News @ M-Media

Tag: russia

  • ဆီးရီးယားသို့ S-300 ဒုံးခွင်းစနစ် ပေးပို့ရန် ရုရှား စဉ်းစားနေ

    ဆီးရီးယားသို့ S-300 ဒုံးခွင်းစနစ် ပေးပို့ရန် ရုရှား စဉ်းစားနေ

    ဧပြီ ၁၇၊ ၂၀၁၈
    M-Media

    ရုရှားလုပ် S-300 ဒုံးခွင်း

    – ဆီးရီးယားအစိုးရအား S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပေးပို့ရန် စဉ်းစားနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့က ပြောကြားလိုက်ပြီး အမေရိကန်နှင့် အပေါင်းအပါများက ဆီးရီးယားကို ဒုံးကျည်ဖြင့် ပစ်ခတ်မှုနောက်ပိုင်း ပေါ်ထွက်လာခြင်းဖြစ်သည်။

    “S-300 စနစ်တွေကို ပေးပို့ဖို့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဆီးရီးယားက တောင်းဆိုခဲ့ပေမယ့် ကျွန်တ်ာတို့ မပေးခဲ့ပါဘူး။ အမေရိကန်၊ ပြင်သစ်နဲ့ ဂရိတ်ဗြိတိန်တို့ရဲ့ ဒီလို လွန်လွန်းတဲ့ ကျူးကျော်မှုကြောင့် အခုတော့ ကျွန်တ်ာတို့ဟာ ဆီးရီးယားရဲ့ လုံခြုံရေးအတွက် နည်းလမ်းတွေကို စဉ်စားရတော့မှာပါ” ဟု လာဗရော့က ယနေ့တွင် ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။

    နောက်ထပ်ဖြစ်လာမည့် ကျူးကျော်မှုများအား ဆီးရီးယားက ကာကွယ်နိုင်ရေး ကူညီရန် ရုရှားက နည်းလမ်းအားလုံးကို စဉ်းစားသွားမည်ဟုလည်း ၎င်းက ဆိုသည်။

    စနေနေ့တွင် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့မှာ ဆီးရီးယားရှိ နေရာ ၃ ခုကို ဒုံးကျည်များဖြင့်လည်းကြောင်း၊ လေကြောင်းမှလည်းကောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်နှင့် သက်ဆိုင်သော နေရာများကို တိုက်ခိုကခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆီးရီးယားစစ်တပ်မှာ ဒုံးကျည်ပေါင်း ၁၀၃ စင်းမှ ၇၁ ခုကို ရုရှားလုပ် လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ပစ်ချနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

    ရုရှားစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဆာဂျီ ရုဒ်စ်ကိုအီက အမေရိကန်၏ ယခုလုပ်ရပ်မှာ ဆီးရီးယားတွင် မတည်မငြိမ်ဖြစ်နေသည့် အခြေအနေကို ပိုမိုဆိုးရွားအောင် ရည်ရွယ်ခြင်းဖြစ်ပြီး ရုရှားအနေဖြင့် ဆီးရီးယားအပါအ၀င် အခြားနိုင်ငံများသို့ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ပေးပို့သွားနိုင်သည်ဟု စနေနေ့တွင် ပြောကြားခဲ့သည်။

    Ref: Press TV

  • ထရမ့်၏ Twitter ဒီပလိုမေစီတွင် ပါဝင်မည်မဟုတ်ဟု ရုရှားပြော

    ထရမ့်၏ Twitter ဒီပလိုမေစီတွင် ပါဝင်မည်မဟုတ်ဟု ရုရှားပြော

    ဧပြီ ၁၂၊ ၂၀၁၈
    M-Media

    – မိမိတို့အနေနဲ့ Twitter ဒီပလိုမေစီမှာ ပါဝင်မှာမဟုတ်ဘဲလက် ရေရာသေချာတဲ့ ဆောင်ရွက်မှုတွေကိုသာ ပြုလုပ်သွားမယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားလိုက်ပါတယ်။

