News @ M-Media

Tag: Real Madrid

  • ဗုဒ္ဓရုပ်ပွားတော်ကို အဂါရ၀ဖြစ်စေသည့် လုပ်ရပ်အတွက် ရော်နယ်ဒို ဝေဖန်ခံနေရ

    ဗုဒ္ဓရုပ်ပွားတော်ကို အဂါရ၀ဖြစ်စေသည့် လုပ်ရပ်အတွက် ရော်နယ်ဒို ဝေဖန်ခံနေရ

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    rnd

    – ရီးယဲတိုက်စစ်မှူး ခရစ္စတီယာနို မှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား အဂါရ၀ပြုရာရောက်သည့် ဓာတ်ပုံတစ်ပုံအတွက် ပရိတ်သတ်များ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရသည်ဟု သိရသည်။

    ရော်နယ်ဒို မှာ ယနေ့မနက်ပိုင်းက Facebook နှင့် Instagram တို့တွင် ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူ စံပယ်ရာနေရာ၌ ခြေထောက်တင်ထားသည့် ၎င်း၏ ဓာတ်ပုံတစ်ပုံကို လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

    ထို့နောက် ၎င်း၏ ပရိတ်သတ်များမှာ ထိုလုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ထိုဓာတ်ပုံအား ဖြုတ်ပစ်ရန်လည်း တောင်းဆိုခဲ့ကြသည်။

    “ခရစ္စတီယာနိုရော်နယ်ဒို။ အာရှမှာနေထိုင်တဲ့သူတွေ ဒေါသမထွက်ခင် ခင်ဗျားဒီပုံကို ဖျက်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ခင်ဗျားကိုချစ်တယ်။ သူများတွေ အပြစ်တင်တာကိုလည်း မကြားချင်ဘူး။ ခင်ဗျား ပရိတ်သတ်တွေရဲ့ ဘာသာတရားကို လေ့လာပြီး လေးစားသင့်ပါတယ်။ ခင်ဗျားဖျက်လိုက်မယ်ဆိုရင်တော့ ကျေးဇူးတင်မိမှာပါပဲ။ ဘုရားသခင် ကောင်းချီးပေးပါစေ” ဟု Veasna Vichea ဟု အမည်ရသည့် ပရိတ်သတ်တစ်ဦးက ရေးသားခဲ့သည်။

    Pukar Timalsina ဆိုသည့် ပရိတ်သတ်တစ်ယောက်ကလည်း “ခင်ဗျား ကစားသမားကောင်းတစ်ယောက်ဆိုတာ မှန်တယ်။ ဒါပေမယ့် ဒါက အခြားသူတွေရဲ့ ခံစားချက်တွေ၊ ယုံကြည်ချက်တွေကို လစ်လျူရှုဖို့ ဖြစ်စေတာလား။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးကို အုတ်မြစ်ချပေးခဲ့သူဖြစ်ပါတယ်။ (ဗုဒ္ဓဘာသာကို ဟောကြားခဲ့သူဖြစ်တယ်) ဒီလိုပုံစံမျိုးနဲ့ ခင်ဗျား ဘာဖြစ်လို့ အဂါရ၀လုပ်ရတာလဲ။ ကျွန်တော် ဗုဒ္ဓဘာသာဝင်မဟုတ်ပေမယ့် ကျွန်တော့်ကိုလည်း တော်တော်လေး နာကျင်စေပါတယ် (ကျွန်တော် နီပေါကပါ)”

    Ref : Goal

  • မိမိသာလျှင် ကမ္ဘာ့အကောင်းဆုံးဟု ရော်နယ်ဒိုပြော

    မိမိသာလျှင် ကမ္ဘာ့အကောင်းဆုံးဟု ရော်နယ်ဒိုပြော

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    ronaldo

    – မိမိမှာ ကမ္ဘာ့အကာင်းဆုံး ဘောလုံးသမားဖြစ်ပြီး ယခုဘောလုံးရာသီ မိမိ၏ ရည်ရွယ်ချက်မှာ ခြေစွမ်း ဆက်လက်တိုးတက်ရန်ဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    ရီးယဲလ်၊ ပေါ်တူဂီတို့နှင့် ချန်ပီယံလိဂ်ဖလား၊ ယူရို ၂၀၁၆ တို့ကို ဆွတ်ခူးရရှိခဲ့သည့် ရော်နယ်ဒိုမှာ ယခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ရရှိရန် ရေပန်းစားနေသည်။

