အောက်တိုဘာ ၃၊ ၂၀၁၅
M-Media
– ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုက်ဂျီးရီးယား ရေနံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်ပိုင် ငွေကြေး ကန်ဒေါ်လာ ဘီလီယံများစွာ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံထားရသူ အမျိုးသမီး ဒီဇာနီ အလီဆန်-မာဒူကီကို လန်ဒန်မြို့တွင် ဖမ်းဆီးနိုင်ခဲ့ပြီဟု နိုက်ဂျီးရီးယား သမ္မတအသိုင်းအ၀ိုင်းနှင့် မာဒူကီ၏ မိသားစုရင်းမြစ်များက ပြောကြားခဲ့သည်။
သမ္မတဟောင်း ဂွဒ်လက်ဂျိုနသန်က ဘူဟာရီအား ယခုနှစ်ဆန်းပိုင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် မာဒူကီမှာ ပြန်လည်ရွေးချယ်ခြင်း မခံရတော့ပေ။ ဘူဟာရီကမူ နိုင်ငံအတွင်း ခြစားမှုများကို အမြစ်ဖြတ် တိုက်ထုတ်သွားမည်ဟု ကတိပေးထားသည်။
ယူကေ အမျိုးသားရာဇ၀တ်မှုအေဂျင်စီမှ ထုတ်ပြန်သော ကြေငြာချက်တွင် နိုင်ငံတကာ ခြစားမှုတိုက်ဖျက်ရေးတပ်ဖွဲ့များမှာ လာဘ်စားမှုနှင့် ခြစားမှုများ ကျူးလွန်ခဲ့သည်ဟု သံသယရှိသူ ၅ ဦးကို လန်ဒန်တစ်ဝိုက်တွင် ဖမ်းဆီးခဲ့သည်ဟု ရေးသားထားပြီး အမည်များကို ဖော်ပြခဲ့ခြင်းမရှိပေ။
နိုက်ဂျီးရီးယား မီဒီယာများကမူ မာဒူကီမှာ နာရီအနည်းငယ်အကြာတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.