖြင့် Opus Prize ဆု ချီးမြှင့်သည့် ရည်ရွယ်ချက်ကို သဘောကြနှစ်ခြိုက်ပြီး၊ ထိုဆုအား ရရှိခဲ့ခြင်းအတွက် ပျော်ရွင်မိကာ၊ ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
    “အမျိုးသား၊ အမျိုးသမီး အားလုံးအတွက် ပညာရေးကို မသင်မနေရလို့ အစ္စလာမ်က ပြောထားတာကို ကျွန်မယုံကြည်ပါတယ်။ ကုရ်အာန်ကျမ်းမြတ်က ကျွန်မတို့ကို ကောင်းမွန်စွာနေထိုင်ဖို့ သွန်သင်ပါတယ်။ ပညာရေးဟာ လူ့ကျင့်ဝတ်နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ကျွန်မတို့ကို အရေးကြီးတဲ့ တွေးခေါ်မှုတွေ ပေးပါတယ်” ဟု ယာကူဘီက အမေရိကန် အွန်လိုင်း သတင်းဌာနတစ်ခုဖြစ်သည့် The Huffington Post သတင်းစာသို့ပြောကြားခဲ့သည်။
    ထို့ပြင် အာဖဂန်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးအတွက် ပညာရေးမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်သူမှာ တရားမျှတမှုရှိပြီး၊ ပညာတတ်ကာ လူသားဆန်သည့် ပုဂ္ဂိုလ်ဖြစ်ရမည်ဖြစ်ကြောင်း၊ အာဖဂန်နိုင်ငံ ပညာရေးအတွက် အဓိက အတားအဆီးမှာ လုံခြုံရေးပင်ဖြစ်ကြောင်း ယာကူဘီက ထပ်လောင်းပြောကြားခဲ့သည်။
    Opus Prize ဆု မှာကမ္ဘာ့တစ်ဝှမ်း ဘာသာရေးကို အခြေပြု၍ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါထူပြောမှု၊ တရားမမျှတမှု စသည့် ဒုက္ခသုက္ခပေါင်းစုံ ခံစားနေရသော သူများ အတွက် လူထု အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသော သူများအား ဂုဏ်ပြုသောအနေဖြင့် ၁၉၉၄ ခုနှစ်မှစတင်ကာ နှစ်စဉ် ချီးမြှင့်သည့် ဆုတံဆိပ် တစ်ခုဖြစ်ပြီး ဆုကြေးငွေမှာ ကန်ဒေါ်လာ ၁ သန်းဖြစ်သည်။
    ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်မြို့ Georgetown တက္ကသိုလ်ရှိ Berkley ဘာသာရေးနှင့် ငြိမ်းချမ်းရေး စင်တာတွင်ပြုလုပ်ခဲ့ပြီး Georgetown တက္ကသိုလ် ဥက္ကဌ ဂျွန် ဂျေ ဒီဂျီယိုအီယာက ချီးမြှင့်ခဲ့သည်။
  • ယီမင် နိုဘယ်ဆုရှင် ဆုကြေးငွေအား လှူဒါန်း
    နိုဝင်ဘာ ၅ ၂၀၁၃
    M-Media
    Kerman donates Noble Prize to Revolt Victims
    ယီမင်နိုင်ငံရှိ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး နိုဘယ်ဆုရှင်လည်းဖြစ်သူ တာဝါကိုလ်ကာရ်မန်မှာ ၎င်းရရှိသည့် ဆုကြေးငွေအား ၂၀၁၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ယီမင်နိုင်ငံ၏ တော်လှန်ရေးအတွင်း ဒုက္ခဖြစ်ခဲ့သူများနှင့် ကျဆုံးသွားသူများ၏ မိသားစုများကို ကူညီထောက်ပံ့ပေးသည့် အဖွဲ့အား လှူဒါန်းခဲ့သည်ဟု သိရသည်။
