News @ M-Media

Tag: Palestine

  • မူစတာရီဘင် (သို့) အရှေ့အလယ်ပိုင်းမှာ မွှေနေတဲ့ အာရပ်အယောင်ဆောင် အစ္စရေးတပ်ဖွဲ့

    မူစတာရီဘင် (သို့) အရှေ့အလယ်ပိုင်းမှာ မွှေနေတဲ့ အာရပ်အယောင်ဆောင် အစ္စရေးတပ်ဖွဲ့

    ဒီဇင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    – သူတို့တွေဟာ ပါလက်စတိုင်းဆန္ဒပြသူတွေလို အ၀တ်အစားတွေဝတ်၊ ပါလက်စတိုင်း လေသံနဲ့ စကားပြော ပါလက်စတိုင်းတွေလို ပြုမူ၊ နေထိုင်ကြသူတွေပါ။ မျက်နှာကို အဖြူပေါ်မှာ အနက်ကွက်ပိတ်စနဲ့ ဖုံးကွယ်ထားပြီး၊ အစ္စရေးစစ်တပ် ဆန့်ကျင်ရေးကျွေးကြော်သံတွေ ဟစ်အော်ကာ တစ်ချို့ဆိုရင် အစ္စရေးစစ်သားတွေဆီကို ခဲတွေနဲ့ ပေါက်ကာ ပါလက်စတိုင်းဆန္ဒပြသူတွေကို စစ်သားတွေနဲ့ နီးသထက်နီးလာအောင် သူတို့တွေက မျှားခေါ်သွားကြပါတယ်။

    ရုတ်တရက် ဒီအုပ်စုဟာ ပါလက်စတိုင်း ဆန္ဒပြသူတွေဖက်ကို လှည့်ပြီး အင်္ကျီအိတ်ထဲမှာ ဖွက်ထားတဲ့ သေနတ်တွေထုတ်ကာ၊ မိုးပေါ်ထောင် ခြောက်လှန့်ပစ်ဖောက်တာ၊ အနီးဆုံးက ဆန္ဒပြသူတွေကို ချုပ်တာ၊ မြေပြင်ကို လှဲချတာမျိုးတွေ လုပ်ပါတော့တယ်။

    အဲဒီအချိန်မှာ အစ္စရေးစစ်တပ်က ၀င်လာကာ ချုပ်ထားတဲ့ ပါလက်စတိုင်းတွေကို ဖမ်းဆီးလိုက်ပါတယ်။ ပါလက်စတိုင်း ဆန္ဒပြသူတွေကတော့ ‘မူစတာရီဘင်တွေက’ လို့ ဟစ်အော်ကာ သတိပေးကြရပါတယ်။

    အာရပ်အယောင်ဆောင်သူများ

    အာရဘီလို ‘မူစတာရီဘင်’၊ ဟီဘရူးလို့ ‘မစ္စတာအာဗင်’ ဆိုတဲ့ စကားလုံးဟာ အာရဘီစကားလုံး ‘မူစတာရစ်ဘ်’ ကနေ ဆင်းသက်လာတာဖြစ်ပြီး အာရဘီ ဘာသာစကားနဲ့ ယဉ်ကျေးမှုကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပိုင်နိုင်တဲ့သူကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အစ္စရေး လက်နက်ကိုင်အသိုင်းအ၀ိုင်းမှာ ဒီစကားလုံးဟာ အာရပ်အယောင်ဆောင်သူကို ရည်ညွှန်းပြီး ပါလက်စတိုင်းလူ့အဖွဲ့အစည်းရဲ့ အတွင်းစည်း ဒါမှမဟုတ် အခြား အာရပ်နိုင်ငံတွေမှာ အစ္စရေးအတွက် အကျိုးဖြစ်ထွန်းစေမယ့် လုပ်ငန်းတွေကို ဆောင်ရွက်တဲ့သူကို ခေါ်ဆိုပါတယ်။

