News @ M-Media
Tag: PremierLeague
  • ရာသီကုန်လျှင် ထွက်ခွါမည်ဟု ပြောပြီး နာရီပိုင်းအကြာ အနယ်လ်ကာအား ၀က်စ်ဘရွန်းအသင်းမှ ထုတ်ပယ်
    မတ် ၁၅၊ ၂၀၁၄
    M-Media
    NicolasAnelka2014e
    – ဂျုးဆန့်ကျင်ရေးအမူအရာဖြင့် အောင်ပွဲခံခဲ့သောကြောင့် ပွဲပယ်ပြစ်ဒဏ် ခံနေရသည့် အနယ်လ်ကာက ၎င်းမှာ ၀က်စ်ဘရွန်းအသင်းမှ ထွက်ခွာတော့မည်ဟု ပြောကြားလိုက်သည်။
    အသက် ၃၅ နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး အနယ်လ်ကာမှာ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုတွင် ဂိုးသွင်းပြီးနောက် အငြင်းပွားဖွယ် ဂျူးဆန့်ကျင်ရေးအမူအရာဖြင့် အောင်ပွဲခံခဲ့သည်။ ပြင်သစ်ရှိ သူငယ်ချင်းဖြစ်သူ လူရွှင်တော်တစ်ဦးအား ရည်ညွှန်း၍ပြုလုပ်သည်ဟု အနယ်လ်ကာက ပြောဆိုခဲ့သော်လည်း FA က စုံးစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၅ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် အနယ်လ်ကာက ၀က်စ်ဘရွန်းအသင်းနှင့် စာချုပ်အား ဖျက်သိမ်းတော့မည်ဟု ဆိုသည်။
    “အသင်းနဲ့ ကျွန်တော့် ကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့၊ ချွင်းချက်အခြေအနေ တစ်ချို့နဲ့ အသင်းမှာပြန်လည်ပါဝင်ပို့ အဆိုပြုချက်ကို ကျွန်တော် ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လက်မခံပါဘူး။ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်တဲ့ဆန္ဒကြောင့် ၀က်စ်ဘရွန်းနဲ့ စာချုပ်ကိုဖျက်ပြီး လွတ်လွတ်လပ်လပ်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ၎င်း၏ Twitter စာမျက်နှာတွင်ရေးသားခဲ့သည်။
    အနယ်လ်ကာ၏ စာချုပ်သက်တမ်းမှာ ယခုနှစ် ဘောလုံးရာသီပြီးလျှင်ကုန်ဆုံးတော့မည်ဖြစ်သည်။ အနယ်လ်ကာ အသင်းမှ ထွက်ခွာမည်ဟု ပြောဆိုပြီး နာရီအနည်းငယ်အကြာတွင် ၀က်စ်ဘရွန်းအသင်းက အနယ်လ်ကာအား ဆိုးရွားအပြုအမူကြောင့် အသင်းမှ ထုတ်ပယ်လိုက်ပြီဟု ယမန်နေ့တွင် ကြေညာခဲ့သည်။
    CNA
  • ချယ်ဆီးအသင်း ချန်ပီယံဖြစ်ရေးထက် ထိပ်ဆုံး ၃ သင်း ဝင်ရေး အဓိကဟု မော်ရင်ဟိုဆို
    မတ်လ ၉ ၊ ၂၀၁၄
    M-Media
    premier-football-hotspur-jose-mourinho-chelsea-league-tottenham-spurs-stamford_3097183
    – အသင်းမှာ ရလဒ်ကောင်းများ ရရှိနေပြီး ပရီးမီးယားလိဂ်ဇယားတွင် ၇ မှတ်ဖြတ်ကာ ထိပ်ဆုံးမှ ဦးဆောင်နေသော်လည်း မိမိအနေဖြင့် ချန်ပီယံဖြစ်ရေးနှင့် ပတ်သက်၍ မစဉ်းစားသေးဟု ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ပြောကြားခဲ့သည်။
    ယမန်နေ့က စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် စပါးအသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲအပြီးတွင် မော်ရင်ဟိုက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ထိပ်ဆုံး ၄ သင်းဝင်ရန်အခွင့်အရေးမှာ မိမိတို့လက်တွင် ရှိနေပြီး မိမိတို့၏ နောက်ပစ်မှတ်တစ်ခုမှာ ထိပ်ဆုံး ၃ သင်း စာရင်းဝင်ရန်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ ထိပ်ဆုံးလေးသင်းစာရင်းကနေ ထွက်သွားဖို့ဆိုတာ တော်တော်လေး ခက်ခဲသွားပါပြီ။ သူတို့(စပါး) ဟာ အဆင့်လေးနေရာအတွက် အကြီးဆုံး ငြိမ်းခြောက်မှု ဖြစ်ခဲ့ပါတယ်။ ၉ ပွဲကစားဖို့ရှိရာမှာ ကျွန်တော်တို့ ၇ မှတ် ဆုံးရှုံးသွားတာမျိုးလည်း အများကြီးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ၁၃ မှတ်ဆုံးရှုံးတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ နောက်ထပ်ရည်ရွယ်ချက်တစ်ခုက ပရီးမီးယားလိဂ် ထိပ်ဆုံး ၃ သင်းထဲဝင်ဖို့ဖြစ်ပါတယ်”ဟု စပါးနှင့် ပွဲအပြီးတွင် မော်ရင်ဟိုက ပြောကြားခဲ့သည်။
    Ref: skysports
  • မန်ယူ၊ ချဲလ်ဆီးတို့ ဂိုးပြတ်နိုင်တဲ့ ပွဲစဉ် ၂၆ စနေည ပွဲစဉ်များ
    မတ် ၉ ၊ ၂၀၁၄
    M-Media
    ခြေစွမ်းမကောင်းပေမယ့် ဂိုးပြတ်ခဲ့တဲ့ မန်ယူ၊ အိမ်ကွင်းမှာ စပါးကို ဂိုးပြတ်နဲ့ နှိပ်ကွပ်ပြီး ချန်ပီယံဆုကို စိန်ခေါ်လိုက်တဲ့ ချယ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ စနေနေ့ည ပွဲများ
    WBAMUN-ps21
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ရဲ့ ၅ ပွဲကို ယမန်နေ့က ကစားခဲ့ပြီး အသင်းကြီးတွေဖြစ်တဲ့ မန်ယူ၊ ချယ်ဆီးတို့ ဂိုးပြတ်ခဲ့ကြပြီး ဆောက်သက်တမ်နဲ့ တန်းဆင်းဇုန်က ကာဒစ်ဖ်တို့လည်း အနိုင်ရခဲ့ကြပါတယ်။
    မနေ့က အစောဆုံးကစားခဲ့တဲ့ မန်ယူနဲ့ ၀က်စ်ဘရွန်းတို့ရဲ့ ပွဲစဉ်မှာတော့ မန်ယူအသင်း အနိုင်ရခဲ့ပေမယ့် ကစားကွက်ပိုင်းက သိသိသာသာကောင်းလာခြင်း မရှိခဲ့ပါဘူး။ ပွဲအစမှာ အိမ်ရှင် ၀က်စ်ဘရွန်းတို့က ဖိကစားနိုင်ခဲ့ပြီး ဦးဆောင် ဂိုးရလုရခင်အထိ ဖြစ်ခဲ့ပါတယ်။
    ဒီပွဲမှာ မန်ယူကစားသမားတွေဖြစ်တဲ့ မာတာ၊ ဂျာနူဇေးနဲ့ ဗန်ပါစီတို့ အရင်ပွဲတွေကထက် နားလည်မှု ပိုလာခဲ့ပြီး အချိတ်အဆက်လည်း မိခဲ့ပါတယ်။ ၃၄ မိနစ်မှာ မန်ယူတို့ ဦးဆောင်ဂိုးရခဲ့ပြီး ဖီလစ်ဂျုံးက ဧရိယာအတွင်းကနေ ခပ်ပြင်းပြင်းခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။ ဦးဆောင် ဂိုးပေးလိုက်ရတဲ့ အတွက် ၀က်စ်ဘရွန်း တင်ကစားလာခဲ့ပြီး ၅ မိနစ်အကြာမှာပဲ အခွင့်အရေးကောင်း တစ်ခုရခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။
    ဒုတိယပိုင်းမှာလည်း ၀က်စ်ဘရွန်းတို့က မန်ယူကို ဖိအားပေးနိုင်ပေမယ့် မန်ယူအသင်းကသာ နောက်ထပ်အနိုင် ၂ ဂိုးကို ရခဲ့တာပါ။ မန်ယူအတွက် ဂိုးတွေကိုတော့ ၆၅ မိနစ်မှာ ၀ိန်းရူနီနဲ့ ၈၂ မိနစ်မှာ လူစားဝင် ကစားသမား ၀ဲလ်ဘတ်တို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် မန်ယူအသင်းဟာ အဆင့် ၆ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။
