News @ M-Media

Tag: russia

  • အီဂျစ်တွင်ပျက်ကျသည့် ရုရှားလေယာဉ်တွင် ပုံမှန် မဟုတ်သည့် အသံများ ကြားခဲ့

    အီဂျစ်တွင်ပျက်ကျသည့် ရုရှားလေယာဉ်တွင် ပုံမှန် မဟုတ်သည့် အသံများ ကြားခဲ့

    နိုဝင်ဘာ ၄၊ ၂၀၁၅
    M-Media

    russia

    – ပြီးခဲ့သည့် စနေနေ့က အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင် ပျက်ကျခဲ့သည့် ရုရှားခရီးသည်တင်လေယာဉ်၏ Black Box မှ မှတ်တမ်းအရ ပျက်မကျခင် လေယာဉ်မှူး အခန်း၌ ပုံမှန် မဟုတ်သော အသံများကို ကြားခဲ့ရသည်ဟု ရုရှား မီဒီယာများက ပြောကြားခဲ့သည်။

    အမေရိကန် မီဒီယာများကမူ အဆိုပါ လေယာဉ်ပျက်ကျသည့် အချိန်တွင် အမေရိကန် ဂြိုဟ်တုတစ်ခုက ကောင်းကင်ပေါ်တွင် အပူလုံးကြီးကို တွေ့ခဲ့သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ဖော်ပြခဲ့သည်။ အဆိုပါ လေယာဉ်မှာ Airbus A-321 ဖြစ်ပြီး လိုက်ပါသွားသူ စုစုပေါင်း ၂၂၄ ဦးစလုံး သေဆုံးခဲ့သည်။

    “ရေဒါကနေ လေယာဉ် ပျောက်သွားတဲ့အချိန် မတိုင်ခင်လေးမှာ သာမန်လေယာဉ်တွေမှာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ အသံတွေကို ကြားခဲ့ရပါတယ်” ဟု ရုရှားသတင်းအေဂျင်စီ Interfax က ကိုင်ရိုမြို့ရှိ အမည်မဖော်လိုသော အီဂျစ် လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ရေးသားခဲ့သည်။

    လက်ရှိအချိန်တွင် အီဂျစ်၊ ရုရှား၊ အိုင်ယာလန်နှင့် Airbus ကုမ္ပဏီတို့က ကျွမ်းကျင်သူများမှာ လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    Ref: Aljazeera

  • အီဂျစ်တွင်ပျက်ကျသည့် ရုရှားလေယာဉ် လေပေါ်တွင် ပေါက်ကွဲခဲ့

    အီဂျစ်တွင်ပျက်ကျသည့် ရုရှားလေယာဉ် လေပေါ်တွင် ပေါက်ကွဲခဲ့

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    russia

    – အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင် စနေနေ့က ပျက်ကျခဲ့သည့် ရုရှား ခရီးသည်တင် လေယာဉ်မှာ လေပေါ်မှာတွင် ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု ရုရှားအာဏာပိုင်များက ပြောကြားလိုက်သည်။

    လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ရုရှား ခရီးသည် ၂၂၄ ဦးစလုံး သေဆုံးခဲ့သည့် အဆိုပါ လေယာဉ်ပျက်ကျမှု အကြောင်းအရင်းကို ယမန်နေ့က စတင်စစ်ဆေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားများကလည်း ပျောက်ဆုံးနေသည့် အလောင်းများကို ဆက်လက် ရှာဖွေနေသည်။

    “ပျက်ကျရတဲ့ အကြောင်းအရင်းတွေကို ပြောဖို့ အရမ်း စောလွန်းနေပါသေးတယ်။ လေယာဉ်က လေပေါ်မှာတင် ပျက်ဆီးခဲ့ပြီး အပိုင်းအစတွေက စကွဲယားကီလိုမီတာ ၂၀ လောက်အထိ ပြန့်ကျဲသွားပါတယ်” ဟု ရုရှားလေကြောင်း အကြီးအကဲ ဗစ်တာ ဆိုရိုချန်ကိုက အခင်းဖြစ်ပွားရာနေရာကို ကြည့်ရှုပြီးနောက် ပြောကြားခဲ့သည်။

    ရှာဖွေတွေ့ရှိခဲ့သော သေဆုံးသူ ရုပ်အလောင်း ၁၇၉ ခုကို ယမန်နေ့ ညနေပိုင်းက ကိုင်ရိုလေဆိပ်မှတစ်ဆင့် ရုရှားသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ရုရှား ပို့ဆောင်ရေးဝန်ကြီး မက်ဇင် ဆိုကိုလော့ဗ်က အတူတကွ လိုက်ပါခဲ့သည်။

    IS အဖွဲ့မူ အဆိုပါ ရုရှားခရီးသည်တင်လေယာဉ်ကို မိမိတို့က ပစ်ခတ်ခဲ့သည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ရုရှားခရီးသည်တင်လေယာဉ်တစ်စီး အီဂျစ်တွင် ပျက်ကျ (Breaking News!)

    ရုရှားခရီးသည်တင်လေယာဉ်တစ်စီး အီဂျစ်တွင် ပျက်ကျ (Breaking News!)