    “ကျွန်မပိုင်ဆိုင်ခဲ့တဲ့ တန်ဖို့ရှိဆုံးအရာကို ကျွန်မအမြဲတမ်း ချစ်ရသူတွေအတွက် ပေးဆပ်ဖို့ ကျွန်မစောင့်နေခဲ့တာပါ” ဟု လှူဒါန်းမှုအပြီးတွင် ကာရ်မန်  (Tawakkol Karman)  က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
    အဆိုပါ လှူဒါန်းမှုကို ယီမင်နိုင်ငံ ဆန်နာမြို့ရှိ Cultural Center တွင် “၂၀၁၁ တော်လှန်ရေးတွင် ကျဆုံးသူများနှင့် ဒဏ်ရာရရှိသူများအား ထောက်ပံ့သော ရန်ပုံငွေပွဲ ” Aid Fund for Families of Martyrs and Wounded in the 2011 Revolution) အမည်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားတွင် လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
    သမ္မတ ဟာဒီသည် ကာမန်၏ အစွမ်းအစ၊ သူမ၏ တော်လှန်ရေး နှင့် ပြောင်းလဲမှု ပေါ်မှာ စိတ်အားကိုယ်အား ဖြင့် ပါဝင်မှုအား လက်ခုပ်တီးဂုဏ်ပြုခဲ့သည်။
    “ဒါဟာ လူငယ်တိုင်းရဲ့ တာဝန်ပဲ၊ ပြောင်းလဲမှုအတွက် ပေးဆပ်ပြီး။ လွတ်လပ်မှု၊ တရားမျှတမှု၊ တူညီမှု နှင့် ကောင်းမွန်သော အုပ်ချုပ်မှု တွေအောက်မှာရှိနေသော ယီမင်လူမျိုးတစ်ဦး ဖြစ်အောင် လုပ်ဆောင်ရမယ်” ဟု ကာမန်ကဆိုသည်။
    ကာရ်မန်မှာ ၂၀၁၁ ယီမင်တော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး၊ ယီမင်သမ္မတ အဗ်ဒူ ရာဘူ မန်ဆူရ်က ဦးစီးပြုလုပ်သည့် အဆိုပါထောက်ပံ့ကြေးပေးအပ်ပွဲတွင် ယခုကဲ့သို့ လှူဒါန်းရန်အတွက် ၂ နှစ်တာစောင့်ဆိုင်းခဲ့ရသည်။ တော်လှန်ရေးတွင်ပါဝင်ခဲ့သည့် သူမ၏ ရဲစွမ်းသတ္တိကြောင့် ၂၀၁၁ ခုနှစ်အောက်တိုဘာလတွင် လိုက်ဘေးရီးယားသမ္မတ အဲလင် ဂျွန်ဆင် စီရ်လိဖ်နှင့် သူမ၏ လုပ်ဖော်ကိုင်ဘက်ဖြစ်သူ လေမာဂဘိုဝီနှင့်အတူ နိုဘယ်ငြိမ်းချမ်းရေးဆုကို ပူးတွဲချီးမြှင့်ခြင်းခံခဲ့ရသည်။
    ဖေဖော်ဝါရီလ ၂၀၁၁ ခုနှစ်က ဆန်နာ အလယ်ပိုင်းရှိ ‘ပြောင်းလဲမှုမြေ(Change Square)’ တွင် ယာယီစခန်းချကာ စာလေ(Saleh) မိသားစု၏ ဆယ်စုနှစ် သုံးခုတိုင် အုပ်ချုပ်မှုကို ဖျက်သိမ်းဖို့ တော်လှန်စဉ် လူငယ်လှုပ်ရှားသူများ၏ စံနမူနာသည် သူမဖြစ်ခဲ့သည်။
    သူမသည် အာရဗ် ရုပ်သံများ၌ လမ်းပေါ်တွင် လှုပ်ရှားသော တော်လှန်သူများ၏ အသံတစ်ခုဖြစ်ခဲ့ပြီး။ မီဒီယာများအား ဆန်နာ တက္ကသိုလ် အပြင်က ကွင်းပြင်တွင်ဖြစ်ပေါ်နေသော အကြောင်းအရာ များအား ပြောကြားခဲ့သည်။ ထိုကွင်းပြင်သည် တော်လှန်သူအမြောက်အများအား အစိုးရအဖွဲ့များက သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာနေရာဖြစ်သည်။
