News @ M-Media
Tag: PremierLeague
  • မန်စီးတီးအသင်း ချန်ပီယံ လမ်းကြောင်းပေါ်တွင် ရှိနေခြင်းမှာ အံ့ဖွယ်ဖြစ်သည်ဟု နာဆရီဆို
    မေ ၃ ၊ ၂၀၁၄
    M-Media
    – မိမိတို့အသင်း ချန်ပီယံဖြစ်ရေး လမ်းကြောင်းပေါ်တွက် ဆက်လက်ရှိနေခြင်းမှာ အံဖွယ်တစ်ခုဖြစ်သည်ဟု မန်ချက်စတာစီးတီးအသင်း၏ ကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။
    399000_heroa
    မန်စီးတီးအသင်းမှာ လီဗာပူးလ်အား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နှစ်ပွဲလျော့ ၇ မှတ်အကွာဖြင့် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်မှာ အနည်းငယ်ေ၀၀ါးခဲ့သည်။ သို့သော်လည်း လီဗာပူးလ်အသင်းမှာ ပြီးခဲ့သည့်တစ်ပတ်က ချယ်ဆီးအား အိမ်ကွင်းတွင် အရှုံးပေးခဲ့ရပြီးနောက် မန်စီးတီးက တစ်ပွဲလျော့ ၃ မှတ်အကွာဖြင့် ချန်ပီယံလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
    ထိုလက်ကျန်တစ်ပွဲအား အနိုင်ရခဲ့ပါကာ လီဗာပူးလ်အသင်းနှင့် အမှတ်တူသွားကာ ဂိုးကွာချက်ဖြင့် မန်စီးတီးက ထိပ်ဆုံးရောက်လာမည်ဖြစ်သောကြောင့် မမျှော်လင့်ပဲ ရရှိလာသည့် ထိုအခွင့်အရေးအား ရယူရန် အရေးကြီးသည်ဟု နာဆရီက ဆိုသည်။
    “အခုတော့ ကျွန်တော်တို့ ထပ်ပြီး တွန့်ဆုတ်နေလို့ မရတော့ပါဘူး။ သုံးပွဲပဲ လိုပါတော့တယ်။ ချန်ပီယံအသင်းလို ကျွန်တော်တို့ ကစားဖို့လိုတယ်။ ချန်ပီယံဘွဲ့နဲ့ ထိုက်တန်တယ်ဆိုတာ ပြသရပါမယ်။ အခုအချိန်မှာ ကျွန်တော်တို့ဟာ နေရာကောင်းကို ရောက်နေတယ်ဆိုတာ နားလည်ရပါမယ်။ ဒါဟာ အံသြစရာပါပဲ” ဟု နာဆရီက ပြောကြားခဲ့သည်။
    မန်စီးတီးအသင်းမှာ လက်ကျန် ၃ ပွဲစလုံးအား အနိုင်ကစားနိုင်ပါက သုံးနှစ်အတွင်း ဒုတိယအကြေိမ်မြောက် ပရီးမီးယားလိဂ်ဖလားအား ကိုင်မြောက်ခွင့် ရရှိမည်ဖြစ်သည်။
  • ကစားသမားဘဝ အနာဂတ် မဆုံးဖြတ်ရသေးဟု မန်ယူ ယာယီနည်းပြ ရိုင်ယန်ဂစ်ဆို
    မေ ၃ ၊ ၂၀၁၄
    M-Media
    – မန်ယူအသင်းရှိ မိမိ၏ အနာဂတ်မှာ မသေချာသေးဘဲ ကစားသမားဘ၀မှ အနားယူရန်ကိုလည်း ချိန်ဆနေကြောင်း အသင်း၏ ယာယီနည်းပြ ရွိုင်ယန်ဂစ်က ပြောကြား လိုက်သည်။
    395856_heroa
    မိုယက်စ်ထွက်ခွာသွားပြီးနောက် နည်းပြအဖြစ် တာဝန်ယူထားသော်လည်း လာမည့်ရာသီတွင် ဟော်လန်နည်းပြ ဗန်ဂါလ်အား ခေါ်ယူရန် မန်ယူအသင်းက စီစဉ်ထားသည်။ ဗန်ဂေါလ်ကလည်း မန်ယူအသင်း၏ နည်းပြအဖွဲ့အား ပြင်ဆင်ပြောင်းလဲချင်သည်ဟု သတင်းများ ထွက်ပေါ်လာခဲပြီးနောက် ဂစ်၏ အခန်းကဏ္ဍမှာ မရေမရာဖြစ်လာခဲ့သည်။
