News @ M-Media

Tag: Pakistan

  • ပါကစ္စတန် တက္ကသိုလ်တစ်ခုကို တာလီဘန်များက အကြမ်းဖက်တိုက်ခိုက်

    ပါကစ္စတန် တက္ကသိုလ်တစ်ခုကို တာလီဘန်များက အကြမ်းဖက်တိုက်ခိုက်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၆
    M-Media

    paki

    – ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်ဝါရ်မြို့အနီးရှိ တက္ကသိုလ်တစ်ခုကို တာလီဘန်အကြမ်းဖက်သမားများက ယနေ့တွင် ၀င်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    သေနတ်သမား ၄ ဦးက ပက်ရှ်ဝါရ် မြို့မှ ကီလိုမီတာ ၅၀ အကွာတွင်ရှိသည့် ချာဆာဒါမြို့တွင် ဘာချာချန်း တက္ကသိုလ်သို့ ဖောက်ခွဲမှု ၂ ခုနှင့်အတူ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် အထူးတပ်ဖွဲ့ ၀င်များမှာ မြေပြင်နှင့် ဝေဟင်တို့မှ စစ်ဆင်ရေးများပြုလုပ်ကာ သေနတ်သမားများအား နှိမ်နင်းခဲ့သည်။

    ရဲတပ်ဖွဲ့အကြီးအကဲ ဆအီဒ် ၀ါဇီရ်ကမူ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ၂၁ ဦးသေဆုံးခဲ့ကာ မိမိတို့ လုံခြုံရေးတပ်ဖွဲ့များမှာ ထိုဒေသအား ရှင်းလင်းခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူမှာ ၃၀ ကျော်ရှိပြီး သေဆုံးသူများတွင် သေနတ်သမားများ ပါဝင်ခြင်း ရှိ၊ မရှိ အတိအကျမသိရှိရသေးပေ။

    ပါကစ္စတန် တာလီဘန်အဖွဲ့ TTP က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့ပြီး လူမျိုးစုဒေသများတွင် ၎င်းတို့အား ပါကစ္စတန်စစ်တပ်က ထိုးစစ်ဆင်မှုကို လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ်အတွင်း ပက်ရှ်ဝါရ်ရှိ စစ်တပ်ကဖွင့်လှစ်ထားသော စာသင်ကျောင်းသို့ တာလီဘန်များက ၀င်ရောက်ကာ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကျောင်းသား အနည်းဆုံး ၁၃၀ ကျော် သေဆုံးခဲ့သည်။

    Ref: Channelnewsasia

  • စာသင်ကျောင်းအကြမ်းဖက်မှုကို အခြေပြုသည့် ပါကစ္စတန်ဗီဒီယိုဂိမ်း ဝေဖန်မှုများကြောင့် ဖျက်သိမ်း

    စာသင်ကျောင်းအကြမ်းဖက်မှုကို အခြေပြုသည့် ပါကစ္စတန်ဗီဒီယိုဂိမ်း ဝေဖန်မှုများကြောင့် ဖျက်သိမ်း

    ဇန်ဝါရီ ၂၀၊ ၂၀၁၅
    M-Media

    paki

    – ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်ဝါရ်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ကျောင်းသား ၁၃၂ ဦးသေဆုံးခဲ့သည့် တာလီဘန်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုကို အခြေခံထားသည့် ဗီဒီယိုဂိမ်းတစ်ခုမှာ ဆိုရှယ်မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပြီးနောက် ပြန်လည်ဖျက်သိမ်းသွားခဲ့သည်ဟု သိရသည်။

