News @ M-Media

Tag: russia

  • ရုရှားရုပ်သံလိုင်း အစိုးရ၏ ထိပ်တန်းလျှို့ဝှက်ချက်ကို မှားယွင်းထုတ်လွှင့်မိ

    ရုရှားရုပ်သံလိုင်း အစိုးရ၏ ထိပ်တန်းလျှို့ဝှက်ချက်ကို မှားယွင်းထုတ်လွှင့်မိ

    နိုဝင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    russia

    – ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည့် ကာကွယ်ရေးကိစ္စများ ထိပ်တန်လျှို့ဝှက်ဆွေးနွေးမှု အစည်းအဝေးမှ မှတ်တမ်းကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားသော အစိုးရ ရုပ်သံဌာနနှစ်ခုက မှားယွင်းထုတ်လွှင့်မိခဲ့သည်ဟု ရုရှားသတင်းဌာန Tass က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    “တစ်ချို့သော လျှို့ဝှက်မှတ်တမ်းတွေဟာ ကင်မရာမှာ မှတ်တမ်းတင်မိခဲ့ပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ ပြန်ဖျက်ခဲ့ပါတယ်။ ဒါမျိုး နောက်ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်” ရုရှားသမ္မတရုံးမှ ပြန်ကြားရေးအရာရှိ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မည်ကဲ့သို့ အရေးယူမည်ဆိုခြင်းနှင့် ပတ်သက်၍ မိမိအနေဖြင့် မသိသော်လည်း အနာဂတ်တွင် ထိုကဲ့သို့ မဖြစ်စေရန် ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNN

  • အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်က မိမိတို့ကို ဦးတည်ခြင်းဟု ရုရှားပြော

    အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်က မိမိတို့ကို ဦးတည်ခြင်းဟု ရုရှားပြော

    နိုဝင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    – အီရန်နှင့် မြောက်ကိုရီးယားတို့၏ နျူကလီးယား အန္တရာယ်ကြောင့် ဥရောပတွင် ဒုံးကျည်ကာကွယ်ရေးစနစ် ချထားသည်ဟု အမေရိကန်က ပြောကြားခြင်းမှာ ရမည်ရှာခြင်းသာဖြစ်ပြီး မိမိတို့၏ နျူးကလီးယား အင်အားကို အားပျော့စေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အမေရိကန်နှင့် နေတိုးအဖွဲ့မှာ ဆိုဗီယက်နိုင်ငံဟောင်းများအပါအ၀င် ဥရောပတွင် ဒုံးကျည်ကာကွယ်ရေး စနစ်များကို တိုးမြှင့်ချထားခြင်း၊ စစ်အခြေစိုက်စခန်းများကို တိုးချဲ့ခြင်း၊ စစ်အင်အားများ တိုးမြှင့်ခြင်းတို့ကို ယခုနောက်ပိုင်းတွင် ပိုမိုပြုလုပ်လာခဲ့ပြီး ရုရှား၏ မကျေနပ်မှုများလည်း မြင့်တက်လာခဲ့သည်။

    “အခုလက်ရှိမှာ အီရန်ရဲ့ ပြဿနာကလည်း ပြေလည်သွားပြီ။ သဘောတူညီချက်တွေကို လက်မှတ်ထိုး အတည်ပြုပြီးပါပြီ။ ဒါပေမယ့် ဒုံးကျည်ကာကွယ်ရေးစီမံကိန်းကတော့ အရင်အတိုင်း ဆက်သွားနေတုန်းပါပဲ” ဟု စစ်ဖက်ဆိုင်ရာဖွံ့ဖြိုးရေးအတွက် ဆိုချီတွင်ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ပူတင်က ပြောကြားခဲ့ပြီး မိမိတို့၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပိုမိုတောင့်တင်းလာအောင် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

    ပြီးခဲ့သည့် ၃ နှစ်တာကာလအတွင်း ရုရှားစစ်တပ်တွင် ဒုံးကျည်ပေါင်းစုံကာကွယ်စနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ပူတင်ကလည်း မိမိတို့၏ နျူလက်နက်တိုက်အတွင်းသို့ နျူကလီးယားထိပ်ဖူး တပ်ဆင် ပစ်ခတ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်သစ် ၄၀ ကို ထပ်မံ ဖြည့်တင်းနိုင်ခဲ့သည်ဟု ပြီးခဲ့သည့်ဇွန်လက ပြောကြားခဲ့သည်။

