News @ M-Media

Tag: PremierLeague

  • ပရီးမီးယားလိဂ် ဖလားမရလျှင်လည်း မည်သည့်ဆုံးရှုံးမှုမှ မရှိဟု ရော်ဂျာဆို

    ဧပြီ ၂၆၊ ၂၀၁၄
    M-Media
    374295_heroa
    – အကယ်၍ မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ဖလား မရခဲ့လျှင်လည်း မည်သည့် ဆုံးရှုံးမှုမှ ရှိမည်မဟုတ်ဟု လီဗာပူးလ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်ဇယားထိပ်ဆုံးတွင်ရှိနေသည့် လီဗာပူးလ်အသင်းမှာ ကျန်ရှိနေသည့် နောက်ဆုံး ၃ ပွဲအား အနိုင်ကစားနိုင်ပါက ၂၄နှစ်ကြာ ကွာဝေးနေသည့် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ရော်ဂျာကလည်း မိမိတို့အသင်းမှာ ပြိုင်ဘက်များထက် ဖိအားပိုနည်းနေသည်ဟု ယုံကြည်နေသည်။

    ယခုလက်ရှိအနေအထားတွင် ပရီးမီးယားလိဂ်ဖလားအား မရခဲ့ပါက လီဗာပူးလ်အသင်း ဆုံးရှုံးမည်လားဟု မေးမြန်းခဲ့ရာ ရော်ဂျာက

    “မဆုံးရှုံးပါဘူး။ လုံးဝ မဆုံးရှုံးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီရာသီဟာ ကျွန်တော်တို့အတွက် ထူးခြားတဲ့ ရာသီပါပဲ။ ဒီနှစ်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးကို ရောက်နိုင်တယ် ထင်တယ်လို့ ရာသီအစက ကျွန်တော်ပြောခဲ့ရင် ဒါဟာ မုသားပဲဖြစ်မှာပါ။ ဖိအားလား? မန်စီးတီးနဲ့ ချယ်ဆီးတို့မှာ ဖိအားရှိတာပါ။ ပရီးမီးယားလိဂ်မှာဗိုလ်စွဲဖို့ သူတို့ မျှော်လင့်ခဲ့ကြတယ်လေ” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

    လီဗာပူးလ်အသင်းမှာ ချယ်ဆီးအသင်းနှင့် မနက်ဖြန်တွင် ကစားရမည်ဖြစ်ပြီး၊ မော်ရင်ဟိုကမူ ၎င်းမှာ အားနည်းသောအသင်းဖြင့် ရင်ဆိုင်သွားမည်ဟု ပြောဆိုထားသည်။ သို့သော်လည်း ရော်ဂျာကမူ မော်ရင်ဟိုမှာ ချန်ပီယံပြေးလမ်းတွင် လီဗာပူးလ်အသင်းကို ကျော်တက်နိုင်သည့်အခွင့်အရေးကို စွန့်လွှတ်လိမ့်မည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

  • မန်ယူနည်းပြအဖြစ် ခန့်သည့်နေ့မှာ ဘောလုံးသမားဘဝတွင် ဂုဏ်အယူရဆုံးနေ့ဖြစ်ကြောင်း ရွိုင်ယန်ဂစ်ဖွင့်ဟ

    ဧပြီ ၂၅၊ ၂၀၁၄
    M-Media

    – မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြအဖြစ် ခန့်အပ်ခံရသည့်နေ့မှာ မိမိ၏ ဘောလုံးသမားဘ၀ သက်တမ်းတွင် ဂုဏ်အယူရဆုံးနေ့ တစ်နေ့ဖြစ်သည်ဟု အသင်း၏ ယာယီနည်းပြ ရွိုင်ယန်ဂစ်က ပြောကြားလိုက်သည်။

    article-2612887-1D56A32E00000578-40_634x355

    နည်းပြမိုယက်စ်အား ထုတ်ပယ်ခဲ့ပြီးနောက် ကျန်ရှိသည့် ပရီးမီးယားလိဂ် ၄ ပွဲကို ကိုင်တွယ်ရန် ရွိုင်ယန်ဂစ်အား နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဂစ်ကမူ ၎င်းအနေဖြင့် အသင်း၏ပုံစံဖြစ်သည့် တိုက်စစ်အားပြုကစားပုံ ပြန်လည်ရရှိအောင် လုပ်ဆောင်မည်ဟု ယနေ့နံနက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “ကျွန်တော့်ကစားသမားဘ၀ရဲ့ ဂုဏ်အယူရဆုံးနေ့ပါပဲ။ ပရိတ်သတ်တွေရဲ့ မျက်နှာမှာ အပြုံးတွေပြန်ရလာအောင် ကျွန်တော်ယူပေးပါ့မယ်။ လာမယ့်ပွဲအတွက် ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ ကစားကွင်းဟာ အသက်ဝင်နေပါလိမ့်မယ်။ ကစားသမားတွေအားလုံးဟာ ဒီတစ်ပတ်လုံး တက်ကြွနေပါတယ်။ စနေနေ့ပွဲမှာ ကောင်းကောင်းကစားဖို့၊ ပရိတ်သတ်တွေကို ပျော်ရွှင်မှုတွေပေးဖို့ သူတို့ကို ကျွန်တော် ပြောထားပြီးပါပြီ” ဟု ဂစ်က ပြောကြားခဲ့သည်။

