News @ M-Media
Tag: north korea
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၂၂၊ ၂၀၁၈
    M-Media
    ဗင်နီဇွဲလားရွေးကောက်ပွဲ မြင်ကွင်း
    မလေးဝန်ကြီးချုပ်ဟောင်းနှင့် ရှေ့နေနှစ်ဦး လမ်းခွဲ
    ==============
    ခြစားမှုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုကို ခံနေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ရှေ့နေေ တွထဲက နှစ်ဦးဟာ နာဂျစ်နဲ့ လမ်းခွဲခဲ့ပါတယ်။ နာဂျစ်ဟာ ဒီနေ့မနက်ပိုင်းက ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ကို သွားရောက်ကာ မေးမြန်းမှုတွေကို ဖြေကြားခဲ့ပါတယ်။ နာဂျစ်နဲ့လမ်းခွဲတဲ့ ရှေ့နေနှစ်ဦးက ဟာပါလ် ဆင်း ဂရီ
    ထရမ့်ကို ကစားလျှင် မှားမည်ဟု မြောက်ကိုရီးယားကို ကန် သတိပေး
    ===============
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ လာမယ့်လ ၁၂ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ဆွေးနွေးပွဲကို ဖျက်ပစ်ဖို့ ဆန္ဒရှိနေတယ်လို့ ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောကြားလိုက်ပါတယ်။ ကင်ဂျုံအွန်ဟာ ပြီးခဲ့တစ်ပတ်က ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မေးခွန်းတွေ ထုတ်ခဲ့တာပါ။ ပန့်စ်ကတော့ ကင်ဂျုံအွန်အနေနဲ့ ဒေါ်နယ်ထရမ့်နဲ့ ကစားမယ်ဆိုရင် မှားမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေ ရှေ့ဆက်ရမလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဟာ တောင်ကိုရီးယားဆီက အကြံဉာဏ်တွေ ရယူနေပါတယ်။
    ရွေးကောက်ပွဲမသမာမှုကြောင့် နိုင်ငံ ၁၄ နိုင်ငံက ဗင်နီဇွဲလားနှင့် သံအဆက်အသွယ်ဖြတ်
    =================
    ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုက ရွေးကောက်ပွဲမှာ မသမာမှုတွေလုပ်တာကို ဆန့်ကျင်တဲ့အနေနဲ့ လက်တင်အမေရိကနိုင်ငံများအဖွဲ့ Lima Group ရဲ့ အဖွဲ့ဝင် ၁၄ နိုင်ငံစလုံးက သူတို့ရဲ့ သံအမတ်တွေကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ မာဒူရိုဟာ သမ္မတအဖြစ် ပြန်လည်အရွေးချယ်ခံရပေမယ့် အတိုက်အခံတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး မသမာမှုတွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီကိစ္စအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မနေ့မှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး မာဒူရိုအစိုးရအပေါ် ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။
    တောင်တရုတ်ပင်လယ်တွင် စစ်အင်အားဖြည့်တင်းမှုမရှိဟု တရုတ်ပြော
    =============
    တောင်တရုတ်ပင်လယ်မှာ စစ်အင်အားဖြည့်တင်းနေတယ်ဆိုတဲ့ သတင်းတွေကို တရုတ်နိုင်ငံက မနေ့မှာ ငြင်းဆိုလိုက်ပါတယ်။ သောကြာနေ့က စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်နိုင်ငံဟာ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေကို တောင်တရုတ်ပင်လယ်က ကျွန်းတွေမှာ အဆင်းအတက်လုပ်ခဲ့ပြီး အဲဒီအတွက် နိုင်ငံတကာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူကန်က တောင်တရုတ်ပင်လယ်ဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက်တွေဖြစ်ပြီး ဗုံးကြဲလေယာဉ်တွေကို ချထားဟာ ပုံမှန် စစ်ရေးလေ့ကျင်မှုသာဖြစ်ကြောင်း၊ နိုင်ငံတစ်ခုက သူ့နိုင်ငံပိုင်နက်အတွင်းမှာ သူ့ကိုယ်ပိုင် စစ်သင်္ဘောတွေ၊ လေယာဉ်တွေ ချထားတာဟာ အခြားနိုင်ငံတွေအပေါ် ခြိမ်းခြောက်မှုမဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
