News @ M-Media

Tag: Saudi

  • ဆော်ဒီနိုင်ငံခြားရေးဝန်ကြီ အီရတ်သို့ အံ့အားသင့်ဖွယ် သွားရောက်

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီ အီရတ်သို့ အံ့အားသင့်ဖွယ် သွားရောက်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီ အဒဲလ် အလ်-ဂျူဘီရ်မှာ ယမန်နေ့က အီရတ်နိုင်ငံသို့ အံ့အားသင့်ဖွယ် သွားရာက်လည်ပတ်ခဲ့ပြီး နှစ်ပေါင်း ၂၇ နှစ်နောက်ပိုင်း ဆ်ေဒီနိုင်ငံခြားရေး ၀န်ကြီးတစ်ဦး၏ အီရတ်သို့ ပထမဆုံး လည်ပတ်မှုလည်းဖြစ်သည်။

    အီရတ်နိုင်ငံခြားရေးဝန်ကြီး အီဘရာဟင်မ အလ်-ဂျာဖာရီ၊ ၀န်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီတို့နှင့် တွေ့ဆုံခဲ့သည့် ဂျူဘီးရ်က မိမိတို့ ညီနောင်နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန်မှာ ဆော်ဒီအာရေဗျနိုင်ငံ၏ မျှော်လင့်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကနေ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်မှု အခွင့်အလမ်းတွေအထိ မျှဝေဆောင်ရွက်ရမည့် အကျိုးစီးပွားတွေ အများကြီးရှိပါတယ်” ဟု ဂျူဘီးရ်က ပြောကြားခဲ့သည်။

    ဂျူဘီရ်၏ အဆိုပါ သွားရောက်မှုမှာ ၂၀၀၃ ခုနှစ်တွင် မေရိကန်က အီရတ်အား ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဆော်ဒီ၏ အဆင့်မြင့်တာဝန်ရှိသူတစ်ဦး ပထမဆုံး လည်ပတ်ခြင်းဖြစ်ပြီး အီရတ်နိုင်ငံဆိုင်ရာ ဆော်ဒီ၏ သံတမန်သစ်ခန့်အပ်ကြောင်းလည်း ဂျူဘီရန်က ကြေငြာခဲ့သည်။

    အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်းပျံသန်းရေးကို ဆော်ဒီက အားပေးကြောင်း ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ် အာဘာဒီ အာဏာရပြီးကတည်းက ဆော်ဒီနှင့် အဆင်မပြေသော ဆက်ဆံရေးကို တိုးတက်အောင် ကြိုးစားခဲ့သည်။

    Ref: Aljazeera

  • ဆော်ဒီသူနာပြုက ကလေးငယ်တစ်ဦးအတွက် အသည်းအစိတ်အပိုင်း လှူဒါန်း

    ဆော်ဒီသူနာပြုက ကလေးငယ်တစ်ဦးအတွက် အသည်းအစိတ်အပိုင်း လှူဒါန်း

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    အသည်းရောဂါ ခံစားခဲ့ရသည့် ကလေးငယ် ဘက်စ်ဟာယီရ်

    – အသည်း ကောင်းမွန်စွာ အလုပ်မလုပ်သည့်ရောဂါ ခံစားနေရသော ကလေးငယ်တစ်ဦး၏ ဓာတ်ပုံအား တွေ့မြင်ပြီးနောက် ဆော်ဒီ သူနာပြုတစ်ဦးမှာ သနားဂရုဏာသက်ကာ ၎င်း၏ အသည်းအစိတ်အပိုင်းအား လှူဒါန်းခဲ့သည်ဟု သိရသည်။

    “ဘက်စ်ဟာယီရ်ရဲ့ ဓာတ်ပုံက ကျွန်မရဲ့စိတ်ကို ထိခိုက်စေပါတယ်။ သူ့ကို ကျွန်မ စာနာသနားခဲ့ပါတယ်။ သူဟာ ဘယ်လောက်ခံစားနေရလဲဆိုတာ မပြောပြနိုင်တဲ့ ကလေးလေးပါ။ အဲဒီအချိန်မှာပဲ ကျွန်မ (အသည်းလှူဖို့) ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ့ရဲ့ အဖေကို ကျွန်မ ဆက်သွယ်ခဲ့ပြီး ဆုံးဖြတ်ချက်ကို ပြောလိုက်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၄ ပတ်က အဖြစ်အပျက်ပါ” ဟု အသည်းအစိတ်အပိုင်း လှူဒါန်းခဲ့သည့် သူနာပြု အဘီရ် အတ္တာလာဟ် အလ်-အန်ဇီက ပြောကြားခဲ့သည်။

    အစားထိုးခွဲစိတ်မှုကို ရီယာဒ်မြို့ရှိ ဖာဟဒ် အလ်-အဟ်မာရီဆေးရုံတွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံ၏ အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှုဌာနမှ ညှိနှိုင်းရေးမှူးနှင့် ခွဲစိတ်ဆရာဝန်များက လိုအပ်သည်များကို အသိပေးရှင်းပြခဲ့သည်ဟု အလ်-အန်ဇီက ပြောကြားခဲ့သည်။

    “မေမေက ကျွန်မရဲ့ ဆုံးဖြတ်ချက်အတွက် အားပေးခဲ့တယ်။ ကျွန်မရဲ့ အစ်ကိုလည်း ကြိုဆိုခဲ့ပါတယ်။ ကျွန်မဟာ ရီယာ့ဒ်ကိုသွားပြီး ဆေးစစ်မှုမခံယူခင်မှာ မေမေနဲ့အတူ အွမ္မရာဟ်တစ်ခေါက် လုပ်ခဲ့တယ်။ ပြီးတော့ ဂျဝဖ်မြို့ကို ပြန်လာတယ်။ ရီယာ့ဒ်ကို နောက်တစ်ခေါက်သွားပြီး CT Scan တွေရိုက်တာ လုပ်ခဲ့တယ်။ တတိယတစ်ခေါက်ကတော့ ခွဲစိတ်ကုသမှုလုပ်ဖို့ပါ။ ဆေးရုံမှာ တစ်ပတ်လောက် နေလိုက်ရပြီး ကျွန်မ အိမ်မပြန်ခင်မှာ ဘက်စ်ဟာယီရ်လေးနဲ့ တွေ့ခဲ့ရပါတယ်” ဟု အလ်-အန်ဇီက ၎င်း၏ အတွေ့အကြုံများကို ပြန်လည် ပြောပြခဲ့သည်။

    ဘက်စ်ဟာယီရ်၏ ဖခင်ဖြစ်သူ နာဖီ အလ်-ရာရှီဒီက အလ်-အန်ဇီက ပထမဆုံး ဖုန်းခေါ်မှုနှင့်ပတ်သက်၍ ဤသို့ ဖွင့်ဟခဲ့သည်။

    “သူက တည်တည်ငြိမ်ငြိမ်အသံနဲ့ တစ်ကယ်ကို ပြောတာဗျ။ ပြီးလည်းပြီးရော ကျွန်တော့ဇနီးကို ဒီသတင်းကောင်းကို သွားပြောပြလိုက်တယ်။ သူက ရီယာ့ဒ်ကို ကုန်းတစ်တန်၊ လေတစ်တန်နဲ့ လာရတာ။ နောက်ပြီး ကုန်ကျစားရိတ်ကို ကျွန်တော်ပြန်ပေးမယ်ဆိုတော့လည်း သူက လက်မခံဘူး ဆုံးဖြတ်ချက်ပြတ်သားပြီး ရက်ရောမှုရဲ့ သရုပ်သကန်ပါပဲ”

    အလ်-အန်ဇီ၏ ထိုကဲ့သို့ လှူဒါန်းမှုအတွက် ဆော်ဒီအစိုးရက ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။

    အသည်းအစိတ်အပိုင်းလှူဒါန်းခဲ့သည့် အလ်-အန်ဇီကို ဆော်ဒီတာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုဆုတံဆိပ် ပေးအပ်နေစဉ်

    Ref: english.alarabiya

  • ကမ္ဘာတစ်ဝှမ်း ဆော်ဒီ၏ လှူဒါန်းထောက်ပံ့မှု ကမ္ဘာ့အဆင့် ၄ နေရာတွင် ရှိနေ

    ကမ္ဘာတစ်ဝှမ်း ဆော်ဒီ၏ လှူဒါန်းထောက်ပံ့မှု ကမ္ဘာ့အဆင့် ၄ နေရာတွင် ရှိနေ

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    KSRELIEF အဖွဲ့မှ ယီမင်သို့ပို့မည့် ကူညီထောက်ပံ့ရေး ထရပ်ကားတစ်စီး

    – ဆော်ဒီအာရေဗျနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအတွက် ၁၀ စုနှစ် ၄ ခုအတွင်း စုစုပေါင်း ကန်ဒေါ်လာ ဘီလီယံ ၁၄၀ လှူဒါန်းခဲ့သည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP မှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

    ကုလက ဆော်ဒီအနေဖြင့် ၀င်ငွေ၏ စုစုပေါင်း ၀.၇ ရာခိုင်နှုန်းကို လှူဒါန်းရန် သတ်မှတ်ထားသော်လည်း ဆော်ဒီ၏ ယခုလှူဒါန်းငွေမှာ သတ်မှတ်ချက်ထက် ကျော်လွန်ကာ ၁.၉ ရာခိုင်နှုန်း ရှိနေသည်။ ကမ္ဘာ့အဆင့်တွင်မူ ဆော်ဒီမှာ စတုတ္ထမြောက် ကူညီထောက်ပံမှုအပြုဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။

    နှစ်ပေါင်း ၄၀ အတွင်း ဆော်ဒီ၏ လှူဒါန်းငွေမှာ ကန်ဒေါ်လာ ၁၃၉ ဘီလီယံ ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၉၅ နိုင်ငံက အကျိုးကျေးဇူး ခံစားခဲ့ရသည်။

    ထို့အပြင် ဘုရင်ဆလ်မန် ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ KSRELIEF ကလည်း နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နသည်။ စားနပ်ရိက္ခာ၊ လုံခြုံရေး၊ နေရာထိုင်ခင်းပေးရေး စသည်တို့အပါအ၀င် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းပေါင်း ၅၂ ခုအတွက် KSRELIEF မှာ ကန်ဒေါ်လာ သန်း ၆၀၀ သုံးစွဲထားပြီး လူပေါင်း ၂၂ သန်း အကျိုးကျေးဇူးများ ခံစားနေရသည်။

    Ref: Alarabiya

  • ဂျပန်နှင့် ဆော်ဒီတို့ ဆက်ဆံရေး တိုးမြှင့်မည်

    ဂျပန်နှင့် ဆော်ဒီတို့ ဆက်ဆံရေး တိုးမြှင့်မည်

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    japan-2

    – ဂျပန်နိုင်ငံမှ ၀န်ကြီးများမှာ ဆော်ဒီအာရေဗျနိုင်ငံသို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က သွားရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန်အတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ၀န်ကြီး ဟီရိုရှီဂျီ ဆီကိုနှင့် နိုင်ငံခြားရေးဝန်ကြီး ကင်တာရို ဆိုနိုရာတို့ ဖြစ်ကြပြီး အခြားကိုယ်စားလှယ်အဖွဲ့များလည်း ပါဝင်ကာ ဘုရင်ဆလ်မန်က အလ်-ယမာမာဟ်နန်းတော်တွင် လက်ခံတွေ့ဆုံခဲ့သည်။

    တွေ့ဆုံဆွေးနွေးမှုအတွင်း ဆော်ဒီနှင့် ဂျပန်နိုင်ငံကြား ဆက်ဆံရေး၊ နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးတို့အတွက် သုံးသပ်မှုများ ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲကို ဆော်ဒီဝန်ကြီးများ ဆော်ဒီဆိုင်ရာ ဂျပန်သံအမတ်ကြီး နိုရီဟီရို အိုကူဒါတို့လည်း တက်ရောက်ခဲ့ကြသည်။

    ကွန်ယက်ချိတ်ဆက်သည့် ကိရိယာများ နယ်ပယ်နှင့် ပြန်ဖြည့်ပြိုးမြဲစွမ်းအင်ကဏ္ဍတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် ဂျပန်နှင့် ဆော်ဒီတို့မှာ သဘောတူညီခဲ့ကြသည်။ ရီယာ့ဒ်တွင် ပထမဆုံးပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ဆော်ဒီ၏ အခြေခံအဆောက်အဦးများ ပြုလုပ်ပြောင်းလဲရေးတွင် ဂျပန်ကုမ္ပဏီများက အကူအညီပေးရန်နှင့် နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာလာစေရန် ဆွေးနွေးခဲ့ကြသည်ဟု ဆီကိုက ပြောကြားခဲ့သည်။

    ဆော်ဒီကုန်သည်ကြီးများကောင်စီ ဌာနချုပ်တွင် နှစ်နိုင်ငံရှိ စီးပွားရေးသမားများအကြား တွေ့ဆုံမှု၌ ဂျပန်နှင့် ဆော်ဒီတို့မှာ ပုဂ္ဂလိကကဏ္ဍတွင် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြုလုပ်သွားရန် သဘောတူခဲ့ကြသည်။

    Ref; IINA

  • ဆူဒန်ရေဘေးအတွက် ဆော်ဒီက အကူအညီ တန် ၂၀၀ ပေးပို့မည်

    ဆူဒန်ရေဘေးအတွက် ဆော်ဒီက အကူအညီ တန် ၂၀၀ ပေးပို့မည်

    သြဂုတ် ၂၀၊ ၂၀၁၆
    M-Media

    saudi 3

    – ဆူဒန်နိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ တန် ၂၀၀ ပေးပို့ရန် ဆော်ဒီဘုရင်က အမိန့်ပေးခဲ့သည်ဟု သိရသည်။

    ဇူလိုင်နှင့် သြဂုတ်လအကြားတွင် ဆူဒန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပွားခဲ့သောကြောင့် နိုင်ငံအလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် လူပေါင်းရာချီ သေဆုံးခဲ့ကာ နေအိမ်ထောင်ပေါင်းများစွာလည်း ပျက်ဆီးခဲ့သည်။

    ကုလသမဂ္ဂက၏ ထုတ်ပြန်ချက်တွင် သေဆုံးသူမှာ ၁၁၀ ရှိပြီး၊ အိမ်ယာပျက်ဆီးမှုမှာ ၁၄၀၀၀ ကျော်ရှိကာ လူပေါင်း ၁၆၁၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်ဟု ဖော်ပြထားသည်။ ယခု ဆော်ဒီ၏ ထောက်ပံ့ရေး အကူအညီများကို ဘုရင်ဆလ်မန် ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်တာမှတစ်ဆင့် ပေးပို့သွားမည်ဖြစ်သည်။

    Ref : IINA