News @ M-Media

Tag: Rakhine State

  • ရခိုင်မှ ဒုက္ခသည် မွတ်စလင်များကို ထပ်မံ ဖိနှိပ်နေသည့် အစိုးရမူဝါဒ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဝေဖန်

    ရခိုင်မှ ဒုက္ခသည် မွတ်စလင်များကို ထပ်မံ ဖိနှိပ်နေသည့် အစိုးရမူဝါဒ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဝေဖန်

    ဇန်နဝါရီ ၂၂ ၊ ၂၀၁၅
    M-Media
    52_Anne-Richard_Assistant-Secretary_US-Department-of-State_21012015_00-(3)
    – ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင် လူနည်းစုများအပေါ် သတ်မှတ်ထားသည့် ဆိုးရွားသော ကန့်သတ်ချက်များ အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး ဒုက္ခသည်များဆိုင်ရာ အကြီးတန်း ကိုယ်စားလှယ်တစ်ဦးဖြစ်သူ  အန်နီ ရစ်ချက်က မြန်မာ အစိုးရအား ဝေဖန် လိုက်ပြီး ပဋိပက္ခ ဒဏ်ခံနေရသည့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်များအား ဖိနှိပ်ချုပ်ချယ် ထားသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်လူနည်းစုအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၂၀၀ ကျော် သေဆုံးခဲ့သည်။  ထို့နောက်တွင်တော့ ဘာသာရေးနွယ်သည့် အကြမ်းဖက်မှုများက မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့ပြီး ဒီမိုကရေစီပြု ပြင်ပြောင်း လဲရေးအား လောင်းရိပ်ကျစေခဲ့သည။်

    အန်နီ ရစ်ချက်က ရခိုင်ပြည်နယ်သို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ထိုဒေသ၌ လူ့အဖွဲ့အစည်း ၂ ခုစလုံးမှာ လွန်ခဲ့သည့် ၃ နှစ်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ၏ ဆိုးကျိုးကို ခံစားနေရပြီး ဖိနှိပ်ချုပ်ချယ်ခံရသည့် အခြေအနေမျိုးတွင် နေထိုင်နေရသည်ဟု ပြောကြားခဲ့သည။်

    သူမက ဘာသာရေးအရခွဲခြားမှုများ အလုံးစုံရှိလု နီးပါးဖြစ်နေသာ ရခိုင်ပြည်နယ်ရှိ ဈေးတစ်ခုတွင် လူ့အဖွဲ့အစည်းများ အပြန်အလှန် ရောင်းဝယ်ပြုလုပ်သည့် တခုတည်းသော ဈေးတန်းကို  ထောက်ပြခဲ့သည်။

    `ဒီလိုမျိုး ကျွန်မတို့ မြင်ချင်တာပါ။ ဒါပေမယ့် အခုချက်ခြင်းဖြစ်ဖို့ဆိုတာကတော့ လက်ရှိပုံစံအရ မဖြစ်နိုင်ပါဘူး။ အဲဒီမှာ လောလောဆယ်ချမှတ်ထားတဲ့ ပေါ်လစီတွေက ပြည်သူတွေကို တကယ့်ကို ဖိနှိပ်ချုပ်ချယ်ထားပါတယ်´ ဟု ရစ်ချက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    မွတ်စလင်အများစု ပါဝင်သည့် လူပေါင်း ၁၄၀၀၀၀ ခန့်မှာ ၂၀၁၂ ခုနှစ် မငြိမ်မသက်မှုတွင် နေအိမ်များ ဆုံးရှုံးခဲ့ရပြီးနောက် စစ်တွေမြို့အပြင်ဘက်ရှိ အခြေအနေဆိုးရွားသော ဒုက္ခသည် စခန်းများတွင် နေထိုင်နေရသည်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သီးသန့် သဘောမျိုး နေထိုင်နေရသည့် ရိုဟင်ဂျာမွတ်စလင် ရာပေါင်း များစွာမှာလည်း သွားရေးလာရေး၊ အလုပ်အကိုင်နှင့် ကလေးငယ်များ၏ ပညာရေး ကဏ္ဍတို့တွင် ကန့်သတ်ချက်ပေါင်း များစွာနှင့် ရှင်သန်နေထိုင်နေရသည်။

    မြန်မာအစိုးရနှင့် မြန်မာပြည်သူ အများစုက ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်နေထိုင် သူများအဖြစ် ရှုမြင်ကြပြီး၊ ရိုဟင်ဂျာအများစုမှာ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခြင်း ခံထားရသည်။