    အဆင့် ၇ နေရာရောက်နေသည့် မန်ယူအသင်းမှာ မနက်ဖြန်တွင် အိမ်ကွင်း၌ တန်းဆင်းဇုန်နားမှ နော်ဝစ်ခ်ျအသင်းအား ဧည့်ခံကစားရမည်ဖြစ်သည်။

    Daily Mail

  • ၀င်းဂါး အသင်း၌ ဆက်ရှိရန် မသေချာသည့် အတွက် ဟော်လန် နည်းပြ ဗန်ဂဲလ်အား အာဆင်နယ် ဆက်သွယ်

    ဧပြီ ၂၅၊ ၂၀၁၄
    M-Media

    – နည်းပြ အာဆင်ဝင်းဂါး အသင်းတွင်ဆက်ရှိရန် မသေချာဖြစ်နေသောကြောင့် အာဆင်နယ်အသင်းမှာ ဟော်လန်အသင်းနည်းပြ ဗန်ဂဲလ်အား ဆက်သွယ်ခဲ့သည်ဟု သိရသည်။

    388699_heroa

    အာဆင်ဝင်းဂါးမှာ အသင်းနှင့် ၂ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက သဘောတူညီထားသော်လည်း ၎င်းရည်ရွယ်ထားသည့်အတိုင်း အသင်းအောင်မြင်မှုမရပါက လာမည့်လအကုန်တွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်။

    အာဆင်နယ်အသင်း FA ဖလားနှင့် ပရီးမီးယားလိဂ် အဆင့် ၄ နေရာ မရပါက ၁၈ နှစ်ကြာ လက်တွဲလာမှုအား အဆုံးသတ်ရန် စဉ်းစားနေသည်ဟု အာဆင်ဝင်းဂါးကိုယ်တိုင်က သူငယ်ချင်းမိတ်ဆွေများအား ပြောဆိုထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    ထို့ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဟော်လန်အသင်းမှ ထွက်ခွာတော့မည့် နည်းပြဗန်ဂဲလ်အား ခေါ်ယူရန် အတွက် အာဆင်နယ်က ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ နည်းပြမိုယက်စ်အား ပူပူနွေးနွေးထုတ်ပယ်ထားသည့် မန်ယူအသင်းကလည်း ဗန်ဂဲလ်အား ခေါ်ယူရန် စီစဉ်နေပြီး မန်ယူကိုယ်စားလှယ်အဖွဲ့ကလည်း ဗန်ဂဲလ်နှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် ဗန်ဂဲလ်မှာ စပါးအသင်းနှင့်လည်း ၃ ကြိမ်ခန့် ဆွေးနွေးခဲ့သည်။

  • မိုယက်စ် အထုတ်ခံရမှု အသင်း အမှုဆောင်ချုပ်နှင့် ကစားသမားများအား ရွိုင်ကိန်း အပြစ်တင်

    ဧပြီ ၂၃၊ ၂၀၁၄
    M-Media

    –  မန်ယူအသင်းနည်းပြ ဒေးဗစ်မိုယက်စ် အထုတ်ခံရမှုအတွက် အသင်း၏ အမှုဆောင်ချုပ် ၀ုဒ်ဝါ့ဒ်နှင့် အသင်းသားများအား မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ပြစ်တင်ပြောဆိုလိုက်သည်။

    Everton-v-Manchester-United-Premier-League

    ချယ်ဆီးနှင့် အက်သလက်တီကိုတို့ ကစားခဲ့သည့် ယမန်နေ့က ချန်ပီယံလိဂ်ပွဲမတိုင်ခင် ပြုလုပ်ခဲ့သည့် အင်တာဗျူး၌ ရွိုင်ကိန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ကစားသမားများအနေဖြင့်လည်း ရှက်စရာဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