    “ကျွန်တော့်စိတ်ထဲမှာတော့ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါပဲ။ အတောင့်တင်းဆုံးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ နေ့စဉ်နေ့တိုင်း ပြင်းပြင်းထန်ထန် ကျွန်တော် ကြိုးစားပါတယ်။ ပြီးရင်တော့ ကျန်တဲ့လူတွေ သူ့ဟာသူ ဆုံးဖြတ်ကြပါစေ။ ကျွန်တော် အမြဲတမ်း တိုးတက်ချင်ပါတယ်။ ကိုယ့်ကိုယ်လည်း အရမ်းလှုံ့ဆော်ပေးတယ်။ ဒါက ကွင်းအတွင်း ကျွန်တော့်အောင်မြင်မှုရဲ့ အဓိကသော့ချက်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ယူရို ၂၀၁၆ ဖိုင်နယ်တွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် အသက် ၃၁ နှစ်အရွယ်ရှိ ရော်နယ်ဒိုမှာ ယခုနှစ် ဘောလုံးရာသီအစတွင် ရုန်းကန်ရမှုများ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပေါ်တူဂီအသင်းနှင့် ၂ ပွဲကစားပြီး ၅ ဂိုး သွင်းယူနိုင်မှုက မိမိအနေဖြင့် တိုးတက်မှုကို ခံစားရစေသည်ဟု ၎င်းက ဆိုသည်။

    “(ယူရို ၂၀၁၆ ဖိုင်နယ်မှာ) ကျွန်တော်ဟာ ဆိုးရွားတဲ့ ဒဏ်ရာကို ခံစားခဲ့ရပြီး ၂ လခွဲလောက် ဘောလုံးလောကနဲ့ ကင်းကွာခဲ့ပါတယ်။ အခုတော့ ကျွန်တော် အဆင်ပြေပြီလို့ ခံစားရပါတယ်”

    Ref: Goal

  • ရော်နယ်ဒို၏ မန်ယူခရီးအစမှာ ပန်းခင်းသောလမ်း မဟုတ်ဟု နဗီးလ်ပြော

    ရော်နယ်ဒို၏ မန်ယူခရီးအစမှာ ပန်းခင်းသောလမ်း မဟုတ်ဟု နဗီးလ်ပြော

    အောက်တိုဘာ ၈၊ ၂၀၁၆
    M-Media

    rnd

    – ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို မန်ယူတွင် ကစားခဲ့သည့် ပထမ ၃ နှစ်မှာ လွယ်ကူမှု မရှိခဲ့ဟု အသင်းဖော် မန်ယူ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီလ်းက ပြောကြားခဲ့သည်။

    အသက် ၃၁ နှစ်အရွယ်ရှိ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ မန်ယူကို့ ၂၀၀၃ ခုနှစ်က စပို့တင်းမှ ပြောင်းလာခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် ရီးယဲလ်သို့ မပြောင်းမရွှေ့ခင် မန်ယူ၌ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသားတစ်ဦး ဖြစ်လာခဲ့သည်။

    သို့သော်လည်း နဗီးလ်ကမူ ရော်နယ်ဒို ယခုရောက်ရှိအဆင့်သို့ လွယ်လွယ်ကူကူနှင့် ရောက်ရှိလာခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။

    “ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ယူမှာ ၂ နှစ် ၃ နှစ်လောက် တော်တော်လေး ရုန်းကန်ခဲ့ရတာပါ။ အဲဒီလို ရုန်းကုန်မှုကပဲ ဒီလိုအဆင့်မျိုး ရောက်လာစေတယ်လို့ သူ ပြောဖူးပါတယ်။ လူတိုင်းကို အံ့သြမှင်သက်အောက်လုပ်မယ့် ပုံစံမျိုးနဲ့ သူ မန်ယူကို ရောက်လာတာမဟုတ်ပါဘူး” ဟု နဗီးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် ရော်နယ်ဒိုမှာ လေ့ကျင့်မှုမပြုလုပ်မီ နာရီဝက်စော၍ ရောက်လာကာ တစ်ယောက်တည်း လေ့ကျင့်တတ်ပြီး လေ့ကျင့်မှုပြီးနောက်လည်း နာရီဝက်နောက်ကျမှ ပြန်ကြောင်း၊ ရာသီတစ်လျှောက်လုံး တစ်ရက်မပြတ် ထိုကဲ့သို့ ဆောင်ရွက်သည့် ကစားသမားများမှာ ၂၀ လောက်သာ ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref : goal

