News @ M-Media

Tag: Real Madrid

  • ကိုးမားဖြစ်နေရာမှ ၎င်းကြောင့် သတိပြန်ရသည့် ပရိသတ်တစ်ဦးနှင့် ရော်နယ်ဒို တွေ့ဆုံ

    ကိုးမားဖြစ်နေရာမှ ၎င်းကြောင့် သတိပြန်ရသည့် ပရိသတ်တစ်ဦးနှင့် ရော်နယ်ဒို တွေ့ဆုံ

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    rnd

    – ကိုးမားဖြစ်နေရာမှ ရော်နယ်ဒို ဂိုးသွင်းယူသည့်အသံကိုကြား၍ ပြန်သတိလည်လာခဲ့သူ ပရိသတ်တစ်ဦးကို ရော်နယ်ဒိုက ယနေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

    အဆိုပါ ပရိတ်သတ်မှာ ပိုလန်နိုင်ငံမှ ဒေးဗစ် ပေါ်လက်ဇီဆိုသူဖြစ်ပြီး ယနေ့တွင် ရီးယဲလ်မက်ဒရစ်အသင်း တည်းခိုရာ ၀ါဆောမြို့ရှိ ဟိုတယ်တွင် ရော်နယ်ဒိုနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်မှာ ယနေ့ညတွင် ချန်ပီယံလိဂ်ပွဲအဖြစ် ပိုလန်ကလပ် လီဂီယာနှင့် ကစားရမည်ဖြစ်သည်။

    ၂၀၁၃ ခုနှစ် သြဂုတ်လက ဒေးဗစ်မှာ စက်ဘီးစီးနေစဉ် ကားဖြင့်အတိုက်ခံရသောသောကြာင့် ကိုးမားဖြစ်ကာ သတိမေ့နေခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆရာဝန်၏ အကြံပေးမှုကြောင့် ပေါ်တူဂီက ဆွီဒင်အား အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလား play-off ပွဲစဉ်းကို ၎င်းအနီးတွင် ပြန်လည်ဖွင့်ပြစဉ် ရော်နယ်ဒိုက ၎င်း၏ တတိယမြောက်ဂိုး သွင်းယူခဲ့သည့်အချိန်၌ ဒေးဗစ်မှာ သတိပြန်လည်လာခဲ့သည်။

    ထိုစဉ်က ဒေးဗစ်၏သတင်းမှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်က ဒေးဗစ်အား ဆန်တီယာဂိုဘာနေဗျူးသို့ ဖိတ်ခေါ်ကာ ချန်ပီယံလိဂ်ပွဲတစ်ပွဲကို VIP နေရာမှ ကြည့်ရှုစေခဲ့သည်။

    ရီးယဲလ်မက်ဒရစ်ကမူ ယနေ့တွင် ဒေးဗစ်ပါအ၀င် ၎င်းမိသားစုနှင့် ရော်နယ်ဒိုတို့၏ တွေ့ဆုံမှုဓာတ်ပုံကို လွှင့်တင်ခဲ့သည်။ ၎င်းတို့မိသားစုမှာ ၀ါဆောသို့ ရောက်ရှိရန်အတွက် ၆ နာရီကြာ ကားမောင်းလာခဲ့ရခြင်းဖြစ်သည်။

    Ref: Goal

  • ရီးယဲလ်အကယ်ဒမီက ဘာကာထက် ဘောလုံးသမားကောင်း ပိုထွက်

    ရီးယဲလ်အကယ်ဒမီက ဘာကာထက် ဘောလုံးသမားကောင်း ပိုထွက်

    နိုဝင်ဘာ ၁၊ ၂၀၁၆
    M-Media

    acadamy

    – လာလီဂါ၏ ခါးသီးသောပြိုင်ဘက်များဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့၏ ဘောလုံးအကယ်ဒမီးများတွင် ရီးယဲလ်ဘောလုံးအကယ်ဒမီက ဘာစီလိုနာ ဘောလုံးအကယ်ဒမီထက် ကစားသမားကောင်းများကို ပိုမို ထုတ်လုပ်ပေးနိုင်သည်ဟု လေ့လာမှုတစ်ခုအရ သိရသည်။

    အဆိုပါ လေ့လာမှုကို CIES Football Observatory အဖွဲ့က ပြုလုပ်ခြင်းဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုသို့ ကစားသမားများ အများဆုံး ပို့ဆောင်နိုင်မှုကို တွက်ချက်ခဲ့ခြင်းဖြစ်သည်။

    ထိပ်တန်းလိဂ် ၅ ခု၌ လက်ရှိတွင် ကစားနေသည့် ရီးယဲလ်အကယ်ဒမီထွက် ကစားသမားများမှာ ၄၁ ဦး ရှိနေပြီး ဘာစီလိုနာက ၃၇ ဦးရှိကာ၊ မန်ယူအကယ်ဒမီထွက် ကစားသမားက ၃၄ ဦး ရှိနေသည်။

