News @ M-Media

Tag: Palestine

  • အနောက်ဖက်ကမ်းတွင် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို အစ္စရေးက ထပ်မံပစ်သတ်ပြန်

    အနောက်ဖက်ကမ်းတွင် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို အစ္စရေးက ထပ်မံပစ်သတ်ပြန်

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    pla

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ရာမာလာမြို့အနီး စစ်ဆေးရေးဂိတ်တွင် ယမန်နေ့က ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးစစ်တပ်တို့ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း အသက် ၁၃ နှစ်အရွယ် ပါလက်စတိုင်း ကလေးငယ်တစ်ဦး ပစ်သတ်ခံခဲ့ရသည်။

    အဟ်မဒ်ရှာရာကာဆိုသည့် အဆိုပါကလေးငယ်မှာ လည်ပင်းတွင် ကျည်ဆံမှန်၍ သေဆုံးခြင်းဖြစ်ပြီး အလ်- အက်ဆွာ ဗလီဝတ်ကျောင်းတော်အတွင်း အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်တို့ ၀င်ရောက်စီးနင်းမှုနောက်ပိုင်း ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများတွင် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်မှာ ၂၄ ဦးအထိ ရှိလာပြီဖြစ်သည်။

    ယမန်နေ့တွင် အရှေ့ဂျေရုစလင်အပါအ၀င် အစ္စရေးက ပိတ်ဆို့ထားသည့် အနောက်ဘက်ကမ်းတွင် ဆန္ဒပြမှု အများအပြား ဖြစ်ပွားခဲ့ပြီး၊ ပါလက်စတိုင်းများနှင့် ဂျူးများအကြား ဓားဖြင့်တိုက်ခိုက်မှုများမှာလည်း မြင့်တက်လာခဲ့ကာ အစ္စရေးမြောက်ပိုင်း ကမ်းရိုးတမ်းမြို့တွင် ပါလက်စတိုင်းတစ်ဦးက ဓားဖြင့်တိုက်ခိုက်သောကြောင့် ဂျူးလေးဦး ဒဏ်ရာရရှိခဲ့သည်။

    Ref: Aljazeera

  • ဂါဇာတွင် အစ္စရေး၏ ဗုံးကြဲမှုအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ၃ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံး

    ဂါဇာတွင် အစ္စရေး၏ ဗုံးကြဲမှုအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ၃ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံး

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    plas

    – ယနေ့မနက် ဂါကမ်းမြှောင်တွင် အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ကိုယ်ဝန် ၅ လဆောင်ထားသည့် ပါလက်စတိုင်း အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ၃ နှစ်အရွယ် သမီးငယ်တို့ သေဆုံးခဲ့ကြသည်ဟု သိရသည်။

    သေဆုံးသွားသူများမှာ အသက် ၃၀ အရွယ် နူရ် ဟာဆန်နှင့် သူမ၏ သမီး ရှဟ်ဒ်ဆိုသူတို့ဖြစ်ပြီး ၎င်းတို့အိမ်အနီးရှိ ဟားမက်စ်၏ လေ့ကျင့်ရေးစခန်းနှစ်ခုကို အစ္စရေးက ဗုံးကြဲမှုအတွင်း ၎င်းတို့၏ အိမ်ပါ ပြိုကျကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

    အစ္စရေးစစ်တပ်ကမူ ၎င်းတို့မှာ ဟားမက်စ်၏ လက်နက်ထုတ်လုပ်သည့် စက်ရုံနှစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း အခြား ပါလက်စတိုင်း ၃ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ပါလက်စတိုင်း ကယ်ဆယ်ရေးအဖွဲ့များကမူ အပျက်အစီးများကြားတွင် ဆက်လက် ရှာဖွေလျက် ရှိနေသည်။

    ယမန်နေ့ကလည်း ဂါဇာရှိ ပါလက်စတိုင်းများ၏ ဆန္ဒပြမှုအတွင်း ပါလက်စတိုင်း ဆယ်ကျော်သက်များကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့ပြီး ၂၄ နာရီအတွင်း ပါလက်စတိုင်း ၆ ဦး သေဆုံးခဲ့သည်။ ဂါဇာ၌ အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပြည်သူများ ယမန်နေ့ ထိပ်တိုက်တွေ့ဆုံမှုအတွင်း အနည်းဆုံး ပါလက်စတိုင်း ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆေးဘက်ဆိုင်ရာ ရင်းမြစ်များက အတည်ပြုခဲ့သည်။

    အောက်တိုဘာ ၁ ရက်နေ့နောက်ပိုင်း အစ္စရေးစစ်တပ်မှ ပစ်သတ်၍ သေဆုံးခဲ့သည့် ပါလက်စတိုင်းပြည်သူများမှာ ၂၀ ဦး ရှိသွားပြီး ၉ ဦးမှာ ဂါဇာ၌ဖြစ်ကာ၊ ၁၁ ဦးမှာ အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားသည့် အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင် ဖြစ်သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ၎င်းတို့၏ Facebook စာမျက်နှာ၌ ဖော်ပြခဲ့သည်။

    နူရ်ဟာဆန်နှင့် သူမ၏သမီးငယ်တို့ သေဆုံးမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၂ ဦး ရှိခဲ့ပြီဖြစ်သည်။

    Ref: Aljazeeras

  • ဂါဇာတွင် ပါလက်စတိုင်းများကို အစ္စရေးက ပစ်သတ်ပြီးနောက် မငြိမ်သက်မှုများ မြင့်တက်လာ

    ဂါဇာတွင် ပါလက်စတိုင်းများကို အစ္စရေးက ပစ်သတ်ပြီးနောက် မငြိမ်သက်မှုများ မြင့်တက်လာ

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    plas

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပြည်သူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ ယမန်နေ့တွင် ဂါဇာကမ်းမြှောင်သို့ ပြန့်နှံ့သွားခဲ့ပြီး အစ္စရေးစစ်တပ်က ဆန္ဒပြသူ ပါလက်စတိုင်း ၆ ဦးကို ပစ်သတ်ခဲ့ကာ မငြိမ်သက်မှုမှာ ပိုမိုကြီးထွားလာခဲ့သည်။

    အစ္စရေးတောင်ပိုင်း ဒီမိုအာမြို့တွင် ဂျူးတစ်ဦးက ပါလက်စတိုင်း လေးဦးအား ဓားဖြင့်ထိုးမှုတစ်ခု အပါအ၀င် ယမန်နေ့က အစ္စရေးနှင့် အနောက်ဘက်ကမ်းတွင် ဓားထိုးမှု ၄ ခုခန့် ဖြစ်ပွားခဲ့သည်။ ပါလက်စတိုင်း ဆန္ဒပြသူများအား ပစ်သတ်မှုကြောင့် ဟားမက်စ်အဖွဲ့က စနေနေ့မနက်တွင် အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်တစ်ခု ပစ်လွှတ်ခဲ့ပြီး မည်သည့်ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုမှ မရှိခဲ့ချေ။

    အစ္စရေးက ပိတ်ဆို့သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင် ရှူအာဖက် စစ်ဆေးရေးဂိတ်တွင် အစ္စရေးစစ်တပ်က ပါလက်စတိုင်းတစ်ဦးအား ယနေ့မနက်ပိုင်းတွင် ထပ်မံပစ်သတ်ခဲ့သည်။

    ဂါဇာအရှေ့ပိုင်းတွင် ဖြစ်ပွားသော ဆန္ဒပြမှုများ၌ ပါလစတိုင်း ၆ ဦး သေဆုံးမှုအပြင် အများအပြား ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများတွင် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးလည်း ပါဝင်ခဲ့သည်။

    အစ္စရေးစစ်တပ်ကမူ နယ်စပ်စည်းရိုးနားတွင် တိုက်ခိုက်ရန်ကြိုးစားမှု အများအပြားရှိခဲ့ပြီး ဆန္ဒပြသူ ၁၀၀၀ ခန့်မှာ တစ်စိမ့်စိမ့် ၀င်ရောက်လာကာ လက်ပစ်ဗုံးများ၊ ဒုံးကျည်များဖြင့်ပစ်ခြင်း၊ မီးလောင်နေသော တာယာများကို လှိမ့်သွင်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    “ဒီမှာ သိပ်အန္တရာယ်ရှိနေပါပြီ။ သူတို့က အမြဲတမ်း နယ်ခြားကို သေနတ်နဲ့ပစ်တယ်။ ဒါပေမယ့် ဒီနေ့တော့ ခါတိုင်းထက် ဆိုးနေပါတယ်။ ပထမ သူတို့က ရာဘာငုံထားတဲ့ စတီးကျည်ဆံနဲ့ပစ်တယ်။ မီးခိုးဗုံးတွေသုံးတယ်။ နောက်ပိုင်းမှာတော့ တကယ့်ကျည်အစစ်တွေနဲ့ ကျွန်တော်တို့ကို ပစ်ပါတယ်” ဟု ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ဂါဇာအခြေစိုက် ဓာတ်ပုံဆရာ အက်ဇ် ဇာနွန်က ပြောကြားခဲ့သည်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆအီဘ် အီရာကသ်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ၎င်း၏ အစိုးရမှာ ဂါဇာရှိ ပါလက်စတိုင်းများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်မံကျူးလွန်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အစ္စရေးဂျူးတစ်ဦးက ဓားဖြင့်ထိုးသောကြောင့် ပါလက်စတိုင်း ၄ ဦး ဒဏ်ရာရ

    အစ္စရေးဂျူးတစ်ဦးက ဓားဖြင့်ထိုးသောကြောင့် ပါလက်စတိုင်း ၄ ဦး ဒဏ်ရာရ

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    pa

    – အစ္စရေးတောင်ပိုင်း ဒီမိုနာမြို့တွင် ဂျူးတစ်ဦးက ပါလက်စတိုင်း ၄ ဦးကို ဓားဖြင့်ထိုးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့က အမျိုးသားရေး လှုံ့ဆော်မှုကြောင့်ဖြစ်သည့် တိုက်ခိုက်မှုဟု ကင်ပွန်းတပ်ခဲ့သည်။

    တိုက်ခိုက်ခံရသူများမှာ ဆောက်လုပ်ရေးလုပ်သား ၃ ဦးနှင့် မြူနီစီပယ်အရာရှိ တစ်ဦးတို့ ဖြစ်ကြပြီး ဒဏ်ရာအနည်းငယ် ရခဲ့ကာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ဂျေရုစလင်၌ အစ္စရေး၏ ဖိနှိပ်ချုပ်ချယ်မှုများကို မကျေနပ်သောကြောင့် ပါလက်စတိုင်းများက ဂျူးများအား ဓားဖြင့်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး သိပ်မကြာခင် ယခုအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    အလ်အက်ဆွာဗလီဝတ်ကျောင်းတော်အား အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်များ ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်း ၀တ်ပြုသူများအား ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် ပါလက်စတိုင်းတို့၏ ဆန္ဒပြမှုနှင့် တိုက်ခိုက်မှုများကို အစ္စရေးက အကြမ်းဖက်မှုအဖြစ် သမုတ်ခဲ့သည်။

    Ref: Aljazeera

  • ဘက်သလီဟမ်တွင် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို အစ္စရေး ပစ်သတ်ပြန်

    ဘက်သလီဟမ်တွင် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို အစ္စရေး ပစ်သတ်ပြန်

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    plas

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်း ဘက်သလီဟမ်ဒေသရှိ ဒုက္ခသည်စခန်းအနီးတွင် ယမန်နေ့က ဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှုများအတွင်း အစ္စရေးစစ်တပ်က အသက် ၁၃ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်တစ်ဦးကို ပစ်သတ်လိုက်သည်ဟု သိရသည်။

    အဘ်ဒဲလ်ရဟ်မန် အဘ်ဒူလာဟ်ဆိုသူ လူငယ်လေးဖြစ်ပြီး ရင်ဘတ်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးက တည်ဆောက်ထားသော တရားမ၀င်အိမ်ယာများ၌ နေထိုင်သူ ဂျူးများ ဂျေရုစလင်တွင် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော တင်းမာမှုများအတွင်း အစ္စရေးစစ်တပ်က ပစ်ခတ် သတ်ဖြတ်ခဲ့သည့် ဒုတိယမြောက် ပါလက်စတိုင်း ပြည်သူလည်း ဖြစ်လာခဲ့သည်။ တနင်္ဂနွေနေ့က တူလ်ကာမ်မြို့တွင် အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်း လူငယ်တစ်ဦးကို အစ္စရေး စစ်တပ်က ပစ်သတ်ခဲ့သည်။

    နိုင်ငံတကာကလေးငယ်များ ကာကွယ်ရေးအဖွဲ့မှ ပါလက်စတိုင်းဆိုင်ရာ ဒါရိုက်တာတစ်ဦးဖြစ်သူ အေယဒ် အဘူ တာအစ်ရှ်က ပါလက်စတိုင်း ကလေးငယ်များကို ပစ်သတ်ရန်အတွက် အစ္စရေးစစ်သားများကို အထက်က ခွင့်ပြုထားသောကြောင့် မည်သည့်အရေးယူမှုမှ ခံရခြင်းမရှိဟု ပြောကြားခဲ့သည်။

    Ref: Aljazeera