    Pakistan Army Retribution ဟုအမည်ပေးထားသည့် အန်ဒရွိုက်ဂိမ်းဖြစ်ပြီး Punjab IT board အဖွဲ့က Google Play တွင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂိမ်းမှာ စစ်တပ်ကဖွင့်ထားသည့် ပုဂ္ဂလိက စာသင်ကျောင်း (APS) တွင် တာလီဘန် သေနတ်သမား ၇ ဦး၏ တိုက်ခိုက်မှုအား ပါကစ္စတန်စစ်သားများက နှိမ်နှင်းမှုကို သရုပ်ဖော်ထားခြင်းဖြစ်သည်။

    အဆိုပါ သေနတ်သမားများမှာ စာသင်ကျောင်းအတွင်းရှိ ဆရာများနှင့် ကျောင်းသားများကို သွေးအေးအေးဖြင့် ပစ်သတ်ခဲ့ပြီး ပါစ္စတန်စစ်တပ်က ၀င်ရောက်ပစ်ခတ် သုတ်သင်သည့်အချိန်အထိ ကျောင်းအား နာရီအနည်းငယ်ကြာ သိမ်းပိုက်ထားခဲ့သည်။

    ထိုအဖြစ်အပျက်မှာ ပါကစ္စတန်တစ်နိုင်ငံလုံးကိုပါ တုန်လှုပ်စေခဲ့ပြီး ပြီးခဲ့သည့်လကပင် တစ်နှစ်ပြည် အောက်မေ့ဖွယ်အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။

    Pakistan Army Retribution ကို လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်က လွှင့်တင်ထားခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန်သတင်းစာတစ်စောင်ဖြစ်သော Dawn တွင် တနင်္လာနေ့က ထိုဂိမ်းအကြောင်း ဆောင်းပါးတစ်ပုဒ် ပါလာပြီးနောက်ပိုင်း ဝေဖန်သံများ ညံသွားခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်ပြည်သူများကမူ ဂိမ်းထုတ်လုပ်သူမှာ ထိုဖြစ်ရပ်ဆိုးကြီးအား အမြတ်ထုတ်ခဲ့သည်ဟု ပြစ်တင်ခဲ့သည်။ တနင်္လာနေ့ နေ့လည်ပိုင်းမှစ၍ ထိုဂိမ်းကို Google Play တွင် မတွေ့ရတော့ပေ။

    အစိုးရအဖွဲ့အစည်းဖြစ်သည့် Punjab IT board အဖွဲ့၏ ဥက္ကဌဖြစ်သူ အူမာရ်စအစ်ဖ်က ထိုဂိမ်းကို ထပ်မံ၍ ကစားနိုင်တော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “APS ကိစ္စက ပါကစ္စတန်အတွက် ကြီးမားတဲ့အပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေး၊ သည်းခံနိုင်မှုနဲ့ သဟဇာတဖြစ်မှုကို မြှင့်တင်ဖို့အတွက် ဒါကိုအသုံးပြုဖို့ စိတ်ကူးရခဲ့တာပါ။ ရည်ရွယ်ချက်က အကောင်းဆုံးသောလက်နက်ဟာ စာအုပ်နဲ့ ခဲတံဖြစ်တယ်ဆိုတာကို ကလေးတွေသိလုပ်ဖို့ပါ” ဟု စအစ်ဖ်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လက ပါကစ္စတန်မှာ ထိုတိုက်ခိုက်မှုတွင် ပါဝင်သူ ၄ ဦးကို ကြိုးပေးကွပ်မျက်ခဲ့သည်။

    Ref : Aljazeera

  • မြန်မာက ပထမဆုံးဝယ်ယူခဲ့သည့် ပါကစ္စတန်တိုက်လေယာဉ်ကို အခြားနိုင်ငံများက စိတ်ဝင်စား

    မြန်မာက ပထမဆုံးဝယ်ယူခဲ့သည့် ပါကစ္စတန်တိုက်လေယာဉ်ကို အခြားနိုင်ငံများက စိတ်ဝင်စား

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    jet

    – မြန်မာနိုင်ငံက ပထမဆုံး ၀ယ်ယူလိုက်တဲ့ ပါကစ္စတန်လုပ် JF-17 တိုက်လေယာဉ်တွေကို အခြားနိုင်ငံတွေကလည်း ၀ယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပါကစ္စတန်မီဒီယာတွေက ဖော်ပြလိုက်ပါတယ်။

