News @ M-Media
Tag: PremierLeague
  • မန်ယူနည်းပြသစ် အဖြစ် ဗန်ဂါလ်အား တရားဝင်ခန့်အပ်
    မေ ၁၉ ၊ ၂၀၁၄
    M-Media
    2014519141259326734_20
    – မန်ယူအသင်းနည်း၏ နည်းပြအဖြစ် ဟော်လန်နည်းပြ လူးဝစ်ဗန်ဂါလ်အား အသင်းက တရားဝင် ခန့်အပ်လိုက်ပြီဟု သိရသည်။
    အသက် ၆၂ နှစ်အရွယ်ရှိ ဗန်ဂါလ်အား သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် စတင်ကိုင်တွယ်ရမည်ဖြစ်ကာ မန်ယူကစားသမားဟောင်း ရွိုင်ယန်ဂစ်က လက်ထောက် နည်းပြအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
    “ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းဖြစ်တဲ့ မန်ယူမှာ နည်းပြ လုပ်ရမှာဖြစ်တဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဒီအသင်းဟာ ရည်မှန်းချက်ကြီးမားပြီး၊ ကျွန်တော်ကလည်း ရည်မှန်းချက်ကြီးပါတယ်။ ကျွန်တော်တို့ အတူတကွ လုပ်ဆောင်ပြီး သမိုင်းသစ်ရေးထိုးနိုင်မယ်လို့ ထင်ပါတယ်” ဟု ဗန်ဂေါလ်က မန်ယူမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
    ဗန်ဂါလ်မှာ အေဂျက်၊ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်ကဲ့သို့ အသင်းကြီးများအား ကိုင်တွယ်ခဲ့ဖူးပြီး ဆုဖလားများလည်း ဆွတ်ခူးရရှိခဲ့ဖူးကာ လက်ရှိတွင် ဟော်လန်အသင်းအား ကိုင်တွယ်နေသည်။
    Goal
  • FA ဖလား ဗိုလ်လုပွဲတွင် ဖိအား ရှိနေပြီး ပရိတ်သတ်များမှ အောင်မြင်မှုကို မျှော်လင့်နေဟု ၀င်းဂါးဆို
    မေ ၁၅ ၊ ၂၀၁၄
    M-Media
    404030_heroa
    – ၉ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ရမည့် FA ဖလားဗိုလ်လုပွဲတွင် ဖိအားရှိနေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ၀န်ခံခဲ့ပြီး ပရိတ်သတ်များ ကလည်း အောင်မြင်မှုကို မျှော်လင့်နေသည်ဟု ပြောကြားလိုက်သည်။
    အာဆင်နယ်အသင်းမှာ လာမည့်စနေနေ့တွင် ၀င်ဘလေကွင်းတွင် ဟားလ်စီးတီးအသင်းနှင့် FA ဖလား ဗိုလ်လုပွဲကို ကစားရမည်ဖြစ်ပြီး၊ ဗိုလ်စွဲရန်လည်း ရေပန်းစားနေသည်။ ၀င်းဂါးကလည်း ထိုပွဲတွင် ၎င်း၏ ကစားသမားများမှာ အောင်မြင်လိ့မ်မည်ဟု မှတ်ချက်ပေးထားသည်။
    “ကိုယ့်ကိုယ်ကို ကျေနပ်မှုက အန္တရာယ်လို့ ကျွန်တော်မခံစားမိပါဘူး။ FA ဖလားမှာ ကျွန်တော်တို့ ခက်ခက်ခဲခဲဖြတ်သန်းခဲ့တာပါ။ ဒီရာသီကို အောင်မြင်ဖို့ ဒါဟာ အခွင့်အရေးပါပဲ။ ကျွန်တော်တို့နိုင်မယ်ဆိုရင် ပိုကောင်းမှာပါ။ ဒီပွဲနိုင်ရင် ကျွန်တော်တော်တော်ပျော်မှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ပရိတ်သတ်တွေက မျှော်လင့်နေပြီး ကျွန်တော်တို့ကလည်း သူတို့တို့ကို ပျော်ရွှင်စေချင်ပါတယ်” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။
  • အကောင်းဆုံးတိုက်စစ်နဲ့ ချန်ပီယံဖြစ်သွားတဲ့ မန်စီးတီး၊
    မေ ၁၁ ၊ ၂၀၁၄
    M-Media
    BnXb3mKCQAMHhKe
    – နောက်ဆုံးပွဲစဉ်အထိ စိတ်ဝင်စားစရာကောင်းခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ရဲ့ ၁၀ ပွဲစလုံးကို တနင်္ဂနွေနေ့ညမှာ တစ်ပြိုင်တည်းကစားခဲ့ကြပြီး ပရိတ်သတ်တွေ ထင်ထားတဲ့ရလဒ်အတိုင်းပဲ ၂၀၁၃-၁၄ ဘောလုံးရာသီကို ပိတ်သိမ်းခဲ့ပါတယ်။