    ရစ်ချက်ကမူ ယခုအခြေအနေက ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်း၊ မွတ်စလင်လူ့အဖွဲ့အစည်း နှစ်ခုစလုံးကို နစ်နာစေပြီး၊ ပြည်နယ်အတွင်းရှိ လူတိုင်းအတွက်  (lose-lose) ရလဒ်သာ ထွက်စေသည်ဟုဆိုသည်။

    ရန်လိုမှု၊ တစ်ဘက်နှင့်တစ်ဘက် ကြောက်ရွံ့မှုတို့က လူ့အဖွဲ့အစည်း၏ နေရာတိုင်း၌ ပြန့်နှံ့နေပြီး ထိုပြဿနာကို ဖြေရှင်းရန်အတွက် ပြည်ထောင်စုအစိုးရအပေါ် မူတည်နေသည်ဟု သူမက ထပ်ပြောခဲ့သည်။

    `ဒါကိုဖြေရှင်းဖို့ဆို ဒေသတွင်းနဲ့ပဲ မပြီးပါဘူး။ အစိုးရရဲ့ ပါဝင်မှုနဲ့ ဖြေရှင်းရမှာပါ´

    ကုလသမဂ္ဂကမူ နိုင်ငံမဲ့ ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် မြန်မာအစိုးရအား တိုက်တွန်းသည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို မကြာသေးမီကပင် အတည်ပြုခဲ့သည်။ သို့ရာတွင် ထိုသို့အတည်ပြုလိုက်မှုကာ ဗုဒ္ဓဘာသာဝင်အများစုရှိရာ မြန်မာနိုင်ငံ၌ အငြင်းပွားမှုကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်၏။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ပြင်းထန်သော တင်းမာမှုများက နေရာအနှံ့ ဂယက်ရိုက်မှုများ ဖြစ်လာနိုင်သည်ဟု ပြီးခဲ့သည့် သောကြာနေ့က ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံမှမပြန်ခင် ပြောကြားခဲ့သည့် လီ၏ စကားများကြောင့် သံဃာတချို့ ဦးဆောင်သော ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ထွက်လာခဲ့ပြီး လီမှာလည်း ရိုဟင်ဂျာလိုလားသော ဘက်လိုက်သူအဖြစ် စွပ်စွဲ သမုတ်ခံခဲ့ရသည်။

    Source: AFP

  • စစ်တွေမှာ လက်ပစ်ဗုံးနှစ်လုံး တွေ့ရှိ

    စစ်တွေမှာ လက်ပစ်ဗုံးနှစ်လုံး တွေ့ရှိ

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    RFA(မြန်မာပိုင်း)မှ ကူးယူဖော်ပြသည်။

     Bomb-found-Sittwe

    ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းမှာရပ်နား ထားတဲ့ စက်လှေတစ်စီးကို မြို့နယ်ရဲတပ်ဖွဲ့က မနေ့က ၀င်ရောက်ရှာဖွေရာ လက်ပစ်ဗုံး နှစ်လုံး ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

    “မင်းမင်းဝမ်း” အမည်ရှိတဲ့ စက်လှေထဲကနေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အမှုနဲ့ဆက်စပ်တဲ့ ဆင်ကူးလမ်းရပ်ကွက်ကအိမ်တစ်လုံးမှာ ယမ်းပြင်း ဘလောက်တုံး ၃ တုံးကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

    အဲ့ဒီစက်လှေနဲ့ဆက်စပ်နေတဲ့ စစ်တွေမြို့ခံတစ်ဦးနဲ့ ရသေ့တောင်မြို့ခံတစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

    ရဲတပ်ဖွဲ့စစ်ဆေးချက်တွေအရ အဲ့ဒီ စက်လှေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ကုန်ကူးတဲ့စက်လှေဖြစ်ပြီး လုံခြုံရေးအတွက် လက်ပစ်ဗုံးတွေ ဆောင်ထားတာဖြစ်တယ်လို့ ထွက်ဆိုကြောင်း ရဲအရာရှိတွေက ဆိုပါတယ်။

    Bomb-found-in-Sittwe

    http://www.rfa.org/burmese/news/sistawe-2handgrenade-find-09172014104142.html

    ဓါတ်ပုံ- နိရဉ္ဖာရာ

  • ရခိုင်မှ ဒုက္ခသည်များ အကူအညီ ပိုလိုအပ်ဟု ကွင်းဆင်း ကြည့်ခဲ့သည့် ကုလ အကြီးအကဲ ၂ ဦးပြော

    ရခိုင်မှ ဒုက္ခသည်များ အကူအညီ ပိုလိုအပ်ဟု ကွင်းဆင်း ကြည့်ခဲ့သည့် ကုလ အကြီးအကဲ ၂ ဦးပြော

    စက်တင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media

    cq5dam.web.540.390
    ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဗိုလ်ချူပ်မောင်မောင်အုန်းနှင့် ကုလ အကြီးအကဲ နှစ်ယောက် ရခိုင်မှ ဒုက္ခသည်စခန်းတခုတွင် ဆွေးနွေးနေကြစဉ်

    – လူအုပ်စုနှစ်စုအကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၏ အခြေအနေမှာ ယမန်နှစ်ကထက်စာလျှင် တိုးတက်လာသော်လည်း အဓိကကျသည့် ဆောင်ရွက်မှုအများအပြား လိုအပ်နေသည်ဟု ကုလသမဂ္ဂ အကြီးအကဲနှစ်ဦးက ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP ၏ အာရှပစိဖိတ်ဆိုင်ရာ ဒါရိုက်တာ ဟိုလီယန်ဇူနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိုနှိုင်းရေးမှုရုံး OCHA မှ လုပ်ငန်းပိုင်းဆိုင်ရာ ဒါရိုက်တာ ဂျွန်ဂင်းတို့ ရခိုင်ပြည်နယ်သို့ နှစ်ရက်တာ သွားရောက် ကြည့်ရှုခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

    ရခိုင်ပြည်နယ်ရှိ မတူညီသော လူမျိုးစုများအကြား ဆက်ဆံရေးတိုးတက်လာရန်အတွက် ဆောင်ရွက်မှု ပိုလိုအပ်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ပြည်သူများအတွက် ရေရှည် အကျိုးသက်ရောက်မှုရှိသည့် အဖြေများကို ရှာဖွေရန်လည်း ၎င်းတို့က တိုက်တွန်းခဲ့သည်။

    “ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူ့အဖွဲ့အစည်းအားလုံးရဲ့လိုအပ်ချက်တွေ ပြည့်မီမှသာ တည်ငြိမ်မှုနဲ့ ရေရှည်ခံမယ့် ငြိမ်းချမ်းရေးကို ရရှိမှာပါ။ ဒုက္ခသည်တွေရဲ့ လက်ငင်းလိုအပ်ချက်ကို ဖြေရှင်းဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ သောက်သုံးရေရရှိရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေဖန်တီးပေးရေးနဲ့ အခြေခံ အဆောက်အဦးတွေ ဆောက်လုပ်ပေးခြင်းပါအ၀င် အခြေခံလိုအပ်ချက်တွေကို အရည်အသွေး ပြည့်ဝဖို့ ဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်ရပါမယ်” ဟု မစ္စတာ ဇူက ပြောကြားခဲ့သည်။

    မစ္စတာဇူနှင့် မစ္စတာ ဂင်းတို့မှာ စစ်တွေနှင့် ပေါက်တောမြို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပြီး၊ မင်းပြားနှင့် စစ်တွေမြို့တွင် UNDP မှ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကြည့်ရှုခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အစိုးရနှင့် UNDP တို့ ပူးတွဲဆောက်လုပ်နေပြီး ကျေးရွာလေးခုကို ဆက်သွယ်ပေးနိုင်မည့် တံတားဆောက်လုပ်ရေးလုပ်ငန်းကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။

    မစ္စတာဂင်းကမူ ပြီးခဲ့သည့်နှစ် မိမိလာရောက်စဉ်ကထက်စာလျှင် တိုးတက်မှုများကို တွေ့ရပြီး အကူအညီပေးရေးအဖွဲ့အစည်းများ၏ ကြိုးပမ်းမှုဖြင့် အခြေအနေများ တည်ငြိမ်လာသည့်အတွက် ကျေးဇူးတင်ကြောင်း၊ သို့သော်လည်း  လူအများအပြားအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများမှာ လက်မခံနိုင်စရာဖြစ်ပြီး မိမိတို့၏ ဆောင်ရွက်ချက်များကို နှစ်ဆတိုး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ref_UNDP Myanmar

