News @ M-Media

Tag: Palestine

  • စစ်ရာဇ၀တ်မှုစွပ်စွဲချက်အတွက် ပါလက်စတိုင်းပိုင်နက်တွင် ICC မှ လေ့လာဆန်းစစ်မှု  ပြုလုပ်တော့မည်

    စစ်ရာဇ၀တ်မှုစွပ်စွဲချက်အတွက် ပါလက်စတိုင်းပိုင်နက်တွင် ICC မှ လေ့လာဆန်းစစ်မှု ပြုလုပ်တော့မည်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media

    gaza
    ဂါဇာအား အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်ခဲ့မှုတွင်း မြင်ကွင်းတစ်ခု

     

    – အစ္စရေးနှင့် ပါလက်စတိုင်း တာဝန်ရှိသူများအား တရားစွဲဆိုမှုအထိ ဖြစ်လာနိုင်သော ပထမဆုံး တရားဝင်ခြေလှမ်းအဖြစ် ပါလက်စတိုင်းပိုင်နက်အတွင်း ကျူးလွန်နိုင်ဖွယ်ရှိသော စစ်ရာဇ၀တ်မှုများအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှ ကနဦးလေ့လာဆန်းစစ်မှုတစ်ခုကို ပြုလုပ်သွားမည်ဟု သိရသည်။

    အဆိုပါ ကနဦးလေ့လာဆန်းစစ်မှုများမှ တွေ့ရှိချက်များကို သုံးသပ်၍ ပါလက်စတိုင်းပိုင်နက်အတွင်း ဖြစ်ပွားခဲ့သည်ဟု ပြောဆိုကြသည့် ရက်စက်မှုများနှင့်ပတ်သက်၍ ပြည့်ဝသည့် စုံစမ်းစစ်ဆေးမှုတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ပါလက်စတိုင်းနှင့် အစ္စရေးတို့မှ တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဖြစ်သည်။

    `ကနဦးလေ့လာဆန်းစစ်မှုက စုံစမ်းစစ်ဆေးမှုမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောမသဘောတူညီချက်မှာ ဖော်ပြထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ဖို့ အကျိုးအကြောင်းခိုင်လုံလားဆိုတာနဲ့ ပတ်သက်ပြီး တရားဝင် ဆုံးဖြတ်ချက်တစ်ခုချဖို့ သတင်းအချက်အလက်တွေရနိုင်မယ့် ဆန်းစစ်လေ့လာမှု လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်´ ဟု
    ယမန်နေ့က ICC မှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ရာမာလာရှိ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အမ်မရ် ဟီဂျာဇီကမူ ထိုကိစ္စတွင် ရှု့ထောင့်အားလုံးကို ထည့်သွင်းစဉ်းစားလိမ့်မည်ဟု ပါလက်စတိုင်းအာဏာပိုင်များက ယုံကြည်ကြောင်း၊ မိမိတို့ကလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    `(ဂါဇာစစ်ပွဲမှာ) ပါလက်စတိုင်းပြည်သူတွေ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့ အခြေခံ ရှုထောင့် ရှိနေပါတယ်။ ဒီစစ်ပွဲမှာ ပါလက်စတိုင်းဘက်က ဥပဒေချိုးဖောက်မှုတွေ ရှိခဲ့မယ်ဆိုရင်လည်း ဒီအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်´ ဟု ဟီဂျာဇီက ဆိုသည်။

    အစ္စရေးနိုင်ငံခြားရေးဝန်ကြီး လီဘာမန်ကမူ ICC ၏ ထိုဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး အစ္စရေးဆန့်ကျင်ရေး သဘောတရားများမှ ဖြစ်ပေါ်လာသည့် ကိစ္စရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ပါလက်စတိုင်းအနေဖြင့် ICC တွင် ဧပြီ ၁ ရက်နေ့မှစ၍ အဖွဲ့ဝင်ဖြစ်လာမည်ဟု မကြာသေးမီကပင် အတည်ပြုထားသည်။ ICC ၏ တာဝန်ရှိသူများက တရားစီရင်ရေးကိစ္စနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှ စတင်ကာ အကြုံးဝင်မည်ဟု ပြောကြားခဲ့သော ဇူလိုင်လအစောပိုင်းမှ စတင်ကာ ရက်ပေါင်း ၆၀ နီးပါး ကြာမြင့်ခဲ့သည့် အစ္စရေးတို့က ဂါဇာအား ကျူးကျော်တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနိုင်မည် ဖြစ်သည်။