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    plan

    – ရုရှားလေကြောင်းလိုင်း Kogalymavia မှ ခရီးသည် ၂၀၀ ကျော် တင်ဆောင်လာသည့် Airbus A-321 မှာ ပင်လယ်နီ အပန်းဖြေမြို့ဖြစ်သော ရှမ် အလ်-ရှိခ်မှ ရုရှားနိုင်ငံ စိန့် ပီတာစဘက်သို့ ယနေ့မနက်ပိုင်းက ပျံသန်းစဉ် ဆိုင်းနိုင်းကျွန်းဆွယ် အလယ်ပိုင်း၌ ပျက်ကျသွားခဲ့သည်ဟု အီဂျစ်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

    လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့ကြသူ အများစုမှာ ရုရှား ခရီးသွားများဖြစ်ပြီး တစ်ချို့ကမူ ဆိုက်ပရက်၌ ပျက်ကျသွားသည်ဟုလည်း ပြောကြားမှုများ ရှိနေသည်။ နောက်ဆုံးရရှိသည့် သတင်းများအရ လေယာဉ်ပေါ်တွင် ခရီးသည် ၂၁၇ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦးတို့ လိုက်ပါသွားသည်ဟု သိရသည်။

    ရုရှားအာဏာပိုင်များကမူ ထိုလေယာဉ်မှာ ပျံတက်ပြီး ၂၃ မိနစ်အကြာတွင် ဆိုက်ပရက်ရှိ လေကြောင်းထိန်းသိမ်းရေး စခန်းနှင့် အဆက်အသွယ်မရတော့ဘဲ ရေဒါမှလည်း ပျောက်သွားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    Ref: BBC

  • ခရိုင်းမီးယားတွင် ရုရှားက ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်မည်

    ခရိုင်းမီးယားတွင် ရုရှားက ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်မည်

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    – ပြီးခဲ့သည့်နှစ်က ယူကရိန်းမှ သိမ်းပိုက်ခဲ့သော ခရိုင်းမီးယားကျွန်းဆွယ်အား တိုက်ခိုက်မှုများကို ပြန်လည်တွန်းလှန်သည့် ရေတပ်စစ်ရေးလေ့ကျင့်မှုတစ်ခုကို ပင်လယ်နက်အတွင်း ပြုလုပ်သွားမည်ဟု ရုရှားက ယနေ့တွင် ကြေငြာခဲ့သည်။

    ခရိုင်းမီးယားကမ်းရိုးတမ်းတွင် ၂ ရက်တာ ပြုလုပ်သွားမည့် အဆိုပါ စစ်ဆင်ရေးတွင် ရေတပ်၏ ပဲ့ထိန်းဒုံးကျည်တပ် အပေါ့စား Samum တိုက်ရေယာဉ်နှင့် စစ်သင်္ဘောအငယ်စားများ၊ Su-24 ဗုံးကြဲလေယာဉ်ငယ်တို့ ပါဝင်မည်ဖြစ်ပြီး စစ်ဆင်ရေးကို ခရုဇ်ဒုံးကျည်ပစ်လွှတ်၍ အဆုံးသတ်သွားမည်ဖြစ်သည်။

    ထို စစ်ရေးလေ့ကျင်မှုကို ယခင်က ယူကရိန်းရေတပ်စခန်းဖြစ်ခဲ့ပြီး ရုရှားက သိမ်းပိုက်ပြီးနောက် ရုရှား ရေတပ်အခြေစိုက်စခန်းအဖြစ် အသုံးပြုထားသည့် ဆီဗက်စတိုပိုလ်စခန်းမှ ကွပ်ကဲသွားမည်ဖြစ်သည်။

    Ref: Alarabiya

  • ဆီးရီးယားလေပိုင်နက်အတွင်း ထိပ်တိုက်မတွေ့ရန် ရုရှားနှင့် အမေရိကန်တို့ စာချုပ်ချုပ်

    ဆီးရီးယားလေပိုင်နက်အတွင်း ထိပ်တိုက်မတွေ့ရန် ရုရှားနှင့် အမေရိကန်တို့ စာချုပ်ချုပ်

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    air

    – မတူညီသော လက်နက်ကိုင်များကို ဆီးရီးယားလေပိုင်နက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာတွင် နှစ်ဖက်တိုက်လေယာဉ်များ ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားရန်အပါအ၀င် နားလည်မှုစာချွန်လွှာတစ်ခုကို ရုရှားနှင့် အမေရိကန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားလိုက်သည်။

    ရုရှားက ပြီးခဲ့သည့်လတွင် ဆီးရီးယား၌ ဗုံးကြဲမှုများ စတင်ပြုလုပ်ခဲ့ပြီးနောက် IS အဖွဲ့အား ဗုံးကြဲနေသည့် အမေရိကန်စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည်။ ပင်တဂွန်ကမူ ၎င်းတို့ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့လေယာဉ်များမှာ ရုရှားလေယာဉ်များကို ရှောင်ရှားရန်အတွက် အနည်းဆုံးတစ်ကြိမ် လမ်းကြောင်းပြောင်းခဲ့ရသည်ဟု ကြေငြာခဲ့သည်။

    ယခုနားလည်မှုစာချွန်လွှာအား ရုရှား၏ မေတ္တာရပ်ခံချက်ကြောင့် အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ လေတပ်များ လိုက်နာရမည့် စည်းကမ်းများ၊ နှစ်ဖက်တပ်ဖွဲ့များအနေဖြင့် လေကြောင်းဆက်သွယ်ရေး ဆောင်ရွက်၍ မရပါက မြေပြင်ဆက်သွယ်ရေး ဆောင်ရွက်ရန်ကိစ္စများ ပါဝင်သည်ဟု သိရသည်။

    Ref: Aljazeera