    ဇန်န၀ါရီလ ၂၀၁၁ ခုနှစ်တွင် တူနီးရှားမှ အာဏာရှင် ဇိုင်းအလ်အဗ်ဒိုင်း ဘင်အလီ (Zine al-Abidine Ben Ali) အားဖြုတ်ချကာ တွန်းလှန်ခဲ့အပြီးတွင်၊ ယီမင်နိုင်ငံတွင် တော်လှန်ရေး စတင်ခဲ့တာ ခြင်းဖြစ်သည်။
    Ref: OnIslam
  • မက္ကဟ်ဝတ်ကျောင်းတော်၌ လမ်းညွှန် အမျိုးသမီးဝန်ထမ်း ၁၀၀၀ ခန့်အပ်မည်
    အောက်တိုဘာ- ၂၂
    M-Media
    A Muslim woman prays at the Baiturrahman grand mosque in Banda Aceh
    မက္ကဟ်ဝတ်ကျောင်းတော်ကြီး၏ ဦးစီး အကျိုးတော်ဆောင် ရှိုင်းခ် အဗ်ဒုရ် ရဟ်မာန်း အလ်စုဒိုင်းစ် က ၀တ်ကျောင်းတော်ထံ လာရောက်သည့်အမျိုးသမီးများအား ကူညီရေးအတွက် ဧည့်လမ်းညွှန်အမျိုးသမီး ၀န်ထမ်း တစ်ထောင်ခေါ်ယူရန် ညွှန်ကြားလိုက်သည်။
    အမျိုးသမီးဧည့်လမ်းညွှန်ဌာနဒါရိုက်တာ ရှိုင်းခ် အဒဲလ် အလ်ဟမ်ဒန် က အကြီးအမှူး၏အဆိုဖြစ်သော ယာယီဝန်ထမ်းနှင့်အမြဲခန့်ဝန်ထမ်း အမျိုးအစား ၂ ရပ်လုံးပါဝင်သည့် အရည်အသွေးပြည့်မီသော အမျိုးသမီးဝန်ထမ်း ၁၀၀၀ ခန့်အပ်ရေးအပေါ် သဘောတူကြိုဆိုခဲ့သည်။ ထို့ပြင် ယင်းဝန်ထမ်းတို့ကို ဧည့်သည်တို့၏ လိုအပ်ချက်ရှုထောင့် ပေါင်းစုံနှင့်စပ်လျဉ်းသော လမ်းညွှန်ထိန်းကျောင်းရေးသင်တန်းများအား အကြီးအမှူးဖြစ်သူမှ စီမံသွားမည်ဟုလည်း ၄င်းမှ ပြောကြားသည်။
    တရားတော်၏လိုအပ်ချက်အရ ဟိဂျာ့ဗ်ဆင်ယင်ရန်၊ ဧည့်သည်အမျိုးသမီးတို့လာရောက်စဉ်ကာလ အခြားပုံဟန်နှင့် ဆင်ယင်ခြယ်သမှုကို ရှောင်ကြဉ်ရန် အပါအ၀င် အကြံပြုလမ်းညွှန်ကူညီမည့် အမျိုးသမီးများသည် ဗိမာန်တော်လှည့်ပတ်သည့်နေရာ၌ အလှည့်ကျလုပ်ကိုင်သွားမည်ဖြစ်ပြီး၊ ၀တ်ပြုမှုအတွင်း အမျိုးသမီးများကို အမျိုးသားများနှင့် ရောထွေးမှုဖြစ်မသွားစေရေး၊ သတ်မှတ်နေရာအတွင်း စံနစ်တကျ စီတန်းပါဝင်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဟု အလ်ဟမ်ဒန် မှ ပြောပြသည်။
    Source : Arab news
  • ပါကစ္စတန်မှ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး
    ဇွန်- ၁၄၊ ၂၀၁၃
    M-Media
    စိမ်းဝါရောင်ခေါင်းပေါင်းနှင့်တွဲလျက် စစ်ဦးထုပ်ကို ဆောင်းထားသော အာအိရှာ ဖာရွတ်ခ် (Ayesha Farooq) သည် သူမအား ပါကစ္စတန် အစ္စလာမ် သမ္မတနိုင်ငံ၏ တစ်ဦးတည်းသော တိုက်လေယာဉ်မှူး အမျိုးသမီး ဖြစ်ရသည်မှာ အထီးကျန်ဖြစ်ရပါသလား ဟု မေးသည့်အခါ မခို့တရို့ပြုံးလိုက်သည်။
    Pakistan woman fighter
