News @ M-Media
Tag: russia
  • AK-47 ရိုင်ဖယ်တီထွင်သူ၏ ဂုဏ်ပြုရုပ်ထု မော်စကိုတွင် ဖွင့်လှစ်
    AK-47 ရိုင်ဖယ်တီထွင်သူ၏ ဂုဏ်ပြုရုပ်ထု မော်စကိုတွင် ဖွင့်လှစ်
    စက်တင်ဘာ ၁၉၊ ၂၀၁၇
    M-Media
    – ကမ္ဘာကျော် AK-47 ရိုင်ဖယ်ကို တီထွင်ခဲ့သည့် မီခေးလ် ကာလက်ရှ်နီကော့ဗ်၏ ရုပ်ထုကို ယနေ့တွင် ရုရှားက မြို့တော် မော်စကို၌ ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
    ပေ ၂၀ ကျော် မြင့်သည့် အဆိုပါရုပ်ထုမှာ မြို့လယ်ကောင်တွင် တည်ရှိပြီး ခရစ်ယာန် အော်သိုဒေါ့စ် ဘုန်းကြီးက ပရိတ်ရည်များဖြင့် ပက်ဖြန်းကာ ကောင်းချီပေးခဲ့သည်။
    ရုရှား ယဉ်ကျေးမှုဝန်ကြီး ဗလာဒီမီရ် မီဒင်စကီးက ကာလက်ရှ်နီကော့ဗ်ကို ချီးကျူးခဲ့ပြီး AF-47 သေနတ်မှာ ‘ရုရှား၏ ယဉ်ကျေးမှု အမှတ်တံဆိပ်’ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ရိုင်ဖယ်ကို ကမ္ဘာတစ်ဝှမ်း အကြိမ်ရေ သန်း ၁၀၀ နီးပါးခန့် ပြန်လည် ထုတ်လုပ်ခဲ့ကြသည်။
    မီခေးလ် ကာလက်ရှ်နီကော့ဗ်မှာ ၁၉၁၉ ခုနှစ်တွင် ဆိုက်ဘေးရီးယန်း ရွာတစ်ရွာ၌ မွေးဖွားခဲ့ပြီး ၂၀၁၃ ခုနှစ် အသက် ၉၃ နှစ်အရွယ်တွင် အစ်ဇ်ဟီဗက်စ်မြို့၌ ကွယ်လွန်ခဲ့သည်။ ၎င်းမှာ မသေဆုံးခင် တစ်နှစ်အထိ အလုပ်လုပ်သွားခဲ့သည်။
    ဒုတိယကမ္ဘာစစ်တွင် ရုရှား၏ လက်နက်ထုတ်လုပ်မှု အလုပ်မဖြစ်သည်ကို တွေ့ရှိခဲ့ရပြီးနာက် ကာလက်ရှ်နီကော့ဗ်မှာ မည်သည့်အခြေအနေတွင်မဆို ပစ်ခတ်နိုင်သည့် အော်တိုရိုင်ဖယ်တစ်ခု ထုတ်လုပ်ရန် စီစဉ်ခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် AK-47 ရိုင်ဖယ် ထွက်ပေါ်လာခဲ့သည်။
    ၎င်း၏ အဆိုပါရိုင်ဖယ်ကို လက်ရှိတွင် နိုင်ငံပေါင်း ၈၀ ကျော်မှ စစ်တပ်များက ကိုင်တွယ်အသုံးပြုနေကြသည်။
    သို့သော်လည်း မသေဆုံးခင် ၆ လအလိုတွင် ကာလက်ရှ်နီကော့ဗ်မှာ ထိုကဲ့သို့ လူသတ်လက်နက် တီထွင်မှုအတွက် အလွန် စိတ်ထိခိုက်ကာ နောင်တရကြောင်း ရုရှား အော်သိုဒေါ့စ်အသင်းတော် ဂိုဏ်းအုပ်ထံသို့ စာရေးသားခဲ့သည်။
    Ref: CNA
  • ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှုကို ဒီဇင်ဘာ ၁ ရက်နေ့ ပြုလုပ်မည်
    ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှုကို ဒီဇင်ဘာ ၁ ရက်နေ့ ပြုလုပ်မည်
    စက်တင်ဘာ ၁၆၊ ၂၀၁၇
    M-Media
    – ၂၀၁၈ ခုနှစ် ကမ္ဘာဖလား နောက်ဆုံးအဆင့်အတွက် မဲခွဲမှုများကို ဒီဇင်ဘာ ၁ ရက်နေ့တွင် မော်စကို၌ ကျင်းပပြုလုပ်ရန် ဖီဖာက ဆုံးဖြတ်ခဲ့သည်။
    ယူအီးအက်ဖ်အေဥက္ကဌ အလက်ဆန်ဒါ စီဖီရင် ဦးဆောင်သည့် ဖီဖာပြိုင်ပွဲများ ကျင်းပရေး ကော်မတီမှာ ကြာသာပတေးနေ့က ဇူးရစ်ခ်ျမြို့တွင် တွေ့ဆုံခဲ့ပြီး ၂၀၁၇ ခုနှစ် ကွန်ဖက်ဒရေးရှင်ဖလားမှ ရရှိသည့် သင်ခန်းစာများ၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး ပြင်ဆင်မှု အခြေအနေများအကြောင်းကို ဆွေးနွေးခဲ့သည်ဟု ဖီဖာမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    အုပ်စုအဆင့် မဲခွဲမှုကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို အခြေခံကာ ၈ နိုင်ငံစီ ပါဝင်သည့် မဲအိုး ၄ အိုးပြုလုပ်မည်ဖြစ်သည်။ အိမ်ရှင် ရုရှားအပါအ၀င် ကမ္ဘာ့အဆင့် ၁ မှ ၇ အထိ အသင်းများကို မဲအိုး ၁ တွင် ထည့်သွင်းမည်ဖြစ်သည်။