    အဆင့် ၅၀ အတွင်းဝင်သည့် စပိန်အသင်း ၁၁ သင်းရှိပြီး ထိပ်ဆုံး အကယ်ဒမီ ၁၀ ခုတွင် စပိန်ကလပ်များ၏ အကယ်ဒမီက ၄ ခုအထိ ရှိနေသည်။ သို့ရာတွင် စာရင်းတွင်ပါဝင်သည့် ပြင်သစ်ဘောလုံးအသင်းများ၏ အကယ်ဒမီများမှာ ၁၆ ခုအထိ ရှိသည်။

    အင်္ဂလန်ကမူ မန်ယူအပြင် အခြား ၅ သင်းဖြစ်သော အာဆင်နယ်၊ စပါး၊ ဆောက်သက်တမ်၊ ချယ်ဆီးနှင့် မန်းစီးတီးတို့မှ အကယ်ဒမီများ ပါဝင်ခဲ့သည်။

    ဥရောပလိဂ် ၃၁ ခုတွင် ကစားနေသည့် ကစားသမားများစာရင်းကို တွက်ချက်ပါက အေဂျက်ဘောလုံးအကယ်ဒမီမှာ ထိပ်ဆုံးတွင်ရှိနေပြီး ရီးယဲလ်နှင့် ဘာကာတို့မှာ အဆင့် ၅ တွင် ပူးတွဲရှိနေသည်။

    Ref : Goal

  • မက်ဆီက ရော်နယ်ဒိုထက်သာသည်ဟု ဖော်လန်ပြော

    မက်ဆီက ရော်နယ်ဒိုထက်သာသည်ဟု ဖော်လန်ပြော

    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media

    – ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ အဆုံးသတ်ပိုင်းတွင် ပြောစရာမရှိသော်လည်း ဘာစီလိုနာမှ မက်ဆီကဲ့သို့ လက်ဖျားခါလောက်သည့် တစ်ဦးချင်းစွမ်းရည်မျိုးမရှိဟု မန်ယူတိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်က ပြာကြားလိုက်သည်။

    ပြီးခဲ့သည့် ၆ နှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ၎င်းတို့နှစ်ဦးက ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း ၎င်းတို့ နှစ်ဦးသာ ရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသည်။ လက်ရှိတွင် ရော်နယ်ဒိုက နှာတစ်ဖျားသာနေသော်လည်း မန်ယူတွင် ရော်နယ်ဒိုနှင့် တွဲကစားဖူးသည့် ဖော်လန်ကမူ ရော်နယ်ဒိုမှာ မက်ဆီကဲ့သို့ ပြည့်စုံမှုမရှိဟု ဆိုသည်။

    “သူနဲ့ (မန်ယူမှာ) ကစားတဲ့အချိန်တုန်းကနဲ့ ရီးယဲလ်မှာ သူကစားတဲ့ ပထမဆုံးနှစ်မှာ ရော်နယ်ဒိုဟာ မက်ဆီလိုပဲ အပျော်လုပ်ဖို့ ကစားသမားတွေကို လိမ်ခေါက်ဖြတ်ကျော်ပါတယ်။ အခုတော့ သူက အဆုံးသတ်သမားကြီးဖြစ်နေပြီး ဂိုးရှေ့မှာ ကြောက်စရာကောင်းသူပါ။ မက်ဆီလည်း ဒီလိုပါပဲ။ ဒါပေမယ့် မက်ဆီမှာ ကစားသမား ၂ ယောက်၊ ၃ ယောက်လောက်ကို ကျော်ဖြတ်နိုင်တဲ့ စွမ်းရည်နဲ့ ပွဲကိုပြောင်းလဲနိုင်တဲ့ စွမ်းရည် ရှိပါတယ်” ဟု ဖော်လန်က ပြောကြားခဲ့သည်။

    ယခုရာသီတွင် မက်ဆီမှာ ရော်နယ်ဒိုထက် ဂိုးပိုများနေပြီး ပြိုင်ပွဲအားလုံးတွင် ၁၄ ဂိုး သွင်းယူထားနိုင်ကာ ရော်နယ်ဒိုကမူ ၇ ဂိုးသာ သွင်းယူထားသည်။

    Ref: Goal

  • မက်ဒရစ်မြို့ခံနှစ်သင်း စည်းကမ်းဖောက်မှုအတွက် စပိန်ဘောလုံးအဖွဲ့ချုပ် ဒဏ်ရိုက်ခံရ

    မက်ဒရစ်မြို့ခံနှစ်သင်း စည်းကမ်းဖောက်မှုအတွက် စပိန်ဘောလုံးအဖွဲ့ချုပ် ဒဏ်ရိုက်ခံရ

    အောက်တိုဘာ ၂၅၊ ၂၀၁၆
    M-Media

    madrid

    – အသက် ၁၈ နှစ်အောက် နိုင်ငံတကာကစားသမားများကို ခေါ်ယူမှုနှင့်ပတ်သက်၍ ရီးယဲလ်နှင့် အက်သလက်တီကိုတို့၏ ဥပဒေချိုးဖောက်မှုများကို ခွင့်ပြုခဲ့သည့် စပိန် တော်ဝင်ဘောလုံးအဖွဲ့ချုပ် RFEF ကို ဖီဖာက ဆွစ်ဇ်ဖရန့် ၂၂၀၀၀၀ ဒဏ်ရိုက်ခဲ့သည်ဟု သိရသည်။

