News @ M-Media

Tag: russia

  • ဥရောပက ရုရှားကို ပိုချဉ်းကပ်ရမည်ဟု အီးယူ ဥက္ကဌပြော

    ဥရောပက ရုရှားကို ပိုချဉ်းကပ်ရမည်ဟု အီးယူ ဥက္ကဌပြော

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    eu

    – ဥရောပနိုင်ငံများအနေဖြင့် ရုရှားနိုင်ငံအား ပိုမို၍ သင့်တင့်လျောက်ပတ်စွာ ဆက်ဆံရမည်ဖြစ်ပြီး၊ ဆက်သွယ်မှုကိုလည်း တိုးမြှင့်ရမည်ဖြစ်ကာ မိမိတို့ဒေသ၏ ပေါ်လစီများကို အမေရိကန် ဆန္ဒအတိုင်း ဆောင်ရွက်ခွင့် မပြုသင့်ဟု ဥရောပကော်မရှင်အကြီးအကဲ ဂျီန် ကလုဒ် ဂျန်ကာက ယမန်နေ့ ဂျာမနီမိန့်ခွန်း၌ အံ့အားသင့်ဖွင့် ထည့်သွင်းပြောဆိုခဲ့သည်။

    “ရုရှားနဲ့ လက်တွေ့ကျတဲ့ဆက်ဆံရေး ဖြစ်လာအောင် ကျွန်တော်တို့ ကြိုးပမ်းရပါမယ်။ ဒါက စတန့်ထွင်တာ မဟုတ်ပါဘူး။ တကယ်လုပ်ရမှာပါ။ ကျွန်တော်တို့ ဒီလိုမျိုး နေသွားလို့ မရပါဘူး” ဟု ဂျန်ကာက ပြောကြားခဲ့သည်။

    ထို့ပြင် ဥရောပနိုင်ငံများ၏ အခြားသောနိုင်ငံများနှင့် ဆက်ဆံရေးတွင် အမေရိကန်အနေဖြင့် ၎င်း၏သြဇာ ဖြန့်ကျက်ရန်မလိုဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဥရောပနှင့် ရုရှားနိုင်ငံတို့၏ ဆက်ဆံရေးမှာ ယူကရိန်းပြဿနာနှင့် ပတ်သက်၍ ဥရောပက ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီးနောက်ပိုင်း ဆိုးရွားလာခဲ့ခြင်းဖြစ်သည်။

    Ref: RT

  • လေပိုင်နက် ကျော်လွန်ဝင်ရောက်မှု ရုရှားကို တူရကီသတိပေး

    လေပိုင်နက် ကျော်လွန်ဝင်ရောက်မှု ရုရှားကို တူရကီသတိပေး

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    turkey

    – ဆီးရီးယားတွင် ရုရှားက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်စဉ်အတွင်း တူရကီလေပိုင်နက်ထဲသို့ ကျော်လွန်ဝင်ရောက်လာမှုအတွက် တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူက သတိပေးလိုက်ပြီး မည်သည့်ဝင်ရောက်မှုမျိုးကိုမဆို ရှင်းလင်းသွားရန် စစ်တပ်အား ညွှန်ကြားထားသည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။

    ရုရှားလေယာဉ်များမှာ တူရကီလေပိုင်နက်ထဲသို့ စနေနေ့က ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး တူရကီမှ F-16 တိုက်လေယာဉ် ၂ စင်းက ပျံတက်ကာ သတိပေးခဲ့ရသည်။ တူရကီဝန်ကြီးချုပ်ကမူ မိမိတို့၏ မဟာမိတ်များနှင့် ရန်သူများအနေဖြင့် လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခြင်းမပြုရန် သတိပေးခဲ့သော်လည်း ဆီးရီးယားပြဿနာကြောင့် မိမိတို့နှင့် ရုရှားမှာ မည်သည့်တင်းမာမှုမှမရှိဟု ဆိုသည်။

    တူရကီမှာ နေတိုးအဖွဲ့ဝင် ၂၈ နိုင်ငံထဲတွင် ပါဝင်သောကြောင့် ယခုကိစ္စအား ဖြေရှင်းရန်အတွက် နေတိုးအဖွဲ့ စစ်ဘက်ဆိုင်ရာ သံတမန်များ ယနေ့နေ့လည်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဂျန့်စ် စတိုလ်တန်ဘာ့ဂ်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ယူကရိန်းတွင် ရုရှား၏ ဒုံးကျည်စနစ် တွေ့ရှိ

    ယူကရိန်းတွင် ရုရှား၏ ဒုံးကျည်စနစ် တွေ့ရှိ

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    ရုရှား၏ ဒုံးကျည်စနစ်တစ်ခု

    – ယူကရိန်းအရှေ့ပိုင်း သူပုန်များထိန်းချုပ်ထားရာ ဒေသတွင် ရုရှား၏ ကြောက်စရာကောင်းသော ရွေ့လျား ဒုံးကျည်စနစ် TOS-1 ‘Buratino’ ကို ယခုတစ်ပတ်၌ တွေ့ရှိခဲ့ရသည်ဟု ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE က ပြောကြားလိုက်ပြီး ယူကရိန်းအရေးတွင် ရုရှား၏ ပါဝင်မှုကို သေချာစေခြင်းလည်း ဖြစ်သည်။