    ချယ်ဆီးကလည်း အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ နောက်ပိုင်းပွဲတွေမှာ ကစားပုံကောင်းပြီး နိုင်ပွဲတွေရလာတဲ့ တင်ရှားဝုဒ်ရဲ့ စပါးအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ တောရက်စ် ဒဏ်ရာကြောင့် မ၀ါဝင်နိုင်တဲ့အတွက် အီတူးကို မော်ရင်ဟို ပွဲထုတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရခဲ့ပေမယ့် အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်းကျမှ ချယ်ဆီးတို့ သွင်းယူနိုင်ခဲ့တာပါ။ ဂိုးသွင်းခြေမှန်နေတဲ့ စပါးတိုက်စစ်မှူး အဒီဘာယော ဒီပွဲမှာ ဂိုးသွင်းခွင့်အချို့ ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ချယ်ဆီး အသင်းအတွက် ဂိုးတွေကိုတော့ အီတူးနဲ့ ဟာဇာ့ဒ်က တစ်ဂိုးစီနဲ့၊ ဒမ်ဘာဘားက ၂ ဂိုး သွင်းယူပေးခဲ့တာပါ။ ဒီပွဲအနိုင်ကြောင့် ချယ်ဆီးအသင်းဟာ လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ တစ်ပွဲအသာကစားပြီး ၇ မှတ်အကွာနဲ့ ဇယားကို ဆက်လက် ဦးဆောင်နေပါတယ်။
    အဆင့် ၁၉ က ကာဒစ်ဖ်အသင်းကလည်း အောက်ဆုံးက ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဆောင်းရာသီအပြောင်းရွှေ့မှာ လူအင်အားဖြည့်တင်းထားတဲ့ ဖူလ်ဟမ်တို့ရဲ့ ရလဒ်ပိုင်းဟာ တိုးတက်လာခြင်းမရှိဘဲ ကစားပုံဟာလည်း စိတ်ပျက်စရာပါ။
    ဆောက်သက်တမ်ကလည်း အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ဂျေးရော်ဒရီဂက်စ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲအစမှာ နှစ်သင်းစလုံး ဂိုးသွင်း ခွင့်ရခဲ့ပြီး၊၃၇ မိနစ်မှာ ဦးဆောင် ဂိုးသွင်းနိုင်ခဲ့ဆောက်သက်တမ် နောက်ပိုင်းပွဲချိန်မှာ သေချာပေါက် ဂိုးသွင်းခွင့် ၂ ဂိုးလောက် ရခဲ့ပေမယ့် တိုက်စစ်မှူးတွေ အဆုံးသတ် မသေချာတဲ့အတွက် ၁ ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ပဲလေ့စ်ကတော့ ဒီပွဲအရှုံးကြောင့် တန်းဆင်းဇုံနဲ့ ၂ မှတ်သာကွာတော့ပြီး နောက်ပိုင်းပွဲတွေမှာ ရုန်းကန်ရပါတော့မယ်။
    ပြီးခဲ့တဲ့ အပတ်က အာဆင်နယ်ကို အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့တဲ့ စတုတ်တို့ နော်ဝစ်ခ်ျကို သရေသာရခဲ့ပါတယ်။ နော်ဝစ်ခ်ျအသင်းဟာ အိမ်ကွင်း မာကျောတဲ့အသင်းဖြစ်ပြီး ဦးဆောင်ဂိုးကိုလည်း အရင်စရခဲ့တာပါ။ ဒါပေမယ့် ၇၃ မိနစ်မှာ ပယ်နယ်တီပေးလိုက်ရပြီး ဂျိုနသန်ဝေါလ်တာက စတုတ်အတွက် ချေပဂိုး အဖြစ်ပြောင်းလဲနိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ အမှတ်ခွဲပေးလိုက်ရပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ စနေနေ့ ပွဲရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ကာဒစ်ဖ် ၃-၁ ဖူလ်ဟမ်
    ခရစ္စတယ်ပဲလေ့စ် ၀-၁ ဆောက်သက်တမ်
    နော်ဝစ်ခ်ျ ၁-၁ စတုတ်စီးတီး
    ချယ်ဆီး ၄-၀ စပါး
  • လီဗာပူးလ်နိုင်ပြီး အဆင့် ၂ ရောက်၊ စပါးနဲ့ အက်စတွန်ဗီလာတို့ နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ဆူပါဆန်းဒေးပွဲများ
    မတ်- ၃၊ ၂၀၁၄
    M-Media
    SOU-LIV-1314-ps23-010314
