News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းရှိ ကလေးကစားကွင်းတစ်ခု အစ္စရေးက ဖျက်ဆီးမှု ဘယ်လ်ဂျီယံ ရှုတ်ချ

    ပါလက်စတိုင်းရှိ ကလေးကစားကွင်းတစ်ခု အစ္စရေးက ဖျက်ဆီးမှု ဘယ်လ်ဂျီယံ ရှုတ်ချ

    ဧပြီ ၁၅၊ ၂၀၁၆
    M-Media

    pal

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက နဘ်လူစ်မြို့မှာ ဘယ်လ်ဂျီယံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တည်ဆောက်ပေးထားတဲ့ ကလေးဥယျာဉ်တစ်ခုကို အစ္စရေးက ဖြိုချဖျက်ဆီးခဲ့မှုအပေါ် ဘယ်လ်ဂျီယံက ရှုတ်ချပြောဆိုလိုက်ပါတယ်။

    အစ္စရေးဟာ အဲဒီဥယျာဉ်ကို အင်္ဂါနေ့မှာ ဖျက်ဆီးလိုက်တာဖြစ်ပြီး ဘယ်လ်ဂျီယံ ဒုတိယ ၀န်ကြီးချုပ်နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး အလက်ဇန္ဒား ဒီ ခရူး၊ နိုင်ငံခြားရေးဝန်ကြီး ဒီဒီယာ ရိန်ဒါးစ်တို့က ရှုတ်ချခဲ့တာပါ။

    ဘယ်လ်ဂျီယံအာဏာပိုင်တွေက ၎င်းတို့အစိုးရအနေနဲ့ ဘရပ်ဆဲလ်မှာရှိတဲ့ အစ္စရေး သံအမတ်၊ အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့မှာ ရှိတဲ့ ဘလ်ဂျီယံသံရုံးတို့ကနေတဆင့် အစ္စရေးအစိုးရဘက်ကို ချက်ချင်း ဖြေရှင်းချက်တောင်းသွားမှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    “မရှိမဖြစ်တဲ့ အခြေခံအဆောက်အအုံတွေအဖြစ် ရည်ရွယ်ဆောက်လုပ်ထားတဲ့ ဒီစီမံကိန်းကို ဖျက်စီးပစ်လိုက်တာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး” လို့ ကြေငြာချက်ကဆိုပြီး ဘယ်လ်ဂျီယံစီမံကိန်းေ
    တွဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေဖြည့်ဆည်းဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက် နု
ိင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအတိုင်း ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: IINA

  • ပါလက်စတိုင်းမှာ အစ္စရေးရဲ့ဖျက်ဆီးမှုတွေနဲ့ပတ်သက်လို့ ကုလသတိပေး

    ပါလက်စတိုင်းမှာ အစ္စရေးရဲ့ဖျက်ဆီးမှုတွေနဲ့ပတ်သက်လို့ ကုလသတိပေး

    ဧပြီ ၁၃၊ ၂၀၁၆
    M-Media

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို အစ္စရေးရဲ့ ဖျက်ဆီးဖြိုချရေးမူ ၀ါဒတွေဟာ စိုးရိမ်ဖွယ်ကောင်းတဲ့ အခြေအနေထိ ဖြစ်လာပြီလို့ ကုလသမဂ္ဂရဲ့ ဒေသဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာကိုယ်စားလှယ် ရောဘတ် ပီပါ က ပြောကြားလိုက်ပါတယ်။

    တနင်္လာနေ့မှာ ပြောကြားလိုက်တာဖြစ်ပြီး ပါလက်စတိုင်းတွေမျှော်လင့်နေတဲ့ နှစ်နိုင်ငံအဖြေဟာ စုံးစုံးမြှုပ်နေပြီလို့လည်း ဆိုပါတယ်။

    အစ္စရေးဟာ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းအဆောက်အအုံတွေနဲ့ နေအိမ်တွေကို ဖျက်စီးနေတဲ့အပြင် တစ်ဖက်မှာလည်း အဲ့ဒီဒေသတွေမှာ ဂျူးအခြေချနေထိုင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာတဲ့အတွက် နိုင်ငံတကာက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

