News @ M-Media

Tag: Palestine

  • ကျူးကျော်မှုအား ထောက်ပြသည်ကို မကျေနပ်၍ ယူနက်စကိုမှ အစ္စရေး နှုတ်ထွက်မည်

    ကျူးကျော်မှုအား ထောက်ပြသည်ကို မကျေနပ်၍ ယူနက်စကိုမှ အစ္စရေး နှုတ်ထွက်မည်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    – ကုလ၏ နိုင်ငံတကာ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ ယူနက်စကိုမှ အမေရိကန်နှင့်အတူ နှုတ်ထွက်မည်ဟု အစ္စရေးက ယနေ့တွင် အသိပေးစာ တင်းသွင်းလိုက်သည်။

    ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကို ယူနက်စ်ကိုက ဝေဖန်မှု၊ ပါလက်စတိုင်းအား ၂၀၁၁ ခုနှစ်တွင် တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုမှုတို့ကြောင့် အစ္စရေးမှာ ပြီးခဲ့သည့်နှစ်များအတွင်း ယူနက်စကိုအား ပြင်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

    ယူနက်စကိုအကြီးအကဲ အူဒရေ အဇူလေးက အစ္စရေးအနေဖြင့် ထိုကဲ့သို့ နှုတ်ထွက်ရန် ဆုံးဖြတ်မှုကို မိမိအနေဖြင့် အလွန် စိတ်မကောင်းဖြစ်မိသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်က ၎င်းတို့အနေဖြင့် ယူနက်စကိုအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ကာ စောင့်ကြည့်သူနိုင်ငံအဖြစ် အမြဲတမ်း ဆက်ရှိမည်ဟု အောက်တိုဘာလတွင် ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် နောက်ဆုံးထား၍ ယူနက်စကိုမှ နှုတ်ထွက်မည်ဖြစ်သည်။

    ကမ္ဘာ့အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ယူနက်စကိုမှာ အစ္စရေးက ပါလကစတိုင်းပိုင်နက်ဖြစ်သော အရှေ့ဂျေရုစလင်အား သိမ်းပိုက်မှုကို ဆန့်ကျင်သော ဆုံးဖြတ်ချက်တစ်ခုကို မေလတွင် အတည်ပြုခဲ့သည်။

    ဇူလိုင်လတွင် အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှ ဟီဘရွန်မြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေငြာခဲ့ပြီး ထိုအချက်များက အစ္စရေးကို မကျေမနပ်ဖြစ်စေခဲ့သည်။

    Ref: Aljazeera

     

  • ဂျေရုစလင်ကိစ္စ လက်ခံရန် ဆင်းရဲသည့်နိုင်ငံများကို အစ္စရေးက ငွေပေးစည်းရုံးမည်

    ဂျေရုစလင်ကိစ္စ လက်ခံရန် ဆင်းရဲသည့်နိုင်ငံများကို အစ္စရေးက ငွေပေးစည်းရုံးမည်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် လက်ခံရေးအတွက် ဆင်းရဲသည့်နိုင်ငံများကို သိမ်းသွင်းရန် အစ္စရေးက ကန်ဒေါ်လာ သန်း ၅၀ ရှိ ရန်ပုံငွေတစ်ခုကို ထူထောင်ထောက်ပံ့သွားမည်ဟု သိရသည်။

    ထိုအစီအစဉ်ကို အစ္စရေး၏ Channel 2 သတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်ပြီး အမေရိကန်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် ကြေငြာမှုအား ဆန့်ကျင်သည့် ဆုံးဖြတ်ချက်ကို ကုလက အတည်ပြုပြီးနောက်ပိုင်း တစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ထိုဆုံးဖြတ်ချက်ကို မဲခွဲရာတွင် အစ္စရေးနှင့် အခြား ၈ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပြီး ၃၅ နိုင်ငံက ကြားနေခဲ့တာ ၁၂၈ နိုင်ငံက ထောက်ခံခဲ့သည်။

    လယ်ယာလုပ်ငန်း၊ ခေါင်းဆောင်မှုနယ်ပယ်နှင့် နည်းပညာနယ်ပယ်တို့တွင် အစ္စရေး၏ ကျွမ်းကျင်ပိုင်နိုင်မှုကိုလည်း အဆိုပါ ရန်ပုံငွေနှင့် တွဲဖက် အသုံးပြုသွားမယ်ဟု Times of Israel က ဖော်ပြခဲ့သည်။