    ဒီလူတွေဟာ ပြင်းထန်တဲ့ လေ့ကျင့်သင်ကြားပေးမှုကို ရရှိထားပြီး၊ ပါလက်စတိုင်းပိုင်နက်တွေမှာ လုပ်မယ့် လုပ်ငန်းတွေအတွက် ပါလက်စတိုင်းတစ်ယောက်လို တွေးခေါ်နေထိုင်ဖို့ သင်ကြားပေးခံထားရသူတွေပါ။ သူတို့ရဲ့ အဓိကလုပ်ငန်းတွေထဲမှာ ထောက်လှမ်းတာ၊ ပါလက်စတိုင်းတွေကို ဖမ်းဆီးတာ၊ တန်ပြန်အကြမ်းဖက်လုပ်ငန်းလုပ်တာတွေ ပါဝင်တယ်လို့ အစ္စရေးရာကျွမ်းကျင်သူ အန်တိုနီ ရှာလ်ဟတ်က ပြောပါတယ်။

    “မူစတာရီဘင်အဖွဲ့ကို အစ္စရေးနိုင်ငံမပေါ်သေးခင် ၁၉၄၂ ခုနှစ်ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဒီအဖွဲ့ဟာ နောက်ပိုင်းမှာ အစ္စရေးစစ်တပ်ရဲ့ အဓိကတပ်ဖွဲ့ဖြစ်လာမယ့် Haganah ပြည်သူ့စစ်ရဲ့ လက်ရွေးစင်အဖွဲ့ Palmach က အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ် ” လို့ ရှာလ်ဟတ်က ဆိုပါတယ်။

    သူတို့ဟာ လျှို့ဝှက် လုပ်ဆောင်တာကြောင့် ဒီတပ်ဖွဲ့မှာ လူဘယ်နှစ်ယောက်ရှိလဲဆိုတာ မသိဘူးလို့ သူက ပြောပါတယ်။ အစ္စရေးစစ်တပ်ဟာ သူတို့လိုလားတဲ့ အလုပ်ပြီးရင် ဒီအဖွဲ့ကို ဖျက်သိမ်းပြီး၊ အဲဒီနေရာမှာ အစားထိုးဖို့ နောက်ထပ်အဖွဲ့တစ်ခုကို ဖွဲ့စည်းပါတယ်။

    “ဒီအေးဂျင့်တွေဟာ အာရပ်ဘာသာကို မိခင်ဘာသာစကားလို ပြောနိုင်ရမယ်။ ပါလက်စတိုင်းမျိုးနွယ်သုံးစကားတွေ၊ ယီမင်နဲ့ တူနီးရှားလိုမျိုး သူတို့ လုပ်ငန်းဆောင်ရွက်မယ့် အာရပ်နိုင်ငံတွေက အာရဘီလေသံအတိုင်း ထွက်နိုင်ဖို့ သင်ကြားရတယ်” လို့ ရှာလ်ဟတ်က ပြောကြားခဲ့ပါတယ်။

    အဲဒီလို သင်ကြားမှုဟာ ၄ လကနေ ၆ လအထိ ကြာတတ်ပြီး အာရပ်တွေရဲ့ ရိုးရာယဉ်ကျေးမှု၊ ဥပုသ်စောင့်တာ၊ ၀တ်ပြုဆုတောင်းတာတွေလို ဘာသာရေးကျင့်သုံးမှုတွေကိုပါ ကျွမ်းကျင်အောင် သင်ယူရတာ ဖြစ်ပါတယ်။

    ဒီအေးဂျင့်တွေဟာ ရုပ်ဖျက်ဖို့အတွက် မိတ်ကပ်တွေ၊ ဆံပင်တုတွေကို သုံးစွဲလေ့ရှိပေမယ့် များသောအားဖြင့် အာရပ်လူမျိုးတွေနဲ့ ခန္ဓာကိုယ်အချိုးအစား၊ ရုပ်ဆင်းသွင်ပြင် တူညီတဲ့သူတွေကို ရွေးချယ်တာ ဖြစ်ပါတယ်။