    အဆိုပါ ဒုံးကျည်စနစ်မှာ သာမိုဘဲရစ် ထိပ်ဖူးတပ် ဒုံးကျည်များ တပ်ဆင်ပစ်ခတ်ရပြီး ပစ်မှတ်ဝန်းကျင်တွင် မီးတောက်နိုင်သည့် အရည်များ ပြန့်နှံ့သွားကာ ချက်ခြင်းမီးလောင်နိုင်သည်။ ထိုဒုံးကျည်စနစ်မှာ တစ်ချက်တည်းဖြင့် ထုထည်ကြီးမားသည့် နံရံမျာကို ဖျက်ဆီးပစ်နိုင်ပြီး ဆိုးရွားသည့် အပျက်အဆီးမျာကိုလည်း ကြုံတွေ့နိုင်သည်။

    OSCE ၏ ယခုတွေ့ရှိချက်မှာ ယူကရိန်းအရှေ့ပိုင်းကိစ္စတွင် ပါဝင်ခြင်းမရှိဟု အကြိမ်ကြိမ်ငြင်းဆိုထားသည့် ရုရှားအတွက် အရှက်ရစရာဖြစ်ခဲ့သည်။ ရုရှားမှာ လက်ရှိတွင် ဆီးရီယားပြည်တွင်းစစ်၌လည်း ပါဝင်နေသည်။

    Ref: Reuters

  • ဆီးရီးယားစစ်ပွဲသို့ ရုရှားဝင်လာ

    ဆီးရီးယားစစ်ပွဲသို့ ရုရှားဝင်လာ

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    russia

    – ရုရှားနိုင်ငံမှာ ယမန်နေ့တွင် ဆီးရီးယား၌ လေကြောင်းတိုက်ခိုက်မှုကို စတင်ပြုလုပ်ခဲ့ပြီး လေးနှစ်ကျော်ကြာ ဖြစ်ပွားနေသည့် ဆီးရီးယားစစ်ပွဲအတွင်းသို့ ၀င်ရောက်လာက ဆိုဗီယက်ယူနီယံအဖြစ် ၁၉၇၉ ခုနှစ် အာဖဂန်နစ္စတန်အား ကျူးကျော်သိမ်းပိုက်ခဲ့ပြီနောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားတွင် စစ်ရေးအရ ပါဝင်ခြင်းလည်း ဖြစ်သည်။

    ဆီးရီးယားအစိုးရက မိမိတို့မှာ ဟာမာနှင့် ဟုမ်းစ်ပြည်နယ်များမှ အကြမ်းဖက်သမားများ၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပြီး လာတာကီယာပြည်နယ်၌ တိုက်ခိုက်မှုတွင် ရုရှားလေတပ်က ကူညီပေးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ရုရှားကလည်း မိမိတို့၏ ပါဝင်မှုမှာ IS အဖွဲ့အား ပစ်မှတ်ထားရန်အတွက်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း အမေရိကန်က ရုရှားမှာ ၎င်းတို့ဖော်ပြသလို IS ကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ သမ္မတ ဘာရှာအလ်အာဆတ်ကို ခြိမ်းခြောက်နေသည့် သူပုန်များကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

    Ref: Channelnewsasisa

  • ဆီးရီးယားသို့ စစ်သားများပို့ရန် ရုရှားလွှတ်တော် အတည်ပြု

    ဆီးရီးယားသို့ စစ်သားများပို့ရန် ရုရှားလွှတ်တော် အတည်ပြု

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    putin

    – ဆီးရီးယားနိုင်ငံသို့ စစ်သားများ ပေးပို့တပ်ဖြန့်နိုင်မည့် အခွင့်အာဏာကို သမ္မတပူတင်အား ရုရှား အထက်လွှတ်တော်က ယနေ့တွင် အပ်နှင်းခဲ့သည်ဟု အစိုးရအဖွဲ့က ကြေငြာခဲ့သည်။

    ပြည်တွင်းစစ်ကို ရင်ဆိုင်နေရသော ဆီးရီးယားသမ္မတ အာဆတ်က အကူအညီပေးရန် မေတ္တာရပ်ခံမှုအပြီး ထိုကဲ့သို့ အခွင့်အာဏာအတွက် ပူတင်က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အထက်လွှတ်တော်က တစ်ညီတည်ညွတ်တည်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

    ထိုလုပ်ပိုင်ခွင့်ကြောင့် ရုရှားမှာ ဆီးရီးယားစစ်တပ်အတွက် လေတပ်ဆိုင်ရာ ကူညီမှုများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဆာဂျီ အိုင်ဗန်နော့ဗ်က မိမိတို့လေတပ်မှ ဆောင်ရွက်မည့် စစ်ဆင်ရေးမှာ အကန့်အသတ်ရှိပြီး မည်သည့်လက်နက်များ အသုံးပြုသည်ဆိုသည်ကို ထုတ်ပြန်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera