News @ M-Media

Tag: Rakhine State

  • သံတွဲ အကြမ်းဖက်မှု သေဆုံးသူများထဲမှ ၅-ဦးအား သံတွဲတွင် မြှုပ်နှံ

    သံတွဲ အကြမ်းဖက်မှု သေဆုံးသူများထဲမှ ၅-ဦးအား သံတွဲတွင် မြှုပ်နှံ

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    ဇာဏီ

    image-1380706651925-V

    သံတွဲမြို့ သဗြုချိုင်ကျေးရွာမှာ မနေ့က အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူများရှိခဲ့သော်လည်း အချို့မှာ မည်သူမည်ဝါဟု၍လည်း မသိရှိနိုင်သေးတာကြောင့် သေဆုံးသူဦးရေကို အတိအကျ မပြောနိုင်သေးပဲ ထိုအထဲမှ ၅-ဦးအား ယနေ့ နေ့လည်က သံတွဲမြို့တွင် အစ္စလာမ်ဘာသာထုံးစံအတိုင်း မြှုပ်နှံလိုက်ပြီ ဖြစ်ပါတယ်။

    သေဆုံးသူ ၅-ဦးတွင် အမျိုးသမီး ၁-ဦး၊ အမျိုးသား ၄-ဦးဖြစ်ပြီး၊ ၄-ဦးမှာ ဓါးခုတ်ခံရပြီး ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ပြီး ၁-ဦးမှာ မီးရှို့ခံရပြီး သေဆုံးသွားခြင်းဖြစ်ပါတယ်။

    ဓါးခုတ်ခံရသူများမှာ ဒေါ်ခင်ကြည် (၉၃-နှစ်)၊ ကိုမြင့်လွင် (၄၅-နှစ်)၊ ဦးအဗ္ဗဒွလ်မီယာ (၆၀-နှစ်)၊ ဦးအဗ္ဗဒွလ်စမတ်စ် (၈၆-နှစ်)တို့ဖြစ်ပြီး ကိုခင်ဇော် (၅၀-နှစ်)မှာ ဗလီအတွင်း မီးရှို့ခံရပြီး သေဆုံးသွားခြင်းဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။

    ပြန်လည်ခုခံနိုင်စွမ်းအား မရှိသည့် အသက် ၉၃-နှစ်အရွယ်ရှိ အဘွားအိုတစ်ယောက်အား ဓါးဖြင့် ရက်စက်စွာ ခုတ်ဖြတ်သတ်ဖြတ်နိုင်သည့် အကြမ်းဖက်သမားများကို မြင်ရခြင်းအားဖြင့် လူစိတ်ပျောက်နေပြီး အရိုင်းအစိုင်းတိရိစ္ဆာန်စိတ် ၀င်နေခြင်းသာဖြစ်တယ်လို့သည်း သံတွဲမြို့ခံ ဗုဒ္ဓဘာဝင်တစ်ဦးက M-Media ကို ပြောပါတယ်။

  • သံတွဲ ဇီးကျွန်းရှိ ကမန်တိုင်းရင်းသားပိုင် လယ်တောများအား အကြမ်းဖက်မီးရှို့

    သံတွဲ ဇီးကျွန်းရှိ ကမန်တိုင်းရင်းသားပိုင် လယ်တောများအား အကြမ်းဖက်မီးရှို့

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    ဓါတ်ပုံအညွှန်း > သံတွဲမြို့ဝန်းကျင်ရွာများနှင့် အကြမ်းဖက်ခံထားရသည့် ကျေးရွာများ မြေပုံအကြမ်း
    ဓါတ်ပုံအညွှန်း > သံတွဲမြို့ဝန်းကျင်ရွာများနှင့် အကြမ်းဖက်ခံထားရသည့် ကျေးရွာများ မြေပုံအကြမ်း

     

    သံတွဲမြို့ ဇီးကျွန်းကျေးရွာရှိ ကမန်မွတ်စလင်မ်ပိုင် လယ်တောများအား ယနေ့ည ၇း၃၀-နာရီခန့်က အကြမ်းဖက်သမားများက ၀င်ရောက် မီးရှို့နေတယ်လို့ သိရပါတယ်။

    အဆိုပါ ဇီးကျွန်းကျေးရွာတွင် မွတ်စလင်မ်အိမ်များမရှိပဲ ကမန်တိုင်းရင်းသားများ ပိုင်သည့် လယ်တောများနှင့် လယ်တဲ (၂၀)ခန့်သာရှိကြောင်း၊ လယ်တော မည်မျှကို မီးရှို့နေကြောင်း အတိအကျ မသိရသော်လည်း မီးရှို့နေသည့် မီးတောက်နှင့် မြင်ကွင်းကို ပျဉ်ရောင်းမှ လှမ်းမြင်နေရကြောင်း ဒေသခံတစ်ဦးက M-Media ကို ပြောပါတယ်။

    ယနေ့ညနေပိုင်း သံတွဲမြို့ ဗောဓိကုန်းရပ်ကွက်ဘက်တွင်လည်း လူစုလူဝေး ပြုလုပ်နေမှုကြောင့် သံတွဲမြို့ခံများမှ စိုးရိမ်နေကြပါတယ်။ သမ္မတ ဦးသိန်းစိန် သံတွဲမြို့ကို လာရောက်မည်ဆိုသည့်အတွက် ဇီးကျွန်းတွင် ဒုက္ခသည်စခန်းဖွင့်ကာ ရခိုင်အများစုမှာ အဆိုပါ ဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်ကြပြီး သံတွဲမြို့တွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်ခံရမှုများကို ပြောင်းပြန်လုပ်ကာ ရခိုင်များက အကြမ်းဖက်ခံရသည်ဟုဆိုကာ ၎င်းဒုက္ခသည်စခန်းတွင် ဇီးကျွန်းကျေးရွာရှိ ရခိုင် အမျိုးသမီး၊ ကလေး အများစုကို သွားရောက်ပို့ဆောင်ကာ ဒုက္ခသည်စခန်း ဖွင့်လှစ်ထားတယ်လို့ ပျဉ်ရောင်းကျေးရွာမှ သတင်းပေးပို့လာပါတယ်။

    ဓါတ်ပုံအညွှန်း > သံတွဲမြို့ဝန်းကျင်ရွာများနှင့် အကြမ်းဖက်ခံထားရသည့် ကျေးရွာများ မြေပုံအကြမ်း

  • သံတွဲမြို့ပေါ် တည်ငြိမ်နေသော်လည်း အခြေအနေမှာ စိတ်မချရသေး

    သံတွဲမြို့ပေါ် တည်ငြိမ်နေသော်လည်း အခြေအနေမှာ စိတ်မချရသေး

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    KK

    ဓါတ်ပုံအညွှန်း > မဲကျွန်းကျေးရွာ မီးစရှို့ခံရစဉ် သံတွဲဘက်ကမ်းမှ ရိုက်ကူးထားသည့်ပုံ
    ဓါတ်ပုံအညွှန်း > မဲကျွန်းကျေးရွာ မီးစရှို့ခံရစဉ် သံတွဲဘက်ကမ်းမှ ရိုက်ကူးထားသည့်ပုံ

     

    စက်တင်ဘာ ၂၉-ရက်က စတင်အခြေတည်လာတဲ့ အကြမ်းဖက်မှုများကြောင့် သံတွဲမြို့ တ၀ိုက်ရှိ မွတ်စလင်မ်ရွာများမှ ကမန်တိုင်းရင်းသား ရာပေါင်းများစွာ အိမ်မဲ့အိမ်မဲ့ဖြစ်ပြီး သေဆုံးသူများလည်း ရှိလာခဲ့ရာ ယနေ့မှာ သံတွဲမြို့သို့ လာရောက်မည့် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်ကြောင့် သံတွဲမြို့ပေါ်မှာ တည်ငြိမ်နေသော်လည်း စိုးရိမ်နေရသည်ဟု သံတွဲမြို့ခံက ပြောပါတယ်။

    အကြမ်းဖက် မီးရှို့၊ ဖျက်ဆီး သတ်ဖြတ်မှုများကြောင့် သံတွဲမြို့ပေါ် ၃-ရပ်ကွက်၊ ငကျော်တောင်၊ ရွှေလှေတိုက်နယ် သဗြုချိုင်၊ ပေါက်တော၊ လင်းသီ၊ မဲကျွန်း၊ ကျီးကန်းရဲ အစရှိသည့် ကျေးရွာများမှ မွတ်စလင်မ်လူအိမ်များ၊ ခြံများ၊ လယ်တောမှတဲများ၊ ဗလီများ ပျက်စီးသွားခဲ့ပြီး အိုးအိမ်မဲ့ဖြစ်ရကာ သေဆုံးကြသူများနှင့် ဒဏ်ရာရသူများလည်း ရှိခဲ့ပါတယ်။

    သဗြုချိုင်ကျေးရွာတွင် ရခိုင်အကြမ်းဖက်များမှ လာရောက်အကြမ်းဖက်စဉ် ရွာခံကမန်တိုင်းရင်းသားများမှ ပြန်လည် ခုခံတိုက်ခိုက်ကြတာကြောင့် နှစ်ဘက် ဒဏ်ရာရသူများရှိခဲ့သလို သေဆုံးမှုလည်း ရှိခဲ့တယ်။