    ၎င်း၏ ပစ်မှတ်နိုင်ငံများမှာ ဥရောပအရှေ့ပိုင်း၊ အာရှနှင့် အာဖရိကတို့ရှိ နိုင်ငံများဖြစ်သည်။ အစ္စရေးမှာ ပြီးခဲ့သည့်နှစ်များအတွင်း အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၀န်ကြီးချုပ် နေတန်ယာဟုမှာ အာဖရိကရှေ့ပိုင်း၊ ၂၀၁၇ ခုနှစ်တွင် အာဖရိက အနောက်ပိုင်းသို့ သွားရောက်ခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်၏ ဂျေရုစလင် ရပ်တည်ချက်အတွက် ဟားမက်စ်ခေါင်းဆောင် သတိပေး

    အမေရိကန်၏ ဂျေရုစလင် ရပ်တည်ချက်အတွက် ဟားမက်စ်ခေါင်းဆောင် သတိပေး

    ဒီဇင်ဘာ ၂၇၊ ၂၀၁၇
    M-Media

    ဟားမက်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ

    – အရှေ့ဂျေရုစလင်အစား ဆင်ခြေဖုံးရှိ အဘူဒစ်မြို့အား ပါလက်စတိုင်းမြို့တော်အဖြစ် သတ်မှတ်ရန် အမေရိကန်က ကမ်းလှမ်းခဲ့ဖူးပြီး ၎င်းတို့ရပ်တည်ချက်အား သတိထားရန် ဟားမက်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက ပြောကြားလိုက်သည်။

    ယမန်နေ့က ဂါဇာတွင် ပါလက်စတိုင်း မျိုးနွယ်စုခေါင်းဆောင်များ တွေ့ဆုံပွဲ၌ ဟာနီယာက ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် ကြေငြာမှုမှာ ပါလက်စတိုင်းတို့၏ ရည်မှန်းချက်ကို ဖျက်ဆီးပစ်ရန် ပရိယာယ်ဆင်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဂျေရုစလင်ကိုစွန့်ခိုင်းပြီး အဘူဒစ်ဒေသမှာ မြို့တော် ဒါမှမဟုတ် နေရာတစ်ခုပေး – အလ်-အက်ဆာဗလီမှာ လွတ်လပ်စွာ ၀တ်ပြုခွင့်ပေးမယ်ဆိုတဲ့ အချက်နဲ့ အယောင်ပြကာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို တစ်နည်းမဟုတ်၊ တစ်နည်းနဲ့ ကမ်းလှမ်းမှုတွေ လုပ်ခဲ့တယ်။ ဆက်လည်း လုပ်နေမှာပါ”

    လက်ရှိတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သားမက်နှင့် အိမ်ဖြူတော်အကြံပေးဖြစ်သူ ဂျရတ် ကက်ရှ်နာက ဦးဆောင်ကာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးအတွက် ဖြစ်နိုင်ချေများကို ရှာဖွေနေသည်။

    ဟာနီယာက ဒေသတွင်းအဖွဲ့များမှာ အနောက်ဖက်ကမ်းကို ၃ ပိုင်းခွဲရန်နှင့် ဂါဇာကမ်းမြှောင်တွင် ကိုယ်တိုယ် ကိုင်တွယ်ထိန်းချုပ်နိုင်မည့် နိုင်ငံရေးအသိုင်းအ၀ိုင်းတစ်ခု ဖန်တီးရန် ဆောင်ရွက်နေကြောင်း၊ ဂျေရုစလင်ကိစ္စ အမေရိကန်၏ ရပ်တည်ချက်ကြောင့် ပါလက်စတိုင်းနှင့် ဂျော်ဒန်တို့အကြား ဆက်ဆံရေးကို အန္တရာယ် ရှိလာစေနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် ‘ယခုရာစု၏ ဆုံးဖြတ်ချက်’ ဟု အမေရိကန်က ကြေငြာထားသည့် ဂျေရုစလင်ဆုံးဖြတ်ချက်တွင် ပါဝင်သူများကိုလည်း ၎င်းက သတိပေးခဲ့သည်။

    သမ္မတအဘတ်စ်၏ ဖာတာအဖွဲ့နှင့် ဟားမက်စ်တို့အကြား သဘောထားကွဲလွဲမှုနှင့် စပ်လျဉ်း၍ ဟာနီယာက တစ်မျိုးသားလုံးကိစ္စကို နှစ်မြှုပ်ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း နိုင်ငံရေးကိစ္စများကို အလျင်အမြန် ဖြေရှင်းရန် လိုအပ်သည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Aljazeera