    Ref: RT

  • အီဂျစ်၌ ပျက်ကျသည့် ရုရှားလေယာဉ် ဗုံးကြောင့်ဖြစ်သည်ဟူသော ယူဆချက် ခိုင်မာလာ

    အီဂျစ်၌ ပျက်ကျသည့် ရုရှားလေယာဉ် ဗုံးကြောင့်ဖြစ်သည်ဟူသော ယူဆချက် ခိုင်မာလာ

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    russia

    – ပြီးခဲ့သည့်တစ်ပတ်က အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင် ပေါက်ကွဲပျက်ကျသွားခဲ့သည့် ရုရှား ခရီးသည်တင်လေယာဉ်၏ Black Box များကို စစ်ဆေးမှုအရ ဗုံးကောက်ကွဲမှုကြောင့်ဖြစ်သည်ဟု ညွှန်ပြနေကြောင်း စုံစမ်စစ်ဆေးမှုနှင့် နီးစပ်သည့် ရင်မြစ်များက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့သည့် အဆိုပါ အဖြစ်အပျက်တွင် လေယာဉ်မှာ ပင်လယ်နီ အပန်းဖြေမြို့ဖြစ်သော ရှမ် အလ်-ရှိခ်မှ ပျံတက်ပြီးနောက် ၂၄ မိနစ်အကြာသည်အထိ လေယာဉ်အခြေအနေအားလုံးမှာ ပုံမှန်အတိုင်းသာရှိပြီး နောက်ပိုင်း လုံးဝငြိမ်သွားသည်ဟု Black Box မှတ်တမ်းများအရ သိရသောကြောင့် “ရုတ်တရက် ပေါက်ကွဲခြင်း” ကြောင့်သာ လေယာဉ် ပျက်ကျခြင်းဖြစ်သည်ဟု ရင်းမြစ်တစ်ခုက ဆိုသည်။

    စုံစမ်းစစ်ဆေးသူများကမူ လေယာဉ်ပေါ်တွင် ဗုံးထောင်ခံခဲ့ရပြီး ထိုဗုံးကြောင့် လေယာဉ်မှာ လေပေါ်တွင် ပေါက်ကွဲပျက်ဆီးခြင်းဖြစ်သည်ဟု စောစောပိုင်းက ပြောကြားထားပြီး ယခုတွေ့ရှိချက်က ထိုယူဆချက်ကို ထောက်ခံနေသည်။အခြားရင်းမြစ်တစ်ခုကမူ လေယာဉ်မှာမှာ ရုတ်တရက် အောက်သို့ စိုက်ကျကာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    လေယာဉ်ပျက်ကျပြီးနောက် IS အဖွဲ့က ထိုကိစ္စမှာ မိမိတို့၏ လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ရုရှားနှင့် အီဂျစ်အာဏာပိုင်များက ငြင်းဆိုခဲ့သည်။ ထို့ပြင် လေယာဉ်ပေါ်၌ ဗုံးထောင်ခဲ့သည်ဆိုသော ယူချက်ကိုလည်း ရုရှားအစိုးရက ငြင်းပယ်ထားပြီး ယခုသီတင်းထွက်လာပြီးနောက် ရုရှားလေကြောင်းလိုင်းအားလုံးကို ရှမ် အလ်-ရှိခ်သို့ သွာရောက်ခြင်းမပြုရန် သမ္မတပူတင်က ယမန်နေ့တွင် အမိန့်ပေးခဲ့သည်။

    သို့သော်လည်း ထိုအမိန့်က လေယာဉ်တိုက်ခိုက်ခံရခြင်းဟု မိမိတို့ ယုံကြည်သည်ဟု မဆိုလိုဘဲ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေသည်ဟု ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ကမ္ဘာ့ သြဇာအလွှမ်းမိုးဆုံးစာရင်းတွင် ပူတင် ၃ နှစ်ဆက် ထိပ်ဆုံး၌ရှိနေ