    သူတို့ကို စုစုပေါင်း လေ့ကျင့်သင်ကြားပေးမှု ကာလဟာ ၁၅ လလောက် ကြာတတ်ပြီး၊ ကားမောင်းတာ၊ ကိုယ်ယောင်ဖျောက်တာ၊ ပါလက်စတိုင်း လူအုပ်ကြားထဲမှာ ရွေ့လျားသွားလာတာ၊ လက်နက်ကိုင်တွယ်ပစ်ခတ်တာတွေလို လက်တွေ့လုပ်ငန်းအတွက် လိုအပ်တဲ့ဟာတွေလည်း ပါဝင်ပါတယ်။

    “နာမည်အကျော်ဆုံး အဖွဲ့တစ်ခုက Rimon ဆိုတဲ့အဖွဲ့ဖြစ်ပြီး ၁၉၇၈ ခုနှစ်က ဖွဲ့စည်းကာ ၂၀၀၅ ခုနှစ်အထိ လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ သူတို့ရဲ့ အလုပ်က များသောအားဖြင့် ဂါဇာကမ်းမြှောက်ကို အဓိကထားပါတယ်။ ဂါဇာမှာလှုပ်ရှားတဲ့ နောက်ထပ်အဖွဲ့တစ်ခုက Shimshon ဖြစ်ပြီး ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ ဖြစ်ပါတယ်” လို့ ရှာလ်ဟတ်က ပြောပါတယ်။

    “Duvdevan 217 လက်ရွေးစင်အဖွဲ့ဟာ စစ်တပ်အတွင်းမှာ အခုအချိန်အထိ လှုပ်ရှားနေပါတယ်။ (အစ္စရေးဝန်ကြီးချုပ်ဟောင်း) အီဟွတ် ဘာရက်က ၁၉၈၀ ပြည့်နှစ်တွေအတွင်း ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိ အနောက်ဖက်ကမ်းမှာ လှုပ်ရှားနေပါတယ်။ ဒီအဖွဲ့ဟာ အသွက်ဆုံး၊ လျှို့ဝှက်ဆုံးလို့ မှတ်ယူခံထားရပါတယ်”

    လတ်တလော ဆန္ဒပြမှုများတွင် ပါဝင်မှု

    ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာ ပါလက်စတိုင်းပြည်သူတွေဟာ ဆန္ဒတွေ ပြခဲ့ကြပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေဖြစ်တဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့မှာ အစ္စရေးတပ်ဖွဲ့တွေက လူ ရာနဲ့ချီ ဖမ်းဆီးခဲ့ပြီး အခုအချိန်အထိ ၁၀ ဦး အသတ်ခံခဲ့ရပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ ရာမာလာမြို့ရဲ့ မြောက်ဖက် အစ္စရေးရဲ့ ကျူးကျော်အိမ်ယာ Bet Il နားမှာ ပြုလုပ်တဲ့ ဆန္ဒပြမှုတစ်ခုမှာ အစ္စရေးရဲ့ မူစတာရီဘင်အဖွဲ့ဟာ ဆန္ဒပြလူအုပ်ထဲ ဖြန့်ကျက်ဝင်ရောက်ခဲ့ပြီး ပါလက်စတိုင်းလူငယ် ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဂျာနယ်လစ် ရက်စ်ဟာ ဟာဇာလာဟ်က ပြောပါတယ်။

