News @ M-Media

မက္ကဟ်ဝတ်ကျောင်းတော်၌ လမ်းညွှန် အမျိုးသမီးဝန်ထမ်း ၁၀၀၀ ခန့်အပ်မည်

အောက်တိုဘာ- ၂၂
M-Media

A Muslim woman prays at the Baiturrahman grand mosque in Banda Aceh

မက္ကဟ်ဝတ်ကျောင်းတော်ကြီး၏ ဦးစီး အကျိုးတော်ဆောင် ရှိုင်းခ် အဗ်ဒုရ် ရဟ်မာန်း အလ်စုဒိုင်းစ် က ၀တ်ကျောင်းတော်ထံ လာရောက်သည့်အမျိုးသမီးများအား ကူညီရေးအတွက် ဧည့်လမ်းညွှန်အမျိုးသမီး ၀န်ထမ်း တစ်ထောင်ခေါ်ယူရန် ညွှန်ကြားလိုက်သည်။

အမျိုးသမီးဧည့်လမ်းညွှန်ဌာနဒါရိုက်တာ ရှိုင်းခ် အဒဲလ် အလ်ဟမ်ဒန် က အကြီးအမှူး၏အဆိုဖြစ်သော ယာယီဝန်ထမ်းနှင့်အမြဲခန့်ဝန်ထမ်း အမျိုးအစား ၂ ရပ်လုံးပါဝင်သည့် အရည်အသွေးပြည့်မီသော အမျိုးသမီးဝန်ထမ်း ၁၀၀၀ ခန့်အပ်ရေးအပေါ် သဘောတူကြိုဆိုခဲ့သည်။ ထို့ပြင် ယင်းဝန်ထမ်းတို့ကို ဧည့်သည်တို့၏ လိုအပ်ချက်ရှုထောင့် ပေါင်းစုံနှင့်စပ်လျဉ်းသော လမ်းညွှန်ထိန်းကျောင်းရေးသင်တန်းများအား အကြီးအမှူးဖြစ်သူမှ စီမံသွားမည်ဟုလည်း ၄င်းမှ ပြောကြားသည်။

တရားတော်၏လိုအပ်ချက်အရ ဟိဂျာ့ဗ်ဆင်ယင်ရန်၊ ဧည့်သည်အမျိုးသမီးတို့လာရောက်စဉ်ကာလ အခြားပုံဟန်နှင့် ဆင်ယင်ခြယ်သမှုကို ရှောင်ကြဉ်ရန် အပါအ၀င် အကြံပြုလမ်းညွှန်ကူညီမည့် အမျိုးသမီးများသည် ဗိမာန်တော်လှည့်ပတ်သည့်နေရာ၌ အလှည့်ကျလုပ်ကိုင်သွားမည်ဖြစ်ပြီး၊ ၀တ်ပြုမှုအတွင်း အမျိုးသမီးများကို အမျိုးသားများနှင့် ရောထွေးမှုဖြစ်မသွားစေရေး၊ သတ်မှတ်နေရာအတွင်း စံနစ်တကျ စီတန်းပါဝင်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဟု အလ်ဟမ်ဒန် မှ ပြောပြသည်။

Source : Arab news

Comments

Leave a Reply