    ထိုတိုက်ခိုက်မှုတွင် ဂါဇာပြည်သူ ၂၃၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ ကလေးများနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ အစ္စရေးဘက်က ၆၇ ဦး သေဆုံးခဲ့ပြီး ၆၁ ဦးမှာ ဂါဇာသို့ ကျူးကျော်ဝင်ရောက်လာသည့် အစ္စရေးစစ်သားများ ဖြစ်သည်။

    Ref: aljazeera

  • နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ ပါလက်စတိုင်း ဆက်သွယ်ခွင့်ရပြီ

    နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ ပါလက်စတိုင်း ဆက်သွယ်ခွင့်ရပြီ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    pls 0

    – ပါလက်စတိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC သို့ ဧပြီလ ၁ ရက်နေ့မှစ၍ အဖွဲ့ဝင်အဖြစ် ၀င်ရောက် ဆက်သွယ် ဆောင်ရွက်လိ့မ်မည်ဟု ကုလသမ္မဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားလိုက်သည်။

    နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ ၀င်ရောက်ရန်အတွက် နောက်ဆုံးအဆင့် ဆောင်ရွက်မှုအဖြစ် ICC ၏ အခြေခံမူဖြစ်သည့် ရောမ သဘောတူညီချက်တွင် လက်မှတ်ထိုးခွင့်ရရေး ပါလက်စတိုင်း၏ လျှောက်လွှာကို ပြီးခဲ့သည် သောကြာနေ့က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဆက်သွယ်ဆောင်ရွက်ခွင့် ရခဲ့ခြင်းလည်း ဖြစ်သည်။

    ယမန်နေ့ညပိုင်းက ကုလသမဂ္ဂ ၀ဘ်ဆိုက်တွင် ဘန်ကီမွန်က `ရောမသဘောတူညီချက်ဟာ ပါလက်စတိုင်းနိုင်ငံအပေါ် ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်နေ့ကစပြီး သက်ရောက်ပါလိမ့်မယ်´ ဟု ရေးသားဖော်ပြထားပြီး အဆိုပါ စာရွက်စာတမ်းများ အတည်ပြု လက်မှတ်ရေးထိုးခြင်း အတွက် မိမိအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ICC သို့ဝင်ရောက်ရန် ပါလက်စတိုင်း၏ ကြိုးစားမှုအတွက် လက်တုံ့ပြန်သွားမည်ဟု အစ္စရေးက ခြိမ်းခြောက်ထားပြီး၊ အမေရိကန် ကလည်း ထိုဆောင်ရွက်မှုမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးကို အတားအဆီးဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံတကာရာဇ၀တ်ခုံရုံးနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်ရပြီးနောက် ပါလက်စတိုင်းမှာ အစ္စရေး၏ စစ်ရာဇ၀တ်မှုများအတွက် တရားစွဲဆိုနိုင်မည် ဖြစ်သည်။

    Ref : www.aljazeera

  • ပါလက်စတိုင်းဘက်မှ ရမည့် အခွန်များကို အစ္စရေးက အကြောင်းပြကာဆိုင်းငံ

    ပါလက်စတိုင်းဘက်မှ ရမည့် အခွန်များကို အစ္စရေးက အကြောင်းပြကာဆိုင်းငံ

    ဇန်န၀ါရီ ၄၊ ၂၀၁၅
    M-Media
    10920906_822298791145926_8715980966956426705_n
    – ပါလက်စတိုင်းအစိုးရ၏ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်း မှုကို မကျေပ်နပ်သည့်အတွက် ပါလက်စတိုင်းဘက်မှ ရရှိမည့် အခွန်များကို အစ္စရေးက ဆိုင်းငံ့ထားလိုက်သည်ဟု သိရသည်။

    အမည်မဖော်လိုသည့် အစ္စရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ အစ္စရေးနေ့စဉ် သတင်းစာ Haaretz ၏ အွန်လိုင်း စာမျက်နှာတွင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ပါလက်စတိုင်း ပိုက်နက်အတွင်း ၀င်ရောက်လာသည့် ကုန်ပစ္စည်းအခွန်များနှင့် အခြားသောအခွန်များအတွက် ပါလက်စတိုင်းအစိုးရမှ ရရှိမည့် စုစုပေါင်း အခွန်ပမာဏမှာ ကန်ဒေါ်လာ ၁၂၇ သန်း ခန့် ရှိသည်။