    မက်ဒရစ်အခြေစိုက် အဆိုပါ ကလပ်အသင်းနှစ်ခုလုံးကို စည်းကမ်းချိုးဖောက်မှုများကြောင့် ၂၀၁၇ ခုနှစ် အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားဝယ်ယူခွင့် ဖီဖာက ပိတ်ပင်ခဲ့သည်။ ထိုပြစ်ဒဏ်အတွက် နှစ်သင်းစလုံးမှာ အားကစားဆိုင်ရာ ခုံသမာဓိရုံးအထိ တင်ပြထားသည်။

    သို့သော်လည်း ဖီဖာကမူ ယခုအချိန်တွင် စပိန်ဘောလုံးအဖွဲ့ချုပ်ကိုပါ ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်ပြီး ဥပဒေရေးရာ မူဘောင်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖြစ်စေရေး ၆ လ အချိန်ပေးခဲ့သည်။

    “RFEF ဟာ နိုင်ငံတကာအပြောင်းအရွှေ့၊ လူငယ်ကစားသမားတွေကို ပထမဆုံး စာချုပ်ချုပ်မှုဆိုင်ရာ ပြဌာန်းချက်တွေကို ချိုးဖောက်ခဲ့တယ်ဆိုတာ တွေ့ရှိရပါတယ်” ဟု ဖီဖာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Ref: Goal

  • ရော်နယ်ဒိုမှာ ဒဏ္ဍာရီဆန်သည့် ကစားသမားဖြစ်သည်ဟု ရီးယဲလ်ဥက္ကဌပြော

    ရော်နယ်ဒိုမှာ ဒဏ္ဍာရီဆန်သည့် ကစားသမားဖြစ်သည်ဟု ရီးယဲလ်ဥက္ကဌပြော

    အောက်တိုဘာ ၂၃၊ ၂၀၁၆
    M-Media

    rnd

    – တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၏ ရီးယဲလ်အတွက် ကူညီခဲ့မှုများကို ချီးကျူးလိုက်ပြီး ဒဏ္ဍာရီဆန်ဆန် ကစားသမားဖြစ်သည်ဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က ပြောကြားလိုက်သည်။

    ရော်နယ်ဒိုမှာ မန်ယူတွင် ကမ္ဘာ့ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ရီးယဲလ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်တွင် ကမ္ဘာ့အတောက်ပဆုံး ဘောလုံးကြယ်တစ်ပွင့် ဖြစ်လာခဲ့သည်။

    ရီးယဲလ်တွင် ချန်ပီယံလိဂ် ၂ ကြိမ်အပါအ၀င် ကလပ်အသင်းအဆင့် ဖလားအားလုံးကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကိုလည်း ရရှိခဲ့သည်။ ထို့ပြင် ရော်နယ်ဒိုမှာ ပွဲပေါင်း ၃၅၆ ပွဲကစား ၃၆၈ ဂိုးသွင်း၍ ရီးယဲလ်၏ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်။

    ရီးယဲလ်ဥက္ကဌ ပီရက်ဇ်ကမူ ရော်နယ်ဒို၏ စွမ်းဆောင်မှုကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။

    “(၂၀၁၅-၁၆ ဘောလုံးရာသီမှာ) သူဟာ ချန်ပီယံလိဂ်မှာ ၁၆ ဂိုးသွင်းပြီး ဂိုးသွင်းဘုရင် ဖြစ်ခဲ့တယ်။ ရွှေဖိနပ်ဆုကို လေးကြိမ်မြောက်ယူနိုင်ခဲ့ပါတယ်။ ဒီလိုလုပ်နိုင်တာ သူတစ်ယောက်တည်း ရှိပါတယ်။ ယူအီးအက်ဖ်အေရဲ့ ဥရောပအကောင်းဆုံး ဘောလုံးသမားအဖြစ်လည်း ၄ ကြိမ် အရွေးခံခဲ့ရပါတယ်။ မက်ဒရစ်သမိုင်းမှာ ၃၆၈ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားသူပါ။ သူဟာ ဘောလုံးလောကနဲ့ မက်ဒရစ်အသင်းအတွက် ဒဏ္ဍာရီဆန်တဲ့ ကစားသမားတစ်ယောက်ပါပဲ” ဟု ပီရက်ဇ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပီရက်ဇ်မှာ ယခု ရီးယဲလ်နည်းပြဖြစ်နေသည့် ဇီဒိန်း၏ ရီးယဲလ်ကစားသမားဘ၀ စွမ်းဆောင်မှုများကိုလည်း ချီးကျူးခဲ့သည်။

    Ref : Goal