    Ref: CNA, Aljazeera
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၁၇၊ ၂၀၁၈
    M-Media
    ကက်ရှ်မီးယား မြင်ကွင်း
    ပါလက်စတိုင်းနှင့်ပတ်သက်လျှင် ကုလက အလုပ်မဖြစ်ဟု အာဒိုဂန်ပြော
    =================
    အခုတစ်ပတ်အတွင်း ဂါဇာကမ်းမြှောင်မှာ အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်း ၆၀ ကျော် သေဆုံးသွားတဲ့ကိစ္စမှာ အရေးယူဖို့ပျက်ကွက်ခဲ့တဲ့ ကုလဟာ အလုပ်မဖြစ်တော့ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဂါဇာက အဲဒီအဖြစ်အပျက်ကို အာဒိုဂန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပြီး အစ္စရေးမှာရှိတဲ့ သူတို့သံအမတ်ကို ပြန်ခေါ်ခဲ့ကာ တူရကီဆိုင်ရာ အစ္စရေးသံမတ်ကိုလည်း နှင်ထုတ်ခဲ့ပါတယ်။ မတ်လ ၃၀ ရက်နေ့ကစလို့ ဂါဇာက ဆန္ဒပြမှုအတွင်း အစ္စရေးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူဟာ ၉၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။
    ကင်ဂျုံအွန်နှင့်တွေ့ဆုံရေး အမေရိကန်က ဆက်လက်စီစဉ်နေ
    ==============
    လာမယ့်လ ထရမ့်နဲ့တွေ့ဆုံဖို့ စီစဉ်ထားမှုကို ရပ်စဲနိုင်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မနေ့မှာ ခြိမ်းခြောက်ခဲ့ပေမယ့် မိမိတို့ထံ ဘယ်လိုအကြောင်းကြားမှုမျိုးမှ မရောက်သေးဘူးလို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ ကင်က ကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် မနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ နှစ်နိုင်ငံအဆင့်မြင့်အစည်းအဝေးကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။ ကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့ ကင်ဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်မှု ဆက်လုပ်ဖို့ကို နားလည်ကြောင်း ယခင်က ပြောကြားထားတာ ရှိတဲ့အတွက် ထရမ့်နဲ့တွေ့ဆုံမယ့်ကိစ္စကို ဆက်လက်စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    ကက်ရှ်မီးယားတွင် အိန္ဒိယက ရမ်ဇာန်တစ်လ အပစ်ရပ်မည်
    =================
    ရမ်ဇာန်ဥပုသ်လမှာ ကက်ရှ်မီးယားပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ ဥပုသ်သီလ ဆောက်တည်နိုင်ဖို့အတွက် သူပုန်တွေနဲ့ တိုက်ခိုက်မှုကို တစ်လတာ ရပ်ဆိုင်းလိုက်တယ်လို့ အိန္ဒိယက မနေ့မှာ ကြေငြာလိုက်ပါတယ်။ အစိုးရတပ်ဖွဲ့တွေနဲ့ ကက်ရှ်မီးယားသူပုန်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြတာပါ။ အိန္ဒိယအစိုးရရဲ့ အခုလို အပစ်ရပ်တာဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူပုန်တွေက တိုက်ခိုက်လာရင် တပ်ဖွဲ့တွေဟာ ပြန်လည် လက်တုန့်ပြန်ခွင့်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    မြို့တစ်မြို့ကိုသိမ်းရန်ကြိုးပမ်းသည့် တာလီဘန်များကို အာဖဂန် မောင်းထုတ်နိုင်
    =================
    တိုင်းပြည်အနောက်ပိုင်းက ဖာရာမြို့ကို ၀င်သိမ်းဖို့ကြိုးစားတဲ့ တာလီဘန်စစ်သွေးကြွတွေကို အာဖဂန်နဲ့ အမေရိကန်တပ်ဖွဲ့တွေက မောင်းထုတ်နိုင်ခဲ့ပါတယ်။ အင်္ဂါနေ့က အဲဒီမြို့မှာ တာလီဘန်တွေရဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦးနဲ့ အရပ်သား ၅ ဦး သေဆုံးခဲ့ရပါတယ်။ အပြန်အလှန် တိုက်ခိုက်မှုအတွင်း တာလီဘန်တိုက်ခိုက်ရေးသမား အနည်းဆုံး ၃၀၀ လောက် သေဆုံးခဲ့ပြီး မြို့က အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အာဖဂန်အစိုးရက ထုတ်ပြန်ပါတယ်။
    Ref: Aljazeera
  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ
    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ
    မေ ၁၆၊ ၂၀၁၈
    M-Media
    ဧပြီလအတွင်း ကိုရီးယားခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှု
    ယနေ့လွတ်မြောက်မည့် မလေးအတိုက်အခံခေါင်းဆောင် ဘုရင်နှင့်တွေ့မည်
    ==============
    ဒီကနေ့ ထောင်ဒဏ်ကနေလွတ်မြောက်မယ့် အတိုက်အခံခေါင်းဆောင် အန်ဝါရ်အီဘရာဟင်ကို နန်းတော်လာပြီး တွေ့ဆုံဖို့ မလေးရှားဘုရင်က ဖိတ်ကြားလိုက်ပါတယ်။ ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဘုတ်အဖွဲ့ဟာ ဒီကနေ့မနက် ၁၁ နာရီမှာ အစည်းအဝေးထိုင်ကာ အန်ဝါရ်အတွက် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ အန်ဝါရ်နဲ့ ဘုရင်တို့ရဲ့ တွေ့ဆုံမှုအတွင်းမှာ အခြားသူတွေလည်း တက်ရောက်ခွင့်ရမှာပါ။ အတိုက်အခံခေါင်းဆောင် အန်ဝါရ်ဟာ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်လက်ထက်မှာ လိင်တူဆက်ဆံမှုနဲ့ ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရသူဖြစ်ပြီး နိုင်ငံရေးလုပ်ကြံမှုလို့ တော်တော်များများက ရှုမြင်ကြပါတယ်။
    ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့်အစည်းအဝေးကို မြောက်ကိုရီးယား ရပ်ဆိုင်း
    ================
    အမေရိကန်နဲ့ တောင်ကိုရီးယားက ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဆက်လက်ဆောင်ရွက်မယ့်အတွက် ဗုဒ္ဓဟူးနေ့ ပြုလုပ်ဖို့ရှိနေတဲ့ ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့်အစည်းအဝေးကို ရပ်ဆိုင်းလိုက်တယ်လို့ မြောက်ကိုရီးယားက မနေ့မှာ ကြေငြာလိုက်ပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ်က နွေးထွေးတဲ့ဆက်ဆံရေးကို ခြိမ်းခြောက်နေတာဖြစ်ပြီး လာမယ့်လမှာ သမ္မတထရမ့်နဲ့ တွေ့ဆုံမှုအစီအစဉ်ကို ပြန်စဉ်းစားရတော့မယ်လို့လည်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ပြောကြားခဲ့ပါတယ်။
    ဒီကနေ့ ကိုရီးယားနှစ်နိုင်ငံ အစည်းအဝေးဟာ ဧပြီ ၂၇ ရက်နေ့က ခေါင်းဆောင်နှစ်ဦးရဲ့ ကြေငြာချက်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးကြမှာပါ။ KCNA က ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုဟာ ရန်စတာဖြစ်ပြီး ဆွေးနွေးမှုကို ရပ်ဆိုင်းတာကလွဲလို့ ရွေးစရာမရှိဘူးလို့လည်း ဆိုပါတယ်။
    အိန္ဒိယတွင် ခုံးကျော်တံတားတစ်ခု ပြိုကျပြီး လူ ၁၈ ဦး သေဆုံး
