အောက်တိုဘာ ၉၊ ၂၀၁၅
M-Media
– အစ္စရေးတောင်ပိုင်း ဒီမိုနာမြို့တွင် ဂျူးတစ်ဦးက ပါလက်စတိုင်း ၄ ဦးကို ဓားဖြင့်ထိုးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့က အမျိုးသားရေး လှုံ့ဆော်မှုကြောင့်ဖြစ်သည့် တိုက်ခိုက်မှုဟု ကင်ပွန်းတပ်ခဲ့သည်။
တိုက်ခိုက်ခံရသူများမှာ ဆောက်လုပ်ရေးလုပ်သား ၃ ဦးနှင့် မြူနီစီပယ်အရာရှိ တစ်ဦးတို့ ဖြစ်ကြပြီး ဒဏ်ရာအနည်းငယ် ရခဲ့ကာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ဂျေရုစလင်၌ အစ္စရေး၏ ဖိနှိပ်ချုပ်ချယ်မှုများကို မကျေနပ်သောကြောင့် ပါလက်စတိုင်းများက ဂျူးများအား ဓားဖြင့်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး သိပ်မကြာခင် ယခုအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အလ်အက်ဆွာဗလီဝတ်ကျောင်းတော်အား အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်များ ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်း ၀တ်ပြုသူများအား ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် ပါလက်စတိုင်းတို့၏ ဆန္ဒပြမှုနှင့် တိုက်ခိုက်မှုများကို အစ္စရေးက အကြမ်းဖက်မှုအဖြစ် သမုတ်ခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.