    ဒီနှစ်ထဲမှာ ဖျက်စီးတိုက်ခိုက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်လာတယ်လို့ ပီပါက ၎င်းရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

    “၂၀၁၆ နှစ်စကတည်းက ဖျက်စီးမှုအခြေအနေဟာ တစ်ဟုန်ထိုး တက်လာပြီး ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံးက ဖျက်ဆီမှုထက်ကို ပိုများလာပါတယ်”

    လူနေအိမ်တွေကို ဖျက်ဆီးပြီး နေထိုင်သူတွေကို ထွက်သွားဖို့ ဖိအားပေးတာ၊ လူတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ဖယ်ရှားပစ်တာ ဒါမှမဟုတ် လုပ်ကိုင်ခွင့်တွေမပေးတာ စသဖြင့် အစ္စရေးရဲ့ ဆောင်ရွက်မှုတွေဟာ နစ်တကျစီစဉ်ထားတဲ့ ဗျူဟာတစ်ခုဖြစ်တယ်လို့လည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဒီလိုလုပ်ဆောင်နေမှုဟာ အစ္စရေး၊ ပါလက်စတိုင်းဆိုတဲ့ သီးခြား နှစ်နိုင်ငံဖြစ်လာရေး ရေရှည် နိုင်ငံရေးရည်မှန်းချက်ကို ပျက်ဆီးစေတယ်လို့ ပီပါက သတိပေးခဲ့ပြီး အစ္စရေးအာဏာပိုင်တွေအပေါ် ဖိအားပေးဖို့ ဥရောပသမဂ္ဂရဲ့ အခန်းကဏ္ဍ အရေးကြီးပုံကိုလည်း မီးမှောင်းထိုးပြခဲ့ပါတယ်။

    “ဥရောပဟာ အစ္စရေးအပေါ်ကို နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ ယဉ်ကျေးမှုအရရော သြဇာတော်တော်ကြီးပါတယ်” လို့ ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အစ္စရေးထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ အီးယူရဲ့ ဆုံးဖြတ်ချက်ဟာ ထိရောက်ခဲ့တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

    အနာက်ဘက်ကမ်းမှာ ဖျက်ဆီးခံခဲ့ရတဲ့ အီးယူရဲ့ကယ်ဆယ်ရေး အထောက်အကူပစ္စည်းတွေ အပါအ၀င် အစ္စရေးရဲ့ ဖျက်လိုဖျက်ဆီးပြုလုပ်မှုတွေအတွက် လျော်ကြေးတောင်းခံဖို့လည်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်က မီးမောင်းထိုးပြခဲ့ပါတယ်။

    ခန့်မှန်းခြေစာရင်းအရ ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလထဲမှာပဲ ဖျက်စီးပစ်ခဲ့တဲ့ အီးယူရဲ့အကူပစ္စည်းတွေဟာ အနည်းဆုံး ယူရို ၂၀၀၀၀၀ ဖိုးလောက် ရှိတယ်လို့ သိရပါတယ်။

    Ref: IINA

  • ဒီအာရ် ယက်စင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၀မ်းနည်းခြင်းအခမ်းအနား ပါလက်စတိုင်းကျင်းပ

    ဒီအာရ် ယက်စင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၀မ်းနည်းခြင်းအခမ်းအနား ပါလက်စတိုင်းကျင်းပ

    ဧပြီ ၉၊ ၂၀၁၆
    M-Media

    masscare
    ဒီအာရ် ယက်စင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွင်း ထွက်ပြေးရသူ ပါလက်စတိုင်းများ၏ ပုံရိပ်

    – ပါလက်စတိုင်းပိုင် အနာက်ဖက်ကမ်းရှိ ရွာငယ်လေးတစ်ခုတွင် ဇီယွန်ပြည်သူ့စစ်များ၏ ပါလက်စတိုင်းများအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၈ နှစ်ပြည့်အခမ်းအနားကို ပါလက်စတိုင်းပြည်သူများက ယနေ့တွင် ကျင်းပခဲ့သည်ဟု သိရသည်။