    အုပ်စုတစ်ခုတွင် ဥရောပတိုက်မှ အများဆုံး ၂ သင်း၊ အခြား တိုက်ကြီးများမှ အများဆုံး အသင်း ၁ သင်းသာ ပါဝင်ရန် စီစဉ်ထားသည်ဟု ဖီဖာက ပြောကြားခဲ့သည်။
    ၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေမှ ဇူလိုင်လ ၇ ရက်နေ့အထိ ပြင်သစ်နိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၉ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက်လည်း အဆိုပါအစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။
    ၂၀၁၈ ခုနှစ် ရုရှားကမ္ဘာ့ဖလားအတွက် လက်မှတ်များကိုလည်း ကြာသာပတေးနေ့တွင် စတင်ရောင်းချခဲ့သည်။
    Ref: RT
  • ၂၀၁၈ ကမ္ဘာ့ဖလားလက်မှတ်များ မနက်ဖြန်တွင် စရောင်းမည်
    ၂၀၁၈ ကမ္ဘာ့ဖလားလက်မှတ်များ မနက်ဖြန်တွင် စရောင်းမည်
    စက်တင်ဘာ ၁၃၊ ၂၀၁၇
    M-Media
    – ၂၀၁၈ ခုနှစ် ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာဖလားပြိုင်ပွဲအတွက် လက်မှတ်ထားကို စက်တင်ဘာ ၁၄ ရက် (ကြာသာပတေး) နေ့တွင် စတင်ရောင်းချသွားမည်ဟု သိရသည်။
    လက်မှတ်များကို နှစ်ကျော့ ရောင်းချသွားမည်ဖြစ်ပြီး ပထမအကြိမ်မှာ စက်တင်ဘာ ၁၄ ရက်နေ့မှ အောက်တိုဘာ ၁၂ ရက်နေ့အထိ အဖြစ်သည်။
    သတ်မှတ်ရက်အတွင်း စာရင်းသွင်းသူများကို နိုဝင်ဘာ ၁၆ ရက်နှင့် ၂၈ ရက်ကြားတွင် လက်မှတ် ၀ယ်ယူခြင်း အောင်မြင်မှု ရှိ၊ မရှိ ပြန်လည်အေကြာင်းကြားမည်ဖြစ်သည်။
    ကမ္ဘာ့ဘောလုံအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဖက်တမာ ဆာမူရာ မိမိတို့အနေဖြင့် လက်မှတ်များကို ပရိသတ်အားလုံးအတွက် မျှမျှတတ ရောင်းချပေးသွားမည်ဟု ပြောကြားခဲ့သည်။
    တိယအကျော့ လက်မှတ်ရောင်းချမည့်ကာလမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့အထိ ဖြစ်ည်။
    ဧပြီ ၁၈ ရက်နေ့မှ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲများ စတင်ကျင်းပမည့် ဇူလိုင် ၁၅ ရက်နေ့အထိ လက်မှတ်များ ရောင်းချမည့် အစီအစဉ်တစ်ခုလည်း ရှိနေပြီး ယခုအစီအစဉ်တွင် အရင်လာသူများမှာ အရင် ၀ယ်ယူနိုင်မည်ဖြစ်သည်။
    ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ကြည့်ရှုမည့်သူများအနေဖြင့် FAN ID အသိအမှတ်ပြုကဒ်ပြား ရရှိရန် ရုရှား အာဏာပိုင်များကို လျှောက်ထားရမည်ဖြစ်ပြီး၊ ထို ID ကို ရရှိသူများအနေဖြင့် ရုရှားနိုင်ငံသို့ ဗီဇာမလိုပဲ ၀င်ရောက်ခွင့်၊ ပွဲကစားမည့်နေ့များတွင် သယ်ယူပို့ဆောင်ရေးလိုင်းများ အခမဲ့စီးနင်းခွင့်များ ရရှိမည်ဖြစ်သည်။
    Ref: Alarabiya
  • ကာလာရှင်ကော့ဗ်ကထုတ်တဲ့ ဒရုန်းဖျက်သေနတ်
    ကာလာရှင်ကော့ဗ်ကထုတ်တဲ့ ဒရုန်းဖျက်သေနတ်
    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media