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ရဲ့ လက်ကျန် ၄ ပွဲကိုတော့ မနေ့က ကစားခဲ့ပြီး လီဗာပူးလ်၊ စပါးနဲ့ အက်စတွန်ဗီလာတို့ အနိုင်ရခဲ့ကာ ဆွမ်ဆီးကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ သရေကျခဲ့ပါတယ်။
    ပထမအကျော့မှာ ဆောက်သက်တမ်ကို ရှုံးခဲ့တဲ့ လီဗာပူးလ်တို့ ဒီနေ့ပွဲမှာတော့ အမှားအယွင်း မရှိခဲ့ဘဲ၊ ဆွာရက်ဇ်၊ စတာလင်၊ ဂျရတ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲစကတည်းက လီဗာပူးလ်တို့ အသာရခဲ့ပြီး တစ်ပွဲလုံး ဆောက်သက်တမ်ဘက်ကို ဖိကစားနိုင်ခဲ့ပါတယ်။ ဒီပွဲဟာ တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ ပရီးမီးယားလိဂ်ပွဲ ၁၀၀ ပြည့်မြောက်တဲ့ ပွဲလည်းဖြစ်တယ်။
    နောက်ဆုံးလေးပွဲမှာ သုံးပွဲအထိ ရှုံးထားတဲ့ အက်စတွန်ဗီလာတို့ ဒီပွဲမှာ နော်ဝစ်ခ်ျကို ဂိုးပြတ်နဲ့ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နော်ဝစ်ခ်ျက ပွဲအစ ၃ မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာဘဲ၊ ဂိုးသွင်းကလည်း နော်ဝစ်ခ်ျ ထက်နည်းကာ ၆ ကြိမ်ပဲ ရှိခဲ့တဲ့ ဗီလာတို့ ၄ ဂိုးရခဲ့တာက အံ့သြစရာဖြစ်ပြီး တိုက်စစ်မှူးတွေကို ချီးကျူးရမှာပါ။ ဒီပွဲရဲ့ ဂိုး ၅ ဂိုးစလုံးကို ပထမပိုင်းမှာပဲ ရခဲ့တာကတော့ ထူးခြားချက်တစ်ခုပါပဲ။
    တင်ရှားဝုဒ်ရဲ့စပါးကလည်း အိမ်ကွင်းဝှိုက်ဟတ်လိန်းမှာ အဆင့် ၁၉ က ကာဒစ်ဖ်ကို အနိုင်ရခဲ့ပါတယ်။ ချန်ပီယံလိဂ် ၀င်ခွင့် မှန်းနေတဲ့ စပါးတို့ရဲ့ ဒီအနိုင်ဟာ ထိုက်တန်ခဲ့ပြီး ဂိုးသွင်းခွင့် အချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ၁ ဂိုးနဲ့သာ ကျေနပ်ခဲ့ ရတာပါ။ အိမ်ရှင်အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ စပိန်တိုက်စစ်မှူး ဆိုလ်ဒါဒိုက ပထမပိုင်း ၂၈ မိနစ်မှာ သွင်းယူပေး ခဲ့ပါတယ်။။ ဒီဂိုးဟာ သူရဲ့ ၂ လကျော်ကြာ ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကာဒစ်ဖ်ကတော့ စက်တင်ဘာလကတည်းက အဝေးကွင်း တစ်ပွဲမှ မနိုင်သေးဘဲ တန်းဆင်းရဖို့ အန္တရာယ်ဟာ တစ်ဖြည်းဖြည်းနဲ့ နီးနီလာပါပြီ။
    ကစားပုံကောင်းပေမယ့် ရလဒ်တွေကို မှန်းလို့မရတဲ့ ဆွမ်ဆီးအသင်းကတော့ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ သရေကျခဲ့ ပါတယ်။ ၂၅ မိနစ်မှာ ဦးဆောင် ဂိုးသွင်းနိုင်ခဲ့ပေမယ့် ၈၂ မိနစ်မှာ ဂလန် မာရေးက ပင်နယ်တီကတစ်ဆင့် ပဲလေ့စ်အတွက် ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် သရေတစ်မှတ် ခွဲပေးလိုက်ရပါတယ်။
    ဒီတစ်ပါတ်ပွဲစဉ် ၂၈ အပြီးမှာတော့ ချယ်ဆီးအသင်းကသာ ဇယားကို ဆက်လက်ဦးဆောင်ထားပြီး အာဆင်နယ် ရှုံးသွားတဲ့အတွက် ဆောက်သက်တမ်ကို အနိုင်ရခဲ့တဲ့ လီဗာပူးလ်တို့ အဆင့် ၂ ကို ရောက်လာပါတယ်။ ဇယားအောက်ခြေမှာတော့ သိပ်မပြောင်းခဲ့ဘဲ ဆန်းဒါးလန်း၊ ကာဒစ်ဖ်နဲ့ ဖူလ်ဟမ်တို့ပဲ တန်းဆင်းဇုန်းမှာ ဆက်ရှိနေပါတယ်။