    “သူ(မိုယက်စ်)ဟာ အစပိုင်းမှာ အခက်အခဲတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အမှုဆောင်ချုပ်ကိုကြည့်ပါတယ်။ သူဟာ သဘောတူညီချက်ကို ဖြစ်မြောက်အောင် မဆောင်ရွက်ခဲ့ပါဘူး။ ဒါဟာ ရှက်စရာလို့ ကျွန်တော်ထင်ပါတယ်။ မိုယက်စ်ကို အချိန်ပိုပေးခဲ့သင့်ပါတယ်။ အချို့ကစားသမားတွေကလည်း ရှက်သင့်ပါတယ်။ သူတို့က မိုယက်စ်ကို အမှန်တစ်ကယ် ဆွဲချခဲ့တာပါ” ဟု ကိန်းကဆိုသည်။

    အသင်း၏ရလဒ် ဆိုးရွားခဲ့သည့်အတွက် မိုယက်စ်အား မန်ယူနည်းပြအဖြစ် ခန့်အပ်ခဲ့သော ဖာဂူဆန် အပေါ်မည်မျှ တာဝန်ရှိသနည်းဟု မေးမြန်းခဲ့ရာ ကိန်းက မိုယက်စ်အား ဖာဂူဆန်ရွေးချယ်ခဲ့ခြင်းမဟုတ်ဘဲ၊ ဖာဂူဆန်က အမည်စာရင်းပေးခဲ့ခြင်းသာဖြစ်ပြီး အသင်းတာဝန်ရှိသူများက ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊ မန်ယူအသင်း အဆင့် ၇ သို့ရောက်နေသည်မှာ စိတ်ပျက်စရာဖြစ်သော်လည်း မိုယက်စ်အား ကစားသမားများအပါအ၀င် အသင်းရှိ လူအားလုံးက ၀န်ရံရန် လိုအပ်ခဲ့ကာ ထိုကဲ့သို့ ၀န်းရံခဲ့ခြင်းမရှိကြောင်း ကိန်းက ထပ်လောင်းပြောကြားခဲ့သည်။

    Mirror

  • မိုယက်စ် အထုတ်ခံရခြင်း အတွက် စာနာမိသည်ဟု အန်ဆယ်လော့တီဆို

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    – အသင်းအား ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင် မပေးနိုင်သောကြောင့် အထုတ်ခံခဲ့ရသည့် မန်ယူနည်းပြ မိုယက်စ်အတွက် စာနာမိသည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    391684_heroa

    ဂန္တ၀င်နည်းပြ ဖာဂူဆန်နေရာကို ၀င်ရောက်လာခဲ့သည့် မိုယက်စ်လက်ထက်တွင် အသင်း၏ ရလဒ်များမှာ ဆိုးရွားနေသောကြောင့် တနင်္ဂနွေနေ့က အဲဗာတန်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီးတွင် မိုယက်စ်အား တစ်နှစ်စာလုပ်ခ လျော်ကြေးပေးကာ တာဝန်ရှိသူများက အသင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း အန်ဆယ်လော့တီကမူ ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ထုတ်ပယ်ခဲ့မှုကို အံသြမိကြောင်း ပြောကြားခဲ့သည်။

    “မန်ယူအသင်းဟာ နည်းပြတွေကို ထုတ်ပယ်တဲ့ အကျင့်မျိုးမရှိတဲ့အတွက် ကျွန်တော် နည်းနည်းတော့ အံ့သြမိပါတယ်။ အခြားအသင်းတွေမှာဆိုရင်တော့ ဒါဟာ ပုံမှန်ပါပဲ။ မိုယက်စ်အတွက် ကျွန်တော်ခံစားခဲ့ရပေမယ့် ဒါဟာ နည်းပြတစ်ယောက်ရဲ့ ဘ၀ပါပဲ။ အခြေနေတွေဟာ လျောလျာလျူလျူမဖြစ်ဘူးဆိုရင်တော့ အထုတ်ခံရမှာပဲ” ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    မန်ယူအသင်း၏ ကျန်ရှိသည့် ပရီးမီးယားလိဂ်ပွဲစဉ်များအတွက် ၀ါရင့်ကစားသမား ရိုင်ယန်ဂစ်က နည်းပြအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လာမည့်နှစ်အတွက် ယခုလက်ရှိ ဟော်လန်အသင်းအား ကိုင်တွယ်နေသည့် လူးဝစ်ဗန်ဂေါလ်အား ခေါ်ယူရန်ရှိနေသည်။ ဗန်ဂေါလ်ကလည်း မန်ယူအသင်းတွင် နည်ပြလုပ်ရန် စိတ်အားထက်သန်နေကြောင်း ပြောကြားထားသည်။

    Goal