    ဖာရွတ်ခ်သည် ပန်ဂျာပ့်ပြည်နယ်၏ သမိုင်းဝင်မြို့တော် ဘဟာဝါလ်ပူးရ် (Bahawalpur) မှဖြစ်ပြီး၊ လွန်ခဲ့သော ၁၀ နှစ်ခန့်က ပါကစ္စတန်လေတပ်တွင် လေယာဉ်မှူးဖြစ်ခဲ့သော အမျိုးသမီး ၁၉ ယောက်အနက် တစ်ဦး ဖြစ်သည်။ သူမ အပြင် အခြားသော အမျိုးသမီးတိုက်လေယာဉ်မှူး ၅ ဦးရှိသေးသော်လည်း ၄င်းတို့သည် တိုက်ပွဲဝင်နိုင်ရေး  နောက်ဆုံးအဆင့် စမ်းသပ်ရန်လိုအပ်နေသေးသည် ဟုသိရသည်။
    “ထူးခြားတဲ့ကွဲပြားမှုကို ကျွန်တော် မမြင်ပါဘူး။ ကျွန်တော်တို့အားလုံးဟာ လှုပ်ရှားဆောင်ရွက်ရာမှာ – တိကျအောင် ဗုံးကြဲရတဲ့နေရာမှာ အတူတူပါဘဲ ”  ဟု အသက် ၂၆ နှစ်အရွယ် သူမ၏တွဲဖက် အမျိုးသားလေယာဉ်မှူးများက ဆိုသည်။  အပူချိန် ၅၀ ဒီဂရီ စင်တီဂရိတ် (122 F) တွင် ဒုံးကျည်ထိပ်ဖူးများကို စီတန်းထားသိုထားသော ပါကစ္စတန် မြောက်ပိုင်းတွင်ရှိ မူရှဖ် (Mushaf) စစ်စခန်း၌ ယင်းသို့ပြောပြခဲ့သည်။
    အမျိုးသမီးများ အပေါ်ထားရှိသော အမြင်များပြောင်းလဲခဲ့သည်နှင့်အညီ ဤနှစ်များအတွင်း ပါကစ္စတန် ကာကွယ်ရေးတပ်ဖွဲ့များသို့ အမျိုးသမီးများ ၀င်ရောက် စစ်မှုထမ်းလာကြသည်။
    “အကြမ်းဖက်မှုများ နဲ့ ကျွန်မတို့ရဲ့ ပထ၀ီဝင်ဒေသ အနေထားကြောင့် ကျွန်မတို့ဟာ အမြဲတမ်း အသင့် အနေအထားနဲ့ ရှိနေဖို့ အလွန်အရေးကြီးပါတယ် ” ဟု ဖာရွတ်ခ်မှ တာလီဘန် စစ်သွေးကြွများ နှင့် ဘာသာရေး အစွန်းရောက်ခြင်း မြင့်မားလာမှုများကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
    ဖာရွတ်ခ်မှ လေတပ်သို့ဝင်ရောက်လိုသည်ဟု ဆိုခဲ့ချိန် လွန်ခဲ့သော ၇ နှစ်ခန့်က သူမ၏ ပညာ မသင်ကြားခဲ့ရသော မုဆိုးမ မိခင်နှင့် အချင်းများခဲ့ရသည်။
    “ကျွန်မတို့ အသိုင်းအ၀ိုင်းမှာ မိန်းကလေးတွေ အနေနဲ့ လေယာဉ်မောင်းခြင်း စတဲ့ကိစ္စမျိုးကို ယောင်လို့တောင် မစဉ်းစားကြပါဘူး” ဟု သူမကပြောပြခဲ့သည်။
    မိသားစုတို့မှ အစဉ်အလာအရ အမျိုးသားတို့ကိုသာ စစ်တပ်သို့ဝင်ရောက်စေတတ်ပြီး၊    အမျိုးသမီးများအား ရှေ့တစ်ဆင့်တက် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းကိုမူ အားမပေးတတ်ကြောင်း လေတပ်အရာရှိများမှ ပြောသည်။  ၄င်းတို့သည် လူဦးရေသန်း ၁၈၀ နီးပါးရှိ နျူးကလီးယားပိုင်နိုင်ငံတော် အတွက် စစ်သည်အကူများနှင့် စစ်ပစ္စည်းများကို သယ်ဆောင်ထားသော လေယာဉ်ပျံကိုသာ အနှေးမောင်းနှင်ကြရသည်။
    ယခုတွင် အမျိုးသမီးများသည် ၄င်းတို့၏ လုပ်ပိုင်ခွင့်များကို ပိုမိုသိရှိလာပြီး၊ ၄င်းလုပ်ပိုင်ခွင့်များကို အသုံးချကာ လေတပ် အင်အားဖြည့်တင်းရေးသို့ ၀င်ရောက်ကုန်ကြပြီဖြစ်သည်။