    `ဒီဇင်ဘာလအတွက် အခွန်ငွေတွေကို သောကြာနေ့က လွှဲအပ်ရမှာပါ။ ဒါပေမယ့် ပါလက်စတိုင်းရဲ့ ICC ကိုဝင်ရောက်ဖို့ ဆောင်ရွက်မှုကို တုံ့ပြန်တဲ့အနေနဲ့ လွှဲပြောင်းပေးအပ်မှုကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တာပါ´ ဟု အဆိုပါ အစ္စရေး တာဝန်ရှိသူက ပြောကြားခဲ့သည်။

    ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲ ပြီးဆုံးပြီးသည့်နောက် ကုလသမဂ္ဂမှ သတ်မှတ် ပေးထားသော ပါလက်စတိုင်းပိုင် နယ်နမိတ်ကို အစ္စရေးတို့က ကျူးကျော် သိမ်းပိုက်ထားကာ အခွန်ငွေများကိုလည်း ပါလက်စတိုင်း အစိုးရအား ကောက်ခံခွင့်မပေးဘဲ အစ္စရေးက ကောက်ခံရယူနေသည်။

    ပါလက်စတိုင်းအစိုးရမှာ ICC နှင့် အခြားသော နိုင်ငံတကာ သဘော တူညီချက်များအတွင်း အဖွဲ့ဝင်အဖြစ်ပါဝင်ရန် အတွက် တောင်းဆိုလွှာ များကို သောကြာနေ့က ကုလရုံးချုပ်သို့ ပေးပို့ထားပြီး ပါလက်စတိုင်းအား မတရား ကျူးကျော်သိမ်းပိုက်ထားသည့် အစ္စရေးက သတ်ပစ်ခဲ့သော ပြည်သူများ အားလုံးအတွက် တရားမျှတမှုကို ဆောင်ကျဉ်းရန် မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။

    Ref: aljazeera

  • နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် အဖွဲ့ဝင်ဖြစ်ရေး ပါလက်စတိုင်း ကြိုးပမ်း

    နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် အဖွဲ့ဝင်ဖြစ်ရေး ပါလက်စတိုင်း ကြိုးပမ်း

    ဇန်န၀ါရီ ၁၊ ၂၀၁၅
    M-Media
    10603776_820057698036702_4814568365774334044_n
    – နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC ၏ အဖွဲ့ဝင်ဖြစ်ရေး တောင်းဆိုလွှာကို ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ယမန်နေ့တွင် လက်မှတ်ရေးထိုး လိုက်သည်ဟု သိရသည်။

    ပါလက်စတိုင်းပိုင်နက်အား အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှု ရပ်တန့်ရေးနှင့်  နိုင်ငံတကာအသိုင်းအ၀ိုင်း၏ သတ်မှတ်ချက်များဖြင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန် ရည်ရွယ်သည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပယ်ချခဲ့ပြီးနောက် ICC အဖွဲ့ဝင်ဖြစ်ရေးအတွက် အဘတ်စ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    ထိုတောင်းဆိုလွှာအပြင် ပါလက်စတိုင်းအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ ၀င်ရောက်နိုင်ရေးအတွက် အခြားသော နိုင်ငံတကာ သဘောတူညီချက် ၂၀ ခန့်တွင် ပါဝင်နိုင်ရေး တောင်းဆိုလွှာများကိုလည်း အဘတ်စ်က လက်မှတ်ရေးထိုး ခဲ့သည်။

    ICC သို့ဝင်ရောက်ရန် ပါလက်စတိုင်း၏ ဆုံးဖြတ်ချက်မှာ ဂါဇာကမ်းမြှောင်တွင် အစ္စရေးက ပြုလုပ်ခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်၍ တရားစွဲဆို တိုင်ကြားနိုင်ရန် အဆင့်တစ်ဆင့် တက်လှမ်းခြင်းဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ပါလက်စတိုင်း၏ ထိုဆုံးဖြတ်ချက်အတွက် တုံ့ပြန်သွားမည်ဟု ကြေညာခဲ့သည်။

    အဘတ်စ်က လက်မှတ်ထိုးထားသော အဆိုပါတောင်းဆိုလွှာကို ကုလသမဂ္ဂ  အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ထံသို့ လွှဲအပ်သွားမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC သို့ တင်သွင်းသွားမည်ဖြစ်သည်။

    နိုင်ငံတကာမှ ဥပဒေရေးရာ ကျွမ်းကျင်သူများကမူ ပါလက်စတိုင်း၏ ထိုတောင်းဆိုမှုကို အသိအမှတ်ပြုဖွယ် ရှိနေသည်ဟု မှတ်ချက်ပေးခဲ့သည်။