    ဒီတစ်ပတ်ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဆောက်သက်တမ် ၀-၃ လီဗာပူးလ်
    အက်စတွန်ဗီလာ ၄-၁ နော်ဝစ်ခ်ျ
    ဆွမ်ဆီး ၁-၁ ခရစ္စတယ်ပဲလေ့စ်
    စပါး ၁-၀ ကာဒစ်ဖ်
    အဲဗာတန် ၁-၀ ၀က်စ်ဟမ်း
    ဖူလ်ဟမ် ၁-၃ ချယ်ဆီး
    ဟားလ်စီးတီး ၁-၄ နယူးကာဆယ်
    စတုတ်စီးတီး ၁-၀ အာဆင်နယ်
    ဆောက်သက်တမ် ၀-၃ လီဗာပူးလ်
  • ရာသီကုန်ရန် ၁၀ ပွဲ အလို အာဆင်နယ်ခြေခေါက်၊ ချယ်ဆီး ၄ မှတ်အသာဖြင့် ဦးဆောင်နေသည့် ပွဲစဉ် ၂၈ စနေပွဲစဉ်များ
    မတ်- ၂၊ ၂၀၁၄
    M-Media
    ချယ်ဆီး၊ လီဗာပူးလ်နှင့် နယူးကာဆယ်တို့ အနိုင်ရခဲ့ကြပြီး အာဆင်နယ်ရှုံးနိမ့်သွားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ စနေနေ့ည ပွဲများ
    STK-ARS-ps18-1314-010314
    – အင်္ဂလိပ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ကိုတော့ စနေနေ့မှာ ၅ ပွဲကစားခဲ့ပြီး ချယ်ဆီး၊ လီဗာပူးလ်၊ နယူးကာဆယ်၊ အဲဗာတန်တို့ အနိုင်ရခဲ့ကာ အာဆင်နယ်အသင်းကတော့ အဝေးကွင်းမှာ ရှုံးခဲ့ပါတယ်။
    ဇယားအောက်ဆုံးက ဖူလ်ဟမ်အသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ချယ်ဆီးအသင်း သက်တောင့်သက်သာရှိခဲ့ပြီး ၁၇ မိနစ်အတွင်းရခဲ့တဲ့ သွင်းဂိုး ၃ ဂိုးနဲ့အတူ အနိုင် ၃ မှတ်ကို အခက်အခဲမရှိ ရယူနိုင်ခဲ့ပါတယ်။ တောရက်စ်၊ ရှာရဲလ်၊ ရာမီးရက်စ်တို့နဲ့ လူစုံခဲ့တဲ့ ချယ်ဆီးတို့ ပွဲအစကတည်းက ကစားပုံကောင်းခဲ့ပေမယ့် အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်းမှ ရခဲ့တာပါ။ ဆောင်းရာသီအပြောင်းအရွှေ့မှာ လူအင်အားဖြည့်တင်းမှုတွေ အမြောက်အများလုပ်ထားပြီး၊ နည်းပြအသစ်နဲ့ ဖူလ်ဟမ်တို့ကတော့ ဒီပွဲမှာ ချယ်ဆီး အသင်းကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ချယ်ဆီးအသင်းအတွင် ဂိုးတွေကိုတော့ ဒီပွဲမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ရှာရဲလ်က ဟက်ထရစ်သွင်းယူပေးခဲ့တာပါ။ ဖူလ်ဟမ်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ၇၄ မိနစ်မှာ ဟိုင်တင်ဂါက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။
    နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသာနိုင်ထားတဲ့ အာဆင်နယ်တို့ ဒီပွဲမှာလည်း အိမ်ရှင် စတုတ်တို့ကို အရှုံးပေးခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာ အာဆင်နယ်တို့အသာရခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေကိုတော့ အသင်းကြီးတွေကို အိမ်ကွင်းမှာ ဒုက္ခပေးနိုင်တဲ့ စတုတ်စီးတီးအသင်းက ရခဲ့တာပါ။ တိုက်စစ်မှူးပီတာခရော့ခ်ျရဲ့ ဖြုန်းတီးပစ်မှုတွေကြောင့်သာ စတုတ်ကို တစ်ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာပါ။အိမ်ရှင်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၇၆ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကတစ်ဆင့် ဂျိုနသန်ဝေါလ်တာက သွင်းယူပေးခဲ့တာပါ။ အာဆင်နယ်နောက်ခံလူ ကွန်စီယဲလ်နီ ဝေါလ်တာကို ဧရိယာအတွင်းမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် ပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ စတုတ်အသင်းရဲ့ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။
