News @ M-Media

Tag: russia

  • ရုရှားအတိုက်အခံခေါင်းဆောင် အသတ်ခံရမှုအတွက် ဖမ်းဆီးထားသူထဲမှ တစ်ဦး ဖြောင့်ချက်ပေး

    ရုရှားအတိုက်အခံခေါင်းဆောင် အသတ်ခံရမှုအတွက် ဖမ်းဆီးထားသူထဲမှ တစ်ဦး ဖြောင့်ချက်ပေး

    မတ် ၉၊ ၂၀၁၅
    M-Media

    rus

    – ရုရှား အတိုက်အခံခေါင်းဆောင် ဘောရစ် နမ်စတော့ဗ်ကို သတ်ဖြတ်မှုတွင် ပါဝင်သည်ဟု သံသယရှိသည့်အတွက် ဖမ်းဆီးထားသော ၅ ဦးတွင် တစ်ဦးမှာ ဖြောင့်ချက်ပေးခဲ့သည်ဟု မော်စကို တရားရုံးမှ တရားသူကြီးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဖြောင့်ချက်ပေးခဲ့သူမှာ ချေခြင်းညာဇာတိမှ ဇူးရ် ဒါဒါယက်ဗ်ဆိုသူဖြစ်ပြီး ယမန်နေ့က ဖြောင့်ချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကာ တရားသူကြီး နာတာလီယာ မက်ရှ်နီကိုဗာက ၎င်း၏ ချုပ်ရက်ကို ဧပြီလ ၂၈ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။

    ပူတင်အား ဝေဖန်မှုများ ပြုလုပ်ခဲ့သည့် အတိုက်အခံခေါင်းဆောင် နမ်စတော့ဗ်မှာ မော်စကိုမြို့လယ်ကောင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက်ပိုင်း ရုရှားရဲတပ်ဖွဲ့က သံသရှိသူ ၅ ဦးကို ဖမ်းဆီးခဲ့ကာ ထိုအထဲမှဒါဒါယက်ဗ်နှင့် အန်ဇာရ် ဂူဘာရှက်ဗ်တို့ကို ယမန်နေ့က တရားစွဲဆိုခဲ့သည်။

    ဂူဘာရှက်ဗ်ကမူ တရားစွဲဆိုမှုကို ငြင်းဆိုခဲ့ပြီး အခြားသုံးဦးကလည်း ၎င်းတို့မှာ အပြစ်မရှိဟု ပြောကြားခဲ့ကြသည်။ သို့သော်လည်း စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူကမူ ၎င်းတို့ ၃ ဦး ပါဝင်မှုအတွက် သက်သေရှိနေသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း သတ်ဖြတ်ရသည့် အကြောင်းအရင်းကိုမူ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

    နမ်စတော့ဗ်မှာ ပူတင်အစိုးရကို ဝေဖန်မှုများရှိခဲ့ပြီး ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခတွင် ရုရှား၏ ပါဝင်မှုနှင့်ပတ်သက်၍ အစီရင်ခံစာတစ်စောင် ရေးသားရန် ဆောင်ရွက်နေသောကြောင့် ၎င်းအား သတ်ဖြတ်မှုကို ကရင်မလင်မှ ဆောင်ရွက်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

    သို့သော်လည်း ရုရှား၏ ထိပ်တန်း စုံစမ်းစစ်ဆေးရေးအဖွဲ့ကမူ ပူတင်၏ ပုံရိပ်ကို ညှိုးနွမ်းအောင် လုပ်ဆောင်မှုကြောင့် အသတ်ခံရခြင်းဆိုသည့် ယူဆက်ချက်အပါအ၀င် ၎င်းတို့မှာ ဖြစ်နိုင်သော အကြောင်းအရင်းအားလုံးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဟု ပြောကြားခဲ့သည်။ ထို့ပြင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်နွယ်မှု၊ နမ်စတော့ဗ်၏ ကိုယ်ပိုင်ဘ၀နှင့် ဆက်နွယ်မှုတို့အတွက်လည်း စုံစမ်းစစ်ဆေးနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • အတိုက်အခံခေါင်းဆောင် နမ်စတော့ဗ်အတွက် ရုရှားပြည်သူများ ချီတက်ဆန္ဒပြ