    ကမ္ဘာ့ သြဇာအလွှမ်းမိုးဆုံးစာရင်းတွင် ပူတင် ၃ နှစ်ဆက် ထိပ်ဆုံး၌ရှိနေ

    နိုဝင်ဘာ ၆၊ ၂၀၁၅
    M-Media

    putin

    – ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့ သြဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ်စာရင်းကို နာမည်ကြီး Forbes မဂ္ဂဇင်းက နိုဝင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ရုရှားသမ္မတ ဗလာဒီမာပူတင်က နံပါတ် ၁ နေရာတွင် ရှိနေခဲ့ပြီး ၃ နှစ်ဆက်တိုက် ထိုနေရာကို ရရှိခဲ့ခြင်းဖြစ်သည်။

    “သူဖြစ်ချင်တာကိုလုပ်ဖို့ ကမ္ဘာပေါ်မှာ ပါဝါအာဏာ လုံလုံလောက်လောက် ရှိတဲ့သူတွေအထဲမှာ သူလည်း တစ်ဦးအပါအ၀င်ဖြစ်တယ်ဆိုတာ ပူတင်က ဆက်လက် သက်သေပြခဲ့ပါတယ်” ဟု မဂ္ဂဇင်းက ရေးသားဖော်ပြခဲ့သည်။

    ဒုတိယနေရာတွင် ဥရောပ၏ စီးပွာရေးအကြီးဆုံး ဂျာမနီနိုင်ငံ၏ ၀န်ကြီးချုပ်မာကဲလ် ရှိနေပြီး၊ ကမ္ဘာပေါ်တွင် စစ်အင်အား အတောင့်တင်းဆုံးဟု သတ်မှတ်ခံထားရသည့် အမေရိကန် သမ္မတ ဘာရက်အိုဘားမားက တတိယနေရာတွင် ရှိနေသည်။

    ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းပိုက်မှု၊ ယူကရိန်းအရှေ့ပိုင်း မငြိမ်သက်မှုတို့နှင့် ပတ်သက်၍ အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ကာ ရုရှား၏ စီးပွားရေးကို ကျဆင်းအောင် ဆောင်ရွက်ခဲ့သော်လည်း ပူတင်ဦးဆောင်သည့် အစိုးရမှာ ကြံ့ကြံ့ခံ ရင်ဆိုင်ထားနိုင်သည်။

    ထို့ပြင် ဆီးရီးယားတွင် အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးများကို ရုရှားက လုပ်ဆောင်ကာ အရှေ့အလယ်ပိုင်း ဒေသအတွင်း အမေရိကန်နှင့် နေတိုးအဖွဲ့တို့ကို အားနည်းစေပြီး နိုင်ငံရပ်ခြားတွင် ရုရှား၏သြဇာ ကြီးမားရေးကို အထောက်အကူဖြစ်စေခဲ့သည်ဟု Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

    အိန်ဂျလာမာကဲလ်ကမူ ကမ္ဘာပေါ်တွင် သြဇာအကြီးမားဆုံး အမျိုးသမီးဖြစ်သည်ဟု မဂ္ဂဇင်းက သတ်မှတ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ်များစာရင်း၌ အဆင့် ၅ နေရာတွင် ရှိနေသော်လည်း ဆီးရီးယားဒုက္ခသည်များကိစ္စနှင့် ဂရိ၏ ဘဏ္ဍာရေးအကြပ်အတည်း ကိစ္စများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခြင်းကြောင့် ယခုနှစ်တွင် ဒုတိယနေရာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    ကမ္ဘာပေါ်တွင် သြဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ်များစာရင်းကို Forbes မဂ္ဂဇင်းက စံနှုန်း ၄ ခုဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ပြည်သူများ၏ အခြေအနေအပေါ် လွှမ်းမိုးမှု၊ ၎င်းဦးဆောင်သည့် နိုင်ငံ၊ သို့မဟုတ် အဖွဲ့အစည်းအတွက် ဘဏ္ဍာရေး အကျိုးအမြတ်ရရှိအောင် လုပ်ဆောင်ပေးနိုင်မှု၊ အခြားသော နယ်ပယ်များတွင် လွှမ်းမိုးမှုနှင့် မိမိတွင် ရှိနေသည့် သြဇာအာဏာအား မည်ကဲ့သို့ ထိထိရောက်ရောက် အသုံးချမှုတို့ ဖြစ်သည်။