    စိတ်ဝင်စားနေတဲ့ နိုင်ငံတွေကတော့ သီရိလင်္ကာ၊ အဇာဘိုင်ဂျန်နဲ့ မလေးရှားတို့ဖြစ်ပြီး၊ ပါကစ္စတန်သမ္မတ နာဝက်ဇ်ရှရစ်ဖ် မကြာသေးမီက ကိုလံဘိုကို သွားရောက်လည်ပတ်ပြီးတဲ့နောက်ပိုင်းမှာ သီရိလင်္ကာက ဒီလေယာဉ်တွေကို ၀ယ်ယူဖို့ စိတ်ဝင်စားလာတာဖြစ်ပါတယ်။

    အိန္ဒိယက ဆန့်ကျင်မှုတွေရှိနေပေမယ့် သန်း ၄၀၀ ဖိုးလောက်ရှိမယ့် လေယာဉ်ဝယ်ယူရေးသဘောတူညီချက်ကို သီရိလင်္ကာက လက်မှတ်ထိုးဖို့ရှိနေပါတယ်။ သီရိလင်္ကာလေတပ် SLAF က အိုမင်းဟောင်းနွမ်းနေပြီဖြစ်တဲ့ အစ္စရေးထုတ် Kfirs နဲ့ MiG-27 တိုက်လေယာဉ်တွေကို ပါကစ္စတန်ထုတ်လေယာဉ်တွေနဲ့ အစားထိုးချင်နေတာပါ။ ပါကစ္စတန်ကတော့ ၁၀ စီး ဒါမှမဟုတ် ၁၂ စီးလောက် ရောင်းချင်နေပါတယ်။

    တရုတ်နိုင်ငံရဲ့ နည်းပညာအကူအညီနဲ့ ပါကစ္စတန်မှာထုတ်လုပ်တဲ့ အဲဒီ JF-17 လေယာဉ်တွေဟာ တစ်စီးကို ကန်ဒေါ်လာ ၃၅ သန်းလောက် ကျသင့်မှာဖြစ်ပါတယ်။

    ပါကစ္စတန်က ဒီလေယာဉ်တွေကို ပထမဆုံးဝယ်ယူခဲ့တဲ့ နိုင်ငံခြားတိုင်းပြည်ကတော့ မြန်မာနိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ၁၆ စင်း မှာယူခဲ့တာဖြစ်ပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ သန်း ၅၀၀ ဖိုးလောက်ရှိပါတယ်။

    ပါကစ္စတန်သမ္မတ မမ်နွန် ဟူစိန်က အဇာဘိုင်ဂျန်နဲ့ နိုက်ဂျီးရီးယားတို့ဟာ သူတို့ရဲ့လေယာဉ်ကို ၀ယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ မကြာသေးမီက ပြောကြားထားပါတယ်။ နောက်ပြီး အီဂျစ်နဲ့ မလေးရှားတို့ကိုလည်း ရောင်းချမယ်လို့ သတင်းတွေထွက်ပေါ်နေကာ မလေးရှား ကာကွယ်ရေးဝန်ကြီး ဒါတွတ်ဆရီ ဟီရှာမွဒ်ဒင်က တွန် ဟူစိန်က ဒီသတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။

    Ref: Defense-update

  • အိန္ဒိယ-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးမှုပြုလုပ်မည်

    အိန္ဒိယ-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးမှုပြုလုပ်မည်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    paki

    – အိန္ဒိယနှင့်ပါကစ္စတန်တို့မှာ လာမည့်နှစ်ဇန်န၀ါရီလတွင် နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ခိုင်မာသောသတင်းရင်းမြစ်များမှ သိရသည်။

