News @ M-Media

Tag: russia

  • သန့်ရှင်းရေး ဥပဒေ ချိုးဖောက်သည် ဟုဆိုကာ McDonald များအား ရုရှား ပိတ်ပစ်ပြီး အမေရိကန်ကို လက်တုံ့ပြန်

    သန့်ရှင်းရေး ဥပဒေ ချိုးဖောက်သည် ဟုဆိုကာ McDonald များအား ရုရှား ပိတ်ပစ်ပြီး အမေရိကန်ကို လက်တုံ့ပြန်

    သြဂုတ် ၃၁ ၊ ၂၀၁၄
    M-Media
    377047_McDonalds-Moscow
    – သန့်ရှင်းရေး ဥပေဒများအား ချိုးဖောက်သည်ဟုဆိုကာ ရုရှားရှိ McDonald အသင့်စား အစားသောက် အရောင်း ဆိုင်ခွဲ ၁၂ ခုကို ပိတ်ပစ်ရန် ရုရှား အစားအသောက် အန္တရာယ်ကင်းရှင်းရေး ဌာနက အမိန့်ပေးခဲ့ပြီး အခြားဆိုင်ခွဲ ၁၀၀ ကိုလည်း စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

    ရုရှားတွင် McDonald ဆိုင်ခွဲ ၄၀၀ ကျော်ရှိပြီး ယခုကဲ့သို့ ပိတ်ပစ်မှုမှာ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို ရုရှားမှ တုံ့ပြန်ခြင်းဖြစ်သည် ဟု စောင့်ကြည့်လေ့လာသူများက ပြောဆိုခဲ့သည်။

    McDonald ကလည်း ဆိုင်ခွဲများ ပိတ်ပင်ခံရသည်မှာ မှန်ကန်ကြောင်း ယမန်နေ့တွင် ကြေညာချက် ထုတ်ခဲ့ပြီး ရုရှားတွင် ဆိုင်များပြန်ဖွင့်ခွင့်ရအောင် တတ်နိုင်သမျှ အားလုံး ဆောင်ရွက် သွားမည်ဟု ပြောကြား ခဲ့သည်။

    “ဆိုင်တွေကို အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ဘာတွေလုပ်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး အစားအသောက် ဌာနက စာရွက်စာတမ်းတွေထဲမှာ ဖော်ပြထားတာတွေကို ကျွန်တော်တို့လေ့လာနေ ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လက်မခံပါဘူး။ ဥပဒေဘောင်အတွင်းက သတ်မှတ်ထားတဲ့

    လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တုံ့ပြန်သွားမှာပါ” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

    ယူကရိန်းအရှေ့ပိုင်း မတည်ငြိမ်မှုတွင် ရုရှားမှပါဝင်ပတ်သက်သည်ဟု ဆိုကာ အမေရိကန်နှင့် အနောက်နိုင်ငံများက ရုရှားအား စီးပွားရေးပိတ်ဆို့မှု အချို့ ပြုလုပ်ထားပြီး၊ ရုရှားကလည်း ထိုပိတ်ပင်မှုကို တုံ့ပြန်သောအားဖြင့် မကြာသေးမီက ဥရောပမှ အစားအသောက်များ တင်သွင်းမှုကို ရပ်ဆိုင်းခဲ့သည်။

    Press TV

  • အမေရိကန်နှင့် ဥရောပတို့မှ စားသောက်ကုန်များ တင်သွင်းခြင်းကို ရုရှားပိတ်ပင်

    အမေရိကန်နှင့် ဥရောပတို့မှ စားသောက်ကုန်များ တင်သွင်းခြင်းကို ရုရှားပိတ်ပင်

    သြဂုတ် ၉ ၊ ၂၀၁၄
    M-Media
    russia-bans-food-imports-from-west
    – ယူကရိန်းပြဿနာကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို ပြန်လည်တုံ့ပြန်သောအားဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ တင်သွင်းသော စားသောက်ကုန်များစုကို တစ်နှစ် ပိတ်ပင်လိုက်သည်ဟု ရုရှားက ကြေညာခဲ့သည်။

    ထိုပိတ်ပင်မှုတွင် ဥရောပနိုင်ငံများ၊ အမေရိကန်၊ သြစတေးလျ၊ ကနေဒါနှင့် နော်ဝေနိုင်ငံတို့မှ တင်သွင်းသော အသား၊ ငါး၊ ကြက်၊ ကြက်ဥ၊ ၀က်သား၊ ချီစ်၊ နို့နှင့် နို့ထွက်ပစ္စည်းများ ပါဝင်မည်ဖြစ်သည်။

    ရုရှား ပြည်တွင်းစားသောက်ကုန်များ၏ ၃၅ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ပြီး ယုခုကဲ့သို ပိတ်ပင်မှုက စားသောက်ကုန်ဈေးနှုန်းများ တက်လာဖွယ်ရှိနေသည်။

