News @ M-Media

Tag: muslim women

  • ၂။  မီဂါဝတီ ဆူကာနိုပူထရီ – အင်ဒိုနီးရှားသမ္မတ (၂၀၀၁-၂၀၀၄) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    ၂။ မီဂါဝတီ ဆူကာနိုပူထရီ – အင်ဒိုနီးရှားသမ္မတ (၂၀၀၁-၂၀၀၄) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    သြဂုတ် ၉ ၊ ၂၀၁၅
    M-Media
    မင်းထွဋ်ခေါင် စုစည်းတင်ဆက်သည်။

    အင်ဒိုနီးရှားနိုင်ငံရေးသမား မီဂါဝတီ ဆက်သျှဝတီ ဆူကာနိုပူထရီသည် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်တွင် မွေးဖွားခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတရာထူး၌ ၂၀၀၁ ဇူလိုင် ၂၃ ရက်မှ ၂၀၀၄ အောက်တိုဘာ ၂၀ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

    သူမသည် အင်ဒိုနီးရှား၏ အကြီးမားဆုံးနိုင်ငံရေး ပါတီတစ်ခုဖြစ်သော Indonesian Democratic Party of Struggle ၏ ခေါင်းဆောင်၊ ၎င်းပြင် အင်ဒိုနီးရှား၏ ပထမဆုံးသမ္မတ ဆူကာနို၏ သမီးလည်းဖြစ်သည်။

    မီဂါဝတီမှာ လွတ်လပ်ရေးပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး တစ်ဦးတည်းသော အမျိုးသမီးသမ္မတဖြစ်လာခဲ့ပြီး၊ မွတ်စ်လင်မ် အများစု တိုင်းပြည်အား ရှေ့ဆောင်ရှေ့ရွက်ပြုပေးသည့် စတုတ္ထမြောက် အမျိုးသမီးအဖြစ် စာရင်းဝင်ခဲ့သည်။ အဘ်ဒုရ်ရဟ်မာန်း ၀ါဟစ်အတွက် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၁ ခုနှစ်တွင် အဘ်ဒုရ်ရဟ်မာန်း ရာထူးမှဖယ်ရှားခံရသောအခါ သမ္မတနေရာသို့ သူမ ရောက်လာသည်။ ၂၀၀၄ ခုနှစ်ရွေးကောက်ပွဲ၌ သမ္မတနေရာကို ထပ်မံယှဉ်ပြိုင်အရွေးခံသော်လည်း စူစီလို ဘမ်ဘန်း ယူဒိုးယိုနိုအား ရှုံးနိမ့်သွားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်သောအခါ ယူဒိုးယိုနိုကို ထပ်မံ ရှုံးနိမ့်ပြန်ပါသည်။

    ဆက်စပ်ခေါင်းစဉ်များ ဖတ်ရန်

    ၁။ Tansu Çiller – တူရကီဝန်ကြီးချုပ်(၁၉၉၃-၁၉၉၆) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    000_APH2001030540202

    000_APH2001090859158

    000_SAHK981206401620

    000_SAHK990225482130

    000_SAHK991006678710

    000_SAHK991029704510

    000_SAPA990730799840

  • ၁။ Tansu Çiller – တူရကီဝန်ကြီးချုပ်(၁၉၉၃-၁၉၉၆) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    ၁။ Tansu Çiller – တူရကီဝန်ကြီးချုပ်(၁၉၉၃-၁၉၉၆) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    ဇူလိုင် ၂၅ ၊ ၂၀၁၅
    M-Media
    မင်းထွဋ်ခေါင် စုစည်းတင်ဆက်သည်။

     ၁။  တန်စု စစ်လာ Tansu Çiller – တူရကီဝန်ကြီးချုပ်(၁၉၉၃-၁၉၉၆) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ်အမျိုးသမီး ၉ ဦး)

    page_tansu-ciller-28-subat-doneminde-siyaseten-yok-edilmek-istendim_667738205

    တန်စု စစ်လာသည် ၁၉၄၆ ခုနှစ် မေလ ၂၄ ရက်နေ့တွင် မွေးဖွားပြီး တူရကီလူမျိုး စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးပညာရှင် တစ်ဦးဖြစ်သည်။ တူရကီနိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသမီး ၀န်ကြီးချုပ်အဖြစ် ၁၉၉၃ မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ True Path ပါတီခေါင်းဆောင်ဖြစ်နေခြင်းကြောင့် ၁၉၉၆ နှင့် ၁၉၉၇ ခုနှစ်၌လည်း တူရကီဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တစ်ပြိုင်နက်တည်း တာဝန်ယူဆောင်ရွက်ခဲ့သည်။

    ၁၉၉၃ ခုနှစ် တူရကီစစ်တပ်အာဏာသိမ်းမှုကြောင့် တာဝန်ထမ်းဆောင်ဆဲ သမ္မတ Turgut Özal ကွယ်လွန်ပြီးနောက် DYP ပါတီမှ ၀န်ကြီးချုပ် Süleyman Demirel သည် ၁၉၉၃ ခုနှစ် မေလ ၁၆ ရက်တွင် ရွေးကောက်ပွဲအနိုင်ရ၍ သမ္မတဖြစ်လာသဖြင့် ပါတီခေါင်းဆောင်နှင့် ၀န်ကြီးချုပ်နေရာနှစ်ခု ရုတ်တရက် လစ်လပ်သွားသည်။ ပါတီအတွင်း လှုပ်ခတ်မှုများ ဖြစ်ပွားကုန်သည်။ အမျိုးသား အမတ်လောင်းသုံးဦးမှာ အရင်းအမြစ်၊ ကျွမ်းကျင်မှုနှင့် ထောက်ခံအားပေးမှု လုံလုံလောက်လောက် ရှိမနေခဲ့ကြ။ စစ်လာသည် ထင်ရှားသောရွေးကောက်ခံအမတ်တစ်ဦး မဟုတ်သော်လည်း ငယ်ရွယ်ပြီး စွမ်းရည်ရှိသည့် အနောက်တိုင်းအဆင့်မြင့် ပညာတတ်ကျွမ်းသူ ပညာရှင် မြို့ကြီးသူတစ်ဦးဖြစ်နေခဲ့သည်။

    မီဒီယာရော စီးပွားရေး အသိုင်းအ၀ိုင်းကပါ သူမအား ထောက်ခံအားပေးသလို၊ သူမကလည်း တူရကီနိုင်ငံသည် ခေတ်မီတိုးတက်သော မွတ်စ်လင်မ်လူ့အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ကျူးဂုဏ်ယူထားသူဖြစ်သည်။ ဇွန်လ ၂၅ ရက်တွင် အသက် ၄၇ နှစ်အရွယ် စစ်လာသည် ပြိုင်ဖက်များကို ဖြတ်ကျော်ပြီး ပါတီခေါင်းဆောင်နှင့် DYP-Social Democratic Populist Party (SHP) ညွှန့်ပေါင်းအစိုးရ၏ ရွေးချယ်ခံရသော တူရကီနိုင်ငံ၏ ငါးဆယ်ဦးမြောက်  ၀န်ကြီးချုပ်ဖြစ်လာသည်။

    000_APW2001010954825

    000_APW2001011974298

    000_SAPA961214053460

    000_SAPA970513476070

    000_SAPA970627604370

     

    000_SAWH981211419460

     