  • ရီးယဲလ် အမှတ်ဆုံးရှုံးမှုအတွက် ဇီဒိန်း မစိုးရိမ်

    ရီးယဲလ် အမှတ်ဆုံးရှုံးမှုအတွက် ဇီဒိန်း မစိုးရိမ်

    စက်တင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    zidane

    – ပြီးခဲ့သည့် လာလီဂါ ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သော်လည်း အသင်း၏ ပုံစံအတွက် စိုးရိမ်မှုမရှိဟု ရီးယဲလ်နည်းပြ ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    ရီးယဲလ်မှာ ပြီးခဲ့သည့်တစ်ပတ်က ဗီလာရီးယဲလ်နှင့်ပွဲတွင် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက်၊ စနေနေ့တွင်လည်း လက်စ်ပါးလ်မက်စ်အသင်းကို ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း ၂ ဂိုးစီ ထပ်မံ သရေကျခဲ့သည်။

    ယနေ့မနက်တွင် ကစားမည့် ဒေါ့မွန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲကြိုအဖြစ် ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အသင်း၏ ထိုအမှတ်ဆုံးရှုံးမှုများအတွက် စိုးရိမ်သလားဟု မေးမြန်းရာ ဇီဒိန်းက

    “လုံးဝ မစိုးရိမ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တ်ာတို့ဟာ ပြိုင်ပွဲတွေကို ပြောင်းလဲကစားနေရတာပါ။ ဒါမျိုး ဖြစ်တတ်ပါတယ်။ နောက်ထပ်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဘာလုပ်ချင်လဲဆိုတာ ကိုယ့်ကိုယ်ကို သိတယ်။ အောင်မြင်ဖို့အတွက် ဘာတွေလုပ်ဖို့လိုလဲဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ အသင်းက ပုံစံကောင်းမှာ ရှိနေတယ်။ ဘယ်သူမှ ၂ ပွဲမှာ ၄ မှတ် မဆုံးရှုံးချင်ပါဘူး။ ဒါပေမယ့် ဘောလုံးဆိုတာ ဒါမျိုးပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal

  • ရော်နယ်ဒို ဂိုးမသွင်းနိုင်မှုကို မစိုးရိမ်ဟု ဇီဒိန်းပြော

    ရော်နယ်ဒို ဂိုးမသွင်းနိုင်မှုကို မစိုးရိမ်ဟု ဇီဒိန်းပြော

    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    rnd

    – ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ယခုတစ်ပတ်တွင် ဂိုးပေါက်ပျောက်ခဲ့သည့် ရော်နယ်ဒိုအတွက် မိမိအနေဖြင့် စိုးရိမ်မှုမရှိဟု ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပြီး ရော်နယ်ဒို၏ တိုးတက်မှုအတွက်လည်း ကျေနပ်သည်ဟု ဆိုသည်။

    ယူရို ၂၀၁၆ ဖိုင်နယ်တွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ရော်နယ်ဒိုမှာ ဆီးဗီးလားအား အနိုင်ရရှိခဲ့သည့် ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲတွင် မပါဝင်နိုင်ခဲ့သလို လာလီဂါ ပထမ ၂ ပွဲကိုလည်း လွဲချော်ခဲ့သည်။ သို့သော်လည်း အိုဆာဆူနာအား ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသော လာလီဂါပွဲနှင့် စပို့တင်းအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် နိုင်ခဲ့သည့် ချန်ပီယံလိဂ်ပွဲတို့တွင် ပါဝင်ခဲ့ပြီး ၁ ဂိုးစီ သွင်းပေးခဲ့သည်။

    ယခုတစ်ပတ် ဗီလာရီးယဲလ်အား သရေကျသည့်ပွဲတွင် ရော်နယ်ဒိုမှာ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ဇီဒိန်းကမူ ၎င်း၏ တိုက်စစ်မှူးကို မစိုးရိမ်ဟု ဆိုသည်။

    “ခရစ္စတီယာနိုနဲ့ပတ်သက်ပြီး ပြောရရင်တော့ ဗီလာရီးယဲလ်နဲ့ပွဲမှာ သူဟာ အမြဲတမ်းကစားခဲ့သလို အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ သူ ဂိုးမသွင်းနိုင်တာနဲ့ပတ်သက်ပြီး ကျွန်တော် မစိုးရိမ်ပါဘူး။ အသင်းမှာ သူရှိနေဖို့ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ အသင်းမှာ မပါနိုင်တာကိုပဲ ကျွန်တော် စိုးရိမ်မိတာပါ။ အရေးအကြီးဆုံးက သူ ပုံမှန်ခြေစွမ်း ပြန်ရဖို့ပါ။ ဘာ့ကြောင့်လည်းဆိုတော့ သူ့က အမြဲတမ်း ဂိုးတွေသွင်းပေးလို့ပါ။ ဂိုးသွင်းသူ နာမည်စာရင်းမှာ ပါဝင်ဖို့ သူက အမြဲတမ်း စိတ်အားထက်သန်ပါတယ်” ဟု ဇီဒိန်းက ပြာကြားခဲ့သည်။

    Ref : Goal