    လီဗာပူးလ်အသင်းကတော့ အာဆင်နယ်ရဲ့ခြေချော်မှုကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး၊ ဆောက်သက်တမ်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ နိုင်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းက ပြောစရာမရှိပေမယ့် ခံစစ်ပိုင်း စိတ်မချရတဲ့ လီဗာပူးလ်တို့ ဒီပွဲမှာတော့ ခံစစ်ပိုင်းအမှားမရှိခဲ့ဘဲ လိုချင်တဲ့အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် ဂိုးတွေကိုတော့ ဆွာရက်ဇ်၊ စတာလင်နဲ့ ဂျရတ်တို့က သွင်းယူပေးခဲ့တာပါ။ ဒီပွဲဟာ ဆွာရက်ဇ်ရဲ့ ပရီးမီယားလိဂ် ၁၀၀ ပြည့်မြောက်တဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် လီဗာပူးလ်အသင်းဟာ အဝေးကွင်း သုံးပွဲဆက်တိုက်ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့ပြီး၊ ပရီးမီးယားလိဂ်ဇယားမှာလည်း အဆင့် ၂ ကိုရောက်လာခဲ့ပါတယ်။
    ကာဘာယီထွက်သွားပြီးကတည်းက အထိုင်ပျက်သလိုဖြစ်သွားခဲ့တဲ့ နယူးကဆယ်တို့ ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး ကစားပုံပြန်မှန်လာခဲ့ကာ မနေ့ညကပွဲမှာလည်း ဟာလ်းစီးတီးကို အဝေးကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဒဏ်ရာရနေတဲ့ ကစားသမားတွေ ပြန်ကောင်းလာတာကလည်း နယူးကာဆယ်ရဲ့ ခြေစွမ်းမှန်မြင်ရဖို့ အထောက်အကူပြုခဲ့ပါတယ်။ နယူးကာဆယ်အတွက် ဂိုးတွေကိုတော့ ၁၀ မိနစ်နဲ့ ၅၅ မိနစ်တို့မှာ မူဆာ စစ်ဆိုကို၊ ၄၂ မိနစ်မှာ လိုရစ်ရီမီနဲ့၊ ဒုတိယပိုင်းနာကျင်အချိန်ပိုမှာ ဗာနွန် အန်နီတာတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ဟားလ်စီးအတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်းအစမှာ ဒါးဗီးစ်က သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။
    နောက်ပိုင်းပွဲတွေမှာ တောက်လျှောက်ခြေစွမ်းပြလာခဲ့ပြီး နောက်ဆုံး ၄ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ၀က်စ်ဟမ်းတို့ကတော ဂွဒ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်အသင်းကို အရှုံးပေးခဲ့ရပါတယ်။ ပွဲချိန်တော်တော်များများကို အိမ်ရှင် အဲဗာတန်အသင်းက ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ၈၁ မိနစ်မှသာ လူကာကူက သွင်းယူပေးခဲ့ပါတယ်။ ၀က်စ်ဟမ်းကတော့ ဒီပွဲမှာ အိမ်ရှင်ကို ယှဉ်မကစားနိုင်ခဲ့ဘဲ ဂိုးပေါက် ကန်သွင်းခွင့်ကလည်း တစ်ကြိမ်သာရခဲ့ပါတယ်။
    အဲဗာတန် ၁-၀ ၀က်စ်ဟမ်း
    ဖူလ်ဟမ် ၁-၃ ချယ်ဆီး
    ဟားလ်စီးတီး ၁-၄ နယူးကာဆယ်
    စတုတ်စီးတီး ၁-၀ အာဆင်နယ်
    ဆောက်သက်တမ် ၀-၃ လီဗာပူးလ်