News @ M-Media

Tag: Palestine

  • လူနေအိမ်များကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ဂါဇာတွင် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၅ သောင်းကျော်ပြီ

    လူနေအိမ်များကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ဂါဇာတွင် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၅ သောင်းကျော်ပြီ

    မေ ၁၈၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အဆောက်အဦး ၄၅၀ လောက် ပျက်ဆီးခဲ့ပြီး လူပေါင်း ၅၈၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

    အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေထဲက ၄၇၀၀၀ လောက်ဟာ ကုလက ဆောက်ပေးထားတဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ (OCHA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျန်လယ်ရာကီက ဆိုပါတယ်။

    ဖျက်ဆီးခံရတဲ့ အဆောက်အဦး ၄၅၀ ထဲမှာ ဆေးရုံ ၆ ရုံ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဌာန ၉ ခုလည်း ပါဝင်ပါတယ်။ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ထုတ်လုပ်ပေးနေတဲ့ ဂါဇာရဲ့ တစ်ခုတည်းသော သရီးဒီပရင်တာ Tashkeel3D ကိုလည်း အစ္စရေးက ဖျက်ဆီးခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့ကစတင်ပြီး ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် က​လေးငယ် ၆၁ ဦး အပါအဝင် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၁၃ ဦး သေဆုံးပြီ ဖြစ်ပါတယ်။ ဒဏ်ရာရသူ အရေအတွက်ကလည်း ၁၅၀၀ လောက် ရှိနေပါတယ်။

    ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်ရဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် အစ္စရေး ၁၂ ဦး သေဆုံးပြီး အနည်းဆုံး ၃၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့မှာ တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာလည်း ဂျူးအခြေချနေထိုင်သူတွေက နေအိမ်တွေလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေ ဆန္ဒပြနေပြီး အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် သေဆုံးဒဏ်ရာရသူ တော်တော်များများ ရှိနေပါတယ်။

    Ref: Aljazeera

  • အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင်သေဆုံးသူ ၂၀၀ နီးပါး ရှိပြီ

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင်သေဆုံးသူ ၂၀၀ နီးပါး ရှိပြီ

    မေ ၁၇၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်နေတာ ၈ ရက်မြောက် ရှိသွားပြီဖြစ်ပြီး ကလေးငယ်တွေအပါအဝင် သေဆုံးသူအရေအတွက်ဟာလည်း ၁၉၈ ဦး ရှိလာပြီဖြစ်ပါတယ်။

    တနင်္လာနေ့မနက်ပိုင်းက တိုက်ခိုက်မှုမှာပဲ အနည်းဆုံး ၄၂ ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့မှာ ပစ်ခတ်ခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာတော့ အစ္စရေးက နေ့စဉ်ရက်ဆက် ဂါဇာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    လူနေအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလည်း ရှိနေပြီး ဒီနေ့အထိ သေဆုံးသူ ပါလက်စတိုင်းအရေအတွက်က ၁၉၈ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲဒီအထဲမှာ ကလေးငယ် ၅၈ ဦး ပါဝင်ပါတယ်။ ဒဏ်ရာရသူကတော့ ၁၃၀၀ ကျော်ပါပြီ။

    အစ္စရေးကပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာလည်း အစ္စ​ရေးလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ လက်ချက်ကြောင့် ပါလက်စတိုင်းတွေသေဆုံးမှု မြင့်တက်နေပါတယ်။

    ဟားမက်စ်ကလည်း အစ္စရေးဖက်ကို ဒုံးကျည်တွေနဲ့ ပစ်နေပြီး ကလေးငယ် ၂ ဦး အပါအဝင် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ဂါဇာကို တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း တင်းမာမှုလျော့ချရေး မနေ့က အစည်းအဝေးလုပ်ခဲ့ပေမယ့် ကြေ​ငြာချက် မထုတ်နိုင်ခဲ့ပါဘူး။

    အမေရိကန်ရဲ့နှောက်ယှက်မှုကြောင့် ကြေငြာချက်မထုတ်နိုင်ခဲ့တာလို့ တရုတ်က ပြောပါတယ်။

    Ref: Aljazeera

  • ဂါဇာလူနေရပ်ကွက်များကို အစ္စရေးက ၆ ရက်ဆက် တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၄၀ ရှိပြီ

    ဂါဇာလူနေရပ်ကွက်များကို အစ္စရေးက ၆ ရက်ဆက် တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၄၀ ရှိပြီ

    မေ ၁၅၊ ၂၀၂၁
    M-Media

    အစ္စရေး၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ဈာပန

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက လေကြောင်းက​နေတိုက်ခိုက်မှု ၆ ရက်ဆက် ဖြစ်လာတဲ့အချိန် သေဆုံးသူအရေအတွက်က အနည်းဆုံး ၁၄၀ လောက် ရှိလာပြီ ဖြစ်ပါတယ်။