    ကလေးငယ်များအတွက် အစားအသောက်များကို ချွင်းချက်အဖြစ် ခွင့်ပြုထားပြီး၊ ရုရှားအပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများနှင့်ပတ်သက်၍ မိတ်ဖက်နိုင်ငံများမှ  အပြုသဘောဆောင်သော ချဉ်းကပ်မှုမပြုပါက ပိတ်ဆို့မှုမှာ တစ်နှစ်အထိ ကြာမြင့်မည်ဟု  ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ယူကရိန်းပိုင် ခရိုင်းမီးယားအား ရုရှားက သိမ်းပိုက်ခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် မတည်ငြိမ်မှုများတွင်လည်း ရုရှားက ပါဝင်ပတ်သက်နေသည်ဟုဆိုကာ အမေရိကန်နှင့် ဥရောပနိုင်ငံများက ပထမအဆင့်အနေဖြင့် ရုရှားတာဝန်ရှိသူတစ်ချို့၏ ပိုင်ဆိုင်မှုနှင့် ခရီးသွားခွင့်များကို ပိတ်ပင်ခဲ့သည်။

    ထို့နောက်မကြာသေးမီကာလအတွင်း ရုရှား၏ ဓာတ်ငွေ့လုပ်ငန်းနှင့် ပတ်သက်၍ ပိတ်ပင်မှုအချို့ပြုလုပ်ခဲ့သောကြောင့် ရုရှားက ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

    ယခုကဲ့သို့ သွင်းကုန်များ ပိတ်ပင်ခြင်းအပြင် အာရှသို့ပျံသန်းနေသည့် အနောက်နိုင်ငံမှ လေကြောင်းလိုင်းများအတွက် ရုရှားလေပိုင်နက်အား အသုံးပြုခွင့်ကို ပိတ်ပင်သွားရန် စဉ်းစားနေသည်ဟု မက်ဗီဒက်က ထည့်သွင်း ပြောကြားခဲ့သည်။

    Al Jazeera and agencies

  • ယူကရိန်းပဋိပက္ခအတွင်း မိမိနိုင်ငံသားများ သေဆုံးခဲ့မှု လက်တုံ့ပြန်မည်ဟု ရုရှား သတိပေး

    ဇူလိုင် ၁၅ ၊ ၂၀၁၄
    M-Media
    2014711171421462734_20
    – မိမိတို့နယ်စပ်အနီး အကြမ်းဖက်တိုက်ခိုက်မှုများ ဆိုးရွားစွာ အရှိန်မြင့်တက်လာခြင်းနှင့် မိမိတို့နိုင်ငံသားများ သေကြေဒဏ်ရာရမှုများအတွက် ဆိုးရွားသည့်အကျိုးဆက်များရှိမည့် တုံ့ပြန်မှုများကို ပြုလုပ်သွားမည်ဟု ရုရှားက ပြောကြားလိုက်သည်။

    ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသရှိ နယ်စပ် စစ်ဆေးရေးဂိတ်အား သိမ်းပိုက်ရေး ယူကရိန်းစစ်တပ်နှင့် ခွဲထွက်ရေးသမားတို့၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဗုံးအချို့မှာ ရှရှားနယ်စပ် Donetsk  မြို့ရှိ အိမ်နှစ်လုံးပေါ်သို့ ယနေ့နံနက်ပိုင်းက ကျရောက် ပေါက်ကွဲခဲ့သည်။

    ထိုပေါက်ကွဲမှုကြောင့် ရုရှားအမျိုးသားတစ်ဦးသေဆုံးခဲ့ကာ အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အိမ်များမှာလည်း လုံးဝ ပျက်ဆီးခဲ့သည်။ ယူကရိန်းနိုင်အရှေ့ပိုင်းတွင် ၃ လကြာဖြစ်ပွားနေသည့် တိုက်ခိုက်မှုများအတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံသားများ သေဆုံးခြင်းလည်းဖြစ်သည်။
    ထိုအဖြစ်အပျက်က မိမိတို့နိုင်ငံသားများအတွက် အန္တရာယ်ရှိနေကြောင်း ဖော်ပြခြင်းဖြစ်ပြီး လက်တုံ့မပြန်ဘဲ နေသွားမည်မဟုတ်ကြောင်း ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂရီဂေါ်ရီ ကာရာစင်က ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုအဖြစ်အပျက်မှာ မိမိတို့နိုင်ငံနှင့် နိုင်ငံသားများ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယူကရိန်းဘက်ကမူ မိမိတို့အနေဖြင့် ရုရှားပိုက်နက်အတွင်းသို့ ပစ်ခတ်ခဲ့ခြင်းမရှိဘဲ၊ မိမိတို့ပြဿနာတွင် ရုရှားက ၀င်ရောက်စွက်ဖက်နိုင်ရန် ခွဲထွက်ရေးသမားများ၏ လုပ်ကြံမှုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခွဲထွက်ရေးသမားများကမူ ထိုအဖြစ်အပျက်အတွက် တာဝန်ယူခြင်းမရှိပေ။

    Ref:Al Jazeera and agencies

  • ဓာတ်ငွေ့ဖိုး အကြွေးမပေးနိုင်၍ ယူကရိန်းသို့ ဓာတ်ငွေ့ပို့လွှတ်မှုကို ရုရှား ရပ်ဆိုင်း