  • စစ်တွေ ညမထွက်ရ အမိန့် ရုပ်သိမ်း

    စစ်တွေ ညမထွက်ရ အမိန့် ရုပ်သိမ်း

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄

    ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့မှာ ညမထွက်ရအမိန့်ကို  စက်တင်ဘာလ ၁၁ရက်နေ့မှာ ရုပ်သိမ်းခဲ့ပါတယ်။

    ရခိုင်ပြည်နယ်တွင်းမှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေဖြစ်အပြီး တည်ငြိမ်မူ မရှိတဲ့ မြို့နယ်တိုင်းနီးပါး မှာ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားတာပါ။

    ပြီးခဲ့တဲ့ မတ်လက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ရုံးတွေ တိုက်ခိုက် ခံရမူဖြစ်ပြီး ဒေသခံတွေနဲ့ တင်းမာမူတွေဖြစ်ခဲ့ရတဲ့ စစ်တွေမြို့မှာတော့ စက်တင်ဘာလ ၁၁ရက်နေ့မှာ ညမထွက်ရ အမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

    ကိုးကား- VOA (မြန်မာပိုင်း)

  • RFA: OIC ကိုယ်စားလှယ်အဖွဲ့ စစ်တွေမှာ ဆွေးနွေး

    RFA: OIC ကိုယ်စားလှယ်အဖွဲ့ စစ်တွေမှာ ဆွေးနွေး

    စက်တင်ဘာ ၄ ၊ ၂၀၁၄
    RFA Burmese မှ ကူးယူဖော်ပြသည်။

    1966914_10152754414498128_5964858791329975304_n

    OIC ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Tan Sri Syed Hamid Albar နဲ့ အဖွဲ့ဟာ စစ်တွေမြို့ ရပ်မိရပ်ဖတွေ၊ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ စစ်တွေမြို့ အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးစင်တာ ECC ရုံးမှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။

    တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ စစ်တွေမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက အခုလိုပြောပါတယ်။

    “ကျနော်တို့ဟာ မလေးရှား နိုင်ငံရေးဝန်ကြီးဟောင်းနဲ့ တွေ့မယ်လို့ပဲ ကျနော်တို့သိထားတယ်၊ မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ်မှန်း ကျနော်တို့ မသိခဲ့တဲ့အတွက်ကြောင့်မို့ တွေ့ဆုံခဲ့ခြင်းဖြစ်တယ်၊ ဘင်္ဂါလီအချင်းချင်းကြားမှာ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ဘင်္ဂါလီနဲ့ ခိုးဝင်ကျူးကျော်လာတဲ့ ဘင်္ဂါလီတွေကို ကွဲပြားခြားနားဖို့ စိစစ်နေတဲ့ အခုလိုအချိန်မျိုးမှာ OIC အနေနဲ့ လာရောက်လည်ပတ်ခြင်းဟာ စိစစ်မှုကို အနှောင့်အယှက်ဖြစ်စေတယ်၊ လာတဲ့အချိန်ဟာ လာခြင်းကောင်းတာ မဟုတ်ဘူး၊ အဲဒါကြောင့် OIC ပြောတာကို ကျနော်တို့ လက်မခံနိုင်ပါဘူးလို့ ငြင်းပယ်ခဲ့ပါတယ်”

    OIC အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ ပေးအပ်တဲ့အခါ ဒေသခံတွေအနေနဲ့ လက်ခံ၊ မခံ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်းနှစ်ခု အသုံးပြုနိုင်ဖို့ အတွက် ဆေးရုံနဲ့ လေ့ကျင့်သင်ကြားရေးစင်တာ ဖွင့်လှစ်ပေးလိုကြောင်း ကမ်းလှမ်းချက်အပေါ် ရခိုင်ရပ်မိရပ်ဖတွေက ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တင်းမာနေဆဲဖြစ်တာကြောင့် အဲဒီကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

    OIC အဖွဲ့ ကိုယ်စားလှယ်တွေဟာ မနေ့က စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ သီးခြားတွေ့ဆုံရာမှာ မွတ်စလင် ရပ်မိရပ်ဖတွေက အစိုးရအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

    ဒါ့အပြင် OIC ကိုယ်စားလှယ်အဖွဲ့ဟာ စက်ရုံစုရခိုင်ဒုက္ခသည်စခန်းနဲ့ သက္ကယ်ပြင် မွတ်စလင် ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပြီး ဒီနေ့မှာ ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားတယ်လို့ သိရပါတယ်။

    Link =>https://www.facebook.com/39218993127/photos/a.10150522560153128.405723.39218993127/10152754414498128/?type=1&theater