    ===============
    အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် ဗရာနာဆီမြို့မှာ ဆောက်လုပ်ဆဲ ခုံးကျော်တံတားတစ်ခု ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၈ ဦးသေဆုံးပြီး တော်တော်များများလည်း ကွန်ကရစ်တွေအောက်မှာ ပိတ်မိနေပါတယ်။ တံတားပြိုကျမှုကြောင့် အနည်းဆုံး ကားလေးစီး၊ သုံးဘီးတစ်စီး၊ မီနီဘတ်စ်တစီးတို့ ပိမိခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း ကိုလ်ကတားက ခုံးကျော်တံတားတစ်စင်း ပြိုကျမှုကြောင့် ၂၆ ဦး သေဆုံးခဲ့ပါတယ်။
    အင်ဒိုရဲတပ်ဖွဲ့က စစ်သွေးကြွများကို ပိတ်ဆို့ဖမ်းဆီး
    =================
    တနင်္ဂနွေနေ့က ခရစ်ယာန်ဘုရားကျောင်းတွေကို ဗုံးခွဲမှုနဲ့ ဆက်စပ်တဲ့ စစ်သွေးကြွတွေကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ မနေ့က ဖမ်းဆီးမှုအတွင်း အနည်းဆုံး တစ်ဦးကို အသေပစ်သတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဘော်ဒါဆောင်တစ်ခုကို ၀င်ရောက်စီးနင်းမှုအတွင်း အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ တနင်္ဂနွေနေ့က လူ ၆ ဦးပါတဲ့ မိသားစုတစ်စုဟာ ဆူရာဘာယာမြို့က ခရစ်ယာန်ဘုရားကျောင်း ၃ ခုမှာ အသေခံဗုံးခွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် အနည်းဆုံး ၁၁ ဦးသေဆုံးပြီး တနင်္လာနေ့မှာ နောက်ထပ်မိသားစုတစ်စုက မြို့တွင်းမှာရှိတဲ့ ရဲဌာနချုပ်ကို တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    Ref: CNA, Aljazeera
  • မြောက်ကိုရီးယားက နျူစမ်းသပ်ရာနေရာကို ဖျက်သိမ်းနေဟု ကျွမ်းကျင်သူများပြော
    မြောက်ကိုရီးယားက နျူစမ်းသပ်ရာနေရာကို ဖျက်သိမ်းနေဟု ကျွမ်းကျင်သူများပြော
    မေ ၁၅၊ ၂၀၁၈
    M-Media
    မြောက်ကိုရီးယားရှိ နျူစမ်းသပ်ရာနေရာကို မြင်ရပုံ
    – မြောက်ကိုရီးယားဟာ နိုင်ငံအတွင်းက နျူစမ်းသပ်ရာနေရာကို စတင် ဖျက်သိမ်းနေတယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေကို ကြည့်ရှုကာ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ လာမယ့်လမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ရှိပြီး အဲဒီမှာ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးကို ဆွေးနွေးဖို့ ရှိနေပါတယ်။ ကင်ဟာ တောင်ကိုရီးယားသမ္မတနဲ့ ပြီးခဲ့တဲ့လ တွေ့ဆုံမှုအတွင်း နျူစမ်းသပ်မှု ရပ်တန့်ကာ စမ်းသပ်တဲ့နေရာကို ပိတ်ပစ်မယ်လို့ ကတိပေးခဲ့တာပါ။
    မြောက်ကိုရီးယားဆိုင်ရာ ကိစ္စတွေကို လေ့လာဆန်းစစ်နေတဲ့ 38North အဖွဲ့က ဧပြီ ၂၀ ရက်နေ့နဲ့ မေလ ၇ ရက်နေ့တွေမှာ ဂြိုဟ်တုကရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို နှိုင်းယှဉ်ကြည့်ရှုခဲ့ရာမှာ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Punggye-ri နျူစမ်းသပ်ရာနေရာကို ၀င်ရောက်တဲ့ မြေအောက်လှိုင်ခေါင်း ၄ ခုအနီးက အဆောက်အဦးတော်တော်များများ ဖျက်ဆီးပစ်နေတာကို တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
    တောင်ကိုရီးယားစစ်တပ်ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ မြောက်ကိုရီးယားဟာ သူတို့ရဲ့ နျူစမ်းသပ်ရာနေရာကို ပိတ်ပစ်ဖို့ကိစ္စ ဆောင်ရွက်နေတဲ့လက္ခဏာတွေကို မြင်ရတယ်လို့ ဖော်ပြထားပါတယ်။