    ဆီးရီးယားအစိုးရတပ်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် အမေရိကန်က မစတ်ဖြစ်တဲ့ ဒုံးကျည်တွေနဲ့ လက်တုန့်ပြန်သွားမှာဖြစ်ပြီး ဒီအတွက် အဆင်သင့်ဖြစ်အောင် လုပ်ထားဖို့ ရုရှားကို အမေရိကန်သမ္မတထရမ့်က မနေ့မှာ Twitter ကနေတစ်ဆင့် သတိပေးခဲ့ပါတယ်။

    “Twitter ဒီပလိုမေစီမှာ ကျွန်တော်တို့ ပါဝင်မှာ မဟုတ်ပါဘူး။ ရေရာသေချာတဲ့ နည်းလမ်းတွေကိုသာ ကျွန်တော်တို့ ထောက်ခံပါတယ်။ ဆိုးရွားနေတဲ့အခြေအနေကို ပိုပြီး ဆိုးရွာစေမယ့် ခြေလှမ်းမျိုး မလှမ်းဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” လို့ ပက်စ်ကော့ဗ်ရဲ့ ပြောကြားမှုကို Interfax သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကလည်း စမတ်ဒုံးကျည်တွေဟာ နိုင်ငံတကာအကြမ်းဖက်ဝါဒကို နှစ်တော်တော်ကြာ တိုက်ခိုက်နေတဲ့ တရားဝင်အစိုးရထက် အကြမ်းဖက်သမားတွေဆီပဲ သွားသင့်တယ်လို့ မနေ့မှာ တုန့်ပြန်ခဲ့ပါတယ်။

    ပက်စ်ကော့ဗ်က ပြီးခဲ့တဲ့တစ်ပတ် ဒူးမားမျိုးမှာ ဆီးရီးယားအစိုးရတပ်က ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မှားယွင်းတဲ့ ပြောကြားမှုဖြစ်ပြီး ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်ဖို့အတွက် ဒီခေါင်းစဉ် တပ်လို့မရဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒူးမားကိစ္စအတွက် ဆီးရီးယားအစိုးရအပေါ် စစ်ရေးနဲ့တုန့်ပြန်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဆွေးနွေးမှုတွေ လုပ်နေပြီး ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဒီကနေ့မှာ အစိုးရအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားကိုပစ်မယ့် ဒုံးကျည်အတွက် အသင့်ပြင်ထားဖို့ ရုရှားကို ထရမ့်သတိပေး

    ဆီးရီးယားကိုပစ်မယ့် ဒုံးကျည်အတွက် အသင့်ပြင်ထားဖို့ ရုရှားကို ထရမ့်သတိပေး

    ဧပြီ ၁၁၊ ၂၀၁၈
    M-Media

    – ဆီးရီးယားကို မိမိတို့က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားကို ဒီကနေ့မနက်ပိုင်းမှာ Twitter ကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။

    သူပုန်တွေထိန်းချုပ်ထားတဲ့ ဒေသကို ဆီးရီးယားအစိုးရတပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် အမေရိကန်က လက်တုန့်ပြန်ဖို့ စီစဉ်နေတာပါ။

    လက်ဘနွန်ဆိုင်ရာ ရုရှားသံအမတ်က အမေရိကန်အနေနဲ့ ဆီးရီးယားကို ဒုံးကျည်နဲ့ တိုက်ခိုက်မယ်ဆိုရင် သမ္မတပူတင်နဲ့ စစ်ဦးစီးအရာရှိချုပ်တို့ရဲ့ စကားအတိုင်း ဒီဒုံးကျည်တွေကို ပစ်ချသွားမှာဖြစ်သလို၊ ဒုံးကျည်တိုက်ခိုက်တဲ့နေရာကိုလည်း ချေမှုန်းသွားမယ်လို့ မနေ့က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ ဒီနေ့မနက် Twitter မှတ်ချက်မှာ ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်ကို ရုရှားက ပံ့ပိုးမှုအတွက်လည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