    သေဆုံးသူတွေထဲမှာ ကလေးငယ် ၄၀ လောက် ပါဝင်ပြီး၊ ဒဏ်ရာရသူက ၉၅၀ လောက် ရှိပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူနေ အထပ်မြင့်အဆောက်အဦးတွေ ပြိုကျပျက်ဆီးမှုလည်း မြင့်တက်လာပါတယ်။

    ပြီခဲ့တဲ့ သီတင်းပတ်အနည်းအငယ်အတွင်း အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့မှာ ပစ်ခတ်ခဲ့ပါတယ်။

    အစ္စရေးကလည်း တနင်္လာနေ့မှာပဲ ဂါဇာကို လေကြောင်းကနေ တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။

    ပါလက်စတိုင်း အနောက်ဖက်ကမ်းမှာလည်း ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းနေအိမ်ကို လုယူတာ၊ အုပ်စုဖွဲ့ကာ ပါလက်စတိုင်းတွေကို တိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်လာပြီး တင်းမာမှုတွေက ပိုမြင့်လာပါတယ်။

    အနောက်ဖက်ကမ်းမှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ လက်ချက်ကြောင့် ပါလက်စတိုင်း​ အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာတွင် သေဆုံးသူ ၈၀ ကျော်ပြီ

    အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာတွင် သေဆုံးသူ ၈၀ ကျော်ပြီ

    မေ ၁၃၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ အစ္စရေးက လူနေရပ်ကွက်တွေကို လေကြောင်းကနေတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၃ ဦးရှိလာပြီ ဖြစ်ပါတယ်။

    အစ္စရေးဟာ တိုက်ခိုက်မှုတွေကို တနင်္လာနေ့ ညနေပိုင်းကတည်းက စတင်လုပ်ဆောင်နေတာပါ။ တိုက်ခိုက်မှုတွေဟာ တစ်ဖြည်းဖြည်း ပြင်းထန်လာပြီး အထပ်မြင့် လူနေအဆောက်အဦးတွေကို ပစ်မှတ်ထားလာကြောင့် သေဆုံးသူတွေ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

    သေဆုံးသူ အနည်းဆုံး ၈၃ ဦးရှိတယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ထားပြီး အဲဒီအထဲမှာ ကလေးငယ် ၁၇ ဦး ပါဝင်ပါတယ်။ ဒဏ်ရာရသူအရေအတွက်ကတော့ ၄၈၀ လောက် ရှိနေပါတယ်။

    ပြီခဲ့တဲ့ သီတင်းပတ်အနည်းအငယ်အတွင်း အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က မနေ့ကအထိ ဝင်ရောက်စီးနင်း ဖြိုခွဲရာမှာ ပါလက်စတိုင်းပြည်သူ ၇၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

    ဟားမက်စ်က အလ်အက္ကဆွာဗလီမှာ အစ္စရေးတပ်ဖွဲ့တွေက အကြမ်းဖက်တာကို လက်တုန့်ပြန်တဲ့အနေနဲ့ မနေ့ကအထိ ဂါဇာကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အနည်းဆုံး အစ္စရေး ၇ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် ကလေးများအပါအဝင် လူ ၂၀ ကျော် သေဆုံး

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် ကလေးများအပါအဝင် လူ ၂၀ ကျော် သေဆုံး

    မေ ၁၁၊ ၂၀၂၁
    M-Media

    အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ဈာပန

    -ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂါဇာမှာ မနေ့က အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် ကလေးငယ် ၉ ဦးအပါအဝင် အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ပါတယ်။

    ဂါဇာကို အစ္စရေးက ​ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းကနေ ပိတ်ဆို့ဖြတ်တောက်ထားတာ ၁၀ နှစ်လောက် ရှိပါပြီ။ ဟားမက်စ်အဖွဲ့က အစ္စရေးဘက်ကို ဒုံးကျည်တွေပစ်တာကြောင့် ဒီလိုတိုက်ခိုက်တာဖြစ်တယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။

    ​အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ ဒုက္ခသည်စခန်းတွေ လူနေရပ်ကွက်တွေလည်း ပစ်မှတ်ထား ခံခဲ့ရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာလည်း ဂါဇာကို အစ္စရေးက လေကြောင်းကနေ ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်အနည်းအငယ်အတွင်း အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က မနေ့ကအထိ ဝင်ရောက်စီးနင်း ဖြိုခွဲရာမှာ ပါလက်စတိုင်းပြည်သူ ၇၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

    ဟားမက်စ်က အလ်အက္ကဆွာဗလီမှာ အစ္စရေးတပ်ဖွဲ့တွေက အကြမ်းဖက်တဲ့အတွက် ဒုံးကျည်တွေနဲ့ ပစ်ခတ်တာလို့ ထုတ်ပြန်ပါတယ်။

    Ref: Aljazeera