    အကြမ်းဖက်မှုအား ပြန်လည် ခုခံတိုက်ခိုက်ကြတာကြောင့် လာရောက်အကြမ်းဖက်သူများဘက်မှ ၅-ဦး ခုခံသူများဘက်မှ လူကြီး၊ အမျိုးသမီးနဲ့ ကလေး စုစုပေါင်း လူ ၂၀-ကျော် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

    ယခုမနက်ပိုင်းတွင် သဗြုချိုင်၌ သေဆုံးနေသော ကမန်တိုင်းရင်းသား အလောင်း ၇-လောင်းကို တွေ့ရှိရာ မနက် ၁၁း၃၀-နာရီရှိသည့်တိုင်အောင် ကောက်ယူခွင့်မရသေးကြောင်းလည်း သဗြုချိုင်မှ ကမန်တိုင်းရင်းသားများက ပြောပါတယ်။

    အကြမ်းဖက်မှုအား ပြန်လည် ခုခံတိုက်ခိုက်ကြတာကြောင့် လာရောက်အကြမ်းဖက်သူများဘက်မှ ၅-ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်ခံများဘက်မှ မည်မျှသေဆုံးကြောင်း မသိကြောင်း၊ ၂-ဘက် ဒဏ်ရာရမှုများရှိကြောင်း သဗြုချိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းခင်က M-Media ကိုပြောပါတယ်။ အကြမ်းဖက်ခံများ သူတို့၏အိမ်များတွင် ပြန်လည်နေထိုင်နေကြပြီဟုလည်း ၎င်းက ပြောပါတယ်။

    အိုးအိမ်မဲ့ ဖြစ်သွားသော အကြမ်းဖက်ခံများအနေနှင့် နေစရာ စားသောက်စရာများ မရှိတာကြောင့် သူတို့အား တခြားသော ကျေးရွာများသို့ ခေါ်ဆောင်လိုသော်လည်း ခေါ်ဆောင်ခွင့်မရဖြစ်နေတယ်လို့ သံတွဲမြို့ခံများက ဆိုပါတယ်။

    ဒီကနေ့ သံတွဲမြို့ပေါ်မှာတော့ အခြေအနေများ တည်ငြိမ်နေပြီး ထိုကဲ့သို့တည်ငြိမ်နေခြင်းမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သံတွဲမြို့သို့ လာရောက်မှုကြောင့် ဖြစ်နိုင်ပြီး နောက်ဆက်တွဲ အခြေအနေများ မည်သို့ရှိလာမည်ကို အလွန်တရာ စိုးရိမ်နေကြကြောင်းလည်း သံတွဲမြို့ခံများက M-Media ကို ပြောပါတယ်။

  • ရိုဟင်ဂျာ(၃)ဦး စစ်တွေတွင် အသတ်ခံရ

    စက်တင်ဘာ ၁၁၊ ၂၀၁၃
    M-Media
    နေလ၀န်း (စစ်တွေ)

    Rakhine, Myanmar - Google Maps_20130911-174450

    စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရိုဟင်ဂျာ ၄-ဦးသည် ယနေ့ မနက်ပိုင်းက ပင်လယ် ကမ်းခြေတွင် ငါးဖမ်းနေစဉ် ရခိုင်အကြမ်းဖက်သမား၏ လက်ချက်ကြောင့် ၃-ဦး သေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

    စစ်တွေမြို့ ပန်လွင်ပြင်ကျေးရွာမှ ရိုဟင်ဂျာ ၃-ဦးသည် ယနေ့မနက်ပိုင်းက ပန်လွင်ပြင် ကမ်းခြေတွင် ငါးဖမ်းသွားစဉ် ရခိုင်အကြမ်းဖက်သမား တစ်စု ရောက်ရှိ လာပြီး အဆိုပါ ရိုဟင်ဂျာ ၃-ဦးအား အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

    “ငါးဖမ်းသွားတာက ၄-ယောက်၊ အဲ့ဒီမှာ ရခိုင်အကြမ်းဖက် အုပ်စု တစ်စုရောက်လာပြီး ငါးဖမ်းနေတဲ့ ၄-ယောက်ကို ၀ိုင်းဝန်းရိုက်နှက် သတ်ဖြတ်ပါတယ်။ ခြေ လက်တွေကို ဓါးနဲ့ခုတ်ပြီးတော့ ပင်လယ်ထဲ ပစ်ချခဲ့ပါတယ်။ ၃-ယောက် သေသွားပြီး ၁-ယောက် အသက်ရှင်ကျန်ခဲ့တယ်။ အခုလို သူတို့ ပင်လယ်ကမ်းခြေကို ငါးရှာသွားရတာက ရိုဟင်ဂျာတွေအနေနဲ့ အငတ်ဘေး ခံစားနေရတာကို ထပ်ပြီး ခံနိုင်ရည် မရှိတော့တာကြောင့် အရဲစွန့်ပြီး ငါးရှာသွားလိုက်တာပါ။”လို့ ဒေသခံတစ်ဦးက ပြောပြလာပါတယ်။