    “ဆီးရီးယားကိုပစ်တဲ့ ဘယ်လိုဒုံးကျည်ကိုမဆို ပစ်ချမယ်လို့ ရုရှားက သန္ဓိဌာန်ချထားတယ်။ အဲဒါဆိုရင် အဆင်သင့်သာလုပ်ထားလိုက်ပါ ရုရှားရေ။ ဒုံးကျည်တွေလာတော့မှာ၊ တော်တော်ကောင်းတဲ့ စမတ်ကျတဲ့ ဒုံးကျည်အသစ်တွေပေါ့။ ကိုယ့်ပြည်သူကိုသတ်ပြီး ပျော်နေတဲ့ ဓာတ်ငွေ့တိရစ္ဆာန်လိုကောင်နဲ့ မင်းတို့ မိတ်ဆွေမဖြစ်သင့်ဘူး”

    မြို့တော်ဒမတ်စကတ် ဆင်ခြေဖုံး အရှေ့ဂူတာဒေသက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒူးမားမြို့မှာ စနေနေ့က ဆီးရီးယားအစိုးတပ်ရဲ့ တိုက်ခိုက်မှုမှာ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအ၀င် လူ ၇၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။

    အကူအညီပေးရေးအဖွဲ့တွေက အဲဒီတိုက်ခိုက်မှုမှာ ဓာတုလက်နက် အသုံးပြုခဲ့တယ်လို့ ပြောကြားခဲ့ပြီး အမေရိကန်နဲ့ အခြား ဥရောပနိုင်ငံ တော်တော်များများက ဒီကိစ္စအတွက် ဆီးရီးယားအစိုးရကို စစ်ရေးနဲ့ လက်တုန့်ပြန်ဖို့ အခုရက်ပိုင်းအတွင်းမှာ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

    ဆီးရီးယားအစိုးရနဲ့ ရုရှားတို့ကတော့ ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုထားပါတယ်။

    Ref: Aljazeera

  • နိုင်ငံ ၂၀ ကျော်မှ သံတမန် ၆၀ နီးပါးကို ရုရှားနှင်ထုတ်

    နိုင်ငံ ၂၀ ကျော်မှ သံတမန် ၆၀ နီးပါးကို ရုရှားနှင်ထုတ်

    မတ် ၃၁၊ ၂၀၁၈
    M-Media

    – ရုရှားမှာ ယမန်နေ့က နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံသတမန် ၅၉ ဦးကို တိုင်းပြည်မှ နှင်ထုတ်ခဲ့ပြီး ဗြိတိန်တွင် ရုရှားသူလျှိုဟောင်းနှင့် ၎င်း၏ သမီးဖြစ်သူတို့ အဆိပ်ဖြင့် လုပ်ကြံခံရမှုကြောင့် မြင့်တက်လာသည့် တင်းမာမှု နောက်ဆက်တွဲရလဒ်ဖြစ်သည်။

    ရုရှား၏ ယခုနှင်ထုတ်မှုမှာ ဥရောပနိုင်ငံများက ယူကေဘက်မှ ရပ်တည်ကာ ရုရှားသံတမန်များအား နှင်ထုတ်မှုကို တုန့်ပြန်ခြင်းဖြစ်သည်။

    ကြာသာပတေးနေ့က ရုရှားမှာ အမေရိကန်သံတမန် ၆၀ ကို တိုင်းပြည်မှ ထွက်ခွာသွားရန် အမိန့်ပေးခဲ့သည်။ ထို့ပြင် စိန့် ပီတာစဘတ်ရှိ အမေရိကန် ကောင်စစ်ရုံး ဖွင့်လှစ်ခွင့်ပါမစ်ကိုလည်း ရုပ်သိမ်းခဲ့သည်။

    ရုရှားလူမျိုး ဗြိတိန်သူလျှိုဟောင်း စကရီပဲလ်နှင့် သမီးဖြစ်သူတို့မှာ မတ်လအစောပိုင်းမှာ ယူကေတွင် ဓာတုအဆိပ်ဖြင့် လုပ်ကြံခံခဲ့ရပြီး ယူကေက ထိုလုပ်ရပ်မှာ ရုရှား၏လက်ချက်ဖြစ်သည်ဟု စွပ်စွဲကာ ရုရှားသံတမန်များကိုလည်း တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။

    ထို့ပြင် အမေရိကန်၊ ကနေဒါနှင့် သြစတေးလျတို့မှာ ဥရောပ ၂၅ နိုင်ငံနှင့်အတူ ပူးပါင်း​၍ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရုရှားသံတမန်များကို တိုင်းပြည်မှ နှင်ထုတ်ကာ ယူကေဖက်မှ ရပ်တည်ကြောင်း ပြသခဲ့သည်။