    “သူတို့ အဲဒီမှာ ၁၀ မိနစ်လောက်ပဲ ရှိခဲ့တာပါ။ အခြားသော ပါလက်စတိုင်း ဆန္ဒပြသူတွေအတိုင်း သူတို့ဝတ်ဆင်ထားပြီး အသံဗုံးတစ်ခုကို လူအုပ်ထဲ ပစ်သွင်းခဲ့ပါတယ်။ သူတို့အုပ်စုဟာ စုစုပေါင်း ၅ ယောက်လောက်ရှိပြီး၊ သေနတ်တွေထုတ်ကာ မိုးပေါ် ထောင်ပစ်ကြပါတယ်။ စစ်တပ်က ရုတ်တရက် အင်အား အလုံးအရင်းနဲ့ ၀င်
    ရောက်လာကာ ကျည်အစစ်နဲ့ လူတွေကိုပစ်တာ၊ မိုးပေါ်ထောင်ပစ်တာတွေ လုပ်ပါတယ်။ ဂျာနယ်လစ်တွေကိုတောင် သူတို့ ပစ်ပါတယ်” လို့ ဒီဇင်ဘာ ၁၃ ရက် ဗုဒ္ဓဟူးနေ့က ဖြစ်စဉ်မှာ ပထမဆုံး ဖမ်းဆီးခံခဲ့ရသူ ပါလက်စတိုင်းတစ်ဦးရဲ့ အနီးမှာ ရှိနေခဲ့သူ ဟာဇာလာဟ်က ပြောကြားခဲ့ပါတယ်။

    Wafa သတင်းအေဂျင်စီက ဂျာနယ်လစ် ဟာဇာလာဟ်က သူ့အနီးမှာရှိနေတဲ့ အေးဂျင့်ဟာ ကြက်သွေးရောင် ရှပ်အင်္ကျီ ၀တ်ထားပြီး၊ မျက်နှာကို အဖြူအနက်ကြား ပိတ်စနဲ့ ဖုံးထားတယ်လို့ ဆိုပါတယ်။

    “စောစောတုန်းက အဲလူဟာ ဆန္ဒပြသူတွေနဲ့အတူ ရှေ့တန်းမှာရပ်ပြီး အစ္စရေးစစ်တပ်ကို ခဲလုံးတွေနဲ့ ပစ်ခဲ့တာ။ စစ်တပ်က ရောက်လာတဲ့အချိန်မှာ ထိပ်ဆုံးမှာရှိနေတဲ့ အဲဒီအင်္ကျီကြက်သွေးရောင်နဲ့လူက သေနတ်ထုတ်ပြီး ကျွန်မနဲ့ ကျွန်မဘေးနားက ဓာတ်ပုံဆရာကို ချိန်ကာ ‘အနားမကပ်နဲ့’ လို့ အော်ပါတယ်”

    ဘယ်လို အချိန်းအချက်တွေ ရှိနေလဲ

    မူစတာရီဘင်တွေရှိနေကြောင်း မသိရှိခင်တုန်းက ဆန္ဒပြသူတွေဟာ အစ္စရေးစစ်သားတွေကို ခဲနဲ့ ပေါက်နေကြပေမယ့် စစ်သားတွေက တုန့်ပြန်မှုမရှိဘဲ ဒါက သံသယဖြစ်စရာကောင်းတယ်လို့ ဟာဇာလာဟ်က ပြောပါတယ်။

    “ဘာမှကို မလုပ်ဘူးရှင့်။ အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တာ၊ ရာဘာကျည်နဲ့ ပစ်တာတွေကို အစ္စရေးတပ်ဖွဲ့တွေက ရပ်လိုက်ရင် ဒါဟာ သူတို့အထဲမှာ မူစတာရီဘင်တွေ ရှိနေလို့ ဖြစ်နိုင်တယ်ဆိုတာ ဆန္ဒပြသူတွေက အတွေ့အကြုံအရ သိနေကြတယ်။ ဒါပေမယ့် သူတို့တွေ ဘယ်လို အချိန်းအချက်လုပ်ထားလဲဆိုတာ မသိဘူးရှင့်”

    “မီးဖိုချောင်ဓားများဖြင့် တော်လှန်ခြင်း” လို့ ပါလက်စတိုင်းတွေက ခေါ်ဆိုတဲ့ ၂၀၁၅ ခုနှစ် ဆန္ဒပြမှုမှာ မူစတာရီဘင်တွေရဲ့ စီးနင်းဖမ်းဆီးမှုကို ဟာဇာလာဟ်တစ်ယောက် မြင်ခဲ့ရဖူးပြီး တော်တော်ဆိုးဝါးတယ်လို့ ဆိုပါတယ်။