    ရိုဟင်ဂျာများ ယခုကဲ့သို့ ပင်လယ်ကမ်းခြေ၊ ပင်လယ်ပင်သို့ထွက်ပြီး ငါးရှာ ငါးဖမ်းသွားသည့်အခါမျိုးများတွင် ရခိုင်အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်မှုများ မကြာခဏ ကြုံတွေ့နေရကြောင်းလည်း သိရှိရပါတယ်။

  • ရခိုင်:: သံတွဲ ငန်းကျွန်းကျေးရွာရှိ မွတ်စလင်မ်ပိုင် တဲ၂-လုံးနှင့် ကြက်ခြံ မီးရှို့ဖျက်ဆီးခံရ

    စက်တင်ဘာ ၁၊ ၂၀၁၃
    M-Media
    အေးမောင်

    1174753_1409391222616905_398583224_n

    သံတွဲ ။         ။         ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ တောင်ညိုကျေးရွာအကျော် ငန်းကျွန်းကျေးရွာတွင် မွတ်စလင်မ်ပိုင် တဲ-၂လုံးနှင့် ကြက်ခြံတစ်ခြံအား အကြမ်းဖက်သမားများက ယနေ့ နံနက် ၁-နာရီခန့်က မီးရှို့ ဖျက်ဆီးလိုက်ကြောင်း  သိရသည်။

    “သံတွဲနဲ့ ၅-မိုင်လောက်ဝေးတဲ့နေရာမှာ တောင်ညိုကျေးရွာဆိုတာရှိတယ်။ တောင်ညိုကျေးရွာအလွန်က ငန်းကျွန်းကျေးရွာဆိုတာရှိတယ်။ အဲဒီ ငန်းကျွန်းကျေးရွာမှာ တဲ ၂-တဲနဲ့ ကြက်ခြံကို မီးရှို့ခံလိုက်ရတယ်။ ကိုစောထွန်းနဲ့ ကိုဝင်းရွှေတို့ပိုင်တာပါ။ ဒီနေ့ မနက်အစောကြီး ၁-နာရီက မီးရှို့ခံလိုက်ရတာပါ။ သံတွဲ အံတော်မှာ မီးရှို့တာနဲ့ပတ်သက်ပြီး တစ်နေ့က ဆင်ဂေါင်းဆိုတဲ့ရွာမှာ ၅-ယောက်ကို ဖမ်းတယ်။ အဲလို ဖမ်းတာကို ဒေါသထွက်လို့ ဒီရွာမှာလာပြီး မီးရှို့တယ်လို့ သိရတယ်။”လို့ သံတွဲမြို့ခံမှ ပြောပြလာပါတယ်။

    အကြမ်းဖက်သမားများသည် သံတွဲမြို့အား အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် အမြဲတစေ လှုံ့ဆော်မှုများပြုလုပ်လျက်ရှိရာ သံတွဲမြို့ပေါ်တွင် အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်နေရကြောင်းလည်း သိရသည်။

    မြန်မာနိုင်ငံကို ရောက်ရှိနေသည့် မစ္စတာ နမ်ဘီးယားသည် မနက်ဖြန်တွင် သံတွဲကို ရောက်ရှိမည်ဖြစ်သောကြောင့် သံတွဲမြို့ အံတော်မြို့သစ်တွင် မီးရှို့ခံရသည့် အိမ်များအား ပြန်လည်ထူထောင်သည့် အခြေအနေများကို ဓါတ်ပုံရိုက်ယူမှုများ ပြုလုပ်လျက်ရှိပါတယ်။ သံတွဲမြို့ခံ မွတ်စလင်မ်များမှလည်း မစ္စတာနမ်ဘီးယားနှင့် တွေ့ဆုံ၍ ဒေသအခြေအနေများကို တင်ပြဆွေးနွေးမှုများပြုရန် ဆန္ဒရှိနေသည်ဟုလည်း M-Media ကို သံတွဲမြို့ခံတစ်ဦးမှ ထပ်မံ ပြောကြားလာပါတယ်။

    1235024_1409391302616897_1915987549_n