    – ဒရုန်းတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တွေအတွက် လက်ရှိမှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါတယ်။
    အဲဒီ ဒရုန်းတွေကို ချေမှုန်းနိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းက စစ်လက်နက်ကုမ္ပဏီတွေဟာ ဒရုန်းဖျက်လက်နက်တွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။
    နာမည်ကျော် AK-47 ရိုင်ဖယ်ကို ထုတ်လုပ်တဲ့ ရုရှားက ကာလာရှင်ကော့ဗ်ကုမ္ပဏီဟာ REX-1 လို့ခေါ်တဲ့ ဒရုန်းဖျက်လက်နက်တစ်ခုကို ထုတ်လုပ်ခဲ့ပြီး အခုတစ်ပတ်အတွင်း မော်စကိုမှာပြုလုပ်ခဲ့တဲ့ လက်နက်ပြပွဲမှာ ပြသခဲ့ပါတယ်။
    ပဲ့ထိန်းဒုံးကျည်စနစ်တွေ၊ တင့်ဖျက်လက်နက်တွေနဲ့ အခြား နောက်ဆုံးပေါ်လက်နက်မျိုးစုံပါဝင်တဲ့ ဒီပြပွဲမှာ REX-1 ကို လူတွေက ပိုမိုစိတ်ဝင်စားခဲ့ကြပါတယ်။
    ဒီဗီဒီုယိုကတော့ REX-1 ဒရုန်းဖျက်လက်နက်နဲ့ စွမ်းဆောင်နိုင်မှုကို လက်တွေ့ သရုပ်ပြထားတာ ဖြစ်ပါတယ်။
    Source – RT
  • အမေရိကန် သံဝန်ထမ်း ၇၀၀ ကျော်ကို တိုင်းပြည်မှထွက်သွားရန် ရုရှား အမိန့်ပေးထား
    အမေရိကန် သံဝန်ထမ်း ၇၀၀ ကျော်ကို တိုင်းပြည်မှထွက်သွားရန် ရုရှား အမိန့်ပေးထား
    ဇူလိုင် ၃၁၊ ၂၀၁၇
    M-Media
    – အမေရိကန်က ပြုလုပ်သည့် ပိတ်ဆို့မှုများကို တုန့်ပြန်သည့်အနေဖြင့် နိုင်ငံအတွင်းရှိ အမေရိကန်သံတမန် ၇၅၅ ဦးကို နှင်ထုတ်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမီ ပူတင်က ပြောကြားလိုက်သည်။
    ယမန်နေ့က ရုရှားရုပ်သံ Vesti TV နှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အခြားတုန့်ပြန်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ ‘မိမိတို့အနေဖြင့် မည်သည့်တုန့်ပြန်မှုမှ မလုပ်ဘဲ နေမည်မဟုတ်သည်ကို ပြသရန် အချိန်ရောက်ပြီ’ ဟု ထင်သောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    သို့သော်လည်း ထိုတုန့်ပြန်မှုများကို ချက်ခြင်းဆောင်ရွက်မည်မဟုတ်ဟုလည်း ဆိုသည်။
    အမေရိကန်အောက်လွှတ်တော်က ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များကို ပြုလုပ်ခဲ့ပြီးနောက်ပိုင်း သောကြာနေ့က ရုရှားမှာ အမေရိကန်သံတမန် ၇၀၀ ကျော်ကို တိုင်းပြည်မှ စင်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား ထွက်သွားရန် အမိန့်ပေးခဲ့သည်။
    ထို့ကြောင့် ရုရှားတွင် အမေရိကန်သံဝန်ထမ်းဦးရေမှာ ၄၅၅ ဦးသာ ကျန်ရှိတော့မည်ဖြစ်ပြီး ထိုအရေအတွက်မှာ အမေရိကန်က ဒီဇင်ဘာတွင် ရုရှားသံဝန်ထမ်း ၃၅ ဦးကို နှင်ထုတ်ခဲ့ပြီးနောက် အမေရိကန်တွင် ကျန်နေသည့် ရုရှားသံတမန်အရေအတွက်နှင့် တူညီမည်ဖြစ်သည်။
    အမေရိကန်က ရုရှားအပေါ် ပြုလုပ်သည့် ပိတ်ဆို့မှုအသစ်များမှာ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားက ၀င်ရောက်နှောက်ယှက်ခဲ့သည်ဆိုသည့် အမေရိကန် ထောက်လှမ်းရေးအဖွဲ့များ၏ ပြောကြားမှု၊ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကို ပိုင်နက်အတွင်း သွတ်သွင်းမှုတို့ကို အခြေခံကာ ပြုလုပ်ခြင်းဖြစ်သည်။
    Ref: Aljazeera