  • ဂျေရုစလင်သို့ သံရုံးပြောင်းရန် နိုင်ငံ ၁၀ နိုင်ငံက ဆက်သွယ်ထားဟု အစ္စရေးပြော

    ဂျေရုစလင်သို့ သံရုံးပြောင်းရန် နိုင်ငံ ၁၀ နိုင်ငံက ဆက်သွယ်ထားဟု အစ္စရေးပြော

    ဒီဇင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်သို့ သံရုံများပြောင်းရွှေ့ရေးအတွက် အနည်းဆုံး နိုင်ငံ ၁၀ နိုင်ငံက ဆက်သွယ်ပြောဆိုထားသည်ဟု အစ္စရေးလက်ထောက်နိုင်ငံခြားရေ၀န်ကြီး တဇီပီ ဟိုတိုဗလီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အခုလအစောပိုင်းတွင် အမေရိကန်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာခဲ့ပြီး တလ်အဗီးရှိ အမေရိကန်သံရုံးကို ဂျေရုစလင်သို့ ပြောင်းရွှေ့သွားမည်ဟု ပြောကြားခဲ့သည်။ ဂွာတီမာလာနိုင်ငံကလည်း ၎င်းတို့သံရုံး ဂျေရုစလင်သို့ ပြောင်းရွှေ့မည့်အစီအစဉ်ကို တနင်္ဂနွေနေ့တွင် ကြေငြာခဲ့သည်။

    ဟိုတိုဗလီက နိုင်ငံပိုင်ရေဒီယိုနှင့် ယမန်နေ့အင်တာဗျူးတွင် သံရုံးများ ဂျေရုစလင်သို့ပြောင်းရန် ၎င်းတို့အစိုးရအားအနည်းဆုံး နိုင်ငံ ၁၀ နိုင်ငံက ဆက်သွယ်ပြောဆိုထားသည်ဟု ဖြေကြားခဲ့သည်။

    မည်သည့်နိုင်ငံများဖြစ်သည်ကို ပြောကြားခဲ့ခြင်းမရှိသော်လည်း ဥရောပနိုင်ငံအချို့ ပါဝင်သည်ဟု သူမက ဆိုသည်။

    အမေရိကန်၏ ထိုဆုံးဖြတ်ချက်ကို ကမ္ဘာ့ခေါင်းဆောင်များက ရှုတ်ချခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ် ကုလသမဂ္ဂတွင်လည်း ထိုလုပ်ရပ်ကို ဆန့်ကျင်သော ဆုံးဖြတ်ချက်တစ်ခုကို မဲအများစုဖြင့် အတည်ပြုနိုင်ခဲ့သည်။

    ဒီဇင်ဘာ ၆ ရက်နေ့ အမေရိကန်၏ ကြေငြာချက် ထွက်လာပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များတွင် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်း ၁၅ ဦးမှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

    Ref: Aljazeera

  • ဂျေရုစလင်က အမြင့်မြတ်ဆုံး ခရစ်ယာန်ဘုရားကျောင်းသော့ကိုင်ဟာ မွတ်စလင်မိသားစုဖြစ်တယ်ဆိုတာ သင်သိပါသလား (မြန်မာစာတမ်းထိုး)

    ဂျေရုစလင်က အမြင့်မြတ်ဆုံး ခရစ်ယာန်ဘုရားကျောင်းသော့ကိုင်ဟာ မွတ်စလင်မိသားစုဖြစ်တယ်ဆိုတာ သင်သိပါသလား (မြန်မာစာတမ်းထိုး)

    ဒီဇင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – ၁၁၈၇ ခုနှစ်မှာ မွတ်စလင်အင်ပါယာရှင် ဆလာဟူဒင် အိုက်ယူဘီဟာ ဂျေရုစလင်မြို့ကို ဥရောပ ခရူးဆိတ်စစ်သားတွေလက်ထဲကနေ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

    အဲဒီနောက်မှာ ဆာလာဟူဒင်က ယေရှုခရစ်တော် မြှုပ်နှံထားရာ Holy Sepulchre ဘုရားကျောင်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မွတ်စလင်မိသားစုတစ်ခုကို တာဝန်ပေးခဲ့ပြီး ဘုရားကျောင်းရဲ့သော့ကိုလည်း အပ်နှံခဲ့ပါတယ်။

    ဂျူဒါဟ်လို့ခေါ်တဲ့ ဒီမိသားစုဟာ ယနေ့အချိန်အထိ ခရစ်ယာန်တွေ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းရဲ့သော့ကို စောင့်ရှောက်ထားပြီး ဒီဗီဒီယိုမှာ ဒီအကြောင်းကို ရှုစားရမှာပါ။

    Source – CNN