    အတိုက်အခံခေါင်းဆောင် နမ်စတော့ဗ်အတွက် ရုရှားပြည်သူများ ချီတက်ဆန္ဒပြ

    မတ် ၂၊ ၂၀၁၅
    M-Media

    _81323638_xmoh7msl

    – သောကြာနေ့ညက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ရုရှားအတိုက်အခံခေါင်းဆောင် ဘောရစ် နမ်စတော့ဗ်အား ဂုဏ်ပြုသည့်အနေဖြင့် ရုရှားပြည်သူ ထောင်ပေါင်းများစွာတို့က ယမန်နေ့တွင် မြို့တော် မော်စကို၌ ချီတက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်ရန် ယခင်က စီစဉ်ထားခဲ့သည့် အဆိုပါချီတက်ပွဲကို နမ်စတော့ဗ်က ဦးဆောင်ရန် ဖြစ်သော်လည်း ယခုတွင်မူ ၎င်း၏ အောက်မေ့ဖွယ် ချီတက်လမ်းလျှောက်မှုသာ ဖြစ်ခဲ့သည်။ အဆိုပါချီတက်လမ်းလျှောက်ပွဲသို့ လူပေါင်း ၁ သိန်းနီးပါး တက်ရောက်ခဲ့ကြသည်။

    ဆန္ဒပြသူများမှာ နမ်စတော့ဗ်၏ ဓာတ်ပုံပိုစတာများကို ကိုင်ဆောင်ကာ ပူတင်အစိုးရအား ဆန့်ကျင်သော ကျွေးကျော်သံများကိုလည်း ကျွေးကျော်ခဲ့ကြသည်။

    နမ်စတော့ဗ်က သမ္မတပူတင်၏ ယူကရိန်းပေါ်လစီမှာ ရူးနှမ်းပြီး ရန်လိုသော ပေါ်လစီသာဖြစ်သည်ဟု ရေဒီယို အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ပြီး နာရီးပိုင်းအကြာတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။ ၎င်း၏ မဟာမိတ်များကမူ နမ်စတော့ဗ်သေဆုံးမှုတွင် ရုရှားအစိုးရက ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခဲ့သည်။

    နမ်စတော့ဗ်သေဆုံးရာ Great Moskvoretsky တံတားသို့ ဖြတ်သန်းချီတက်ခြင်းမပြုမီ အတိုက်အခံပါတီကို ထောက်ခံကြသူများက ကရင်မလင်နန်းတော်နှင့် မဝေးသည့်နေရာတွင် စုဝေးခဲ့ကြပြီး အချို့က “ပူတင်မရှိသော ရုရှား” ဟု ဟစ်အော်ခဲ့သည်။

    မော်စကိုအပြင် စိန့်ပီတာစဘတ်မြို့တွင်လည်း ထောင်ပေါင်းများစွာသော ပြည်သူတို့က ထိုကဲ့သို့ ချီတက်လမ်းလျှောက်မှုများ ပြုလုပ်ခဲ့သည်။

    Ref: BBC၊ Aljazeera

  • ရုရှားနာမည်ကြီး အတိုက်အခံခေါင်းဆောင် လုပ်ကြံခံရ

    ရုရှားနာမည်ကြီး အတိုက်အခံခေါင်းဆောင် လုပ်ကြံခံရ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅
    M-Media

    rus

    – ရုရှား၏ နာမည်ကြီး အတိုက်အခံခေါင်းဆောင် ဘောရစ် နမ်စတော့ဗ်မှာ မော်စကိုမြို့လည်ကောင်တွင် ယမန်နေ့က သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။

    နမ်စတော့ဗ်မှာ ယမန်နေ့က စားသောက်ဆိုင်တစ်ခုမှ ညစာစာပြီး အမျိုးသမီးတစ်ဦးနှင့် ဗာစီလ်ယက်ဗ်စကီး စပွတ်စ် တံတားတွင် လမ်းလျှောက်ပြန်လာစဉ် ကားတစ်ဦးပေါ်မှ သေနတ်ဖြင့် လေးချက်ဆက် အပစ်ခံလိုက်ရခြင်းဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ အခင်းဖြစ်ပွားသည့်အချိန်တွင် အဖြူရောင်ကားသုံးစီးရှိခဲ့သည်ဟု နောက်ပိုင်းတွင် ပြောကြားခဲ့ပြီး နမ်စတော့ဗ်နှင့်အတူရှိနေသည့် အမျိုးသမီးကိုမူ စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