    “အခုဆိုယင် ပါဝင်လာကြတဲ့ အမျိုးသမီးဦးရေ များသထက် များလာပြီ” ဟု နာစင်မ်အဘတ်စ် (Nasim Abbas) မှ ပြောကြားခဲ့သည်။ ၄င်းသူသည် ဖာရွတ်ခ်အပါအ၀င် လေယာဉ်မှူး ၂၅ ယောက်ပါသော အမှတ် ၂၀ ရှေ့တန်းတောင်ပံ တပ်စိတ်အဖွဲ့မှဖြစ်ပြီး တရုပ်နိုင်ငံထုတ် F-7PG တိုက်လေယာဉ်များကို မောင်းနှင်ကြသည်။
    “ဒါဟာ ဘာသာရေးနည်းလမ်းနဲ့မဆန့်ကျင်ဘူးလို့ မြင်ပါတယ်။ လူမှုအဖွဲ့အစည်းနဲ့နိုင်ငံတော်ရဲ့စဉ်းစားတွေးခေါ်ပုံ ပြောင်းလဲနေပါပြီ ” ဟု အဘတ်စ်မှ Reuters သို့ပြောကြားခဲ့သည်။ ပြောကြားခဲ့သောနေရာမှာ  ၁၉၆၅ နှင့် ၁၉၇၁ ခုနှစ် အိန္ဒိယနှင့် စစ်ဖြစ်စဉ် ဂျက်လေယာဉ်များထားသိုရာ အခြေစိုက်စခန်းဖြစ်ခဲ့သော  အစ္စလာမ်မာဘဒ် (Islamabad) မြို့တော်၏ အရှေ့ဖက် ၂၈၀ ကီလိုမီတာ(၁၇၅ မိုင်) ဝေးသည့် ပန်ဂျဗ် စာဂိုဒါခရိုင်ရှိ စစ်စခန်း၌ဖြစ်သည်။
    ယခုအခါ ပါကစ္စတန် စစ်တပ်တွင်း အမျိုးသမီးဦးရေ ၄,၀၀၀ နီးပါးရှိပြီး အများစုမှာ ရုံးပိုင်းဆိုင်ရာ နှင့် ဆေးဝါးဌာန တွင် တာဝန်ထမ်းဆောင်နေကြသည်။
    သို့သော် လွန်ခဲ့သော ၁၀ နှစ်ခန့်မှစကာ အမျိုးသမီးများသည် ပါကစ္စတန် ကုန်သွယ်မှု လမ်းကြောင်းများအား ပုန်ကန်သူတို့၏တိုက်ခိုက်မှုမှ ကာကွယ်ရေးတွင် လေကြောင်းဆိုင်ရာ အရာရှိများအဖြစ် အသီးသီး ၀င်ရောက် တာဝန်ယူနေပြီး၊ အကြမ်းဖက် တားဆီးရေးတပ်ဖွဲ့တွင်လည်း လက်ရွေးစင် အမျိုးသမီးဝန်ထမ်း အနည်းငယ်ရှိကြသည်။ သို့သော်လည်း အခြားသော ကမ္ဘာ့အမျိုးသမီး စစ်သည် အများစုအတိုင်း ပါကစ္စတန် အမျိုးသမီးများအား မြေပြင်တိုက်ပွဲများတွင် ပါဝင်ရန် တားမြစ်ထားဆဲပင်ဖြစ်သည်။
    ပါကစ္စတန်လေတပ်တွင် လွန်ခဲ့သော ၅ နှစ်ခန့်က အမျိုးသမီး အယောက် ၁၀၀ ရှိကာ၊ ယခုတွင်မူ ၃၁၆ ယောက်ထိရှိနေပြီဖြစ်သည် ဟု အဘတ်စ်က ပြောသည်။
    “ပါကစ္စတန်မှာ အကြမ်းဖက်မှုများကြောင့် ရှေ့တန်း ကာကွယ်ရေးက အလွန်ကို အရေးကြီးလှပါတယ်။ ဒီကဏ္ဍမှာ လူတိုင်းပါဝင်ဖို့လည်း အရေးကြီးပါတယ်” ဟု အသက် ၂၄ နှစ် အရွယ်ရှိ လေကြောင်းသိပ္ပံ အင်ဂျင်နီယာ အာနမ်ဟာစန် (Anam Hassan) မှ သူမ၏ဆံနွယ်နက်နက်များကို  ဘေ့စ်ဘော ကက်ဦးထုပ်အတွင်း သိမ်း၍ထည့်ကာ   F-16 တိုက်လေယာဉ်တစ်ဦးအတွက် လုပ်ငန်း မစတင်မှီ ပြောကြားခဲ့သည်။
    “လေတပ်ထဲကလူတွေဟာ ဒီအပြောင်းအလဲကို အချိန်တိုတို အတွင်း လက်ခံကြပါတယ်” ဟုလည်း ဆိုလိုက်ပါသည်။
    Ref: Arab News