    “ပါလက်စတိုင်းနှစ်ယောက်ကို သူတို့ ပစ်လိုက်တယ်။ တစ်ယောက်ကို ခေါင်း၊ တစ်ယောက်ကို ခြေထောက် အနီးကပ်ပစ်တာပါ။ ခေါင်းထိသွားတဲ့တစ်ယောက်ကို သူတို့ တရွတ်တိုက်ဆွဲသွားပြီး အသားစတွေ မြေပြင်ပေါ်မှာ ကျန်ခဲ့တာကြောင့် အဲဒီတစ်ယောက် သေသွားတယ်လို့ ကျွန်မ ထင်ပါတယ်”

    အဲဒီတစ်ယောက်ဟာ မိုဟာမက် ဇီယာဒါဟ်ဆိုသူဖြစ်ပြီး မသေဘဲ မသန်စွမ်း ဖြစ်သွားခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း အလ်ဂျာဇီးရားသတင်းဌာနဲ့ အင်တာဗျူးမှာ ဇီယာဒါက မူစတာရီဘင်တွေဟာ သူ့ကို ရိုက်နှက်ခဲ့ပြီး ခေါင်းကို သေနတ်နဲ့ ပစ်ခဲ့တာကြောင့် သတိလစ်သွားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “သတိရလာတော့ သူတို့ ကျွန်တော့်ကို စစ်ကြောရေးလုပ်တယ်ဗျ။ ဒါပေမယ့် ကျွန်တော် ဘာမှမသိဘူးလို့ သူတို့ကို ပြန်ဖြေတယ်။ အဲဒါနဲ့ ဆေးရုံးခေါ်လာပြီး ကျွန်တော့်ကို သူတို့ ရိုက်ကြနှက်ကြတယ်” လို့ ဇီယာဒါက ဆိုပါတယ်။

    ဇီယာဒါတစ်ယောက် ၂ ကြိမ် ခွဲစိပ်မှုလုပ်ရပြီး ခွဲစိပ်မှု တစ်ခါလုပ်ပြီးတိုင်း ရိုက်နှက်စစ်ဆေးမှု ခံခဲ့ရပါတယ်။ ရှေ့နေကောင်းတာကြောင့် နောက်ဆုံးမှာ လွတ်သွားခဲ့ပြီး မသန်စွမ်းဘ၀နဲ့ အသက်ဆက်နေရပါတယ်။

    မူစတာရီဘင်တွေ ပေါ်ထွက်လာမှုနဲ့အတူ ပါလက်စတိုင်းတွေဟာ ပိုပြီးတော့ သတိဝိရိယ ထားရတော့မှာပါ။

    အယောင်ဆောင် အစ္စရေးအေးဂျင့်တွေကို ဖော်ထုတ်ဖို့အတွက် ပါလက်စတိုင်းတွေဟာ ရှပ်အင်္ကျီကို ခါးအပေါ်ပိုင်းအထိ ခေါက်ထားဖို့လိုပြီး ဒါမှ အေးဂျင့်တွေဖွက်ထားတဲ့ လက်နက်တွေကို မြင်ရမှာ ဖြစ်ပါတယ်။

    “အဲဒီအုပ်စုက ဆန္ဒပြသူတွေကို စစ်သားတွေနဲ့နီးအောင် မျှားခေါ်သွားတာမျိုးကို သူတို့ သတိထားရမှာဖြစ်ပြီး၊ အခြားဆန္ဒပြသူတွေကို စောင့်ကြည့်နေတဲ့အဖွဲ့ကို သိအောင် လုပ်ရမှာပါ” လို့ ဟာဇာလာဟ်က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် Musta’ribeen, Israel’s agents who pose as Palestinians ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် လက်မခံရေး မူကြမ်းတစ်ခုကို လုံခြုံရေးကောင်စီတွင် မဲခွဲမည်

    ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် လက်မခံရေး မူကြမ်းတစ်ခုကို လုံခြုံရေးကောင်စီတွင် မဲခွဲမည်

    ဒီဇင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်အခြေစိုက်ကာ အစ္စရေးနှင့် သံတမန်ဆက်ဆံရေး တည်ဆောက်မှုကို ပယ်ချမည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလ လုံခြုံရေးကောင်စီက ယနေ့တွင် မဲခွဲမည်ဖြစ်ပြီး အမေရိကန်က ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုပြီးနောက် တစ်ပတ်ကျော်တွင် ယခု ဆောင်ရွက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    အလ်ဂျာဇီးဇား သတင်းဌာနက ရရှိခဲ့သည့် အဆိုပါဆုံးဖြတ်ချက်မူကြမ်းတွင် သံရုံးများအား ဂျေရုစလင်သို့ မရွှေ့ရန် အဖွဲ့ဝင်နိုင်ငံများအားလုံးကို တိုက်တွန်းထားသည်။

    ထရမ့်က ဂျေရုစလင်အား အစ္စရေး၏ မြို့တော်အဖြစ် ကြေငြာကာ ၎င်းတို့၏ သံရုံးကို တယ်လ်အဗီးမှ ဂျေရုစလင်သို့ ပြောင်းရွှေ့သွားမည်ဟု ဒီဇင်ဘာ ၆ ရက်နေ့တွင် ကြေငြာခဲ့သည်။

    ယခုမူကြမ်းကို အီဂျစ်က တင်သွင်းခြင်းဖြစ်ပြီး ‘ဂျေရုစလင်အနေအထားနှင့် ပတ်သက်၍ လတ်တလော ဆုံးဖြတ်ချက်များအတွက် အလွန်အမင်း စိမကောင်းဖြစ်ရသည်’ ဟု ဖော်ပြထားသည်။ သို့သော်လည်း အမေရိကန်၏ အမည်ကို သုံးထားခြင်းမရှိချေ။

    ယခုကိစ္စတွင် အမေရိကန်၏ ဗီတိုအသုံးပြုမှုကို ရှောင်ရှားရန်အတွက် အီဂျစ်နှင့် ယူကေတို့က မူကြမ်းတွင် အတတ်နိုင်ဆုံး ကြားနေဖြစ်စေရန် ဆောင်ရွက်လိုပြီး၊ ပါလက်စတိုင်းသံတမန်များက အမေရိကန်၏ အမည်ကို ထည့်သွင်းရန် လိုလားနေကြသည်။

    Ref: Aljazeera

  • အစ္စရေးလက်ချက်ကြောင့် ယမန်နေ့တွင် ဒုက္ခိတတစ်ဦးအပါအ၀င် ပါလက်စတိုင်း ၄ ဦးသေဆုံး

    အစ္စရေးလက်ချက်ကြောင့် ယမန်နေ့တွင် ဒုက္ခိတတစ်ဦးအပါအ၀င် ပါလက်စတိုင်း ၄ ဦးသေဆုံး

    ဒီဇင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    ယမန်နေ့တွင် သတ်ဖြတ်ခံရသည့် ပါလက်စတိုင် တက်ကြွလှုပ်ရှားသူ အီဘရာဟင် အဘူ သူရေယာ

    – ပါလက်စတိုင်းပိုင်နက်များဖြစ်သည့် ဂါဇာကမ်းမြှောင်၊ အနောက်ဖက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင် ဆန္ဒပြမှုအတွင်း အစ္စရေးစစ်တပ်၏ လက်ချက်ကြောင့် ယမန်နေ့တွင် အနည်းဆုံး ပါလက်စတိုင်း ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    အနောက်ဖက်ကမ်းရှိ ရာမာလာမြို့အနီးတွင် ပြုလုပ်သော ဆန္ဒပြမှုတွင် အစ္စရေးစစ်တပ်မှာ အသက် ၁၈ နှစ်အရွယ် မိုဟာမက် အေမင် အကီလ် အလ်-အဒမ်ကို ပစ်သတ်ခဲ့သည်ဟု ဒေသတွင်း မီဒီယာတွင်များက ဖော်ပြခဲ့ပြီး အစ္စရေးက အေမင်မှာ ၎င်းတို့တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