    ဂစ်ကမူ မိမိ၏ အနာဂတ်အား ရာသီအကုန်တွင် ဆုံးဖြတ်သွားမည်ဟု ပြောကြားခဲ့သည်။
    “ဘာမှ မပြောင်းလဲပါဘူး။ ရာသီကုန်တဲ့အထိ ကျွန်တော် ဆက်ရှိနေမှာပါ။ နောက်ဆုံးပွဲစဉ်တွေ အပေါ်မှာ ကျွန်တော် အာရုံစိုက်ထားပါတယ်။ ဘောလုံး ဆက်ကစားရမလား၊ မကစားရဘူးလားဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် အများကြီး စဉ်းစားထားပါတယ်။ ရာသီကုန်ရင် ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့” ဟု ဂစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် ယခုတစ်ပတ် ဆန်းဒါးလန်းနှင့် ကစားမည့်ပွဲတွင် ရူနီ ပါဝင်နိုင်မည်မဟုတ်ဘဲ ဗန်ပါစီမှာ ဒဏ်ရာမှ သက်သာနေပြီး ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ စနေနေ့ပွဲတွင် ပါဝင်နိုင်ခြင်း ရှိမရှိကိုမူ ပြော၍မရသေးကြောင်း ဂစ်က ထပ်လောင်းပြောကြားခဲ့သည်။
  • အဓိက ကစားသမားများအား ရောင်းချမည်မဟုတ်ဟု ၀င်းဂါးဆို
    မေ ၃ ၊ ၂၀၁၄
    M-Media
    – အသင်းရှိ အဓိက ကစားသမားများအား ယခုနှစ်နွေရာသီတွင် ရောင်းချရန် ရည်ရွယ်ချက် မရှိဟု အာဆင်နယ်အသင်း နည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။
    377648_heroa
    အာဆင်နယ်အသင်း၏ အဓိကနောက်ခံလူ ဆဂ်ညာမှာ အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ရန် သဘောမတူသေးဘဲ အသင်းရှိ အခြားသော ကစားသမားများမှာလည်း အသင်းမှ ထွက်ခွာရန် စိုင်းပြင်းနေကြသည်။ သို့သော်လည်း ၀င်းဂါးကမူ အသင်းရှိ ကစားသမားများအားလုံးကို ထိန်းသိမ်းထားရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။
    “အသင်းသားတွေအားလုံး ဒီမှာဆက်ရှိဖို့ ကျွန်တော်တို့လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်အသင်းဟာ အနာဂတ်မှာ ရည်မှန်းချက် အကြီးကြီး ထားရှိလို့ပါ” ဟု ၀င်ဂါးက ၀က်စဘရွန်းအသင်းနှင့် ကစားမည့်ပွဲ မတိုင်ခင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
    ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဲဗာတန်အသင်း၏ ဖိအားပေးခြင်းကို ခံနေရသည့် အာဆင်နယ်မှာ အဆင့် ၄ နေရာရရန် နီးစပ်နေပြီး ၀င်းဂါးကလည်း မိမိတို့အနေဖြင့် ဖြစ်နိုင်သလောက် အမြင့်ဆုံး အဆင့်ဖြင့် ရာသီသိမ်းချင်ကာ၊ ကျန်ရှိနေသည့် ပွဲများကိုလည်း အနိုင်ရချင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
    Goal.
  • ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ခက်ခဲမည်ဟု အန်ဆယ်လော့တီဆို
    မေ ၁ ၊ ၂၀၁၄
    M-Media
    – ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် အက်သလက်တီကို အသင်းမှာ ချယ်ဆီးအား အနိုင်ရရန် ထိုက်တန်ခဲ့ပြီး မိမိတို့ကစားရမည့် နောက်ဆုံး ဗိုလ်လုပွဲမှာ ခက်ခဲလိမ့်မည်ဟု ရီးယဲလ်း နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။
    398165_heroa
    ရီးယဲလ်မက်ဒရစ်အသင်းမှာ လက်ရှိချန်ပီယံ ဘိုင်ယန်ကို နှစ်ကျော့ပေါင်း ၅ ဂိုးဂိုးမရှိဖြင့် အနိုင်ယူ၍ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး၊ အက်သလက်တီကိုကလည်း ချယ်ဆီးကို နှစ်ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူက နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲသို တက်လှမ်းနိုင်ခဲ့သည်။
    မက်ဒရစ်ဒါဘီနှစ်သင်း တွေ့ဆုံနေသည့် ဗိုလ်လုပွဲတွင် မည်သည့်အသင်းမှ ပို၍ ရေပန်းစားခြင်းမရှိဟု အန်ဆယ်လော့တီက ဆိုသည်။
    “မက်ဒရစ်မြို့မှာရှိတဲ့လူတိုင်းဟာ ပျော်ရွင်နေကြပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲအတွက် ရေပန်းစားတဲ့အသင်းဆိုတာ မရှိပါဘူး။ အက်သလက်တီကိုဟာ ဗိုလ်လုပွဲရောက်ဖို့ ထိုက်တန်ခဲ့ပြီး သူတို့ဟာ ချယ်ဆီးထက် ပိုကောင်းခဲ့ပါတယ်။ ဖိုင်နယ်ရောက်ဖူးတဲ့ ဘယ်သူမဆို ဒီပွဲမှာ ရေပန်းစားတဲ့အသင်း မရှိဘူးဆိုတာ သိကြပါတယ်။ ဒီပွဲဟာ ခက်ခဲမယ့် ပွဲတစ်ပွဲပါ” ဟု အန်ဆယ်လော့တီက Sky Italia သို့ ပြောကြားခဲ့သည်။
    ၁၂ နှစ်ကြာ ဗိုလ်လုပွဲနှင့် ဝေးကွာခဲ့ရသည့် ရီးယဲလ်အသင်း ဖိုင်နယ်သို့ရောက်ရှိခဲ့ခြင်းမှာ စိတ်လှုပ်ရှားစရာဖြစ်ပြီး၊ မိမိအနေဖြင့် ပီတိဖြစ်မိကြောင်း၊ မိမိတွင် ကိုယ်ပိုင်ရည်မှန်းချက်မရှိဘဲ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးဖြစ်သည့် အသင်းအတွက်သာလျှင် အလုပ်လုပ်ပေးနေကြာင်း အန်ဆယ်လော့တီက ထပ်လောင်းပြောကြားခဲ့သည်။
    ချန်ပီယံလိဂ် ဗိုလ်လုပွဲအား မေလ ၂၄ ရက်နေ့တွင် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
  • ကစားသမားများ ဒဏ်ရာပြဿနာကြောင့် ချန်ပီယံလမ်းကြောင်းမှ ဖယ်ပေးလိုက်ရသည့်ဟု ဝင်းဂါးပြော
    ဧပြီ ၂၉ ၊ ၂၀၁၄
    M-Media
    389933_heroa
    – မိမိတို့အသင်း ပရီးမီးယားလိဂ်ချန်ပီယံ စိန်ခေါ်သူအဖြစ်မှ ဖယ်ပေးခဲ့ရခြင်းမှာ အသင်းရှိ ကစားသမားများ၏ ဒဏ်ရာပြသနာများကြောင့်ဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    အာဆင်နယ်သင်းမှာ ယမန်နေ့က ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် ၃ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီး၊ ဒဏ်ရာရနေသည့် အသင်း၏ အဓိကကစားသမား အာရွန်ရမ်ဆေးမှာလည်း အသင်းတွင် ပြန်လည်ပါဝင်လာနိုင်ခဲ့သည်။
    ထိုပွဲအပြီးတွင် သတင်းထောက်များက ရမ်းဆေးဒဏ်ရာရခြင်းကြောင့် အာဆင်နယ်အသင်း၏ ချန်ပီယံမျှော်လင့်ချက် ဆုံးရှုံးသွားခြင်းဖြစ်မည်လားဟု မေးမြန်းခဲ့ရာ ၀င်းဂါးက
    “အာရွန်ရမ်ဆေးတစ်ယောက်တည်းကြောင့်လို့ ကျွန်တော်မပြောချင်ပါဘူး။ တစ်ချိန်တည်းမှာ အခြားကစားသမားတွေကိုလည်း ကျွန်တော်တို့ဆုံးရှုံးခဲ့ရတာပါ။ ဒါဟာ ကျွန်တော်တို့အသင်းရဲ့ အခွင့်အရေးကို ဆုံးရှုံးစေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဇယားထိပ်ဆုံးမှာ ရှိခဲ့တယ်။ ဒါပေမယ့် ရာသီရဲ့ အရေးကြီးတဲ့အချိန်မှာ ကစားသမားအများအပြားကို ဆုံးရှုံးခဲ့ရပါတယ်” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ယခုပွဲအနိုင်ကြောင့် အာဆင်နယ်အသင်းမှာ အဆင့် ၅ နေရာမှ အဲဗာတန်အသင်းအား ၄ မှတ်ဖြတ်ထားနိုင်ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာသလောက်ရှိနေသည်။