    000_SAWH990505587910

  • မွတ်စလင်မ် လူဦးရေ ၁၇% သာရှိတဲ့ မောရိသျှနိုင်ငံမှာ သမ္မတဖြစ်လာတဲ့ မွတ်စ်လင်မ် အမျိုးသမီး

    မွတ်စလင်မ် လူဦးရေ ၁၇% သာရှိတဲ့ မောရိသျှနိုင်ငံမှာ သမ္မတဖြစ်လာတဲ့ မွတ်စ်လင်မ် အမျိုးသမီး

    ဇွန်လ ၁၅ ၊ ၂၀၁၅
    M-Media
    president of Mauritius
    အာဖရိကမှာ အမျိုးသမီးသမ္မတသစ်တစ်ဦး ထွက်လာပါပြီ။ သူမက မွတ်စ်လင်မ်ပါ။ အသက် ၅၆ နှစ်ရှိပြီး အမည်နာမကတော့ ဂူရစ်ဗ် ဖကီးမ် ဖြစ်ပါတယ်။ သူမရဲ့ ပန်းတိုင်အရောက်လှမ်းမှုကို တစေ့တစောင်း ကြည့်လိုက်ကြပါစို့။

    ဘုရင်တွေထဲမှာ ဒဿနပညာရှင်ကို ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ဇီဝဗေဒပညာရှင် သမ္မတတစ်ဦးဆိုတာ ကြားဖူးကြပါသလား ? သူကတော့ TED blog မှာ “ရိုးသားနှိမ့်ချတဲ့အပင်တွေထဲ အံ့သြဖွယ်လျှို့ဝှက်ချက်တွေရှိနေတယ်” လို့ စကားလက်ဆောင် ပါးခဲ့သူ အာမီနဟ် ဂူရစ်ဗ် ဖကီးမ် Ameenah Gurib-Fakim ဖြစ်ပါတယ်။ ယခုအချိန် သူမဟာ အာဖရိကကမ်းရိုးတန်း တစ်ဖက်က မောရစ်သျှ ကျွန်းနိုင်ငံငယ်လေးရဲ့ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လာခဲ့ပါပြီ။ မောရစ်သျှပါလီမန်ကနေခန့်အပ်တာဖြစ်ပြီး ဒီနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ မောရစ်သျှကျွန်းနိုင်ငံမှာ မွတ်စ်လင်မ်လူဦးရေ ၁၇ ရာခိုင်နှုန်းသာရှိပါတယ်။ သမ္မတတစ်ဦးအဖြစ် မထင်မှတ်ဘဲ ရောက်လာပုံ၊ အမျိုးသမီးအနေနဲ့ရော ဇီဝဗေဒပညာရှင်အနေနဲ့ပါ သမ္မတဘ၀တက်လှမ်းရပုံကို TED Blog က တွေ့ဆုံမေးမြန်းထားပါတယ်။

    (မေး) နိုင်ငံရေးကိုစိတ်ပါဝင်စားလာအောင် ဘယ်အရာက တွန်းပို့လိုက်ပါသလဲ ?

    (ဖြေ) ပြောပြရမယ်ဆိုရင် ယုံချင်စရာမရှိလောက်ပါဘူး။ ယမန်နှစ်က သက်တမ်းကုန်ဆုံးတော့မယ့်အစိုးရဟာ တာဝန်ပြီးဆုံးတော့မယ့် ၀န်ကြီးချုပ်ကို အခွင့်အာဏာပိုပေးနိုင်ဖို့ ဖွဲ့စည်းပုံစည်းမျဉ်းကို ပြင်ဆင်လိုခဲ့တယ်။ ဒီအပေါ် အတိုက်အခံပါတီက “ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်စုံတစ်ရာပြောင်းလဲဖို့ ကျွန်တော်တို့ မလိုလားပါဘူး။ ကျွန်တော်တို့အနေနဲ့ အမျိုးသမီးသမ္မတတစ်ဦးကို အဆိုပြုသွားမှာဖြစ်တယ်” လို့ ပြောကြားခဲ့တယ်။

    ကျွန်မကို သူတို့ကမ်းလှမ်းတဲ့အခါ “ကျွန်မကိုကျွန်မ နိုင်ငံရေးသမားလို့ မထင်ပါဘူး။ အဲ့ဒီ ကစားပွဲထဲကိုလည်း ၀င်ရောက်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။ သမ္မတရာထူးဟာ ဒီနိုင်ငံအဖို့ ဒီလောက်အလုပ်များမြောင်မှုမရှိပေမယ့် တာဝန်ကတော့ ကြီးမားလှပါတယ်။ “ကျွန်တော်တို့က ခင်ဗျားကို အဲ့ဒီနေရာမှာ ရှိနေယုံပဲ လိုချင်တာပါ။ ယှဉ်ပြိုင်အရွေးခံစရာ မလိုဘူး။ လိုအပ်တာမှန်သမျှ ကျွန်တော်တို့ ဆောင်ရွက်ပါမယ်” လို့ သူတို့ကပြောတော့ ကျွန်မကလည်း “ကောင်းပြီလေ၊ လုပ်လိုက်ကြတာပေါ့” ဆိုပြီး (ခပ်ပေါ့ပေါ့ပဲ)ပြောလိုက်မိပါတယ်။ ဘယ်နည်းနဲ့မဆို သူတို့ရှုံးနိမ့်လိမ့်မယ်လို့ ကျွန်မ အတွေးတိမ်စွာ ထင်မှတ်ထားခဲ့မိတယ်။ ဂိုးလိယက်နဲ့ရင်ဆိုင်တဲ့ ဒေးဗစ်လို ဖြစ်စဉ်လိုမျိုးပေါ့။ အံ့သြလိုက်တာ။ သူတို့ဟာ မထင်မှတ်လောက်အောင် မဲ အပြတ်အသတ်နဲ့ နိုင်သွားတယ်ရှင့်။ TEDGlobal ကနေ ကျွန်မပြန်လာတော့ ပွဲကပြီးနေပြီ။ ဒီတော့လည်း ကျွန်မ ဒီနေရာကို ရောက်လာခဲ့ရပါတယ်”။

    ပါတီကအနိုင်ရသွားချိန်မှာ လက်ရှိသမ္မတက သူ့ရာထူးသက်တမ်းဟာ ၂၀၁၇ ခုနှစ် အထိပါလို့ ပြောကြားပါတယ်။ ဒါကြောင့် “ကောင်းတာပေါ့။ ကျွန်မအတွက် ပြင်ဆင်ချိန် ကောင်းကောင်းရသွားတာပေါ့” လို့ တွေးထားမိတယ်။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက် သောကြာနေ့မှာ နှုတ်ထွက်သွားပါတယ်။ ဒါက သမ္မတနေရာကို လူထုအားနဲ့ တွန်းပို့ခံရပုံ ကျွန်မရဲ့ဇာတ်လမ်းပါပဲရှင်။

    (မေး) လက်ရှိသမ္မတက နှုတ်ထွက်လိမ့်မယ်လို့ ကြိုသိထားပါသလား ?

    (ဖြေ) စဉ်းတောင်မစဉ်းစားမိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဒီသတင်းအစွန်းအစ စကြားရတယ်။ သောကြာနေ့ကျတော့ သူ့ဖာသာသူ နှုတ်ထွက်သွားခဲ့တာပါ။ “ခင်ဗျားကို အမြန်ဆုံးခန့်အပ်လိုက်ဖို့ ကျွန်တော်တို့ လိုအပ်တယ်” လို့ ကျွန်မရဲ့ပါတီက ပြောကြားခဲ့ပါတယ်။

    ကံကောင်းထောက်မစွာနဲ့ ဒီနိုင်ငံမှာ သမ္မတက ဖွဲ့စည်းပုံစည်းမျဉ်းရဲ့ဒေါက်တိုင် ဖြစ်နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သူ၊ စစ်တပ်မရှိသော်လည်း စစ်ဦးစီးချုပ်(ပါလီမန် အုပ်ချုပ်ရေး အကြီးအကဲ)လည်း ဖြစ်ရပါတယ်။ ဒီဘောင်ထဲကနေ အခြားအရာတွေ ပြုလုပ်ဆောင်ရွက်ဖို့ အခွင့်အာဏာအပြည့်အ၀ ရှိနေပါတယ်။

    သိပ္ပံနဲ့နည်းပညာဆိုင်ရာ ပညာရှင် အစုအဝေးတွေကို ကျွန်မ အားပေးမြှင့်တင်ချင်ပါတယ်။ TEDGlobal မှာကတည်းက ကျွန်မတို့ဟာ မောရစ်သျှ ဇီဝဗေဒဗိမာန်ကို ဖွင့်လှစ်ခဲ့တယ်။ အဲ့ဒါက ဒီကဏ္ဍမှာ ကမ္ဘာ့ပထမဆုံးနည်းပညာရှင်အစုအဝေးဖြစ်ပါတယ်။ ကျွန်မတို့ဆီမှာ ၀န်းရံပေးမယ့်သူတွေ၊ ကိုင်တွယ်လည်ပတ်မယ့် ပညာရှင်အဖွဲ့တွေ အင်မတန် နည်းပါးနေသေးတယ်။ ဒါပေမယ့် ပိုမိုများပြားလာဖို့ အလားအလာကောင်း တစ်ရပ် ရှိလာရပါပြီ။ နောက်ထပ် ကျွန်မ ဦးတည်လိုတဲ့ကဏ္ဍကတော့ သဘာဝ ပတ်ဝန်းကျင်ရေးရာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုက ကျွန်မတို့အတွက် အလွန် အရေးကြီးကြောင်း ခံစားသိရှိနိုင်ကြမှာပါ။ ပြင်းထန်အားကောင်းတဲ့ မုန်တိုင်းတွေကို ကျွန်မတို့ မြင်တွေ့နေကြရတယ် မဟုတ်လား။ ကောင်းကောင်းကြားနိုင်အောင် အသံကျယ်ကျယ် လွှင့်ဖို့ လိုပါတယ်။ ဗဟုဇီဝမျိုးစိတ်နယ်ပယ်ထဲ ထက်သန်လှုပ်ရှားသူတဖြစ်လဲ မောရစ်သျှရဲ့ကိုယ်ပိုင်မူဟန်အနေနဲ့ အရာရာအားလုံးရဲ့ ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားပါမယ်။

    ဒါကြောင့် ကျွန်မတို့က ပညာရေးကို အထူးမျက်ခြေမပြတ် ရှိရပါမယ်။ ဒါ့အပြင် ကျွန်မရဲ့ပါတီကို စီးပွားရေးအခွင့်အလမ်းမှာ စူးစိုက်ခိုင်းထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းမွန်တဲ့စီးပွားရေးရှိရင် အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးတွေလည်း လိုက်ပြီး ကောင်းမွန်တိုးတက်လာမှာမို့လို့ပါပဲ။ ကျွန်မတို့ဆီမှာ အခမဲ့ပညာရေးစနစ်နဲ့ အခမဲ့ကျန်းမာရေးဝန်ဆောင်စနစ်လည်း ရှိနေပါတယ်။
    president of Mauritius 2
    (မေး) ဇီဝဗေဒပညာရှင်တစ်ဦးအနေနဲ့ သမ္မတနေရာကနေ ကွဲပြားခြားနားတဲ့အမြင်တစ်ရပ်ကို ဖော်ဆောင်ချပြသွားမှာလား ?

    (ဖြေ) အမျိုးသမီးဇီဝဗေဒပညာရှင်ဆိုတဲ့အချက်ကို ပိုပြီး နှလုံးသွင်းထားပါတယ်။ ကျွန်မဟာ မှန်လုံခန်းကနေ ဖောက်ထွက်လာခဲ့ပြီးပါပြီ။ ဒါဟာ အမျိုးသမီးငယ်တွေ၊ မိန်းကလေးတွေကို ပို့ဆောင်ပေးရမယ့် အဓိကသတင်းစကားတစ်ရပ်ဖြစ်ပါတယ်။
    လူငယ်တွေဟာ သိပ္ပံပညာတွေကို တစ်စစ ကျောခိုင်းနေကြတယ်။ ဒါကြောင့် သိပ္ပံလေ့လာရေး၊ သိပ္ပံပညာအပေါ်စိတ်ပါဝင်စားလာရေးကို တိုးမြှင့်ဖော်ဆောင်ပေးသူ စံပြအမျိုးသမီးဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ “အမျိုးသမီးဆိုလည်း
    မဖြစ်ဖြစ်အောင်လုပ်နိုင်ပါတယ်” လို့ လူတွေကို ကျွန်မ ပြောကြားချင်ပါတယ်။

    (မေး) ပထမဆုံးအမျိုးသမီးသမ္မတတစ်ဦးဖြစ်လာခြင်းက ထူးခြားတဲ့ခံစားမှု ဖြစ်စေပါသလား ?

    (ဖြေ) သိပ်ဖြစ်ရတာပေါ့ရှင်။ မောရစ်သျှနဲ့ အာဖရိကတိုက်အတွက် တော်တော့်ကို ကြီးကြီးမားမား ခံစားရပါတယ်။ အာဖရိကမှာ တိုင်းပြည်ကို ပဲ့ထိန်းမောင်းနှင်သူအမျိုးသမီး များများစားစား မရှိကြဘူး။ ကမ္ဘာနဲ့ချီပြီးပြောရင်လည်း အလားတူအတိုင်း အမှန်ဖြစ်နေတယ်။ ဒါကြောင့် ဒါဟာ သမိုင်းအပြောင်းအလဲလို့ ဆိုနိုင်ပါတယ်။

    မောရစ်သျှမှာ ဖိုဝါဒဆန်လွန်းတဲ့လူ့အဖွဲ့အစည်းထဲ ကျွန်မတို့ နေထိုင်ရှင်သန်နေကြတယ်။ ကျွန်မရဲ့အပျိုရွယ်ဘ၀မှာ ကံကောင်းခဲ့ ပါတယ်။ ကျွန်မ ပညာရေးလမ်းကြောင်း လျှောက်လှမ်းဖို့ ဖခင်ဖြစ်သူက ကန့်ကွက်မှု အလျဉ်း မလုပ်ခဲ့လို့ပါ။ ကျွန်မ ငယ်စဉ်အချိန်က လွတ်လပ်စွာ ပညာသင်ကြားခွင့် မရှိခဲ့ဘူး။ ဒါကြောင့် မိန်းကလေးများစွာကလည်း အလေးမထားခဲ့ကြဘူး။ ၁၉၇၆ ခုနှစ်နောက်ပိုင်းမှာတော့ ကျောင်းတက်တဲ့ မိန်းကလေးတွေ တစ်စထက်တစ်စ များပြားလာကြတယ်။ ဒါပေမယ့် သက်မွေးဝမ်းကျောင်း အဆင့်ထိ မတက်လှမ်းနိုင်ဘဲ တစ်ဝက်တစ်ပျက်မှာ လမ်းပျောက်ကုန်ကြတယ်။ ယိုပေါက်ရှိနေတဲ့ ရေပိုက်လိုမျိုးလို့ ကျွန်မ ဥပမာပေးချင် ပါတယ်။ စာသင်ခန်းထဲရောက်လာတဲ့ မိန်းကလေးတွေ အများအပြားပါပဲ။ သို့ပေမယ့် အချိန်တန်တဲ့ အခါ ရေပိုက်ရဲ့အခြားတစ်ဖက်ကို ကြည့်လိုက်ရင် ကျန်ရစ်နေခဲ့သူဆိုလို့ မတွေ့ရသလောက် ဖြစ်သွားပါတယ်။ ဒီယိုပေါက်ကို ဘယ်လိုဖာထေးမလဲဆိုတာ ကျွန်မတို့ မြင်အောင်ကြည့်တတ်ရပါမယ်။ အဲ့ဒီအချက်နဲ့ပတ်သက်ပြီး ကျွန်မ စီစဉ်ထားတဲ့ ပုံဟန်အများအပြား ရှိပါတယ်။ ဒါဟာ ကျွန်မ စိတ်လှုပ်ရှားခံစားမိစေတဲ့ အကြောင်းရင်းများထဲက တစ်ခုပါပဲ။