    ဂျေရုစလင်အနောက်ခြမ်းရှိ ဒီအာရ် ယက်စင်ဆိုသည့် ရွာလေးတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်များကို လုယူကာ အစ္စရေးနိုင်ငံထူထောင်ရန် ကြိုးစားစဉ် ၁၉၄၈ ခုနှစ် ဧပြီလ၌ ဇီယွန်ဝါဒီ ဂျူးအုပ်စုများက ထိုရွာလေးရှိ ပါလက်စတိုင်းပြည်သူ ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကလေးပါမကျန် သတ်ဖြတ်ခံရခြင်းဖြစ်ပြီး Plan Dalet ခေါ်ဆိုသည့် ပါလက်စတိုင်းရွာများကို အစ္စရေးက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မောင်းထုတ်သော ဖြစ်ရပ်များ၏ မူလအစများထဲမှ တစ်ခုလည်းဖြစ်သည်။

    အဆိုပါ ဒီအာရ် ယက်စင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၇၅၀၀၀၀ ခန့်မှာ ဒုက္ခသည်ဘ၀သို့ ရောက်ခဲ့ရသည်။

    Ref: Press TV

  • ၂၄ နာရီအတွင်း အစ္စရေးက ပါလက်စတိုင်းနေအိမ် ခုနှစ်လုံးကို ဖျက်ဆီး

    ၂၄ နာရီအတွင်း အစ္စရေးက ပါလက်စတိုင်းနေအိမ် ခုနှစ်လုံးကို ဖျက်ဆီး

    ဧပြီ ၆၊ ၂၀၁၆
    M-Media

    israel

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ တနင်္လာနေ့ တစ်ရက်တည်းမှာပဲ ပါလက်စတိုင်း နေအိမ် ၇ လုံးကို အစ္စရေးက ဖျက်ဆီးခဲ့ပြီး အဲဒီအဖြစ်အပျက်ကို “အစုအပြုံလိုက်ဒဏ်ခတ်မှု” လို့ ပါလက်စတိုင်းခေါင်းဆောင်တွေက ခေါ်ဆိုခဲ့ပါတယ်။

    အဖျက်ဆီးခံရတဲ့အိမ်တွေထဲမှာ ဖေဖော်ဝါရီလအတွင်း ပါလက်စတိုင်းပိုင်နက်ထဲက အစ္စရေးစစ်သားတစ်ဦးကို သတ်ဖြတ်မှုကြောင့် အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ပါလက်စတိုင်းပြည်သူ ၃ ဦးရဲ့ မိသားစုတွေနေထိုင်ရာ အိမ်တွေလည်း ပါဝင်ပါတယ်။

    နောက်ပြီး ဂျေရုစလင်ရဲ့ ဒမတ်စကပ်ဝင်ပေါက်အနီးမှာ အစ္စရေးနယ်စပ် ရဲမေတစ်ဦးကို သေနတ်နဲ့ပစ်ခဲ့တဲ့ ပါလက်စတိုင်း ၃ ဦးရဲ့ မိသားစုတွေနေထိုင်တဲ့ အိမ်တွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ အရှေ့ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းမြှောင်က ဆူရီဖ်နဲ့ ဒူးမားရွာတွေမှာရှိတဲ့ နောက်ထပ်နေအိမ်လေးလုံးကိုလည်း အစ္စရေးက လုံးဝ ဖြိုချဖျက်ဆီးခဲ့ပါတယ်။

    နေအိမ်များဖျက်ဆီးခံရတဲ့အတွက် ယမန်နေ့က အနောက်ဖက်ကမ်းမှာ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ရာဘာကွပ်ထားတဲ့ စတီးကျည်ဆံတွေနဲ့ အပစ်ခံရတာကြောင့် ပါလက်စတိုင်းပြည်သူ ၅ ဦးကို ဆေးရုံတင်လိုက်ရပါတယ်။