    ဇွန်လ ၁၇ ၊ ၂၀၁၄
    M-Media
    Russia cuts gas supplies to Ukraine
    – ယူကရိန်းသို့ ပေးပို့နေသော ဓာတ်ငွေ့ပိုက်လိုင်းများအားလုံးကို ရုရှားက ဖြတ်တောက်ပစ်လိုက်ပြီဟု ယူကရိန်း စွမ်းအင်ဝန်ကြီး ယူရီပရိုဒန်က ယနေ့တွင် ပြောကြားလိုက်သည်။

    ဓာတ်ငွေ့ဈေးနှုန်းနှင့် ပတ်သက်၍ ရုရှားဂက်ဇ်ကုမ္ပဏီ Gazprom နှင့် ယူကရိန်းတို့၏ အငြင်းပွားမှု ကြာနေပြီဖြစ်ပြီး တနင်္လာနေ့ ယူကရိန်း စံတော်ချိန် နံနက် ၁၀ နာရီတွင် ဓာတ်ငွေ့ဖို့ အကြွေး ပေးချေနိုင်ခြင်းမရှိပါက ဓာတ်ငွေ့ပို့လွှတ်မှု ဖျက်တောက်မည်ဟု Gazprom မှ စောစောပိုင်းက ခြိမ်းခြောက်ထားသည်။

    သို့သော်လည်း ယနေ့နံနက်အစောပိုင်း ဆွေးနွေးမှုမှာ မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် မိမိတို့အနေဖြင့် နောက်ဆုံးရက်ကို ထပ်မံတိုးပေးတော့မည်မဟုတ်ဟု Gazprom က ကြေညာခဲ့ပြီး ဓာတ်ငွေ့ပို့လွှတ်မှုကို ဖျက်တောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယူကရိန်းမှ တစ်ဆင့် ဥရောပနိုင်ငံများသို့ ပို့လွှတ်နေသော ဓာတ်ငွေ့ပိုက်လိုင်းများကို ဖြတ်တောက်ခြင်းမရှိပေး

    နိုင်ငံအရှေ့ပိုင်း ခွဲထွက်ရေးသမားများကို ယူကရိန်းအစိုးရသစ်က အင်အားသုံးကာ ပြင်းပြင်းထန်ထန် နှိမ်နင်းနေသောကြောင့် ရုရှားနှင့် ယူကရိန်းအကြား နိုင်ငံရေးအရ တင်းမာမှုများကို ယခုရလဒ်က ပိုမိုမြင့်တက်စေဖွယ်ရှိနေသည်။ ယူကရိန်းအနေဖြင့် ရုရှားသို့ ဓာတ်ငွေ့ဖိုးအကြွေး ကန်ဒေါ်လာ ၄ ဘီလီယံ ပေးချေရျမည်ဟု ရုရှားက ပြောကြားထားသည်။

    Ref: Al Jazeera And Reuters

  • ယူကရိန်းအရေး G 7 နိုင်ငံများ ယမန်နေ့က တွေ့ဆုံ၊ ရုရှားအား ပိတ်ဆို့မှုအသစ်များ ပြုလုပ်သွားမည်ဟုဆို

    ဇွန် ၅ ၊ ၂၀၁၄
    M-Media
    20146545537527734_20
    – ယူကရိန်းအရေး ရုရှား၏ စွက်ဖက်မှုနှင့်ပတ်သက်၍ အမေရိကန် အပါအ၀င် G 7 နိုင်ငံများမှာ ယမန်နေ့က ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရုရှားနိုင်ငံအား အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ပူတင်အနေဖြင့် ယူကရိန်းနယ်စပ်တွင် ချထားသည့် ၎င်း၏တပ်များကို ရုပ်သိမ်းပြီး နိုင်ငံအရှေ့ပိုင်းတွင် ရှိနေသည့် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအား ရပ်တန့်ပစ်ရမည်ဟု အဆိုပါ အစည်းအဝေးက ဆိုသည်။

    “ယူကရိန်းအရှေ့ပိုင်းဒေသကို မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့ လုပ်ရပ်တွေဟာ လက်မခံနိုင်စရာဖြစ်ပြီး ဒါတွေကို ရပ်တန့်ရပါမယ်။ သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဆောင်ရွက်ဖို့ အဆင်သင့်ရှိနေပါတယ်” ဟု အစည်းအဝေးပြီးနောက် G 7 အဖွဲ့မှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင်  ဖော်ပြထားသည်။

    သို့သော်လည်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်ကမူ ယူကရိန်းအခြေအနေ တိုးတက်မှု မရှိမှသာလျှင် ပိတ်ဆို့မှု အသစ်များကို ပြုလုပ် သွားမည်ဟု ပြောကြားခဲ့သည်။

    ရုရှားသမ္မတ ပူတင်ကမူ ၎င်းအနေဖြင့် ယူကရိန်းသမ္မတသစ် ပိုရိုရှန်ကို၊ အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့နှင့် တွေ့ဆုံက ယူကရိန်း အရေး ဆွေးနွေးချင်သည်ဟု ပြောကြားထားသည်။

    Ref: Al Jazeera and agencie