    (မေး) ကနဦးပိုင်းက မောရစ်သျှရဲ့ကိုယ်ပိုင်မူဟန်လို့ ပြောခဲ့တယ်နော်။ အဲ့ဒါကို ရှင်းပြပေးနိုင်မလား ?

    (ဖြေ) ဖြေးဖြေးနဲ့မှန်မှန်တည်ဆောက်ပြီး ပြန်လည်မွမ်းမံတည်ဆောက်ခြင်းက မောရစ်သျှရဲ့ကိုယ်ပိုင်မူဟန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ ကမ္ဘာ့နေရာအနှံ့အပြားကနေ ရောက်လာတာမို့လို့ပါ။ ကျွန်မတို့ရဲ့ပြည်သူတွေထဲမှာ အိန္ဒိယ၊ အာဖရိကန်၊ တရုတ်၊ ဥရောပနွယ်ဖွားတွေ ပါဝင်ပေါင်းစည်းနေကြတယ်။ သက်ဆိုင်ရာ လူမျိုးစွဲတွေရှိကြတယ်။ ငါတို့ဟာ “မောရစ်သျှနိုင်ငံသား” ဆိုတာကို မတ်လ ၁၂ ရက် လွတ်လပ်ရေးနေ့ကျင်းပချိန်၊ နိုင်ငံတော်အလံနဲ့သီချင်းတွေကို ၀ိုင်းရံသီဆိုချိန်လောက်မှာသာ သတိတရဖြစ်ကြတယ်။ နောက်တစ်နေ့ ကူးရင် ဒီအဖြစ်ကို မေ့လျော့သွားပြန်ရော။ ဒါကြောင့် တစ်နည်းနည်းနဲ့ ထောင့်စေ့အောင် (ပြန်လည်ပြုပြင်) တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ ပြောရတာပါ။

    တကယ်ကောင်းတဲ့ အလေ့အထတွေလည်း ရှိကြပါတယ်။ ကျွန်မတို့နိုင်ငံမှာ သဘာဝသယံဇာတတွေ မရှိသော်ငြား တစ်ဦးချင်းဝင်ငွေကတော့ အာဖရိကမှာ အမြင့်မားဆုံးဖြစ်နေပါတယ်။ ကျွန်မတို့ဆီမှာ လူမျိုးပေါင်းစုံ ရှိတယ်။ ယေဘူယျအားဖြင့် ခိုင်မာအားကောင်းတဲ့ လူမှုဆက်ဆံရေးကွန်ရက်ကို ဖော်ဆောင်ထားပြီးလည်းဖြစ်တယ်။ ဒီအစဉ်အလာကောင်းကို ကမ္ဘာသိအောင် လုပ်ကြရပါမယ်။ ဒီအချက်ကို လွန်ခဲ့တဲ့နှစ်ပိုင်းတွေအထိ ပီပြင်အောင် မဆောင်ရွက်နိုင်သေးဘူးလို့ ကျွန်မ မြင်ပါတယ်။

    ကျွန်မတို့ဆီမှာ တစ်စုတစ်စည်းသော ဗဟုဇီဝမျိုးနွယ်အုပ်စုတွေ ရှိထားတယ်လေ။ ဒါကို ရေရှည်တည်တံ့မယ့်ဖွံ့ဖြိုးရေးနဲ့အတူ စီးပွားရေးအခွင့်အလမ်းအဖြစ် အသွင်ပြောင်းလဲလိုက်လို့ ရနိုင်ပါတယ်။

    (မေး) သမ္မတဖြစ်ခြင်းက ခင်ဗျားရဲ့နေ့စဉ်ဘ၀ကို ပြောင်းလဲစေမယ်လို့ ထင်မြင်ထားပါသလား ?

    (ဖြေ) ကျွန်မဟာ ခရီးထွက်ကြမ်းသူပါ။ ဒီ(သမ္မတဘ၀)က ကျွန်မရဲ့ အတောင်ပံတွေကို ကွပ်ညှပ်ထားပါတော့မယ်။ ကျွန်မရဲ့မိသားစုကလည်း သွားလာမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုလာပါတော့မယ်။ လွန်ခဲ့တဲ့ငါးလလောက်ကတည်းက ကျွန်မသာ သမ္မတ ဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးမျိုး တွေးနေခဲ့ကြပါလိမ့်မယ်။ ကျွန်မရဲ့အမည်နဲ့တစ်ကွ ပါတီ အနိုင်ရသွားတာနဲ့ ဘယ်လိုရှေ့ဆက်မယ်ဆိုတာ ကျွန်မတို့ နားလည်ခဲ့ပြီး ဖြစ်ပါတယ်။

    (မေး) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းအပေါ်မှာ ဘယ်အရာတွေကို စိတ်အလှုပ်ရှားဆုံး ဖြစ်ရပါသလဲ ? ဘယ်အရာနဲ့ပတ်သက်ပြီး ပူပန်မှု ရှိနေပါသလဲ ?

    (ဖြေ) စိုးတထိတ်ထိတ်ပါပဲရှင့်။ ဧရာမတာဝန်ကြီးတစ်ရပ် ဖြစ်နေလို့ပါ။ ကျွန်မ ဖြစ်အောင်ကြိုးစားလုပ်မယ့်အရာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှုတွေ အများကြီး လိုအပ်ပါတယ်။ ကျွန်မက သိပ္ပံပညာရှင်ပါ။ ဒါကြောင့် မြင်တဲ့အတိုင်း
    ပြောဆိုတတ်ပါတယ်။ သမ္မတတစ်ဦးအနေနဲ့ကတော့ အဆပေါင်းများစွာ ပိုပြီး သံတမန်ဆန်ဆန် ပြုမူကျင့်သုံးဖို့၊ အနုစိတ်ကရုတစိုက်ရှေ့ဆက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

    xxxxxxxxxxxxxxxxxxxxxxxxxxx

    Ref : There’s a new female president in Africa, and she’s Muslim ; Aquila Style
    ဘာသာပြန် – မင်းထွဋ်ခေါင်