    နမ်စတော့ဗ်၏ မိသားစုကမူ ယနေ့နံနက် စောစောတွင် အခင်းဖြစ်ပွားရာနေရာသို့ လာရောက်ကြည့်ရှုခဲ့ပြီး ရှေ့နေဖြစ်သူ ဗာဒင်မ် ပရိုဟိုရောဗ့်ကမူ နမ်စတော့ဗ်မှာ ပြီးခဲ့သည့်လများအရင်က ဆိုရှယ်မီဒီယာပေါ်တွင် အသက်အန္တရာယ် ခြိမ်းခြောက်မှုများစွာ ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    အသက် ၅၅ နှစ်အရွယ်ရှိ နမ်စတော့ဗ်မှာ နိုင်ငံရေးလောကအတွင်း ကျင်လည်ခဲ့သည်မှာ ဆယ်စုနှစ် ၂ ခုရှိပြီဖြစ်ပြီး ၁၉၉၁ မှ ၁၉၉၇ ခုနှစ်အထိ နီဇီအဂိုရော့စကီး ဒေသ၏ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သည်။ ၎င်းမှာ သမ္မတ ဘောရစ်ယဲလ်ဆင်၏ လက်ထက်တွင် စွမ်းအင်ဝန်ကြီးနှင့် လက်ထောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

    ၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် နမ်စတော့ဗ်မှာ လစ်ဘရယ်လှုပ်ရှားမှုများနှင့် ပါတီများတွင် ပါဝင်ခဲ့ပြီးသမ္မတပူတင်၏ ၎င်း၏အစိုးရကို ဆန့်ကျင်ခဲ့သူလည်း ဖြစ်သည်။

    Ref: RT

  • အရှေ့အလယ်ပိုင်းကို အနောက်နိုင်ငံများက ၀င်စွက်မှုကြောင့် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာခြင်းဟု ရုရှားဆို

    အရှေ့အလယ်ပိုင်းကို အနောက်နိုင်ငံများက ၀င်စွက်မှုကြောင့် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာခြင်းဟု ရုရှားဆို

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
    M-Media

    lavrov

    – အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကရှိ ပြည်တွင်းရေးရာများကို အနောက်နိုင်ငံများက ၀င်ရောက်စွက်ဖက်မှုကြောင့် အကြမ်းဖက်နှင့် အစွန်းရောက်ဝါဒ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က ပြောကြားလိုက်သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ဂရိအော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်၏ အခမ်းအနားတစ်ခုတွင် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုအကြမ်းဖက်ဝါဒကို ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းလုံးက တွန်းလှန်နေရသည်ဟု ဆိုသည်။

    “အဲဒီဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေရဲ့ ပြည်တွင်းရေးရာ ကိစ္စတွေနဲ့ ပြည်သူတွေရဲ့ ကံကြမ္မာကို ရှက်ဖွယ် ၀င်ရောက်စွက်ဖက်မှုတွေက အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါကို ဦးတည်သွားစေခဲ့ပါတယ်။ အဲဒါကို အခု ကမ္ဘာကြီးက တွန်းလှန်နေရပါတယ်။ ဒါဟာ အရေးအကြီးဆုံး စမ်းသပ်မှုပါပဲ”

    အရှေ့အလယ်ပိုင်းနိုင်ငံများမှ တက်ရောက်ခဲ့ကြသည့် အဆိုပါ အခမ်းအနားတွင် လာဗရော့က အသင်တို့၏ ဒေသနှင့် အမိမြေမှာ အလွန်ခက်ခဲသော အခြေအနေကို ရောက်ရှိနေကြောင်း၊ ဆီးရီးယား၊ ယီမင်၊ အီရတ်နှင့် ဒေသတွင်း အခြားသောနိုင်ငံများရှိ ပဋိပက္ခများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရာတွင် ရုရှားက ကူညီသွားမည်ဖြစ်ကြောင်း၊ လစ်ဗျားရှိ အခြေအနေကိုလည်း အလွန်အမင်းစိုးရိမ်မိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: RU

  • နာဇီတပ်များကို အောင်နိုင်မှု (၇၂) ပြည့် နှစ်ပတ်လည် အခမ်းအနား ရုရှား ဗော်လ်ဂိုဂရက်မြို့တွင် ကျင်းပ

    နာဇီတပ်များကို အောင်နိုင်မှု (၇၂) ပြည့် နှစ်ပတ်လည် အခမ်းအနား ရုရှား ဗော်လ်ဂိုဂရက်မြို့တွင် ကျင်းပ