    38North က ကျွမ်းကျင်သူတွေက Punggye-ri မှာ တစ်ချို့အစိတ်အပိုင်းတွေကို ဖယ်ရှားလိုက်ပေမယ့် အဆောက်အဦးအားလုံးကို မဖျက်ရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
    “ထိန်းချုပ်စင်တာနဲ့ အဓိကစီမံညွှန်ကြားမှု အဆောက်အဦးကြီးနှစ်ခု အပါအ၀င် ဒီနေရာတစ်ဝိုက်က အဓိက အဆောက်ဦးတော်တော်များများ အကောင်းအတိုင်း ရှိနေပါတယ်။ နောက်ပြီး မြေအောက်လှိုင်ခေါင်းဝင်ပေါက်တွေကိုလည်း လုံးဝ ပိတ်မပစ်ရသေးပါဘူး”
    Ref: Aljazeera
  • မြောက်ကိုရီးယားတွင် ငတ်မွတ်မှုမရှိသော်လည်း အစာရေစာရှားပါးမှု ရှိနေဟု WFP ပြော
    မြောက်ကိုရီးယားတွင် ငတ်မွတ်မှုမရှိသော်လည်း အစာရေစာရှားပါးမှု ရှိနေဟု WFP ပြော
    မေ ၁၂၊ ၂၀၁၈
    M-Media
    – မြောက်ကိုရီးယားနိုင်ငံကို ၂ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလရဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ အကြီးအကဲ ဒေးဗစ် ဘီစလေက သူတို့ဟာ အကန့်အသတ်မဲ့ သွားလာခွင့်ရခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းမှာ အကောင်းမြင်မှု သဘောထားကို တွေ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။
    ဘီစလေဟာ မြောက်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေနဲ့အတူ မြို့တော် ပြုံးယမ်နဲ့ အခြားဒေသနှစ်ခုကို သွားရောက်ခဲ့ကြတာပါ။
    မြောက်ကိုရီးယားဟာ အဟာရ စံချိန်စံညွှန်း မှီဖို့အတွက် ကြိုးစားနေရပေမယ့် ၁၉၉၀ ပြည့်နှစ်တွေတုန်းကလို အစာရေစာ ရှားပါးပြတ်လပ်မှု မရှိတော့ဘူးလို့ ဘီစလေက ဆိုပါတယ်။
    “သမိုင်း စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်လိုတဲ့ သဘောထားမျိုး ရှိပါတယ်”
    ပြီးခဲ့တဲ့လက တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ တွေ့ဆုံခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ လာမယ့်လမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
    မွန်ဂျယ်အင်နဲ့တွေ့ဆုံစဉ်မှာ ကင်က ကိုရီးယားကျွန်းဆွယ် နျူလက်နက် ကင်းရှင်းရေးကို လိုလားပြီး၊ မိမိတို့ရဲ့ နျူလက်နက်စမ်းသပ်မှုကို ရပ်တန့်ကာ၊ စမ်းသပ်ရာနေရာကိုလည်း ပိတ်ပစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး ဒီလိုဆောင်ရွက်မှုတွေကို နိုင်ငံတကာကျွမ်းကျင်သူတွေ လာရောက်ကြည့်ရှုခွင့်ပေးမယ်လို့လည်း ကင်က ကတိပြုခဲ့ပါတယ်။
    ဘီစလေရဲ့ ခရီးစဉ်အတွင်းမှာ WFP က ငွေကြေးထောက်ပံ့ပေးတဲ့ စီမံကိန်းနှစ်ခုဖြစ်တဲ့ နိုင်ငံတောင်ပိုင်းက ကလေးငယ် စောင့်ရှောက်ရေးဂေဟာ၊ မြောက်ပိုင်းက ဘီစကစ်စက်ရုံတွေကို သွားရောက်ခဲ့ပါတယ်။
    သူတွေ့ခဲ့ရသမျှ ပြောရရင် မြောက်ကိုရီးယားဟာ ၁၉၉၀ ပြည့်နှစ်တွေကလို အငတ်ဘေးဆိုက်တာမျိုး မရှိတော့
    ပေမယ့် အစာရေစာရှားပါးမှုနဲ့ အဟာရချို့တဲ့မှု ပြဿနာတွေ ရှိနေကြောင်း၊ ကုန်းမြင့်တွေများတဲ့အတွက် စို
    က်ပျိုးရေးလုပ်စရာမြေ နည်းပါးပြီး၊ စိုက်ပျိုးရေးကိုလည်း လူတွေ၊ နွားတွေနဲ့သာ အဓိကထား လုပ်နေရကြောင်း
    ပြောကြားခဲ့ပါတယ်။
    Ref: BBC