    ၂ မှတ်အသာနဲ့ ဂိုး ၁၀၀ သွင်းထားတဲ့ မန်စီးတီးတို့ ဒီပွဲမှာ သရေရရုံနဲ့ ချန်ပီယံဖြစ်ခွင့်ရမှာဖြစ် ပေမယ့် ဖိဖိစီးစီးကစားခဲ့ပြီး ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ မန်စီးတီး အတွက်ဂိုးတွေကိုတော့ ပထမပိုင်းမှာ နာဆရီက အဝေးကန်ချက်နဲ့တစ်ဂိုး၊ ဒုတိယပိုင်းအစမှာ အသင်းခေါင်းဆောင် ကွန်ပနီက ထောင့်ကန်ဘောက ကျလာတဲ့ဘောလုံးကို ပိတ်ပြီး တစ်ဂိုး အသီးသီးသွင်းပေးခဲ့တာပါ။
    ဒီဖလားဟာ မန်စီးတီးရဲ့ ၃ ရာသီမှာ ၂ ကြိမ်မြောက်ရရှိတဲ့ ပရီးမီးယားလိဂ် ဖလားလည်းဖြစ်ပါတယ်။
    နောက်တန်းအမှားကြောင့် ခရစ္စတယ်ပဲလေ့စ်ကို ၁၀ မိနစ်အတွင်း ၃ ဂိုးပေးလိုက်ရပြီး ၂၄ နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ် ဖလားဆွတ်ခူးဖို့ အခွင့်အရေးကို လက်လွှတ်လိုက်ရတဲ့ လီဗာပူးလ်ကလည်း ဒီနေ့ပွဲမှာ နောက်ခံလူစကာတဲလ်ရဲ့ ကိုယ့်ဂိုးကိုသွင်းမှုနဲ့ ဦးဆောင်ဂိုးပေးခဲ့ရပြီး အဂ္ဂါနဲ့ စတားရစ်ခ်ျတို့ရဲ့ ၃ မိနစ်အတွင်း သွင်းဂိုးနဲ့ ရာသီကို လှပစွာသိမ်းနိုင်ခဲ့ပါတယ်။
    ချယ်ဆီးကလည်း အဝေးကွင်းမှာ ရုန်းကန်ခဲ့ရပြီး ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် နောက်ကျဂိုးတွေနဲ့ ပြန်အနိုင်ယူနိုင်ခဲ့ပါတယ်။
    အာဆယ်နယ်ကတော့ နော်ဝစ်ခ်ျကို ဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့နိုင်ခဲ့ပြီး ဒီပွဲအရှုံးကြောင့် နော်ဝစ်ခ်ျဟာ ဖူလ်ဟမ်၊ ကာဒစ်ဖ်တို့နဲ့အတူ ပရီးမီးယားလိဂ်ကို လက်ပြနှုတ်ဆက်ခဲ့ရပါပြီ။
    မန်စီးတီး၊ လီဗာပူးလ်၊ ချယ်ဆီးနဲ့ အာဆင်နယ်တို့ကတော့ နောက်နှစ်ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာခဲ့ပြီး အဲဗာတန်နဲ့ စပါးကတော့ ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့ပါတယ်။ နည်းပြအပြောင်းအလဲနဲ့ ဖရိုဖရဲဖြစ်ခဲ့ရတဲ့ မနှစ်က ပရီးမီးယားလိဂ်ချန်ပီယံ မန်ယူကတော့ အဆင့် ၇ နဲ့သာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ရဲ့ရလဒ်များကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
    ကာဒစ်ဖ် ၁-၂ ချယ်ဆီး
    ဖူလ်ဟမ် ၁-၂ ခရစ္စတယ်ပဲလေ့စ်
    ဟားလ်စီးတီး ၀-၂ အဲဗာတန်
    လီဗာပူးလ် ၂-၁ နယူးကာဆယ်
    မန်စီးတီး ၂-၀ ၀က်စ်ဟမ်း
    နော်ဝစ်ခ်ျ ၀-၂ အာဆင်နယ်
    ဆောက်သက်တမ် ၁-၁ မန်ယူ
    ဆန်းဒါးလန်း ၁-၃ ဆွမ်ဆီး
    စပါး ၃-၀ အက်စတွန်ဗီလာ
    ဓါတ်ပုံ- အိမ်ကွင်းမှာ အနိုင်ရပြီး ချန်ပီဖြစ်သွားသည့် မန်စီတီးပရိတ်သတ်များ အောင်ပွဲခံနေစဉ်
    Photo- Yahoo Singapore
  • နွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူသွားမည်ဟု မော်ရင်ဟိုဆို
    မေ ၉ ၊ ၂၀၁၄
    M-Media
    398848_heroa
    – ဖလားလက်မဲ့ရာသီမှ ပြန်လည်ရုတ်းထွက်ရန် မိမိတို့အသင်းမှာ လာမည့် နွေရာသီအပြောင်းအရွှေ့၌ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားမည်ဟု ချယ်ဆီး နည်းပြမော်ရင်ဟိုက ပြောကြားလိုက်သည်။