    ဖေဖော်ဝါရီ ၂ ၊ ၂၀၁၅
    M-Media

    ဗော်လ်ဂိုဂရက် မြို့ရဲ့ ဗော်လဂါမြစ် တမံမှာ အထိမ်းအမှတ် မီးရှုးမီးပန်းတွေနဲ့ ဒုတိယကမ္ဘာစစ်အတွင်း အရေးပါတဲ့ စစ်အောင်နိုင်မှုအခမ်းအနား ဒီညမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

    1081189

    ဗော်လ်ဂိုဂရက် (ယခင် စတာလင်ဂရက်) မြို့သားတွေဟာ နာဇီတပ်သားတွေကို တိုက်ထုတ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲ ၇၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပွဲတော်တွေကျင်းပနေကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက သမိုင်းကြောင်းတွေကို စစ်ပြန် စစ်မှုထမ်းဟောင်းကြီးတွေက ကျောင်းသားတွေကို ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်လို့ ပြောပြကြပါတယ်။ရှေ့တန်းက ဆိုဗီယက် စစ်သားတွေရဲ့ ကိုယ်ကျိုးမဖက်ဘဲ စစ်ပွဲအောင်နိုင်ဖို့အတွက် ရဲဝင့်စွာ ဇွဲသတ္တိရှိရှိ တိုက်ခိုက်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်ပြောပြခဲ့ကြတာဖြစ်ပါတယ်။

    ရှရှားမှာ ရာသီဥတုဆိုးရွားနေပေမယ့်လည်း မြို့ခံထောင်ပေါင်းများစွာဟာ စစ်မှုထမ်းဟောင်းတွေနဲ့ တွေ့ဆုံပြီး စစ်ဆန့်ကျင်ရေး အစီအစဉ်တွေကို စီစဉ်တက်ရောက်သွားမှာဖြစ်ပါတယ်။ လုပ်အားပေးအဖွဲ့တွေဟာ ကမ္ဘာစစ်အတွင်းပုံနှိပ်ခဲ့တဲ့ စတာလင်ဂရက် ပရက်ဗ်ဒါ သတင်းစာ အထူးထုတ်စာစောင်ကို ထုတ်ဝေသွားကြမှာလည်းဖြစ်ပါတယ်။ စောင်ရေ နှစ်သောင်းကျော်လောက် ပုံနှိပ်ပြီးခဲ့ပြီဖြစ်တဲ့ ဒီစာစောင်မှာ ၁၉၄၃ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက် က စတာလင်ဂရက်မြို့ကို တိုက်ခိုက်ခဲ့တဲ့ နာဇီတပ်တွေရဲ့ လုံးဝရှုံးနိမ့်ခဲ့တဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။

    စစ်ကာလအတွင်းက အဝတ်အစားတွေဝတ်ဆင်ထားတဲ့ အမျိုးသမီး နှစ်ဆယ်လောက်ဟာ မြို့တော်လမ်းတွေကို ချီတက်လျှောက်ခဲ့ကြပါတယ်။ အမျိုးသမီး ယျာဉ်ကျော ရှင်းပေးတဲ့ အဖွဲ့တွေက နှစ်အနည်းငယ်အတွင်းကပဲ ရှရှားမှာ စတင်ခဲ့ပေမယ့် ၊ ဒီဝတ်စုံတွေဟာ ရှေ့တန်းကို ရောက်ခဲ့ဖူးသူတိုင်းသတိတရရှိနေမယ့် သမိုင်းဝင် စတာလင်ဂရက် စစ်တိုက်ပွဲစိတ်ဓာတ်ကိုလည်း ပြန်လည်ဖန်တီးဖြစ်တည်စေပါတယ်။ ဒီသမိုင်းဝင် စစ်ပွဲဟာ ( ၁၉၄၂ ) ခုနှစ် ဂျူလိုင် ၁၇ ရက် နေ့ကစတင်ခဲ့ပြီး ၁၉၄၃ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ နာဇီတပ်တွေကို အပြည့်အဝ အနိုင်ရတဲ့အကြောင်းကြေငြာခဲ့ပါတယ်။

    စနစ်တကျ သတ်ဖြတ်ရေး စခန်းတွေမှာ ဟစ်တလာဦးဆောင်တဲ့ နာဇီပါတီတပ်တွေ ဟာ ဂျူးလူမျိုး ( ၆ ) သန်းကျော်ကို သတ်ဖြတ်ခဲ့ပြီး ဂျူးမဟုတ်တဲ့ အခြားလူမျိုး ( ၅ ) သန်းပါထည့်တွက်ရင် အရပ်သား (၁၁) သန်းကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။

    1081159

    Source :http://itar-tass.com