  • အာကာသရောက် ကမ္ဘာ့ပထမဆုံး မွတ်စ်လင်မ်အမျိုးသမီး အန်နုရှားဟ် အန်ဆွာရီ

    အာကာသရောက် ကမ္ဘာ့ပထမဆုံး မွတ်စ်လင်မ်အမျိုးသမီး အန်နုရှားဟ် အန်ဆွာရီ

    မေ ၂၁ ၊ ၂၀၁၅
    M-Media

    The world's first woman space tourist Anousheh Ansari smiles at the Baikonur cosmodrome in Kazakhstan, early 18 September 2006. The Russian-made Soyuz rocket left the Russian base in Kazakhstan at 0408 GMT, carrying a Soyuz TMA-9 capsule and its three passengers: Iranian-born US citizen and millionaire tourist Ansari, NASA's Michael Lopez-Alegria and Russian cosmonaut Mikhail Tyurin.  AFP PHOTO / MAXIM MARMUR
    ကလေးအရွယ်က ကြယ်တာရာများအကြား လမ်းလျှောက်ခြင်းကို အိပ်မက်မက်ခဲ့သူ အီရန်နွယ် အမေရိကန်မိန်းကလေးငယ်သည် ယခုအခါ စွန့်ဦးတီထွင် နည်းပညာလုပ်ငန်းရှင် တစ်ဦးဖြစ်လာပြီး အာကာသခရီးစဉ် တစ်ရပ်ဖြင့် သူမ၏အိပ်မက်ကို အကောင်အထည်ဖော်ခဲ့လေပြီ။

    လွန်ခဲ့သော ၈ နှစ်က အန်နုရှားဟ် အန်ဆွာရီသည် ပထမဆုံး အာကာသခရီးသွားသူဖြစ်လာခြင်းကြောင့် သတင်းခေါင်းကြီးပိုင်းတွင် ဖော်ပြခံရသည်။ သူမ၏အသက် ၄၀နှစ်ပြည့်မြောက်ပြီး ရက် အနည်းငယ်အကြာ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာ ၁၈ရက်တွင် သူမသည် နိုင်ငံတကာ အာကာသစခန်းသို့ ရုရှားအာကာသယာဉ် Soyuz TMA-9 ဖြင့်သွားသော ၈ ရက်တာ အာကာသလေ့လာရေး ခရီးစဉ်၏ အဖွဲ့ဝင်သုံးဦးအနက် ပါဝင်ခဲ့သည်။ အန်နုရှားဟ်ကို ဂျပန်မှ သီးသန့်အာကာသခရီးသည် ဒိုင်ဆူကဲ အီနိုမိုတို အတွက် အရံလူ အဖြစ် သင်တန်း တက်ရောက်ရန် ဖိတ်ကြားထားခဲ့ပြီးဖြစ်၏။ နောက်ဆုံးတွင် ထိုသူသည် ဆေးစစ်ချက် ကျရှုံးသဖြင့် အန်နုရှားဟ်မှ အဖွဲ့သားထဲ ပါဝင်နိုင်ခဲ့သည်။

    U.S. entrepreneur Anousheh Ansari (C), due to become the first female space tourist, enjoys flying in a zero-gravity simulator, a Russian IL-76 MDK aircraft better known as the Flying Laboratory in Star City, outside Moscow, 27 July 2006. AFP PHOTO / MAXIM MARMUR

    သူမသည် ပညာတတ် ပါရမီရှင် မွတ်စ်လင်မ် အမျိုးသမီးတစ်ဦးအဖြစ် ကမ္ဘာ့ အသိအမှတ်ပြုသူ စာရင်းတွင် ပါဝင်နေပြီး သူမ၏ အတွေ့အကြုံအား သူတစ်ပါးတို့ထံ ပြန်လည်ဝေမျှပေးနေသူဖြစ်သည်။ သူမ၏ထင်ရှားသောခရီးစဉ်က သူမ၏အီရန်လူမျိုးများသာမက ကမ္ဘာတစ်ဝှန်းရှိ ပရိသတ်ကြီးငယ် အပေါင်းကို ဖမ်းစားနိုင်ခဲ့သည်။ ခရီးစဉ်အတွင်း စာရေးသားလိုက်ရာ နိုင်ငံတကာ အာကာသစခန်းမှ ပထမဆုံး ဘလော့ဂ်ရေးတင်သူ ဖြစ်ခဲ့၍ သူမ၏၀က်ဘ်ဆိုဒ်ပေါ် ပရိသတ်တို့၏ အားပေးချီးကျူးခြင်း မှတ်ချက်များ တဖွဲဖွဲဝင်ရောက်လာခဲ့သည်။

    “ ဟဲလို ….. ကမ္ဘာကြီးရေ။ ဒီစာကို ဘယ်သူ ဖတ်ရှုနေမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ဖတ်ရှုသူဟာ ကျွန်မ ဘယ်သူဆိုတာ စပ်စုချင်တဲ့ ချာတိတ်မလေး တစ်ယောက် ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ သတင်းစာမျက်နှာပေါ်က ကျွန်မရဲ့ပုံကို နှစ်သက်သူ လူရွယ်လေး တစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။ အာကာသဟင်းလင်းပြင်ထဲ ပျံသန်းခြင်းကို ထာဝစဉ်အိပ်မက်မက်နေပြီး အိပ်မက် အကောင်အထည်ပေါ်လို့ ဖြစ်ပေါ်လာတဲ့ခံစားချက်ကို သိချင်နေသူတစ်ဦးလည်း ဖြစ်ချင်ဖြစ်နေမယ်လေ” ဟု သူမက ရေးသားခဲ့သည်။

    ခရီးမစတင်မှီ ကြိုတင်ဆေးဝါးကုသမှု ခံယူခြင်း၊ နိုင်ငံတကာ အာကာသစခန်း ISS ၌ ရှိနေစဉ်အချိန်နှင့် နောက်ပိုင်းကာလအတွင်း သူမ၏ အာကာသခရီးစဉ် အတွေ့အကြုံများကို အန်နုရှားဟ်သည် သူမ၏ဘလော့ဂ်၌ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ မနားတမ်းဆက်တိုက်ပင် အသေးစိပ်ရေးသားဖော်ပြခဲ့သည်။ လက်ခံချီးမွှမ်းမှုများ၊ မီဒီယာ၏ အလေးထားမှုများ ရရှိခဲ့ပြီး ဤထူးခြားခရီးစဉ်အတွင်း ကဏ္ဍအချို့နှင့်ပတ်သက်၍ သူမ၏အတွေ့အကြုံများကို ထုတ်ဖော်ရန် မီဒီယာများမှ တွန်းအားပေးခြင်း ခံရသည်။

    “ဒါက ကျွန်မဘ၀မှာ ပထမဆုံးရေးဖူးတဲ့ ဘလော့ဂ်ဖြစ်ပါတယ်။ ကျွန်မက ခပ်လျှိုလျှိုနေလေ့ရှိသူပါ။ ဒါပေမယ့်လည်း ကျွန်မဘ၀ရဲ့(ဒီ)ဖြစ်စဉ် အတွေ့အကြုံကို ပြင်ပလူအားလုံးဆီ ဝေမျှပေးအပ်တယ်လို့ ခံစားမိခဲ့လို့ ရေးသား ထုတ်ဖော်ခြင်းသာဖြစ်ပါတယ်”။

    Crewmembers of Russia's Soyuz TMA-9 space vessel, US astronaut Michael Lopez-Alegria (L), US entrepreneur Anousheh Ansari (C), the first woman space tourist, and Russian cosmonaut Mikhail Tyurin smile near a hotel at the Baikonur cosmodrome, 05 September 2006. The flight of the world's first woman space tourist to the International Space Station (ISS) will be delayed for four days and rescheduled for 18 September 2006 due to delays in launching the US space shuttle.  AFP PHOTO / STRINGER

    အလွန်ထူးခြားထင်ရှားသူ အမျိုးသမီးတို့၏ဇာတ်လမ်း အတိုင်းပင် သူမ၏အာကာသ ခရီးစဉ်သည်လည်း အငြင်းပွားစရာ လုံးလုံးလျားလျား ကင်းလွတ်သည်မရှိခဲ့ပါ။ မီဒီယာနှင့်လူထုအတွင်း လူများစွာအတွက် သူမသည် သူရဲကောင်းတစ်ဦး၊ စွမ်းဆောင်ရည်မြင့်ပါရမီရှင် အမျိုးသမီးအခန်းကဏ္ဍ၌ အားကျခံရသူ တစ်ဦးဖြစ်ခဲ့သည်။ သို့သော်လည်း အခြားတစ်ဖက်၌မူ သူမကို အီရန်နွယ်ဖွားအမေရိကန်သူ သူကြွယ်မတစ်ဦးမှ ငွေဖြုန်းတီးခြင်းဟု မြင်ကြသည်။ သူမသည် အာကာသခရီးစဉ် အတွင်းလိုက်ပါရန် အမေရိကန်ဒေါ်လာ သန်း ၂၀ ပေးခဲ့ရသည်ဟု ခန့်မှန်းကြသည်။ ထိုငွေများကို ကမ္ဘာ့စားနပ်ရိက္ခာပြဿနာ ဖြေရှင်းရေး ကိစ္စများတွင် အသုံးပြုပါက ပိုကောင်းကြောင်း အချို့က ဝေဖန်သုံးသပ်သည်။ ဘလော့ဂ်ထဲတွင် ဝေဖန်ချက်များ အပေါ် သူမက ကြောင်းကျိုးကျကျ တည်ငြိမ်ရိုးစင်းစွာ တုံ့ပြန်ခဲ့ပြီး၊ မိမိ၏ ကိုယ်ပိုင်ချွေးနှဲစာကို မိမိ(စိတ်ကြိုက်)သုံးနိုင်သည့် အခွင့်အရေးရှိသည်ဟု ထင်မြင်ကြောင်းလည်း ဆိုခဲ့သည်။

    “ကျွန်မရဲ့ငွေတွေ ဘယ်ကရောက်လာသလဲ၊ စွန့်စားမှုတစ်ပုံတစ်ပင်နဲ့အတူ ကျွန်မ၊ ကျွန်မမိသားစုဝင်တွေရဲ့ ပေးဆပ်မှု များစွာအပေါ် ပြင်းပြင်းထန်ထန်အလုပ်ကြိုးစားမှုက ရရှိလာတာပါ။ မိမိရဲ့ချွေးနှဲစာကို မိမိကိုယ်တိုင်အသုံးပြုဖို့ ဆုံးဖြတ်နိုင်ခွင့် မရှိတော့ဘူးလား ? ရှိရမယ်လို့ ကျွန်မထင်ပါတယ်။ (ဒီလိုလုပ်ခြင်းက) ကမ္ဘာ့ဒုက္ခသည်အားလုံးကို ဂရုမစိုက်ဘဲ တစ်ကိုယ်ကောင်းဆန်ရာ ရောက်နေလို့လား ?  ဒါဆိုရင်တော့ ကျွန်မ အကြောင်းကို ပိုသိအောင်လုပ်ပြီးမှ ဆုံးဖြတ်ဖို့လိုအပ်ပြီလို့သာ ကျွန်မ ဆိုရပါလိမ့်မယ်။ ဒါ့အပြင် ကျွန်မ စဉ်းစားမိပါသေးတယ်။ ငတ်မွတ်နေတဲ့လူများစွာဟာ စားရေရိက္ခာ မရှိလို့ သို့မဟုတ် အခြားနိုင်ငံများရဲ့အကူအညီ မရှိလို့ ဆိုတာကြောင့် မဟုတ်ဘူး။ စင်စစ်မှာက ငတ်မွတ်နေတဲ့ အဲ့ဒီကလေးငယ်တွေရဲ့လက်ထဲ စားရေရိက္ခာတွေ ထိထိရောက်ရောက် နည်းမှန်လမ်းမှန် မရောက်ရှိနိုင်လို့ပဲဖြစ်ပါတယ်”။

    US entrepreneur Anousheh Ansari, the first female space tourist, smiles prior her examination at a Cosmonaut Training Centre in Star City, outside Moscow, 24 August 2006. Ansari will take Japanese Daisuke Enomoto's place on the Soyuz capsule taking off on September 14 from Russia's Baikonur cosmodrome in Kazakhstan. Japan's first would-be space tourist, Daisuke Enomoto, has failed a medical test and will not be allowed to travel to space next month as scheduled. AFP PHOTO / MAXIM MARMUR

    အာကာသခရီးသွားမည့်နောက်ဆုံးအဆင့်တွင် သူမ၏၀က်ဘ်ဆိုဒ်နှင့်ဘလော့ဂ်ပေါ် လူထု၏ထောက်ခံ အကြောင်းကြားစာများ ရေးတင်ခြင်း၊ သူမ၏စွမ်းဆောင်ရည် အတွက် လူထုစုရုံး ဂုဏ်ပြုခြင်းတို့ကို အီရန်နိုင်ငံပိုင်မီဒီယာမှ တခမ်းတနား ဖော်ပြခဲ့ကြောင်း New York Times ၏အဆိုအရ သိရသည်။

    သူမ၏ ၂၀၀၆ ခုနှစ် ISS အလည်အပတ် ခရီးစဉ်အပေါ် အများ၏ဦးစားပေးမှုကို စဉ်ဆက်မပြတ် ရရှိခဲ့၏။ သူမသည် အာကာသရောက် ပထမဆုံးမွတ်စ်လင်မ်အမျိုးသမီး၊ ပထမဆုံး အီရန် အမျိုးသမီးသာမက တစ်သီးပုဂ္ဂလအာကာသစူးစမ်းလေ့လာသူ အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။ သို့တစေ သူမ၏ ၀က်ဘ်ဆိုဒ်၌ မွတ်စ်လင်မ် အမျိုးသမီးဖြစ်ခြင်းအကြောင်းကို မဆိုစလောက်သာ ဖော်ပြခဲ့သည်။ သူမ၏ယနေ့ဘ၀ကို အီရန်အမျိုးသမီးဖြစ်ခြင်း၏ ပုံရိပ်လွှမ်းမိုးမှု မည်သို့ရှိသနည်းဟု မေးမြန်းရာ သူမသည် သူမ၏ကျောထောက်နောက်ခံ ယဉ်ကျေးမှုကိုလည်းကောင်း၊ ဘ၀ရေးရာပေါ်သက်ရောက်သည့် ဘာသာရေး အခန်းကဏ္ဍကိုလည်းကောင်း မဖော်ပြဘဲ ဖြေကြားသွားခဲ့သည်။

    “ကျွန်မက အီရန်နိုင်ငံဖွား အမေရိကန်နိုင်ငံသူ တစ်ဦးပါ။ နိုင်ငံနှစ်ခုစလုံးက ကျွန်မဘ၀ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ကျွန်မရဲ့ခြေကုပ်က အီရန်ဖြစ်ပြီး၊ အီရန်မှာ မရရှိခဲ့ဖူးတဲ့ အခွင့်အလမ်းကို အမေရိကန်နိုင်ငံက ပေးခဲ့တာပါ။ အဲ့ဒီအခွင့်အလမ်းနဲ့ ကျွန်မရဲ့အိပ်မက် ပုံပေါ်လာခဲ့ရပါတယ်။ အလားတူစွာပဲ ကျွန်မရဲ့အီရန် အမွေအနှစ်ဟာ ကျွန်မ ဦးတည်စူးစိုက်ရမယ့် ပညာရေးအမြင်နဲ့ အားကောင်းတဲ့လုပ်ငန်းပိုင်း ကျင့်ဝတ်တွေကို ကျွန်မရဲ့နေ့စဉ်ဘ၀ထဲ စိမ့်ဝင်စေခဲ့ပါတယ်”။

    Space tourist Daisuke Enomoto of Japan (R) and U.S. entrepreneur Anousheh Ansari (L), due to become the first female space tourist, have training session in Soyuz space simulator in Star City outside Moscow, 03 July 2006. AFP PHOTO / MAXIM MARMUR

    စာရေးဆရာ Homer Hickman နှင့်အတူရေးသားသော သူမ၏စာအုပ် “My Dream of Stars: From Daughter of Iran to Space Pioneer”ကို ၂၀၁၀ ခုနှစ်ကထုတ်ဝေခဲ့သည်။ ၎င်း၌ သူမ၏မွေးရပ်မြေ အီရန်နိုင်ငံ၊ မရှဒ် Mashad မှသည် ISS သို့လွှတ်တင်ထွက်ခွာရာ ကာဇက်စတန်၊ ဘိုင်ကိုနူးရ်အထိ ခရီးစဉ်ကို နှစ်လိုစဖွယ်အမှတ်တရရေးဖွဲ့ထားသည်။

    သူမ၏ ကလေးဘ၀အိပ်မက်က သူမအား ခိုင်မာသောပညာရေးတစ်ရပ်ထံ တွန်းပို့ပေးခဲ့သည်။ သို့နှင့် George Mason တက္ကသိုလ်မှ အီလက်ထရောနစ်နှင့် ကွန်ပျူတာအင်ဂျင်နီယာသိပ္ပံဘွဲ့ကိုလည်းကောင်း၊ George Washington တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာ ဘွဲ့လွန်ကိုလည်းကောင်း ရရှိထားသည်။ စွန့်ဦးတီထွင်တတ်သည့်စိတ်ဓာတ်နှင့် တွဲမိလေသောအခါ သူမ၏နောက်ခံပညာရေးက သူမ၏ အာကာသခရီးစဉ် အိပ်မက်အား ဖြည့်စွမ်းမည့်လမ်းကြောင်းကို ပေးခဲ့လေသည်။

    သို့ဖြစ်ရာ သူမနှင့် သူမ၏ခင်ပွန်း ဟာမစ်ဒ် တို့သည် တို့၏အောင်မြင်သောလုပ်ငန်းလမ်းကြောင်းများအပေါ်မှ သီးခြားနည်းပညာ လုပ်ငန်းစုကြီးနှစ်ရပ်ကို တည်ထောင်နိုင်ခဲ့ကြောင်း နားလည်မည်ဆိုလျှင် ထူးဆန်းအံ့ဖွယ်ဖြစ်နေလိမ့်မည် မဟုတ်ပါလေ။ သူမ၏အာကာသခရီးစဉ်သည် Prodea System နည်းပညာလက်လီရောင်းဝယ်ကုမ္ပဏီ စတင်ခြင်းနှင့် တိုက်ဆိုင်သွားပြီး လက်ရှိအချိန်ထိ သူမသည် ယင်းကုမ္ပဏီ၏ တွဲဖက်တည်ထောင်သူ၊ စီအီးအိုနှင့် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

    The world's first female space tourist Anousheh Ansari (R) looks at her husband Hamid, after the landing of the Russian "Soyuz TMA-8" space capsule not far from Kazakh town of Arkalyk (some 300 kms from Kazakh capital of Astana), 29 September 2006. The capsule carrying Iranian-born American national Anousheh Ansari, Pavel Vinogradov of Russia and US astronaut Jeffrey Williams touched down softly at 0114 GMT near Arkalyk, Russian news agencies quoted the Russian space flight control centre as saying.   AFP PHOTO/ ALEXANDER NEMENOV.

    အန်နုရှားဟ်မှာ “ပထမဆုံးတစ်သီးပုဂ္ဂလ အာကာသ စူးစမ်းလေ့လာသူနှင့် အာကာသသံတမန် အမျိုးသမီး” အဖြစ် အမည်တွင် ထင်ရှားသော်လည်း (မွတ်စ်လင်မ်မဟုတ်သူများ အပါအ၀င်) အမျိုးသမီးငယ်တိုင်းက သူမအား “မဖြစ်နိုင်သည်ကို အိပ်မက်၍ ဖော်ဆောင်ခြင်း” အတွက် လေးစားအားကျ ချစ်ခင်လျက်ရှိသည်။ ဤသည်မှာ ကိုယ်ပိုင်ပုံဟန်ဖြင့် အောင်မြင်ခဲ့သူများနောက် ဖ၀ါးခြေထပ်လိုက်နာခြင်းထက် မိမိဖာသာ အပတ်တကုတ် ထိုးဖောက်အောင်မြင်ခြင်းကို လူထုမှ ပို၍နှစ်သက်ကျေနပ်ကြခြင်းဖြစ်သည်။ သို့အားဖြင့် သူမသည် သန်းပေါင်းများစွာသော အမျိုးသမီးငယ်တို့အား ယင်းသို့ပြုလုပ်စေရန် မျိုးစေ့ချပေးနိုင်ခဲ့သည်။

    Iranian-born entrepreneur Anousheh Ansari and her brother-in-law Amir Ansari answer questions about the Ansari X Prize, at a press conference with Burt Rutan (not in photo) at Mojave Airport, 28 September 2004. The Ansari X Prize is a US$10,000,000 prize, to be awarded to the first non-governmental space flight of a reusable manned spacecraft into space.  Rutan's SpaceShipOne will make it's first attempt at winning the X Prize in a flight 29 September.  Created in 1996 and initially called just X Prize, it was renamed Ansari X Prize in May 2004 following a multimillion dollar donation from the Ansaris. AFP PHOTO / Robyn Beck

    “ကျွန်မဟာ စံပြရုပ်လုံးဖြစ်လာဖို့ သို့မဟုတ် အဲ့ဒီလိုပုံဖော်ခံရဖို့ကို မနှစ်သက်ပါဘူး။ ကျွန်မက တစ်မူထူးခြားနေသူ မဟုတ်ပါဘူး။ လူတွေအားလုံးဆီမှာရော ကျွန်မဆီမှာပါ ရှိနေကြတဲ့ ရောင်စဉ်အလင်းကို ကျွန်မ ရှာဖွေတွေ့ရှိသွားခြင်းနဲ့ အဲ့ဒီအရာကနေ အင်အားရရှိသွားခြင်းသာဖြစ်ပါတယ်။ လူတွေရဲ့နှလုံးသားနဲ့ စိတ်ဝိညာဉ်တွေကို ဖွင့်လှစ်တဲ့သော့တံတစ်ချောင်း ရှာဖွေတွေ့ရှိသွားတာမျိုးပေါ့၊ ခုဆိုရင် ရှင်တို့ဟာ အဇ္ဈတ္တထဲ အရောက်လှမ်းပြီး အဲ့ဒီနေရာကနေ ခွန်အားကို ရယူနိုင်ပြီလေ”။

    xxxxxxxxxxxxxx
    Ref : Celebrating the first Muslimah in space, Anousheh Ansari ; ………….
    မြန်မာပြန် – မင်းထွဋ်ခေါင်

     

    US entrepreneur Anousheh Ansari (R), the first female space tourist and her husband Hamid Ansari walk near the St.Basil cathedral on the Red square in Moscow, 30 August 2006. The first trip by a female space tourist, who was due to blast off September 14 on a Russian Soyuz vessel bound for the International Space Station, may be put off by four days, officials said Wednesday.  AFP PHOTO / MAXIM MARMUR

  • အလ်ဂျီးရီးယားနိုင်ငံရဲ့ ပထမဆုံး အိုလံပစ် ရွှေဆုရှင် ဟစီဘာ ဘိုးလ်မာကာ

    အလ်ဂျီးရီးယားနိုင်ငံရဲ့ ပထမဆုံး အိုလံပစ် ရွှေဆုရှင် ဟစီဘာ ဘိုးလ်မာကာ

    ဧပြီ ၈ ၊ ၂၀၁၅
    M-Media
    လေးမောင် တင်ဆက်သည်။
    Hassiba Boulmerka
    ဟစီဘာ ဘိုးလ်မာကာ (Hassiba Boulmerka) ကို  ၁၉၆၈ ခု၊ ဂျူလိုင်လ ၁၀ ရက်နေ့တွင် အလ်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ဘက် ကွန်စတန်တိုင်မြို့တွင် မွေးဖွားခဲ့သည်။ သူမမှာ တာလတ် အပြေးသမားဟောင်းတစ်ဦးဖြစ်သည်။ ၁၉၉၂ခုနှစ်တွင် အိုလံပစ်ရွှေတံဆိပ်ဆုကို ရရှိခဲ့ပြီး အိုလံပစ်ရွှေတံဆိပ်ဆွတ်ခူးနိုင်သည့် ပထမဦးဆုံး အလ်ဂျီးရီးယားနိုင်ငံသားဖြစ်သည်။

    ကွန်စတန်တိုင်မြို့တွင်မွေးဖွားခဲ့သော သူမသည် အပြေးအားကစားကို အသက် ၁၀နှစ်အရွယ်မှစ၍ အရူးအမူးဖြစ်ခဲ့ပြီး မီတာ ၈၀၀ နှင့် မီတာ ၁၅၀၀ တန်း အပြေးပြိုင်ပွဲတွင် ထူးချွန်ခဲ့သည်။ များပြားသော ပြိုင်ပွဲများမရှိသော်လည်း ဒေသတွင်းအပြေးပြိုင်ပွဲများနှင့် နိုင်ငံတွင်း အပြေးပြိုင်ပွဲများတွင် အောင်မြင်သူတစ်ယောက် ဖြစ်လာခဲ့သည်။ သူမ၏ ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲမှာ ၁၉၈၈ ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပခဲ့သည့် နွေရာသီအိုလံပစ်ပြိုင်ပွဲဖြစ်ပြီး မီတာ ၈၀၀နှင့် ၁၅၀၀ တန်း ပြိုင်ပွဲနှစ်ခုစလုံးတွင် ပဏာမအစမ်းပြိုင်ပွဲ၌ပင်ထွက်ခဲ့ရသည်။

    1hb4fkuikjiyku7xzov3fvug0

    ဘိုးလ်မာကာ ၏ အရည်အချင်းမှာ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အောင်မြင်မှုရရှိခဲ့သည်။ အီတလီနိုင်ငံ ရောမမြို့၌ကျင်းပသည့် ဂိုးလ်ဒန်း ဂါလာ(Golden Gala) မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်။ တစ်လကြာပြီးနောက် ကမ္ဘာချန်ပီယံရှစ် မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်လည်း အနိုင်ရရှိခဲ့ပြီး တာလတ် ကမ္ဘာ့အပြေး ချန်ပီယံဘွဲ့ကို ပထမဦးဆုံး ဆွတ်ခူးခဲ့သည့် အာဖရိကန် အမျိုးသမီးဖြစ်လာခဲ့သည်။

    ၁၉၉၂ ခုနှစ် စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပသည့် မီတာ ၁၅၀၀ အိုလံပစ် အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။ နောက်ဆုံးဖိုင်နယ်တွင် Lyudmila Rogachova၊ ထိုစဉ်က စံချိန်တင်ထားသူ Qu Yunxia  တို့နှင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုရွှေတံဆိပ်မှာ အလ်ဂျီးရီးယားနိုင်ငံ အတွက် ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆုဖြစ်ခဲ့သည်။

    Hassiba-Boulmerka.

    ၁၉၉၃ခုနှစ် ဂျာမနီနိုင်ငံ စတုဂတ်မြို့တွင်ကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးခဲ့သော်လည်း ဘိုးလ်မာကာမှာ နောက်ပိုင်းရာသီနှစ်ခုတွင် အောင်မြင်မှုမရရှိခဲ့ပေ။ ၁၉၉၅ခုနှစ်  ဆွီဒင်နိုင်ငံ ဂိုသင်ဘတ်မြို့တွင်ကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဒုတိယအကြိမ် ဆွတ်ခူးရရှိခဲ့သည်။ ၎င်းရာသီတွင်တစ်ခုတည်းသော အနိုင်ရရှိမှုဖြစ်ပြီး အဓိက အနိုင်ရရှိမှုလည်းဖြစ်ခဲ့သည်။ ၁၉၉၆ခုနှစ် အမေရိကန်ပြည်ထောင်စု အတ္တလန်တာတွင်ကျင်းပသည့် အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ခြေကျင်းဝတ်အဆစ်လွဲသည့် ဒဏ်ရာရှိခဲ့သည်။ ၁၉၉၇ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ်အပြေးပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သူမ၏ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ခြင်းမရှိပေ။ ထိုပြိုင်ပွဲပြီးနောက် သူမမှာ အားကစားလောကမှ အနားယူသွားခဲ့သည်။

    နောက်ပိုင်းတွင် သူမမှာ အပြည်ပြည်ဆိုင်ရာအိုလံပစ် ကော်မတီ၌တာဝန်ထမ်းဆောင်ရန် အရွေးခံခဲ့ရသည်။  သူမမှာ မီတာ ၁၅၀၀ တန်း တွင် ၃ မိနှစ် ၅၅.၃၀ စက္ကန့်ဖြင့်အာဖရိက စံချိန်တင်နိုင်ခဲ့ပြီး ထိုစံချိန်မှာ ၁၉၉၂ခု ဘာစီလိုနာအိုလံပစ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ် အော်စလိုမြို့တွင် တစ်မိုင်ခရီးကို ၄ မိနစ် ၂၀.၇၉ စက္ကန့်ဖြင့်ပြေးနိုင်သည့် အာဖရိကစံချိန်ကိုလည်း တင်နိုင်ခဲ့သူဖြစ်ပြီး ၁၇နှစ်ကြာပြီးနောက် ၂၀၀၈ခုနှစ်တွင် အီသီယိုးပီးယားမှ Gelete Burika က ၄ မိနစ် ၁၈.၂၃ စက္ကန့်ဖြင့် သူမ၏စံချိန်ကို ချိုးဖျက်ခဲ့သည်။