    ချန်ပီယံလိဂ်တွင် ဆီမီးဖိုင်နယ်မှ ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင်လည်း အဆင့် ၃ သာရခဲ့သည့် ချယ်ဆီးအသင်းတွင် အဓိကပြဿနာမှာ တိုက်စစ်မှူးများ ဂိုးပေါက်ပျောက်ခြင်းဖြစ်ပြီး မော်ရင်ဟိုကလည် အသင်းရှိ တိုက်စစ်မှူးများအား လူသိရှင်ကြား ဝေဖန်ခဲ့သည်။
    တိုက်စစ်မှူးများဖြစ်သည့် တောရက်စ်၊ အီတူးနှင့် ဘားတို့မှာ ယခုနှစ်ပရီးမီယားလိဂ်တွင် ၁၈ ဂိုးသာ သွင်းယူထားနိုင်သည်။
    “တိုက်စစ်မှူးနေရာဆိုတာ ကျွန်တော် အမြဲပြောတဲ့ ကိစ္စတစ်ခုပါ။ ဒီဇင်ဘာနဲ့ ဇန်န၀ါရီမှာ သတင်းသမားတွေက ကျွန်တော်တို့ ဘာ့ကြောင့် တိုက်စစ်မှူး မ၀ယ်တာလဲလို့ မေးကြပါတယ်။ ကျွန်တော်တို့ သွားနေတာက ရေရှည် အနာဂတ်အတွက်ဖြစ်ပြီး ချက်ခြင်း အဖြေထွက်ဖို့ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ကျွန်တော်ပြောခဲ့ပါတယ်။ အခု တိုက်စစ်မှူး တစ်ဦး ခေါ်တော့မယ်ဆိုတာ ပုံမှန်ပါပဲ” ဟု ယနေ့ပြုလုပ်သည့် ပွဲစဉ် ၃၈ အကြို သတင်းစာ ရှင်းလင်းပွဲတွင် မော်ရင်ဟိုက ပြောကြားခဲ့သည်။
    ချယ်ဆီးအသင်းမှာ လာမည့်နွေရာသီတွင် အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာအား ယူရို ၄၂ သန်းဖြင့် ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
  • ချန်ပီယံ မျှော်လင့်ချက်မှာ အဆုံးမသတ်သေးဟု ရော်ဂျာဆို
    မေ ၉ ၊ ၂၀၁၄
    M-Media
    Liverpool-v-Tottenham-Hotspur-Premier-League
    – လီဗာပူးအသင်း၏ ချန်ပီယံမျှော်လင့်ချက်မှာ မပြီးဆုံးသေးဘဲ တနင်္ဂနွေနေ့တွင် ကစားမည့် ရာသီအပိတ်ပွဲစဉ်တွင် ၀က်စ်ဟမ်းမှာ အဓိကပြိုင်ဘက် မန်စီးတီးအား အနိုင်ကစားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
    မန်စီးတီးမှာ ပြီးခဲ့သည့် တစ်ပတ်က ခရစ္စတယ်ပဲလေ့စ်အား ၃ ဂိုးပြတ်ဦးဆောင်နေရာမှာ ၃ ဂိုးပြန်ပေးလိုက်ရပြီး သရေကျခဲ့ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် မန်စီးတီးအောက် ၂ မှတ်အကွာတွင်ရှိနေသည်။ ထို့ကြောင့် နောက်ဆုံးပွဲတွင် အနိုင်ကစားပြီး မန်စီးတီးက ရှုံးနိမ့်မှသာ ချန်ပီယံဘွဲ့ကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။
    “သေချာကတော့ ဒီပွဲဟာ ကျွန်တော်တို့အတွက် ခက်ခဲမယ်ဆိုတာ သိပါတယ်။ မန်စီးတီးအတွက်က.. ၀က်စ်ဟမ်းမှာ ပါရမီရှိတဲ့ကစားသမားတွေရှိပါတယ်။ စပါးကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တယ်ဆိုရင် မန်စီးတီးကိုလည်း ၃ ဂိုးပြတ်နဲ့ နိုင်မှာ သေချာပါတယ်။ အဆုံးအထိ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ။ တကယ်လို့ ကျွန်တော်တို့ နောက်ဆုံးပွဲနိုင်မယ်၊ ဖလားမရဘူးဆိုရင်လည်း ဒုတိယနေရာနဲ့ ရာသီသိမ်းရတာက ကျွန်တော်တို့ လုပ်ဆောင်နေတာတွေအတွက် ချီးကျူးစရာပါပဲ” ဟု ရော်ဂျာက ဆိုသည်။
    ထို့ပြင် ခရစ္စတယ်ပဲလေ့စ်နှင့် သရေပွဲကြောင့် တုန်လှုပ်ခဲ့ရပြီး ထိုပွဲကိုလည်း ၃ ခေါက် ပြန်လည်ကြည့်ရှုခဲ့သည်ဟု ရော်ဂျာက ၀န်ခံထားသည်။ လီဗာပူးလ်အသင်းမှာ တနင်္ဂနွေနေ့တွင် နယူးကာဆယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။