    ပါလက်စတိုင်းပြည်သူ ၂၀၀၀၀ ခန့် နေထိုင်ကြတဲ့ ကာဘာတီယာမြို့ကို ပြီးခဲ့တဲ့လတွေမှာ အစ္စရေးစစ်တပ်က နှစ်ကြိမ်တိုင်တိုင်ဝင်ရောက်ပြီး ပိတ်ပစ်ခဲ့ကာ အဲဒီမှာနေထိုင်သူတွေရဲ့ အလုပ်လုပ်ခွင့်တွေကိုလည်း အပြီးရပ်စဲလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ကာဘာတီယာမြို့မှာ အစ္စရေးရဲ့လက်ချက်ကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ အနည်းဆုံး ၁၀ ဦး ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးထောင်များတွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်းကလေးငယ် ၂၅၀ ရှိနေ

    အစ္စရေးထောင်များတွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်းကလေးငယ် ၂၅၀ ရှိနေ

    ဧပြီ ၅၊ ၂၀၁၆
    M-Media

    pales

    – ၁၈ နှစ်အောက် ပါလက်စတိုင်း ကလေးငယ် အနည်းဆုံး ၂၄၁ ယောက်ဟာ လက်ရှိမှာ အစ္စရေးအကျဉ်းထောင်များနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတယ်လို့ ပါလက်စတိုင်း လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ “ဖမ်းဆီးခံထားရသူများနှင့် လွတ်မြောက်လာသူများဆိုင်ရာ ကော်မရှင်” က ပြောဆိုလိုက်ပါတယ်။

    တနင်္ဂနွေက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားတာဖြစ်ပြီး ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထားရတဲ့ ပါလက်စတိုင်းကလေးငယ် ၉၄ ယောက်ကို ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမြို့ဖြစ်တဲ့ ဘီအစ်သူနီယားမှာရှိပြီး အစ္စရေးက ချုပ်ကိုင်ထားတဲ့ အိုဖာအကျဉ်းထောင်မှာ အကျဉ်းချထားတာဖြစ်ကာ ကျန်တဲ့သူတွေကိုတော့ တခြားအကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

    အစီရင်ခံစာထဲမှာ ပါလက်စတိုင်းအကျဉ်းသား ၂၂ ယောက်ဟာ အသက် ၁၆ အောက်သာ ရှိသေးပြီး၊ အဲဒီထဲက ၂ ယောက်ကတော့ သေနတ်ပစ်အဖမ်းခံရတာကြောင့် စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။ တစ်ချို့ပါလက်စတိုင်းအကျဉ်းသားတွေကတော့ ဘာအမှုမှမရှိဘဲ ထိန်းသိမ်းရေးစခန်းတွေမှာ ၈ နှ စ်၊ ၁၀ နှစ်၊ ၁၁ နှစ်လောက် ထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။

    “ဖမ်းဆီးခံထားရသူများနှင့် လွတ်မြောက်လာသူများဆိုင်ရာ ကော်မရှင်” က မတ်လမှာ အစ္စရေးအာဏာပိုင်တွေဟာ အိုဖာအကျဉ်းထောင်မှာရှိတဲ့ အရွယ်မရောက်သေးတဲ့ အကျဉ်းသားတွေကို အစ္စရေး ရှက်ကယ် ၈၅၀၀၀ (ကန်ဒေါ်လာ ၂၂၄၇၄ ဒေါ်လာ) ဒဏ်ရိုက်ခဲ့တာကိုလည်း ထောက်ပြခဲ့ပါတယ်။

    အစ္စရေးအကျဉ်းထောင်တွေမှာ ပါလက်စတိုင်းပြည်သူ ၆၅၀၀ ကျော်ရှိနေပြီး၊ ဘာအမှုမှမရှိဘဲ ထိန်းသိမ်းထားသူတွေဟာ ရာနဲ့ချီရှိနေပါတယ်။ ထိန်းသိမ်းရေးစခန်းမူဝါဒနဲ့ ကြမ်းတမ်းတဲ့ ထောင်တွင်းအခြေအနေတွေကြောင့် ပါလက်စတိုင်းအကျဉ်းသားတွေဟာလည်း မကြာခဏ အစာငတ်ဆန္ဒပြလေ့ ရှိပါတယ်။

    Ref: Presstv