    Ref: RT

  • အီဂျစ်တွင်ပျက်ကျသည့် ရုရှားလေယာဉ် IS ကြောင့်ဖြစ်နိုင်သည်ဟု အမေရိကန်ပြော

    အီဂျစ်တွင်ပျက်ကျသည့် ရုရှားလေယာဉ် IS ကြောင့်ဖြစ်နိုင်သည်ဟု အမေရိကန်ပြော

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    russia

    – အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင် စနေနေ့က ပေါက်ကွဲပျက်ကျသွားခဲ့သည့် ရုရှား ခရီးသည်တင်လေယာဉ်ပေါ်တွင် IS သို့မဟုတ် ၎င်းတို့အား သစ္စာခံသည့်အဖွဲ့က ဗုံးထောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အမေရိကန် ထောက်လှမ်းရေးက ပြောကြားလိုက်သည်။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဟမ်မွန်းက လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့သည့် Metrojet Flight 9268 ပျက်ကျမှုမှာ ပေါက်ကွဲစေတတ်သော ပစ္စည်းကြောင့် ဖြစ်သည်ဟု မိမိတို့အစိုးရက ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး အရှေ့အလယ်ပိုင်းမှ ရရှိခဲ့သည့် ထောက်လှမ်းရေးမှတ်တမ်းများကလည်း တစ်ဦးဦးက ထိုလေယာဉ်တွင် ဗုံးထောင်ထားခဲ့သည့် ဖြစ်နိုင်ချေကို ပြသနေသည်ဟု ဆိုသည်။

    Black Box မှမ်းတမ်းအရ ရေဒါမှ မပျောက်ခင် လေယာဉ်မှူးအခန်းထဲ၌ ပုံမှန်မဟုတ်သည့် အသံများကို ကြားခဲ့ရသည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့ပြီး၊ အမေရိကန် မီဒီယာများကလည်း ထိုလေယာဉ် ပျက်ကျသည့်အချိန်တွင် အမေရိကန် ဂြိုဟ်တုတစ်ခုက အပူလုံးကြီးတစ်ခုကို တွေ့ခဲ့ရသည်ဟု ပြောကြားမှုများလည်း ရှိနေသည်။

    လေယာဉ်ပျက်ကျပြီးနောက် IS အဖွဲ့က ထိုလေယာဉ်ကို မိမိတို့ ပစ်ချခဲ့သည်ဟု ပြောကြားခဲ့ပြီး အီဂျစ်နှင့် ရုရှားအာဏာပိုင်များကမူ ငြင်းဆိုထားသည်။

    အမေရိကန်၏ ထောက်လှမ်းရေး ရင်းမြစ်များကလည်း လေယာဉ်ပေါက်ကွဲမှု အကြောင်းအရင်းမှာ IS သို့မဟုတ် ၎င်းတို့အား သစ္စာခံသည့်အဖွဲ့က လေယာဉ်ပေါ်တွင် ဗုံေးထာင်ခဲ့ခြင်း ဖြစ်နိုင်သည့် အလားအလာရှိသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ထိုဗုံးအား လေယာဉ်ပေါ်သို့ တင်ဆောင်ရာတွင် ပျက်ကျသွားသည့်နေရာဖြစ်သော ရှမ် အလ်-ရှိခ် လေဆိပ်မှ တစ်ဦးဦးကလည်း ကူညီခဲ့သည်ဟု ထောက်လှမ်းရေးက ဆိုသည်။ သို့သော်လည်း နောက်ဆုံး ကောက်ချက်ချ၍ မရသေးဘဲ အမေရိကန်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များကလည်း အခင်းဖြစ်ပွားရာ နေရာမှ အထောက်အထားများကို ကြည့်ရှုရခြင်း မရှိသေးပေ။

    Ref: CNN