    ဒုတိကမ္ဘာစစ်အတွင်း နာဇီတို့၏ ရန်ကိုကြောက်၍ ပါလက်စတိုင်းပိုင်နက်သို့ တရားမ၀င် ၀င်ရောက်လာခဲ့သည့် အရှေ့ဥရောပမှ ဂျူးလူမျိုးများမှာ အနောက် နိုင်ငံများ၏ ထောက်ပံ့ပေးမှုဖြင့် ဌာနေပါလက်စတိုင်းများကို သတ်ဖြတ် မောင်းထုတ်ကာ ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံကို တည်ထောင်ခဲ့သည်။

    ထို့နောက် ယခုအချိန်အထိ နည်းအမျိုးမျိုးသုံးကာ ပါလက်စတိုင်းပြည်သူများအား ငြှင်းပန်းနှိပ်စက်လျက်ရှိပြီး ပါလက်စတိုင်း ပိုင်နက်အားလုံးကို သိမ်းယူရန် ကြိုးစားနေသည်။

    Ref : aljazeera

  • ပါလက်စတိုင်းအား အစ္စရေးကျူးကျော်မှု အဆုံးသတ်ရမည့် မူကြမ်းတစ်ခု လုံခြုံရေးကောင်စီသို့ တင်သွင်း

    ပါလက်စတိုင်းအား အစ္စရေးကျူးကျော်မှု အဆုံးသတ်ရမည့် မူကြမ်းတစ်ခု လုံခြုံရေးကောင်စီသို့ တင်သွင်း

    ဒီဇင်ဘာ ၁၈၊ ၂၀၁၄
    M-Media

    665003303001_3949462873001_2014121422135571734-20
    – ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲပြီးကတည်းက အစ္စရေးတို့ ပြုလုပ်ခဲ့သည့် ပါလက်စတိုင်းဒေသ ကျူးကျော်မှုအား အဆုံးသတ်ရန်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်း တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲခွဲရန်အတွက် ဂျော်ဒန်နိုင်ငံက တင်သွင်းခဲ့သည်ဟု သိရသည်။

    အဆိုပါ ဆုံးဖြတ်ချက်မှုကြမ်းတွင် ပါလက်စတိုင်း ပိုင်နက်မှ အစ္စရေးစစ်တပ်များ ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ နောက်မကျစေဘဲ ထွက်သွားရန် တောင်းဆိုထားပြီး ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းကိုယ်စားလှယ် ရီယဒ် မန်ဆူရ်ကမူ အဆိုပါ ဆုံးဖြတ်ချက်မှုကြမ်းမှာ အမေရိကန်အပါအ၀င် မည်သူနှင့်မဆို ထပ်မံ၍ ဆွေးနွေးမှု များ ပြုလုပ်ရန် အတွက် တံခါးပိတ်ခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။

    `တကယ်လို့ သူတို့သာ ဆန္ဒရှိရင် သူတို့အားလုံးနဲ့ နောက်ပြီး အမေရိကန်နဲ့ပါ ကျွန်တော်တို့ဟာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာပါ။ ဒါမှသာ ငြိမ်းချမ်းရေး တံခါးကိုဖွင့်ဖို့ လုံခြုံရေးကောင်စီက ပြဌာန်းတဲ့ ဥပဒေတစ်ခုခုဟာ အောင်မြင်နိုင်မှာပါ။ အဓိပ္ပါယ်ရှိတဲ့ အရာတွေအတွက် ကျွန်တော်တို့နဲ့ အလုပ်လုပ်လိုသူတွေအားလုံးနဲ့ အလုပ်လုပ်ဖို့ ကျွန်တော်တို့  ဆန္ဒရှိပါတယ်´ ဟု မန်ဆူရ်က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် ဒီကရေစီစနစ်ထွန်းကားပြီး ကြွယ်ဝသည့် လွတ်လပ်သောနိုင်ငံ နှစ်နိုင်ငံဖြစ်လာရေးကို ရှေ့ရှုသော ငြိမ်းချမ်းရေး အစ္စရေးနှင့် ပါလက်စတိုင်းအကြား တစ်နှစ်အတွင်း ရရှိရန်အတွက်လည်း တိုက်တွန်းထားသည်။

    ပါလက်စတိုင်းမှာ လုံခြုံရေးကောင်စီတွင် စောင့်ကြည့် အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် ထိုဆုံးဖြတ်ချက်မှုကြမ်းကို တိုက်ရိုက်တင်သွင်းခွင့်မရှိဘဲ ဂျော်ဒန်က တင်သွင်းပေးခဲ့ရခြင်းဖြစ်သည်။