    နေတိုးအဖွဲ့ကလည်း ရုရှားရှိ ၎င်းတို့၏ ကိုယ်စားလှယ်များကို ပြန်ခ်ါခဲ့သည်။

    Ref: Aljazeera

  • ယူကေသူလျှိုကိစ္စအတွက် အမေရိကန်သံမတ် ၆၀ ကို ရုရှားက နှင်ထုတ်

    ယူကေသူလျှိုကိစ္စအတွက် အမေရိကန်သံမတ် ၆၀ ကို ရုရှားက နှင်ထုတ်

    မတ် ၃၀၊ ၂၀၁၈
    M-Media

    – အမေရိကန်က ရုရှားသံအမတ်များအား နှင်ထုတ်မှုကို တုန့်ပြန်သည့်အနေဖြင့် မော်စကိုရှိ အမေရိကန်သံအမတ် ၆၀ ကို ဧပြီလ ၅ ရက်နေ့ နောက်ဆုံးထား၍ တိုင်းပြည်မှ ထွက်ခွာရန်အတွက် ရုရှားက အသိပေး အကြောင်းကြားထားသည်ဟု သိရသည်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ မော်စကိုရှိ အမေရိကန်သံရုံးမှ သံတမန် ၅၈ ဦး၊ ယီကာတီရင်ဘာ့ဂ်ရှိ အမေရိကန် ကောင်စစ်ရုံးမှ ၂ ဦးတို့အား နှင်ထုတ်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    စိန့်ပီတာစဘတ်စ်ရှိ အမေရိကန်ကောင်စစ်ရုံး ဖွင့်လှစ်ခွင့်ကိုလည်း ရုရှားက ရုပ်သိမ်းခဲ့ပြီး၊ ရုရှားအပေါ် ‘လက်မခံနိုင်စရာကောင်းသော၊ မမျှတသော’ သံတမန်ဆိုင်ရာ အရေးယူမှုကို တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရုရှားဆိုင်ရာ အမေရိကန်သံအမတ် ဂျွန် ဟန့်စ်မန်းကို ပေးပို့သော ကန့်ကွက်စာတွင် ဖော်ပြထားသည်။

    အမေရိကန်က ထိုကိစ္စအတွက် ချက်ခြင်းတုန့်ပြန်ခဲ့ပြီး ၀ါရှင်တန်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစိုးရပြောရေးဆိုခွင့်ရှိသူ ဟီသာ နူအာ့တ်က ရုရှား၏ ထိုလုပ်ရပ်မှာ ဆွေးနွေးမှုကို စိတ်ဝင်စားမှုမရှိကြောင်း ပြသနေသည်ဟု ပြောကြားခဲ့သည်။

    အခုလအစောပိုင်းတွင် ယူကေအတွက် သူလျှိအဖြစ် ဆောင်ရွက်ပေးခဲ့သည့် ရုရှားလူမျိုး ဆာဂျီ စပရီကဲလ်နှင့် သမီးဖြစ်သူတို့ စစ်ဖက်သုံး ဓာတုအဆိပ်ဖြင့် လုပ်ကြံခံရမှုမှာ ရုရှားလက်ချက်ဖြစ်သည်ဟု ယူကေက ပြောကြားခဲ့ပြီးနောက် နှစ်နိုင်ငံ တင်းမာမှု မြင့်တက်ခဲ့ပြီး အပြန်အလှန် သံတမန်များ နှင်ထုတ်မှု ဖြစ်ခဲ့သည်။

    အမေရိကန်၊ ကနေဒါ၊ သြစတေးလျနှင့် ဥရောပ ၂၅ နိုင်ငံတို့က ယူကေဖက်မှ ရပ်တည်သည့်အနေဖြင့် ပြီးခဲ့သည့်တစ်ပတ်နှင့် ယခုတစ်ပတ်တွင် ရုရှား သံတမန် စုစုပေါင်း ၁၂၀ ကျော်ကို နှစ်ထုတ်ခဲ့သည်။

    Ref: Aljazeera