    “ဆွေးနွေးပွဲကို ဇန်န၀ါရီလ ၁၅ ရက်နေ့ အစ္စလာမာဘတ်မြို့တွင် ကျင်းပသွားနိုင်ချေရှိပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာသည် အစ္စလာမာဘတ်သို့ နိုင်ငံကိုယ်စားပြုသွားရောက်မည်ဖြစ်သည်” ဖြစ်သည်ဟု သတင်းရင်းမြစ်က ဖော်ပြထားသည်။

    တရားဝင်ကြေညာချက်များ ထွက်မလာသေးသော်လည်း ၀န်ကြီးချုပ်မိုဒီက အာဖဂန်နစ္စတန်မှ အပြန်ခရီးတွင် ပါကစ္စတန်သို့ ကြားဖြတ်ဝင်လည်သကဲ့သို့ မထင်မှတ်ထားသည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်သည်။ နိုဝင်ဘာ ၃၀ ရက်နေ့က ပဲရစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရာသီဥတုဆိုင်ရာ ဆွေးနွေးမှုတွင် မိုဒီက ပါကစ္စတန်ဝန်ကြီးချုပ် န၀ဇ်ရှရစ်ဖ်နှင့် သီးခြားတွေ့ဆုံပြီးကတည်းက ၂ နိုင်ငံဆက်ဆံရေးမှာ တိုးတက်လာခဲ့သည်။

    ထို့နောက် နှစ်နိုင်ငံ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အကြံပေးအဆင့် အစည်းအဝေးကို ဘန်ကောက်တွင် ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးပြီးနောက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရဂ်ျသည် ပါကစ္စတန်သို့ သွားရောက်လည်ပတ်ပြီး ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

    အိန္ဒိယနှင့်ပါကစ္စတန်တို့သည် ကရှ်မီးယားနယ်မြေအငြင်းပွားမှုအပေါ် လွန်ခဲ့သော နှစ် ၆၀ ကတည်းက အနည်းဆုံး စစ်ပွဲကြီး သုံးပွဲ ဆင်နွှဲခဲ့ရပြီးဖြစ်သည်။

    Ref: Xinhua

     

  • အိန္ဒိယ၀န်ကြီးချုပ် မိုဒီ ပါကစ္စတန်သို့ သွားရောက်

    အိန္ဒိယ၀န်ကြီးချုပ် မိုဒီ ပါကစ္စတန်သို့ သွားရောက်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီမှာ ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့သို့ ယနေ့တွင် ရောက်ရှိခဲ့ပြီး ကြေငြာခြင်းမရှိဘဲ သွားရောက်ခဲ့သောကြောင့် အံ့အားသင့်ဖွယ် လည်ပတ်မှုလည်း ဖြစ်သည်။

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကွာဇီ ခလီလွလ္လာဟ်ကမူ မိုဒီရောက်ရှိလာခြင်းကို အတည်ပြုခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ကိစ္စအများအပြားကို ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။ ယနေ့မှာ နာဝဇ်ရရှစ်ဖ်၏ မွေးနေ့လည်းဖြစ်သည်။

    ပြီးခဲ့သည်မေလက ဒေလီမြို့တွင်ပြုလုပ်ခဲ့သည့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် မိုဒီက နာဝဇ်ရှရစ်ဖ်အား ဖိတ်ကြားခဲ့ပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦး၏ သံတမန်ဆက်ဆံရေးမှာ ရင်းနှီးလာခဲ့ပြီး ရှရစ်ဖ်ကလည်း ပြီးခဲ့သည့် ၂ လအရင်က ကက်ရှ်မီးယားဒေသကိစ္စ အပါအ၀င် နှစ်နိုင်ငံပြဿနာများကိုဆွေးနွေးရန်အတွက် မိုဒီအား တိုက်တွန်းဆော်သြခဲ့သည်။

    Ref: PressTV