    အနောက်ဖက်ကမ်းတွင် နောက်ထပ်တစ်ဦး၊ ဂါဇာကမ်းမြှောင်တို့တွင် အခြား ၂ ဦးတို့မှာလည်း အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုကြာင့် သေဆုံးခဲ့သည်။

    ဒီဇင်ဘာ ၆ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် ကြေငြာခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များတွင် ထိုဆုံးဖြတ်ချက်ကို ဆန့်ကျင်သော ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားလာခြင်းဖြစ်သည်။

    ယမန်နေ့ အသတ်ခံရသူများတွင် ဂါဇာမှ အသက် ၂၉ နှစ်အရွယ် မသန်စွမ်းသူ အီဘရာဟင် အဘူ သူရေယာလည်း ပါဝင်ခဲ့သည်။ သူရေယာမှာ ယခင် ဂါဇာကမ်းမြှောင်အား အစ္စရေးက ကျူးကျော်တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိကာ ခြေထောက်နှစ်ဖက်စလုံး ဖြတ်ထားရသူဖြစ်သည်။

    Ref: Aljazeera

  • အရှေ့ဂျေရုစလင်အား ပါလက်စတိုင်းမြို့တော်အဖြစ် OIC ကြေငြာမှုကို အစ္စရေးန်ကန့်ကွက်

    အရှေ့ဂျေရုစလင်အား ပါလက်စတိုင်းမြို့တော်အဖြစ် OIC ကြေငြာမှုကို အစ္စရေးန်ကန့်ကွက်

    ဒီဇင်ဘာ ၁၄၊ ၂၀၁၇
    M-Media

    – OIC က အရှေ့ဂျေရုစလင်အား ပါလက်စတိုင်းမြို့တော်အဖြစ် ကြေငြာမှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကန့်ကွက်လိုက်သည်။

    “အမှန်တရားက အဆုံးမှာ အနိုင်ရမှာပါ။ နိုင်ငံတော်တော်များများဟာ ဂျေရုစလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုမှာ သေချာနေပြီး သူတို့ရဲ့ သံရုံးတွေကိုလည်း ရွှေ့သွားမှာ ဖြစ်ပါတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

    အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC မှာ ယမန်နေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး အမေရိကန်က ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမှုကို ကန့်ကွက်ခဲ့သည်။

    ထို့ပြင် ကုလ၏ ဆုံးဖြတ်ချက်အတိုင်း အရှေ့ဂျေရုစလင်မှာ ပါလက်စတိုင်း၏ မြို့တော်ဖြစ်သည်ဟု ကြေငြာခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း ၎င်းတို့ကဲ့သို့ အသိအမှတ်ပြုရန် တိုက်တွန်းခဲ့သည်။

    နေတန်ယာဟုက ဂျေရုစလင်မှာ အစ္စရေး၏ မြို့တော်ဖြစ်သည်သာမက ဘာသာအားလုံးအတွက် လွတ်လပ်စွာ ၀တ်ပြုခွင့်ကို ပေးမည်ဆိုသည့် ကတိက၀တ်ကို မိမိတို့က ထိန်းသိမ်းထားကြောင်း၊ ပါလက်စတိုင်းများအနေဖြင့် လက်တွေ့အခြေအနကို လက်ခံကာ ငြိမ်းချမ်းရေးအတွက် အလုပ်အလုပ်လုပ်ရမည်ဖြစ်ြေ
    ကာင်း နေတန်ယာဟုက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljzeera